ရန်ကုန်မြို့၊ မြန်မာ၊ ၂၀၂၃ ခုနှစ်၊ နို၀င်ဘာလ ၁၅ ရက်နေ့ - Prudential Myanmar Life Insurance Limited (ပရူဒန်ရှယ်အာမခံ) က တစ်ဦးတစ်ယောက်ချင်းအတွက်သော်လည်းကောင်း၊ ကုမ္ပဏီများ (သို့မဟုတ်) လူအဖွဲ့လိုက်သော်လည်းကောင်း လိုအပ်ချက်အလိုက် အဆင်ပြေစွာ ရွေးချယ်ဝယ်ယူနိုင်မည့် အသက်အာမခံ အစီအစဉ်များကို မိတ်ဆက်လိုက်ပါသည်။ ယခု PRUFlexiprotect အသက်အာမခံအစီအစဉ်များတွင် customer များ၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် အာမခံအကာအကွယ်အစီအစဉ်များကို မိမိကိုယ်တိုင် စိတ်တိုင်းကျရွေးချယ်ဝယ်ယူနိုင်ခြင်းကြောင့် အာမခံထားရှိသူများသည် သေဆုံးခြင်း (သို့မဟုတ်) အပြင်းအထန်နာမကျန်းဖြစ်ခြင်းများ ကြုံတွေ့လာရသည့်အခါ မိမိတို့ချစ်ခင်သူများအတွက် ငွေကြေးပိုင်းဆိုင်ရာ အကာအကွယ်ပေးထားနိုင်မည်ဖြစ်ပြီး စိတ်လုံခြုံအေးချမ်းမှု ရရှိနိုင်မည်ဖြစ်သည်။

 

PRUFlexiprotect အသက်အာမခံအစီအစဉ်များ၏ အခြေခံအာမခံအစီအစဉ်တွင် အာမခံပေါ်လစီဝယ်ယူထားသူ ကွယ်လွန်သည့်အခါ အာမခံငွေကြေးကို ပံ့ပိုးပေးမည့်အပြင် ထပ်ဆောင်းအကျိုးခံစားခွင့်အစီအစဉ်များအရ အာမခံငွေကြေးများထပ်တိုးရရှိနိုင်မည်ဖြစ်သည်။ ဥပမာဆိုရလျှင် ထပ်ဆောင်းအကျိုးခံစားခွင့်အစီအစဉ်များကို အပြင်းအထန်နာမကျန်းဖြစ်ခြင်းအတွက် အကျိုးခံစားခွင့်အနေဖြင့် အာမခံပေါ်လစီကိုင်ဆောင်ထားသူသည် အာမခံတွင်အကျုံးဝင်သည့် အသက်အန္တရာယ်စိုးရိမ်ရသော ရောဂါတစ်မျိုးမျိုးခံစားရပါက တစ်ပေါင်းတည်းပေးသော အာမခံအကျိုးခံစားခွင့်ကို  ရရှိနိုင်မည်ဖြစ်သည်။   ပရူဒန်ရှယ်အာမခံသည် အပြင်းအထန်နာမကျန်းဖြစ်ခြင်း ကနဦးအဆင့်တွင်ပင် ဈေးကွက်တွင်းရှိ အာမခံခံစားခွင့်ပေးသည့် ပထမဆုံး အာမခံလုပ်ငန်းဖြစ်သည်။ အဆိုပါအစီအစဉ်သည် အပြင်းအထန်နာမကျန်းဖြစ်ခြင်းအတွက် ရောဂါအစောပိုင်းကာလကုသမှုတွင် အကျိုးခံစားခွင့်အဖြစ် အာမခံထားရှိငွေ၏ (၂၅) ရာခိုင်နှုန်းပေးအပ်မည်ဖြစ်သည်။ ရောဂါနှောင်းပိုင်းကာလကုသမှုအတွက် အပြင်းအထန်နာမကျန်းဖြစ်ခြင်းအတွက် အကျိုးခံစားခွင့် အာမခံထားရှိငွေ (၁၀၀) ရာခိုင်နှုန်းမှ အစောပိုင်းကာလအတွက် ရယူပြီးဖြစ်သည့် (၂၅) ရာခိုင်နှုန်းကို နှုတ်ယူပြီးတန်ဖိုးကို ပေးအပ်မည်ဖြစ်သည်။ 

