ရန်ကုန်၊ မြန်မာ၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ - Prudential Myanmar Life Insurance Limited (ပရူဒန်ရှယ်အာမခံ) က အသက်အာမခံ အကာအကွယ်နှင့် ငွေစုအစီအစဉ် ပေါင်းစပ်ထားသည့် PRUSaver အသက်အာမခံ ထုတ်ကုန်တစ်ခုကို မိတ်ဆက်လိုက်ပြီး ဘဝရည်မှန်းချက် ပန်းတိုင်များကို ရယူနိုင်ရန် လူအများအား ကူညီပေးသွားမည် ဖြစ်သည်။

PRUSaver အာမခံအစီအစဉ် အမျိုးမျိုးဖြင့် မင်္ဂလာပွဲ ကျင်းပရန်၊ ကလေးယူရန်၊ အိမ်ပြင်ရန်ကဲ့သို့ အနာဂတ် ဘဝမှတ်တိုင်များ (သို့မဟုတ်) စိတ်ကူးထားသော ကားဝယ်ယူရန်၊ အိမ်ဝယ်ရန်၊ ချစ်ခင်ရသူများနှင့် ခရီးထွက်ရန်ကဲ့သို့ အရေးပါသော ဝယ်ယူအသုံးပြုမှုများအတွက် ငွေကြေး စတင်စုဆောင်းနိုင်မည် ဖြစ်ပါသည်။ Customer များအနေဖြင့် မိမိတို့၏ စုဆောင်းငွေ လိုအပ်ချက်များအရ အာမခံပေါ်လစီသက်တမ်း ၅ နှစ်၊ ၇ နှစ် (သို့မဟုတ်) ၁၀ နှစ်အတွင်း အနည်းဆုံး ငွေကျပ် ဆယ်သိန်း (မြန်မာငွေ ၁,၀၀၀,၀၀၀) မှစတင်ပြီး အများဆုံး ငွေကျပ် သိန်း ၅၀၀ (မြန်မာငွေ ၅၀,၀၀၀,၀၀၀) အထိ စုဆောင်းနိုင်ပါသည်။

စုဆောင်းငွေများကိုလည်း တစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ် (သို့မဟုတ်) တစ်နှစ်တစ်ကြိမ် စသည်ဖြင့် customer များ နှစ်သက်သလို စုဆောင်းထားနိုင်မည် ဖြစ်ပါသည်။ အာမခံပေါ်လစီသက်တမ်း ကုန်ဆုံးချိန်တွင် စုစုပေါင်း အာမခံထားငွေ (သို့မဟုတ်) စုငွေပမာဏကို တစ်ခါတည်း အပြည့်အဝ ထုတ်ပေးသွားမည် ဖြစ်သည်။ PRUSaver customer များသည် အာမခံပေါ်လစီသက်တမ်းအတွင်း အသက်အာမခံ အကာအကွယ်ကိုလည်း ရရှိနိုင်ကြမည် ဖြစ်ပါသည်။

ပရူဒန်ရှယ်အာမခံ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးနိုင်အေးလင်း က "ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှု အသုံးပြုတွေဆီကရတဲ့ လေ့လာတွေ့ရှိချက်တွေအရ လူတွေရဲ့ ဘဝခရီးတစ်လျှောက်မှာ အထောက်အပံ့ကောင်း ဖြစ်စေဖို့ဆိုရင် ကာလတို စုငွေဝန်ဆောင်မှု ထုတ်ကုန်တွေကို အသက်အာမခံနဲ့ တွဲဖက်ပေးထားတာက လိုက်ဖက်မှု အရှိဆုံးဆိုတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံက ပြည်သူတွေအတွက် ဘဝကို အကောင်းဆုံး ဖြတ်သန်းနိုင်အောင် ကူညီပေးဖို့ဆိုတဲ့ ပရူဒန်ရှယ်အာမခံရဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့ ထပ်ပြီး နီးကပ်သွားစေမယ့် PRUSaver ကို မိတ်ဆက်ပေးလိုက်နိုင်တဲ့အတွက် ပျော်ရွှင်ဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ customer တွေရဲ့ ဘဝရည်မှန်းချက် ပန်းတိုင်တွေကို ရယူနိုင်အောင် ကူညီပေးနေရင်းက အနာဂတ် ငွေရေးကြေးရေးအတွက် စိတ်ချရစေဖို့ အသက်အာမခံ အကာအကွယ်ကိုပါ တစ်ချိန်တည်းမှာ ရရှိနိုင်အောင် ပံ့ပိုးပေးသွားမှာပါ" ဟု ပြောသည်။

