a woman running

အကာအကွယ် ရယူဖို့ ကလစ်တစ်ချက်သာ ကျန်းမာရေး ဆေးဖိုးဝါးခစရိတ်တွေကို PRUHealth နဲ့ ကာကွယ်လိုက်ပါ။ PRUHealth က Pulse မှာ ရောက်ရှိနေပါပြီ။

‌Pulse မှာ ၀ယ်ယူရန်

Why PRUHealth Digital
PRUHealth က Pulse မှာ ရောက်ရှိနေပါပြီ။
- အချိန်မရွေး၊ နေရာမရွေး ဝယ်ယူနိုင်တယ် - တစ်နှစ်စာ ၁၁, ၀၀၀ ကျပ်မှ စတင်တဲ့ သက်သာတဲ့ ပရီမီယမ်နှုန်းထား - နေ့စဉ် ဆေးရုံစရိတ် ၁၀, ၀၀၀ ကျပ် (ရက်ပေါင်း ၆၀ အထိ) - မိသားစုအတွက် အသက်အာမခံလျော်ကြေး ၁,၀၀၀,၀၀၀ ကျပ်
Peace of Mind
စိတ်အေးချမ်းခြင်းတွေကို သင့်ဘဝထဲ ယူဆောင်လာပေးမှာပါ။
ကြိုတင်မသိနိုင်တဲ့ အခြေအနေကို ရင်ဆိုင်ရတဲ့အခါ PRUHealth က ကျန်းမာရေး ဆေးဖိုးဝါးခစရိတ်တွေကို ကာကွယ်ပေးမှာ ဖြစ်ပြီး ပြန်လည်ကျန်းမာလာဖို့ကိုသာ အာရုံစိုက်နိုင်စေမှာ ဖြစ်ပါတယ်။
Secure your health in just One Click!
အကာအကွယ် ရယူဖို့ ကလစ်တစ်ချက်သာ
Pulse App ကို ဖုန်းမှာ ထည့်သွင်းထားလိုက်တာနဲ့ ဝယ်ယူတာ၊ ခံစားခွင့်တွေ ရယူတာ၊ နစ်နာကြေး လျှောက်ထားတာ စတဲ့ လုပ်ငန်းစဉ်တစ်ခုလုံးကို အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်မှာပါ။ ဒါတွေ အားလုံးကို ဘယ်အချိန်၊ ဘယ်နေရာကမဆို ထိန်းချုပ်နိုင်စွမ်းတွေ ရရှိစေမှာ ဖြစ်ပါတယ်။ Pulse မှာ ရယူနိုင်တဲ့ PRUHealth က ကျန်းမာရေး ဆေးဖိုးဝါးခစရိတ်တွေပါ အကျုံးဝင်တာမို့ စိတ်ချလက်ချ ဖြစ်စေပြီး စိတ်အေးချမ်းခြင်းတွေကို သင့်ဘဝထဲ ယူဆောင်လာပေးမှာပါ။

Pulse မှာ ရရှိနိုင်တဲ့ PRUHealth ဟာ အကာအကွယ်အတွက် ကလစ်တစ်ချက်သာ လိုအပ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုရဲ့ ဖော်ပြပါ အကျိုးခံစားခွင့်များကို တစ်နှစ်အတွင်း ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။ PRUHealth ရဲ့ အသက်အရွယ် အပိုင်းအခြားအလိုက် အာမခံပရီမီယမ်ကြေး နှုန်းထားများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

 

Package Rate

 

 
Age Band                         Annual Premium (Kyats)
6 - 30 ၁၁,၀၀၀
31 - 40 ၁၄,၃၀၀

41 - 50

 

၁၇,၆၀၀

 

PRUHealth ကို Pulse App မှာ အလွယ်ဆုံး အဆင့် ၃ ဆင့်နဲ့ ဝယ်ကြမယ်။ 

 

 

 

 

အခုကစပြီး သင့်ရဲ့ အပူအပင်ကင်းတဲ့နေ့ရက်တွေကို စတင်လျှောက်လှမ်းလိုက်ပါ။

သင့်အနာဂတ် ကျန်းမာရေးစရိတ်တွေကို ကာကွယ်ဖို့ Pulse နဲ့သာဆို အဆင့် ၁-၂-၃ အလွယ်လေးပဲနော်။

Pulse ကို download ဆွဲပြီး၊ PRUHealth ရဲ့ အကာအကွယ်ကို ကလစ်တစ်ချက်နဲ့ ရယူလိုက်ပါ။ 

 

 

ခြွင်းချက်များ

 

အောက်ဖော်ပြပါ ကိစ္စရပ်တစ်ခုခုနှင့်ပတ်သက်၍ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖြစ်ပေါ်ခံစားရသော ဒဏ်ရာရခြင်း၊ ရောဂါရရှိခြင်း၊ ဆေးရုံတက်ရောက်ခြင်း၊ ခွဲစိတ်ကုသခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ သေဆုံးခြင်း၊ ဆေးရုံ/ဆေးခန်းပြသခြင်းတို့အတွက် အကျိုးခံစားခွင့် အကျုံးဝင်မည် မဟုတ်ပါ။

 

