prudential 175 years of celebrating life

၁၇၅ နှစ်ပြည့် အထိမ်းအမှတ်

prudential-office

ပရူဒန်ရှယ်၏ ၁၇၅ နှစ်ပြည့် အထိမ်းအမှတ်

ယခုနှစ်တွင် အာရှတွင် လုပ်ငန်းလည်ပတ်ခြင်း သက်တမ်းနှစ် ၁၀၀ ပြည့်မြောက်ခြင်းအပြင် ပရူဒန်ရှယ်၏ ၁၇၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲကို ဆင်နွှဲခွင့်ရသည့်အတွက် ပရူဒန်ရှယ်အနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါသည်။

ပြီးခဲ့သည့် ၁၇၅ နှစ်တာ ကာလအတွင်း ပရူဒန်ရှယ်သည် ၁၉ရာစု ဗြိတိန်နိုင်ငံရှိ စက်မှုလုပ်သားများမှသည် ကိုဗစ်-၁၉ ကြောင့် ကျန်းမာရေးနှင့် စီးပွားရေးစိန်ခေါ်မှုကို ရင်ဆိုင်နေရသူများအထိ မိသားစုမျိုးဆက်ပေါင်းများစွာ အတွက် ဘဝကို အကောင်းဆုံးဖြတ်သန်းနိုင်အောင် ကူညီပံ့ပိုးပေးခဲ့ပါသည်။

ယနေ့အချိန်တွင် ပရူဒန်ရှယ်သည် အာရှနှင့် အာဖရိက‌ဒေသတစ်လွှားရှိ ဈေးကွက် ၂၃ ခု မှ ၁၉သန်းကျော်သော customer များ၏ ကျန်းမာရေး၊ ငွေကြေးဥစ္စာ နှင့် လူမှုဖူလုံရေးလိုအပ်ချက်များနှင့်ပတ်သက်၍ အဓိက ဝန်ဆောင်မှု များပေးလျက်ရှိပါသည်။

၁၈၄၈ ခုနှစ်မှစတင်၍ ပရူဒန်ရှယ်သည် ကြီးမားသည့် အပြောင်းအလဲများကို ဖြတ်သန်းလာခဲ့ပြီး ပရူဒန်ရှယ်၏ အခြေခံမူများဖြစ်သည့် ဖြောင့်မတ်တည်ကြည်မှုနှင့် ကျိုးကြောင်းဆီလျော်စွာဆင်ခြင်တွေးခေါ်နိုင်မှုများသည်  ပရူဒန်ရှယ်၏ customer များအတွက် ရေရှည်စိတ်ချလုံခြုံရေးကို ပံ့ပိုးပေးရာတွင် လည်းကောင်း၊ ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝန်းများအတွင်း လူမှုရေးနှင့် စီးပွားရေးစံတန်ဖိုးများကို တည်ဆောက်ရာတွင်လည်းကောင်း လမ်းညွှန်မှုများ ပေးနေဆဲ ဖြစ်ပါသည်။

prudential-first-office

ပရူဒန်ရှယ်၏ သမိုင်းကြောင်း

Customer များကို ဝန်ဆောင်မှုပေးခဲ့သည့် ၁၇၅ နှစ်တာ ခရီး

၁၈၄၈ ခုနှစ် မေလ ၃၀ ရက်နေ့တွင် လူပုဂ္ဂိုလ်အချို့သည် Prudential Mutual Assurance, Investment and Loan Association (ပရူဒန်ရှယ် အပြန်အလှန်အာမခံ၊ ရင်းနှီးမြှုပ်နှံမှု နှင့် ချေးငွေအသင်း) ဟု အမည်တွင်သည့် အဖွဲ့အစည်းတစ်ရပ်ကို ဖွဲ့စည်းရန် လန်ဒန်မြို့တွင် တွေ့ဆုံခဲ့ကြပါသည်။ ပရူဒန်ရှယ်၏ပုံရိပ်ကို ကုမ္ပဏီ၏ စံတန်ဖိုးများကို ကိုယ်စားပြုသည့် ပထမဆုံး အမှတ်တံဆိပ်အဖြစ် အသုံးပြုရန် သတ်မှတ်ခဲ့ကြပါသည်။