 

အခြားထပ်ဆောင်း အကျိုးခံစားခွင့်တစ်ရပ်မှာ မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်ဖြစ်ပြီး အာမခံပေါ်လစီကိုင်ဆောင်ထားသူသည် မတော်တဆမှုတစ်ခုအတွင်း အသက်ဆုံးရှုံးခဲ့ပါက တစ်ပေါင်းတည်းပေးသော အကျိုးခံစားခွင့်ကို ရရှိမည်ဖြစ်သည်။ မတော်တဆသေဆုံးမှုအတွက် နှစ်ထပ်ကွမ်းအကျိုးခံစားခွင့်မှာ အာမခံပေါ်လစီကိုင်ဆောင်ထားသူသည် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးနည်းလမ်းများဖြင့် သွားလာနေစဉ်အတွင်း မတော်တဆထိခိုက်မှုဖြစ်ပေါ်၍ သေဆုံးခဲ့ပါက မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက်ရရှိမည့် အကျိုးခံစားခွင့်မှ နစ်နာကြေးပမာဏ၏ နှစ်ဆကို ရရှိမည်ဖြစ်သည်။

 

“ကိုယ့်အနာဂတ်ကို ယုံကြည်ချက်ရှိရှိပုံဖော်နိုင်ဖို့နဲ့ တစ်ခုခုဖြစ်ခဲ့ရင် ကိုယ်ချစ်ခင်ရတဲ့သူတွေအတွက် ငွေကြေးအထောက်အပံ့ရရှိနေစေဖို့ အသက်အာမခံအကာအကွယ်က အရေးကြီးတဲ့သော့ချက်တစ်ခုဖြစ်ပါတယ်။ အာမခံထားရှိသူ customer များရဲ့ လိုအပ်ချက်တွေက မတူညီကွဲပြားနိုင်တယ်ဆိုတာကို ကျွန်တော်တို့ပရူဒန်ရှယ်အာမခံက သိရှိနားလည်ထားပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ လိုက်လျောညီထွေရှိမယ့်အသက်အာမခံပေါ်လစီကို စိတ်ကြိုက်ရွေးချယ်နိုင်မယ့် PRUFlexiprotect အသက်အာမခံအစီအစဉ်များကို customer တွေအတွက် အခုလို ယူဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်” ဟု ပရူဒန်ရှယ်အာမခံ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးနိုင်အေးလင်းက ပြောကြားခဲ့ပါသည်။

 

“အနာဂတ်မှာ ကိုယ့်မိသားစုရဲ့  ငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး လုံခြုံမှုရှိစေဖို့၊ အပြင်းအထန်နာမကျန်းဖြစ်တာ ဒါမှမဟုတ် မမျှော်လင့်ထားတဲ့ ကိစ္စရပ်တွေ ဘဝမှာ ကြုံတွေ့လာရတဲ့အခါ ရင်ဆိုင်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားလိုတဲ့ တစ်ဦးတစ်ယောက်ချင်းဖြစ်ဖြစ်၊ ကိုယ့်ဝန်ထမ်းတွေရဲ့ အနာဂတ်ကို လုံခြုံမှုပေးချင်တဲ့ ကုမ္ပဏီအနေနဲ့ပဲဖြစ်ဖြစ် အားလုံးရဲ့ မတူညီတဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် PRUFlexiprotect အသက်အာမခံအစီအစဉ်တွေကို ပုံဖော်ဖန်တီးထားတဲ့အတွက်ကြောင့် ဘဝကို ကိုယ့်စိတ်တိုင်းကျ ရှင်သန်နေထိုင်နိုင်မှာပဲဖြစ်ပါတယ်” ဟု ဦးနိုင်အေးလင်းက ထပ်လောင်းပြောကြားခဲ့သည်။