(၁) ဆေးကုသမှုခံယူနေခြင်း၊ ဆေးကုသရန်ဆရာဝန်၏ ထောက်ခံချက်ကို ရရှိထားခြင်း၊ ရောဂါလက္ခဏာ ရှိပြီးသား ဖြစ်နေခြင်း၊

(၂) သားဖွားခြင်း၊ ဗိုက်ခွဲမွေးခြင်း၊ မီးဖွားခြင်းနှင့် သက်ဆိုင်သော ခွဲစိတ်ကုသမှု၊ သို့သော် အာမခံထားပြီးနောက် ကိုယ်ဝန်နှင့် အာမခံထားချိန်တွင် ပုံမှန်ဖြစ်နေသော ကိုယ်ဝန်ကြောင့်ဖြစ်လာသည့် တွဲဖက်ရောဂါများ (ကိုယ်ဝန်ဆိပ်သင့်ခြင်း၊ ကိုယ်ဝန်ဆောင်သွေးတိုးရောဂါ၊ ကိုယ်ဝန်ဆောင် ဆီးချိုရောဂါစသည်တို့) ကြောင့် ဆေးရုံတက်ခြင်းနှင့် ခွဲစိတ်ကုသခြင်းသည် အကျိုးခံစားခွင့် ပေးချေရန် အကျုံးဝင်သည်။ ထို့အပြင် ကိုယ်ဝန်ပျက်ကျခြင်းသည် ရွေးချယ်နိုင်သည့် အာမခံ အကာအကွယ်(၁) ကိုဝယ်ယူထားပါက အကျိုးခံစားခွင့်ပေးချေရန် အကျုံးဝင်သည်။

(၃) စိတ်ပေါ့သွပ်ခြင်း (Psychosis)၊ စိတ်ရောဂါဝေဒနာများကြောင့်ဖြစ်ခြင်း (Mental Disorders)

(၄) ကျန်းမာရေးဆေးစစ်ရန်နှင့် အနားယူအားမွေးရန် ဆေးရုံတက်ခြင်း။

(၅) သားသမီးရလိုမှုဖြင့် ဆေးရုံတက်ခြင်းနှင့် ခွဲစိတ်ကုသခြင်း။

(၆) မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှ အပဖြစ်သော သွားနှင့် ပတ်သက်သည့် ကုသမှုအတွက် ဖြစ်ခြင်း။

(၇) မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းမှ အပဖြစ်သော မျက်မှန်အပါအဝင် မျက်စိစမ်းသပ်ခြင်း၊ အမြင်သွေဖယ်ခြင်း၊ မျက်စိကုသခြင်း၊ အမြင်အာရုံ ကောင်းမွန်လာအောင် ပြုပြင်ရန် ဖြစ်ခြင်း။

(၈) အလှအပအတွက် ဖြစ်ခြင်း။

(၉) နားကြားကိရိယာ တပ်ဆင်ရန်အတွက်ဖြစ်ခြင်း။

(၁၀) ကိုယ်ခန္ဓာချို့ယွင်းခြင်း (Physical Defect) သို့မဟုတ် မသန်စွမ်းခြင်း (Infirmity)

(၁၁) မူးယစ်ဆေးဝါးသုံးစွဲခြင်း။

(၁၂) ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်း။

(၁၃) AIDS/HIV ဖြစ်ခြင်း။

(၁၄) အကြမ်းဖက်ဖျက်စီးခြင်း၊ အဓိကရုဏ်း၊ စစ်နှင့်စစ်အသွင်ဖြစ်ပွားခြင်း (စစ်ပြုခြင်းများ၊ စစ်ပွဲကဲ့သို့ တိုက်ခိုက်ခြင်း၊ စစ်တပ် (သို့မဟုတ်) အာဏာသိမ်းခြင်းနှင့် ဖော်ပြပါ အဖြစ်အပျက်တစ်ခုခု၏တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်သော အကျိုးသက်ရောက်မှုတစ်ရပ်ရပ်ကြောင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ နီးကပ်စွာသော်လည်းကောင်း၊ ဝေးလံစွာသော်လည်းကောင်း ဖြစ်ပေါ်စေသော အားပေးသော၊ အခြေခံသော၊ ပေါ်ပေါက်သော မည်သည့် မတော်တဆဖြစ်ပွားခြင်း၊ ဆုံးရှုံးခြင်း၊ ပျက်စီးခြင်း)။

(၁၅) ရောဂါကြောင့်ဆေးရုံတက်ရက်ပေါင်းသည် ၃ ရက်နှင့် အောက်ဖြစ်သော ဆေးကုသမှုများ။

(၁၆) လိမ်လည်တောင်းခံသည့်ဖြစ်ရပ်များ။

(၁၇) မိမိကိုယ်ကို သတ်သေခြင်း (သို့မဟုတ်) မိမိကိုယ်ကို ဒဏ်ရာအနာတရဖြစ်အောင် ပြုလုပ်ခြင်း။

သင့်ကျန်းမာရေးကို အခုပဲ စစ်ဆေးကြည့်ပါ။

အက်ပလီကေးရှင်းကို သင့်ရဲ့ဖုန်းထဲမှာ အခုပဲ ဒေါင်းလုပ်ဆွဲပြီး မိမိကိုယ်တိုင်ကျန်းမာကြံ့ခိုင်ရေး ကျွမ်းကျင်သူတစ်ဦးအဖြစ် စတင်နေထိုင်လိုက်ပါ။