ငွေကြေးစုဆောင်းခြင်းသည် ဘဝတွင် တွေ့ကြုံလာရမည့် အတားအဆီးများကို ကျော်လွှားနိုင်ရန် ကူညီပေးရာတွင် ထိရောက်သည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ထိုထက်ပို၍ အရေးကြီးသည်မှာ ငွေကြေးစုဆောင်းခြင်းသည် တစ်ဦးတစ်ယောက်ချင်းစီ၏ ဘဝတွင် အရေးပါသော မှတ်တိုင်များအတွက် ပြင်ဆင်ထားနိုင်ရန်အပြင် မိမိတို့ ရင်သွေးများ၏ နောင်ရေးအတွက် စုဆောင်းငွေ ထားရှိရန်အတွက်ပါ ပံ့ပိုးပေးနိုင်မည် ဖြစ်သည်။ ပရူဒန်ရှယ်အာမခံ ဝက်ဘ်ဆိုက်တွင် မိမိတို့၏ ဘဝရည်မှန်းချက် ပန်းတိုင်အလိုက် စုဆောင်းရန် လိုအပ်သည့် ငွေပမာဏကို ကူညီတွက်ချက်ပေးနိုင်သော calculator နည်းပညာကိရိယာတစ်ခုကို ပေးအပ်ထားပါသည်။

ပေါ်လစီကိုင်ဆောင်ထားသူသည် သေဆုံးခြင်း (သို့မဟုတ်) လုံးဝနှင့် ထာဝစဉ် မသန်စွမ်းဖြစ်ခြင်းကဲ့သို့သော မျှော်လင့်မထားသည့် ဖြစ်ရပ်များ တွေ့ကြုံခဲ့ပါက ပေါ်လစီ၏ အကျိုးခံစားခွင့် ရရှိသူမှာ စုဆောင်းငွေများကို တစ်ခါတည်း အပြည့်အဝ ရယူနိုင်ပါသည်။ ထို့ကြောင့် ပေါ်လစီကိုင်ဆောင်ထားသူမှာ အာမခံပေါ်လစီသက်တမ်း ပြည့်သည်အထိ မစုဆောင်းနိုင်ခဲ့သည့်တိုင် ပေါ်လစီကိုင်ဆောင်ထားသူ၏ ချစ်ခင်ရသူများမှာ စုဆောင်းရန် စီစဉ်ထားသော စုငွေများကို ရရှိနိုင်ရန် အာမခံချက်ရှိမည် ဖြစ်ပါသည်။

PRUSaver အာမခံ ငွေပေးသွင်းမှုများမှာ အခွန်သက်သာခွင့် ရရှိနိုင်သောကြောင့် customer များမှာ အာမခံပေါ်လစီ သက်တမ်းတစ်လျှောက် ငွေကြေး ပိုမို စုဆောင်းနိုင်မည် ဖြစ်သည်။ အခွန်သက်သာခွင့်အကြောင်း အသေးစိတ် သိရှိလိုပါက ပရူဒန်ရှယ်အာမခံဝက်ဘ်ဆိုက်ရှိ အခွန် calculator နည်းပညာကိရိယာကို အသုံးပြုနိုင်မည် ဖြစ်ပါသည်။

PRUSaver စတင်မိတ်ဆက်မှုအား ပိုမိုသိရှိလာကြစေရန် ပရူဒန်ရှယ်အာမခံ၏ ဆိုရှယ်မီဒီယာ ချန်နယ်လ်များနှင့် အခြားဒစ်ဂျစ်တယ် ပလက်ဖောင်းများတွင် ဗီဒီယိုဇာတ်လမ်းတွဲတစ်ခုကို ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။ အဆိုပါ ဗီဒီယိုဇာတ်လမ်းတွဲတွင် ကိုယ်တိုင်နှင့် မိသားစုဝင်များအတွက် ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခု ရယူနိုင်ရန် ငွေစတင်စုဆောင်းရမည့်အချိန်မှာ စောနေသေးသည်ဟု မရှိသည့်အကြောင်း သတင်းစကားကို မျှဝေပေးသွားမည် ဖြစ်သည်။

PRUSaver အသက်အာမခံ အကာအကွယ်နှင့် ငွေစုအစီအစဉ်များအကြောင်း ပိုမိုသိရှိလိုပါက https://www.prudential.com.mm/en/all-products/prusaver/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ မေးမြန်းစုံစမ်းမှုများနှင့် customer ဝန်ဆောင်မှုများအတွက် ပရူဒန်ရှယ်အာမခံ၏ ဖုန်းနံပါတ် - ၀၉၇၇၀၁၁၀၀၁၀ ကို ဆက်သွယ်ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။

 

- ပြီး -

 

သတင်းမီဒီယာများ ထပ်မံမေးမြန်းစုံစမ်းလိုပါက ဆက်သွယ်ရန် -

 

Chilli Agency (for Prudential Myanmar Life Insurance)