 

PRUFlexiprotect အသက်အာမခံအစီအစဉ်များ

PRUFlexiprotect အသက်အာမခံအစီအစဉ်များအနက် တစ်ဦးတစ်ယောက်ချင်းအနေနှင့် ဝယ်ယူနိုင်မည့် အသက်အာမခံအစီအစဉ် (၁) မျိုးနှင့် အဖွဲ့လိုက် ဝယ်ယူနိုင်မည့် အသက်အာမခံအစီအစဉ် (၂) မျိုးကို ကနဦး စတင်မိတ်ဆက်လိုက်သည်။

 

တစ်ဦးတစ်ယောက်ချင်းအနေဖြင့် အသက်အာမခံဝယ်ယူမည့်သူများအတွက် PRUFlexiprotect PLUS တွင် အာမခံအကာအကွယ်အစီအစဉ်၊ အာမခံထားမည့် ကာလ၊ အာမခံထားလိုသည့် ပမာဏများကို လိုအပ်ချက်အလိုက် ရွေးချယ်နိုင်ခွင့်ပေးထားသည်။ အထူးသဖြင့် အာမခံကာလသက်တမ်းကုန်ဆုံးသည့်အချိန်တွင် ပေးသွင်းထားသော ပရီမီယံကြေးအပြည့်အဝအား ပြန်လည်ရရှိနိုင်မည်ဖြစ်သည်။ အာမခံသက်တမ်းကာလကို (၁၀) နှစ်၊ (၁၅) နှစ် သို့မဟုတ် (၂၀) နှစ်အထိရွေးချယ်နိုင်ပြီး  ပရီမီယံကြေးကို နှစ်စဉ်၊ တစ်နှစ် နှစ်ခါ ၊ သုံးလတစ်ခါ သို့မဟုတ် လစဉ် ပေးသွင်းနိုင်သည်။ အာမခံထားရှိသူသည် အသက်အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်သည့်ကိစ္စ တစ်စုံတရာကြုံတွေ့ခြင်းမရှိပါက အာမခံကာလပြီးဆုံးသွားတိုင်း ပေးသွင်းထားသည့် ပရီမီယံကြေး၏ (၁၀၃) ရာခိုင်နှုန်းနှင့် ညီမျှသော ငွေကို ရရှိမည်ဖြစ်သည်။

 

ကုမ္ပဏီများ၊ လူမှုအဖွဲ့အစည်း (သို့မဟုတ်) ငွေချေးသူအုပ်စု စသည့် အဖွဲ့လိုက် အသက်အာမခံဝယ်ယူရာတွင် အနည်းဆုံးအဖွဲ့ဝင် (၅) ဦး ပါဝင်ရမည်ဖြစ်သည်။ PRUFlexiprotect 1 သည် သေဆုံးမှုအတွက်အကျိုးခံစားခွင့်ပေးသည့် တစ်နှစ်ကြာသက်တမ်းရှိ အာမခံပေါ်လစီဖြစ်ပြီး အာမခံထားရှိသူ၏ ချစ်ခင်ရသူများအတွက် ငွေကြေးဖူလုံမှုကို လုံခြုံစိတ်ချရစေမည့် အစီအစဉ်ဖြစ်သည်။

 