၁၉၂၃ ခုနှစ်တွင် ပရူဒန်ရှယ်၏ ပထမဆုံးသော နိုင်ငံရပ်ခြား အသက်အာမခံဝန်ဆောင်မှုရုံးခွဲကို အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာအနှံ့ လုပ်ငန်းများ ချဲ့ထွင်ခြင်း၏ ကနဦး ခြေလှမ်းတစ်ရပ် ဖြစ်ပါသည်။ ၁၉၂၀ ပြည့်လွန်နှစ်များအတွင်းတွင် အထွေထွေအာမခံအေဂျင်စီများကို တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံများတွင် ဖွင့်လှစ်ခဲ့ပြီး မကြာမီ မလေးရှားနှင့် စင်ကာပူနိုင်ငံများတွင် အသက်အာမခံ လုပ်ငန်းများကို တိုးချဲ့ဖွင့်လှစ်ခဲ့ပါသည်။

ပရူဒန်ရှယ် ရုံးချုပ်မှ တာဝန်ရှိသူများ တောင်အာဖရိကသို့ နှစ်ပတ်ကြာ စုံစမ်းစစ်ဆေးရေးခရီးစဉ် လာရောက်ခဲ့သည့် ၁၉၃၀ ခုနှစ်တွင် ပရူဒန်ရှယ်သည် အာဖရိက၌ ပထမဆုံး စီးပွားရေး ခြေလှမ်းကို စတင်ခဲ့ပါသည်။ ၎င်းတို့၏ ဆန်းစစ်တွေ့ရှိချက်များအရ ၁၉၃၁ ခုနှစ်တွင် ဂျိုဟန်နစ္စဘတ်မြို့တွင် ရုံးချုပ်တစ်ခု စတင်ဖွင့်လှစ်ခဲ့ပြီး ‌၁၉၃၂ ခုနှစ်တွင် အေဂျင်စီလုပ်ငန်းကွန်ရက်တစ်ခုကို တည်ထောင်နိုင်ခဲ့ပါသည်။

၁၉၃၉ ခုနှစ်တွင် ပရူဒန်ရှယ်၏ နိုင်ငံရပ်ခြားအသက်အာမခံ ဝန်ဆောင်မှုရုံးခွဲများ၏ လုပ်ငန်းများသည် ယူကေတွင် ရှိသည့် ပရူဒန်ရှယ်လုပ်ငန်းနှင့် အပြိုင်အဆိုင် ဖြစ်လာခဲ့ပြီး ပရူဒန်ရှယ်၏ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းမှာလည်း လျင်မြန်စွာ တိုးတက်လာခဲ့ပါသည်။ ၁၉၉၄ ခုနှစ်တွင် အာရှဒေသရှိ တိုးတက်မှု အလားအလာကောင်းများကို ထည့်သွင်းစဉ်းစားလျက် ပရူဒန်ရှယ်အာရှကော်ပိုရေးရှင်းကို တည်ထောင်ခဲ့ ပါသည်။

၂၀၂၁ ခုနှစ်တွင် ယူကေနှင့် အမေရိကန်ပြည်ထောင်စု ရှိ စီးပွားရေးများကို သီးခြားအဖြစ် ခွဲထုတ်ပြီးနောက် ယခု ပရူဒန်ရှယ်သည် အာရှနှင့် အာဖရိကတစ်လွှားရှိ ဖွံ့ဖြိုးတိုးတက်လာသည့် ဈေးကွက်အခြေအနေများပေါ်တွင် အပြည့်အဝအာရုံစိုက်၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ 

အာရှတွင် သက်တမ်း နှစ် ၁၀၀ ပြည့်နှင့် ပရူဒန်ရှယ်၏ ၁၇၅နှစ်ပြည့် အထိမ်းအမှတ်အစီအစဉ်ကို ကျင်းပသွား မည့် အခါသမယတွင် ပရူဒန်ရှယ် customer များ၏ ကျန်းမာရေး၊ ငွေကြေးဥစ္စာနှင့် လူမှုဖူလုံရေး လိုအပ်ချက်များကို ဖြည့်ဆည့်ပေးခဲ့သည့် သမိုင်းကြောင်းကို ပြန်လည်တင်ဆက်မျှဝေခွင့်ရသည့်အတွက် ပရူဒန်ရှယ်မှ ဂုဏ်ယူဝမ်းမြောက်ရပါသည်။