မေမြသူ                                                                            ချိုဝတ်ရည်                        

ဖုန်း - ၀၉ ၉၇ ၃၂၆ ၇၅၇၉                                                 ဖုန်း - ၀၉ ၇၉ ၅၈၅ ၀၁၇၅

အီးမေးလ် - maymyathu@chilli.agency                     အီးမေးလ် - chowuttye@chilli.agency     

 

Prudential Myanmar Life Insurance

မဆင့်စန္ဒာ ၊ Senior Manager - Content Marketing & Communication

ဖုန်း - ၀၉ ၉၄၂ ၅၃၅ ၄၃၄၈

အီးမေးလ် - hsint.sanda@prudential.com.mm

 

Prudential Myanmar Life Insurance အကြောင်း

Prudential Myanmar Life Insurance (ပရူဒန်ရှယ်အာမခံ) သည် အာရှနှင့် အာဖရိက ဒေသတစ်လွှားကို အဓိကထား၍ အသက်အာမခံ၊ ကျန်းမာရေး အာမခံနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲသည့် ဝန်ဆောင်မှုများ ပေးအပ်နေသော Prudential plc ၏ အပိုင် အသက်အာမခံလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ရေရှည် ယုံကြည်စိတ်ချရသည့် ကာကွယ်စောင့်ရှောက်မှုနှင့် လိုအပ်ချိန်တွင် အထောက်အပံ့ဖြစ်စေမည့် စုဆောင်းငွေများ ပိုမို တိုးပွားလာစေမည့် အသက်အာမခံ ပေါ်လစီ ထုတ်ကုန်များနှင့် နည်းပညာဖြေရှင်းမှုစနစ်များကို ပေးအပ်ရန် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင်  မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (MoPF) မှ ပေးအပ်သည့် အသက်အာမခံလုပ်ငန်း ဆောင်ရွက်ခွင့်  လိုင်စင်ကို လက်ခံရရှိခဲ့ပါသည်။

ပရူဒန်ရှယ်အာမခံသည် မြန်မာနိုင်ငံ၏ အသက်အာမခံနယ်ပယ် တိုးတက်ပျံ့နှံ့လာစေရန်နှင့် ပြည်သူ အားလုံးပါဝင် အသုံးပြုနိုင်သည့် ဘဏ္ဍာရေးစနစ်ကို တိုးမြှင့်ဖော်ဆောင်ပေးရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အလေးထား ကြိုးစားဆောင်ရွက်နေပါသည်။ ပရူဒန်ရှယ်အာမခံ၏ နည်းပညာ ဦးစားပေးချဉ်းကပ်မှုဖြင့် အာမခံ ဝန်ဆောင်မှု များကို ရိုးရှင်းလွယ်ကူပြီး အဆင်ပြေချောမွေ့စွာ ရယူနိုင်မည့်အပြင် မြန်မာနိုင်ငံ အနှံ့အပြားရှိ ပြည်သူများထံ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ရောက်ရှိအောင် လုပ်ဆောင်ပေးရန် ကတိကဝတ်ပြုထားသည်။

အသေးစိတ်သိရှိလိုပါက Prudential Myanmar Life Insurance ဝက်ဘ်ဆိုက် http://www.prudential.com.mm/ နှင့် Facebook စာမျက်နှာ www.facebook.com/PrudentialMyanmarLifeInsurance တို့တွင် ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

 

Prudential plc အကြောင်း

Prudential plc သည် အာရှနှင့် အာဖရိက ဒေသတစ်လွှားရှိ ဈေးကွက် (၂၃) ခုတွင် အသက်အာမခံ၊ ကျန်းမာရေး အာမခံနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲသည့် ဝန်ဆောင်မှုများ ပေးအပ်နေသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ Prudential plc လုပ်ငန်းသည် ကျန်းမာရေးစောင့်ရှောက်မှုများကို ကုန်ကျစရိတ်သက်သာပြီး အလွယ်တကူရယူနိုင်အောင် ပြုလုပ်ပေးခြင်းနှင့် ဘဏ္ဍာရေးစနစ်ကို တိုးမြှင့်ဖော်ဆောင်ပေးခြင်းဖြင့် လူအများ၏ ဘဝကို အကောင်းဆုံး ဖြတ်သန်းနိုင်အောင် ကူညီပေးနေပါသည်။ Prudential သည် လူအများ၏ ပိုင်ဆိုင်မှုကို ကာကွယ်ပေးပြီး ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာနိုင်အောင်နှင့် ရည်မှန်းချက်ပန်းတိုင်များကို ရယူနိုင်အောင် ကူညီပေးလျက်ရှိပါသည်။ Prudential plc တွင် အသက်အာမခံရယူသူ ၁၉ မီလီယံကျော်ရှိပြီး ဟောင်ကောင် စတော့အိတ်ချိန်း (2378) နှင့် လန်ဒန် စတော့အိတ်ချိန်း (PRU) ဈေးကွက်များတွင် primary listings စာရင်းဝင်ခဲ့ပြီး ဖြစ်သည်။ ထို့အပြင် စင်ကာပူ စတော့အိတ်ချိန်း (K6S) တွင် secondary listing စာရင်းဝင်ခဲ့ပြီး အမေရိကန်နိုင်ငံ အသိအမှတ်ပြု American Depositary Receipts အရ နယူးယောက် စတော့အိတ်ချိန်း (PUK) တွင်လည်း စာရင်းဝင်ခဲ့ပြီး ဖြစ်ပါသည်။