အဖွဲ့လိုက်အသက်အာမခံဝယ်ယူမည့်သူများအတွက် ထပ်မံရွေးချယ်ဝယ်ယူနိုင်မည့် ‌အာမခံအစီအစဉ်တစ်ခုမှာ အာမခံရယူထားသည့် ဝန်ထမ်းတစ်ဦးသည် အာမခံတွင်အကျုံးဝင်သည့် ပြင်းထန်ရောဂါကုသမှုအတွက် ငွေကြေးထောက်ပံ့မှုပေးနိုင်မည့် အာမခံအကာအကွယ် PRUFlexiprotect CI 1 ဖြစ်ပါသည်။ ဤအာမခံအစီအစဉ်သည် အာမခံထားရှိသူများနှင့် ၎င်းတို့၏ချစ်ခင်ရသူများအား ပြင်းထန်ရောဂါကုသမှု၏ ငွေရေးကြေးရေးဝန်ထုပ်ဝန်ပိုးမှ သက်သာရာရစေရန် သေချာစေပြီး တစ်နှစ်ကြာ အာမခံပေါ်လစီသက်တမ်းရှိပါသည်။ ထို့အပြင် အာမခံထားရှိသူ ဆေးကုသမှုခံယူနေစဉ်အတွင်း ဝင်ငွေရရှိမှုထိခိုက်နိုင်သည့်အခြေအနေကို သက်သာစေရန် ကာကွယ်ပေးနိုင်ပါသည်။

 

PRUFlexiprotect အသက်အာမခံအစီအစဉ်များကို လိုအပ်ချက်အလိုက် ထပ်ဆောင်းအကျိုးခံစားခွင့်များကို သတ်မှတ်ဝယ်ယူနိုင်ပါသည်။ 

ပိုမိုကောင်းမွန်သော ကာကွယ်မှုအတွက် customer များရွေးချယ်ထားသော PRUFlexiprotect အသက်အာမခံအစီအစဉ်များ၏ အကာအကွယ်တွင် ထပ်ပေါင်းထည့်နိုင်သည့်  ရွေးချယ်စရာ ထပ်ဆောင်းအကျိုးခံစားခွင့် (၃) မျိုးရှိသည်။ ထိုထပ်ဆောင်းအကျိုးခံစားခွင့်များသည် ကျန်းမာရေး၊ လုပ်ငန်းခွင်သဘောသဘာဝ သို့မဟုတ် မတော်တဆထိခိုက်မှုများဖြစ်မည်ကို စိုးရိမ်သောသူများအတွက် အာမခံချက်ပေးခြင်းဖြစ်သည်။ 

 

မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် အကျိုးခံစားခွင့် - အာမခံထားရှိသူအနေဖြင့် မတော်တဆ ထိခိုက်မှုကြောင့် အသက်သေဆုံးသွားခဲ့လျှင် ထပ်ဆောင်းအကာအကွယ်အနေဖြင့် အပိုနစ်နာကြေးပေးအပ်သွားမည်ဖြစ်သည်။ 

 

မတော်တဆသေဆုံးမှုအတွက် နှစ်ထပ်ကွမ်း အကျိုးခံစားခွင့် - အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးနည်းလမ်းများဖြင့် သွားလာနေစဉ်အချိန်အတွင်း မတော်တဆထိခိုက်မှုဖြစ်ပေါ်၍ အာမခံထားရှိသူ အသက်သေဆုံးခဲ့ပါက ယခုအကျိုးခံစားခွင့်သည် မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်မှရရှိမည့် အာမခံနစ်နာကြေး၏နှစ်ဆ ရရှိနိုင်မည်ဖြစ်သည်။

 

အပြင်းအထန်နာမကျန်းဖြစ်ခြင်းအတွက် အကျိုးခံစားခွင့် - အာမခံထားရှိသူသည် အသက်အန္တရာယ်စိုးရိမ်ရသော ရောဂါများ၏ အစောပိုင်းအဆင့်နှင့် နှောင်းပိုင်းအဆင့်ကို ခံစားနေရပြီး ခက်ခဲသောအချိန်ကာလများ ကြုံတွေ့နေရချိန်တွင် ငွေကြေးထောက်ပံ့ပေးသွားမည်ဖြစ်သည်။

 

