protect your family with PRUFlexiprotect CI

PRUFlexiprotect CI

ဒို့တွေတကယ် လုံခြုံမှုပေးပါတယ်။ တန်ဖိုးကြီးမားတဲ့ကုသမှုတွေအတွက် ငွေကြေးထောက်ပံ့မှု
Protect your family with PRUFlexiprotect CI

သင့်ဘဝ။ သင့်ရွေးချယ်မှု။

PRUFlexiprotect CI က အပြင်းအထန်နာမကျန်းမှုအတွက် အကျိုးခံစားခွင့်ရရှိနိုင်မယ့် သီးသန့်အစီအစဉ်ဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်မှာ အသက်အာမခံဝယ်ထားပြီးသားရှိရင်လည်း ပိုမိုပြည့်စုံစေမယ့် အာမခံအစီအစဉ်ဖြစ်ပါတယ်။ ကိုယ်နဲ့သင့်တော်တဲ့ အာမခံအမျိုးအစား၊ အာမခံသက်တမ်းနဲ့ အကာအကွယ်ပမာဏ စသဖြင့် ရွေးချယ်နိုင်မှာပါ။

အာမခံထုတ်ကုန် အသေးစိတ်အချက်အလက်များ

အပြင်းအထန်နာမကျန်းမှုဖြစ်ပေါ်ခဲ့လျှင် ရရှိနိုင်မည့် ငွေကြေးထောက်ပံမှု

အပြင်းအထန်နာမကျန်းမှုစတင်ဖြစ်ပေါ်လာပါက PRUFlexiprotect CI ၏ အာမခံထားငွေကို စတင်အသုံးပြုနိုင်ပြီဖြစ်သည်။ ရောဂါကုသမှုအတွက်လည်း အသုံးပြုနိုင်ပါသည်။ ယခုအာမခံအကာအကွယ်အား အနည်းဆုံးမြန်မာငွေသိန်း( ၃,၀၀၀,၀၀၀)ကျပ်အာမခံထားငွေအဖြစ်ထားရှိပြီး ဝယ်ယူနိုင်ပါသည်။

 

သင့်အတွက် အဆင်ပြေသင့်တော်သည့် ငွေပေးချေမှုပုံစံနှင့် အာမခံထားလိုသည့်ကာလကို ရွေးချယ်နိုင်ခြင်း

အာမခံကာလကို (၇) နှစ်၊ (၁၀) နှစ်၊ (၁၅) နှစ် သို့မဟုတ် (၂၀) နှစ်အထိ ရွေးချယ်ဝယ်ယူနိုင်ပြီး အသက် (၇၀) နှစ်မတိုင်ခင်အထိ မိမိဝယ်ယူထားသည့် အာမခံကာလ သက်တမ်းကုန်ဆုံးတိုင်း ပရီမီယံကြေးပေးသွင်းကာ လွယ်ကူရိုးရှင်းစွာ ပြန်လည်သက်တမ်းတိုးနိုင်မည်ဖြစ်သည်။ ပရီမီယံကြေးကို နှစ်စဉ်၊ တစ်နှစ်နှစ်ခါ၊ သုံးလတစ်ခါ သို့မဟုတ် တစ်လတစ်ခါ ပေးသွင်းနိုင်မည်ဖြစ်ပါသည်။

 

အာမခံကာလ

၇ နှစ်

၁၀ နှစ်

၁၅ နှစ်

၂၀ နှစ်

ငွေပေးသွင်းနိုင်သည့် ကာလ

၇ နှစ်

၁၀ နှစ်

၁၅ နှစ်

၂၀ နှစ်

အာမခံထားနိုင်သည့် အမြင့်ဆုံး အသက်အရွယ် သတ်မှတ်ချက်/သက်တမ်းတိုးနိုင်သည့် အသက်အရွယ်

၆၃ နှစ်

၆၀ နှစ်

၅၅ နှစ်

၅၀ နှစ်

အာမခံထားနိုင်သည့် အမြင့်ဆုံး အသက်အရွယ်

၇၀ နှစ်

၇၀ နှစ်

၇၀ နှစ်

၇၀ နှစ်

 