Prudential plc သည် အမေရိကန်ပြည်ထောင်စုတွင် အဓိက လုပ်ငန်းအခြေစိုက်သည့် Prudential Financial, Inc. နှင့် United Kingdom ရှိ M&G plc ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သည့် Prudential Assurance Company တို့နှင့် လုပ်ငန်းဆက်စပ်မှု မရှိပါ။ https://www.prudentialplc.com/

အခြားသတင်းဆောင်းပါးများ

ပရူဒန်ရှယ်အာမခံသည် Prudence ဖောင်ဒေးရှင်းမှတစ်ဆင့် မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြေငလျင်ဒဏ်အတွက် မြန်မာငွေကျပ် ၁၂၆ သန်း ပံ့ပိုးကူညီ
လူမှုအကျိုးပြုလုပ်ငန်းများ

ပရူဒန်ရှယ်အာမခံသည် Prudence ဖောင်ဒေးရှင်းမှတစ်ဆင့် မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြေငလျင်ဒဏ်အတွက် မြန်မာငွေကျပ် ၁၂၆ သန်း ပံ့ပိုးကူညီ

09-04-2025 | 1 min read
ပရူဒန်ရှယ်အာမခံမှ RUFlexiprotect အသက်အာမခံအစီအစဉ်များကို စတင်မိတ်ဆက်
အာမခံအစီအစဥ်

ပရူဒန်ရှယ်အာမခံမှ RUFlexiprotect အသက်အာမခံအစီအစဉ်များကို စတင်မိတ်ဆက်

15-11-2023 | 4 min read
ပရူဒန်ရှယ်အာမခံက Bangkok Dusit Medical Services နှင့် လက်တွဲလုပ်ဆောင်ခဲ့
မိတ်ဖက်များ

ပရူဒန်ရှယ်အာမခံက Bangkok Dusit Medical Services နှင့် လက်တွဲလုပ်ဆောင်ခဲ့

29-06-2023 | 3 min read
ပရူဒန်ရှယ်အာမခံမှ မန္တလေးမြို့ရှိ ကျန်းမာကြံ့ခိုင်ရေး စိတ်ပါဝင်စားသူများအား Good Vibe Tribe Festival 2.0 တွင် ပါဝင်ဆင်နွှဲရန် ဖိတ်ကြား
ကျန်းမာပျော်ရွှင်ရေး

ပရူဒန်ရှယ်အာမခံမှ မန္တလေးမြို့ရှိ ကျန်းမာကြံ့ခိုင်ရေး စိတ်ပါဝင်စားသူများအား Good Vibe Tribe Festival 2.0 တွင် ပါဝင်ဆင်နွှဲရန် ဖိတ်ကြား

05-12-2022 | 4 min read
ပရူဒန်ရှယ်အာမခံက PRUSaver အသက်အာမခံ အစီအစဉ်သစ်တစ်ခု စတင်မိတ်ဆက်
အာမခံအစီအစဥ်

ပရူဒန်ရှယ်အာမခံက PRUSaver အသက်အာမခံ အစီအစဉ်သစ်တစ်ခု စတင်မိတ်ဆက်

13-10-2022 | 4 min read
ပရူဒန်ရှယ်အာမခံက မိသားစု ဖြစ်တည်မှုပုံစံတိုင်းကို ဂုဏ်ပြုသောအနေဖြင့် ဒစ်ဂျစ်တယ် Famvatar ဖန်တီးမှုအတွေ့အကြုံတွင် အားလုံးပါဝင်ကြရန် ဖိတ်ခေါ်
ကမ်ပိန်း

ပရူဒန်ရှယ်အာမခံက မိသားစု ဖြစ်တည်မှုပုံစံတိုင်းကို ဂုဏ်ပြုသောအနေဖြင့် ဒစ်ဂျစ်တယ် Famvatar ဖန်တီးမှုအတွေ့အကြုံတွင် အားလုံးပါဝင်ကြရန် ဖိတ်ခေါ်

04-07-2022 | 4 min read