“For Every Life, For Every Future” ဆိုသည့် ရည်ရွယ်ချက်အတိုင်း ပရူဒန်ရှယ်အာမခံသည် မြန်မာနိုင်ငံရှိ ပြည်သူများနှင့် လူမှုရပ်ဝန်းများကို ၎င်းတို့၏ ဘဝနှင့် အနာဂတ်ကိုတည်ဆောက်ရာတွင် အသက်နှင့်ကျန်းမာရေးအာမခံတို့ဖြင့် အကာအကွယ်ပေးကာ ခွန်အားပေးနိုင်ရန် အစွမ်းကုန်ကြိုးပမ်းလျက်ရှိပါသည်။

 

PRUFlexiprotect အသက်အာမခံအစီအစဉ်များကို စတင်မိတ်ဆက်သည့်အနေနှင့် ပရူဒန်ရှယ်အာမခံသည် ပြည်သူလူထုနှင့် ဆက်သွယ်ချိတ်ဆက်နိုင်ရန်အတွက် ကဏ္ဍပေါင်းစုံပါဝင်သည့် ကမ်ပိန်းတစ်ခုကို စတင်နေပြီဖြစ်သည်။ ထိုကမ်ပိန်းတွင် အပြန်အလှန် အတူတကွပူးပေါင်းလုပ်ဆောင်ရသည့် ဂိမ်းများ၊ လူထုနှင့်ထိတွေ့မှုရှိသည့် ပွဲအစီအစဉ်များအပြင် ငွေကြေးပိုင်ဆိုင်ရာအကာအကွယ်၏အရေးပါမှုကို သိသာစေလိုသည့်ရည်ရွယ်ချက်ဖြင့် ပြည်တွင်း ကင်ဆာဖောင်ဒေးရှင်းတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။

 

PRUFlexiprotect အသက်အာမခံအစီအစဉ်များ နှင့် ထပ်ဆောင်း ကာကွယ်အကျိုးခံစားခွင့်များအကြောင်း ပိုမိုသိရှိလိုပါက https://www.prudential.com.mm/en/all-products/pruflexiprotect/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ အသေးစိတ်အချက်အလက်များနှင့် customer ဝန်ဆောင်မှုများအတွက် ပရူဒန်ရှယ်အာမခံ၏ hotline ဖုန်းနံပါတ် ၀၉ ၇၇၀ ၁၁၀ ၀၁၀ ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

 

ပြီး

 

သတင်းမီဒီယာများအနေဖြင့် ထပ်မံ သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် - 

Chilli Agency (for Prudential Myanmar Life Insurance)

မအိမွန်သွယ် မခင်ချမ်းမြေ့တိုး

ဖုန်း - ၀၉ ၇၇၃ ၂၈၂ ၃၁၉ ဖုန်း - ၀၉ ၉၆၁ ၄၄၈ ၇၆၃

အီးမေးလ် - eimonthwe@chilli.agency  အီးမေးလ် - khinchanmyaetoe@chilli.agency

 

Prudential Myanmar Life Insurance

ကိုဟန်ကျော်ဝင်း၊ Manager

Brand and Marketing

ဖုန်း - ၀၉ ၉၇၆ ၀၈၆ ၇၀၁

အီးမေးလ် - han.kyaw.win@prudential.com.mm

 

Prudential Myanmar Life Insurance အကြောင်း

Prudential Myanmar Life Insurance (ပရူဒန်ရှယ်အာမခံ) သည် အာရှနှင့် အာဖရိက ဒေသတစ်လွှားကို အဓိကထား၍ အသက်အာမခံ၊ ကျန်းမာရေးအာမခံနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲသည့် ဝန်ဆောင်မှုများ ပေးအပ်နေသော Prudential plc ၏ အပိုင် အသက်အာမခံလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ရေရှည် ယုံကြည်စိတ်ချရသည့် ကာကွယ်စောင့်ရှောက်မှုနှင့် လိုအပ်ချိန်တွင် အထောက်အပံ့ဖြစ်စေမည့် စုဆောင်းငွေများ ပိုမို တိုးပွားလာစေမည့် အသက်အာမခံ ပေါ်လစီ ထုတ်ကုန်များနှင့် နည်းပညာဖြေရှင်းမှုစနစ်များကို ပေးအပ်ရန် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင်  မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (MoPF) မှ ပေးအပ်သည့် အသက်အာမခံလုပ်ငန်း ဆောင်ရွက်ခွင့်  လိုင်စင်ကို လက်ခံရရှိခဲ့ပါသည်။

