Prudential Myanmar အကြောင်းတစေ့တစောင်း

Prudential Myanmar Life Insurance (Prudential Myanmar) ဆိုတာ Prudential Corporation Asia လက်အောက်မှာရှိပြီး မြန်မာနိုင်ငံမှာ တစ်ဦးပိုင်အဖြစ် လုပ်ကိုင်နေတဲ့ အသက်အာမခံကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ Prudential Myanmar ဟာ ၂၀၁၉ ခုနစ် နိုဝင်ဘာလမှာ မြန်မာနိုင်ငံ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာ (MoPF) က ပေးအပ်တဲ့ အသက်အာမခံလုပ်ငန်း ဆောင်ရွက်ခွင့်လိုင်စင်ရရှိခဲ့ပြီး မြန်မာနိုင်ငံပြည်သူတွေအတွက် ရေရှည် ယုံကြည်စိတ်ချရတဲ့ ကာကွယ်စောင့်ရှောက်မှုနဲ့ လိုအပ်ချိန်မှာ အထောက်အပံ့ဖြစ်စေမယ့် စုဆောင်းငွေတွေ ပိုမို တိုးပွားလာစေမယ့် အသက် အာမခံ ပေါ်လစီ ထုတ်ကုန်တွေနဲ့ ငွေကြေးဖြေရှင်းချက်တွေကို ဝန်ဆောင်မှု ပေးလျက်ရှိနေပါတယ်။
Prudential Myanmar အနေနဲ့ မြန်မာနိုင်ငံမှာ အသက်အာမခံ လုပ်ငန်းကဏ္ဍ တိုးတက်ပျံ့နှံ့လာစေဖို့နဲ့ ပြည်သူ အားလုံးပါဝင် အသုံးပြုနိုင်တဲ့ ဘဏ္ဍာရေးစနစ်ကို တိုးမြှင့်ဖော်ဆောင်ပေးနိုင်ဖို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အလေးထား ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ Prudential Myanmar ရဲ့ နည်းပညာ ဦးစားပေးချဉ်းကပ်မှုနဲ့ အာမခံ ဝန်ဆောင်မှုတွေကို ရိုးရှင်းလွယ်ကူပြီး အဆင်ပြေချောမွေ့စွာ ရယူနိုင်မယ့်အပြင် မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ ပြည်သူတွေဆီကို ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ရောက်ရှိနိုင်စေဖို့ ကတိကဝတ်ပြုထားပါတယ်။

ကျွန်ုပ်တို့ရဲ့ အမှတ်တံဆိပ် Prudence
ကျွန်ုပ်တို့ရဲ့ ယုံကြည်မှု

ကျွန်ုပ်တို့ရဲ့ တာဝန်

ကျွန်ုပ်တို့ရဲ့ ရည်မှန်းချက်
ကျွန်ုပ်တို့ရဲ့ တန်ဖိုးထားမှု
တီထွင်ဖန်တီးမှုများနဲ့ အခွင့်အလမ်းများ ဖန်တီးခြင်း |
ရှေ့ဆောင် လှုပ်ရှားမှုအသစ်တွေအတွက် လမ်းသစ်ဖောက်ပေးပြီး အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်အောင် အမြဲ တိုက်တွန်းအားပေး ဆောင်ရွက်နေပါတယ် |
နားလည်မှု၊ ဂရုစိုက်မှုပေးခြင်း |
ကျွန်ုပ်တို့ရဲ့ ဝန်ထမ်းများ၊ customers များ၊ ကိုယ်စားလှယ်များ၊ မိတ်ဖက်များနဲ့ အစုရှယ်ယာရှင်များရဲ့ လိုအပ်ချက်၊ မျှော်လင့်ချက်တွေကို နားလည်အောင်ပြုလုပ်ပြီး အထူးအလေးထား ဂရုစိုက်ပေးတာတွေ လုပ်ဆောင်ပေးပါတယ်။ |
ပူးပေါင်းဆောင်ရွက်ခြင်း |
ကျွန်ုပ်တို့အနေနဲ့ ပွင့်လင်းမြင်သာပြီး အပြန်အလှန်ယုံကြည်မှုရှိရှိနဲ့ စုပေါင်း လုပ်ဆောင်နိုင်တဲ့ အဖွဲ့အစည်းဖြစ်စေဖို့ အားပေးဖော်ဆောင် နေပါတယ်။ |
အကောင်းဆုံး ဝန်ဆောင်မှုပေးခြင်း |
ကျွန်ုပ်တို့သည် ကတိကဝတ်များအတိုင်း ဆောင်ရွက်ပေးနိုင်ရန်နှင့် ရည်မှန်းထားသည့်အတိုင်း တိတိကျကျ ဖော်ဆောင်ပေးနိုင်ရန်၊ ကျွန်ုပ်တို့ တည်ဆောက်လာခဲ့သည့် ဂုဏ်သိက္ခာကို ဆက်လက် ထိန်းသိမ်းနိုင်ရန် အစဉ်ကြိုးစားဆောင်ရွက်နေပါတယ်။ |