အပြင်းအထန်နာမကျန်းမှုရောဂါအမျိုးအစားများစွာအတွက် ကာကွယ်ပေးပါတယ်။

အပြင်းအထန်နာမကျန်းမှုရောဂါအစောပိုင်းအဆင့် (သို့မဟုတ်) နောက်ဆုံးအဆင့်ကိုခံစားနေရပါက အာမခံအကာအကွယ်ကို ရရှိမည်ဟု သတ်မှတ်နိုင်ပါသည်။ အာမခံဝယ်ယူထားသူအနေဖြင့် ယခုအာမခံအကာအကွယ်အတွက် အကျုံးဝင်သော အပြင်းအထန်နာမကျန်းမှုရောဂါအမျိုးအစားပေါင်း (၂၀)အနက် ရောဂါတစ်မျိုးမျိုးကြောင့်ဆေးကုသမှုခံယူရပါက ဆေးကုသစရိတ်အတွက် ငွေကြေးထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ ရောဂါကုသမှုအစောပိုင်းတွင် ယခုအကျိုးခံစားခွင့်၏ အာမခံထားရှိငွေမှ (၂၅) ရာခိုင်နှုန်းကို ကြိုတင်ပေးအပ်သွားမည်ဖြစ်သည်။ ရောဂါကုသမှုနှောင်းပိုင်းတွင် ယခုအကျိုးခံစားခွင့်၏ အာမခံထားရှိငွေ (၁၀၀) ရာခိုင်နှုန်း သို့မဟုတ် ကုသမှုအစောပိုင်းတွင် နစ်နာကြေးရယူပြီးပါက ကျန်ရှိသည့် (၇၅) ရာခိုင်နှုန်းကို ပေးအပ်သွားမည်ဖြစ်သည်။

 

အစောပိုင်းအဆင့် အပြင်းအထန် နာမကျန်းဖြစ်ခြင်း

နောက်ဆုံးအဆင့် အပြင်းအထန် နာမကျန်းဖြစ်ခြင်း

ကင်ဆာအစောပိုင်းအဆင့် - ကင်ဆာဆဲလ်စတင်ပျံ့ပွားချိန်နှင့် သတ်မှတ်ထားသော ကိုယ်တွင်းအင်္ဂါများ၏ ကင်ဆာအစောပိုင်းအဆင့်

ပြင်းထန်သည့် ကင်ဆာရောဂါ

Defibrillator သို့မဟုတ် နှလုံးခုန်စက် ထည့်ခြင်း

သတ်မှတ်ထားသော ပြင်းထန်သည့် နှလုံးဖောက်မှု

 နှလုံးသွေးကြောပိတ်ခြင်း နှလုံးသွေးကြော လမ်းကြောင်းလွှဲခြင်း
 လည်ပင်းသွေးကြောခွဲစိတ်မှု အာရုံကြော ထာ၀စဥ်ထိခိုက်ပြီး လေဖြတ်ခြင်း
ဦးနှောက်သွေးကြောပေါက်၍ခွဲစိတ်ခြင်း အသည်း လုံးဝ ပျက်စီးခြင်း
အသည်းအစိတ်အပိုင်းကို ဖယ်ရှားခွဲစိတ်ခြင်း အဆုတ် လုံးဝ ပျက်စီးသည့် ရောဂါ
အဆုတ်တစ်ခြမ်း ဖယ်ရှားခွဲစိတ်ခြင်း ကျောက်ကပ် ပျက်စီးခြင်း
ကျောက်ကပ်တစ်ခြမ်းဖယ်ရှားခွဲစိတ်ခြင်း သွေးလွှတ်ကြောကို ရင်ဘတ်ဖွင့်ခွဲစိတ်ခြင်း
 သွေးလွှတ်ကြော အသေးစားခွဲစိတ်ခြင်း ရင်ခေါင်းဖွင့်၍ ပင်မသွေးလွှတ်ကြော ခွဲစိတ်ခြင်း
 အူသိမ်အူမ အစားထိုးခွဲစိတ်ခြင်း အဓိက အင်္ဂါများ အစားထိုး ကုသခြင်း

 

မှတ်ချက် - အထက်ပါရောဂါများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ပြည့်ပြည့်စုံစုံ သိရှိလိုပါက ပရူဒန်ရှယ်အာမခံ၏ အရောင်းကိုယ်စားလှယ်များအား မေးမြန်းနိုင်ပါသည်။ 

 

PRUFlexiprotect CI နဲ့အတူ  အခွန်သက်သာခွင့်ကို ရယူလိုက်ပါ။

ယခုအာမခံအကာအကွယ်အတွက် ပရီမီယံကြေးများပေးဆောင်ရာတွင် အခွန်ငွေသက်သာခွင့် ရရှိနိုင်မည် ဖြစ်ပါသည်။ နှစ်စဉ်ဝင်ငွေခွန်ကို လျှော့ပေးနိုင်ပြီး သင်ပေးဆောင်ရမည့် ပရီမီယံကြေးပမာဏကိုလည်း သက်သာစေနိုင်မည်ဖြစ်သည်။ ပရူဒန်ရှယ်အာမခံ၏ PRUTax Calculator သည် သင်ရယူနိုင်မည့်ဝင်ငွေခွန် နုတ်ယူမှုပမာဏ၏ ခန့်မှန်းခြေကိုတွက်ချက်ပေးသွားမည် ဖြစ်သည်။ နှစ်စဉ်ဝင်ငွေခွန်နုတ်ယူခြင်းဖြင့် အာမခံပရီမီယံကြေးပေးသွင်းခြင်းကို လျှောက်ထားနိုင်ရန်အတွက် ကျွမ်းကျင်သူများနှင့် ဆွေးနွေးတိုင်ပင်ရန် ပရူဒန်ရှယ်အာမခံအနေဖြင့် အကြံပေးလိုပါသည်။

အသေးစိတ်လေ့လာရန်