 

ပရူဒန်ရှယ်အာမခံသည် မြန်မာနိုင်ငံ၏ အသက်အာမခံနယ်ပယ် တိုးတက်ပျံ့နှံ့လာစေရန်နှင့် ပြည်သူ အားလုံးပါဝင် အသုံးပြုနိုင်သည့် ဘဏ္ဍာရေးစနစ်ကို တိုးမြှင့်ဖော်ဆောင်ပေးရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အလေးထား ကြိုးစားဆောင်ရွက်နေပါသည်။ ပရူဒန်ရှယ်အာမခံ၏ နည်းပညာ ဦးစားပေးချဉ်းကပ်မှုဖြင့် အာမခံဝန်ဆောင်မှုများကို ရိုးရှင်းလွယ်ကူပြီး အဆင်ပြေချောမွေ့စွာ ရယူနိုင်မည့်အပြင် မြန်မာနိုင်ငံအနှံ့အပြားရှိ ပြည်သူများထံ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ရောက်ရှိအောင် လုပ်ဆောင်ပေးရန် ကတိကဝတ်ပြုထားသည်။

 
အသေးစိတ်သိရှိလိုပါက Prudential Myanmar Life Insurance ဝက်ဘ်ဆိုက် www.prudential.com.mm နှင့် Facebook စာမျက်နှာ www.facebook.com/PrudentialMyanmarLifeInsurance တို့တွင် ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။  

 

Prudential plc အကြောင်း

Prudential plc သည် အာရှနှင့် အာဖရိက ဒေသတစ်လွှားရှိ ဈေးကွက် (၂၄) ခုတွင် အသက်အာမခံ၊ ကျန်းမာရေး အာမခံနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲသည့် ဝန်ဆောင်မှုများ ပေးအပ်နေသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ Prudential plc ၏ ရည်မှန်းချက်သည် ယခုကာလနှင့် နောက်လာမည့်နှစ်များအတွက် ငွေကြေးပိုင်းဆိုင်ရာနှင့် ကျန်းမာရေးဖြေရှင်းချက်များပေးသည့် အယုံကြည်ရဆုံးသော လက်တွဲဖော်နှင့် အကာအကွယ်ပေးနိုင်သူဖြစ်ရန် ဖြစ်သည်။ Prudential plc သည် ဟောင်ကောင် စတော့အိတ်ချိန်း (2378) နှင့် လန်ဒန် စတော့အိတ်ချိန်း (PRU) ဈေးကွက်များတွင် primary listings စာရင်းဝင်ခဲ့ပြီး ဖြစ်သည်။ ထို့အပြင် စင်ကာပူ စတော့အိတ်ချိန်း (K6S) တွင် secondary listing စာရင်းဝင်ခဲ့ပြီး အမေရိကန်နိုင်ငံ အသိအမှတ်ပြု American Depositary Receipts အရ နယူးယောက် စတော့အိတ်ချိန်း (PUK) တွင်လည်း စာရင်းဝင်ခဲ့ပြီး ဖြစ်ပါသည်။ Prudential plc သည် Hang Seng Composite Index ၏ အခွဲတစ်ခုဖြစ်ပြီး Shenzhen-Hong Kong Stock Connect ပရိုဂရမ်နှင့် Shanghai-Hong Kong Stock Connect ပရိုဂရမ်တို့တွင် ကုန်သွယ်မှုအတွက်လည်း ပါဝင်ခဲ့သည်။

 
Prudential plc သည် အမေရိကန်ပြည်ထောင်စုတွင် အဓိက လုပ်ငန်းအခြေစိုက်သည့် Prudential Financial, Inc. နှင့် United Kingdom ရှိ M&G plc ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သည့် Prudential Assurance Company တို့နှင့် လုပ်ငန်းဆက်စပ်မှု မရှိပါ။ https://www.prudentialplc.com/

အခြားသတင်းဆောင်းပါးများ

ပရူဒန်ရှယ်အာမခံသည် Prudence ဖောင်ဒေးရှင်းမှတစ်ဆင့် မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြေငလျင်ဒဏ်အတွက် မြန်မာငွေကျပ် ၁၂၆ သန်း ပံ့ပိုးကူညီ
လူမှုအကျိုးပြုလုပ်ငန်းများ

ပရူဒန်ရှယ်အာမခံသည် Prudence ဖောင်ဒေးရှင်းမှတစ်ဆင့် မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြေငလျင်ဒဏ်အတွက် မြန်မာငွေကျပ် ၁၂၆ သန်း ပံ့ပိုးကူညီ

09-04-2025 | 1 min read
ပရူဒန်ရှယ်အာမခံမှ RUFlexiprotect အသက်အာမခံအစီအစဉ်များကို စတင်မိတ်ဆက်
အာမခံအစီအစဥ်

ပရူဒန်ရှယ်အာမခံမှ RUFlexiprotect အသက်အာမခံအစီအစဉ်များကို စတင်မိတ်ဆက်

15-11-2023 | 4 min read
ပရူဒန်ရှယ်အာမခံက Bangkok Dusit Medical Services နှင့် လက်တွဲလုပ်ဆောင်ခဲ့
မိတ်ဖက်များ

ပရူဒန်ရှယ်အာမခံက Bangkok Dusit Medical Services နှင့် လက်တွဲလုပ်ဆောင်ခဲ့

29-06-2023 | 3 min read
ပရူဒန်ရှယ်အာမခံမှ မန္တလေးမြို့ရှိ ကျန်းမာကြံ့ခိုင်ရေး စိတ်ပါဝင်စားသူများအား Good Vibe Tribe Festival 2.0 တွင် ပါဝင်ဆင်နွှဲရန် ဖိတ်ကြား
ကျန်းမာပျော်ရွှင်ရေး

ပရူဒန်ရှယ်အာမခံမှ မန္တလေးမြို့ရှိ ကျန်းမာကြံ့ခိုင်ရေး စိတ်ပါဝင်စားသူများအား Good Vibe Tribe Festival 2.0 တွင် ပါဝင်ဆင်နွှဲရန် ဖိတ်ကြား

05-12-2022 | 4 min read
ပရူဒန်ရှယ်အာမခံက PRUSaver အသက်အာမခံ အစီအစဉ်သစ်တစ်ခု စတင်မိတ်ဆက်
အာမခံအစီအစဥ်

ပရူဒန်ရှယ်အာမခံက PRUSaver အသက်အာမခံ အစီအစဉ်သစ်တစ်ခု စတင်မိတ်ဆက်

13-10-2022 | 4 min read
ပရူဒန်ရှယ်အာမခံက မိသားစု ဖြစ်တည်မှုပုံစံတိုင်းကို ဂုဏ်ပြုသောအနေဖြင့် ဒစ်ဂျစ်တယ် Famvatar ဖန်တီးမှုအတွေ့အကြုံတွင် အားလုံးပါဝင်ကြရန် ဖိတ်ခေါ်
ကမ်ပိန်း

ပရူဒန်ရှယ်အာမခံက မိသားစု ဖြစ်တည်မှုပုံစံတိုင်းကို ဂုဏ်ပြုသောအနေဖြင့် ဒစ်ဂျစ်တယ် Famvatar ဖန်တီးမှုအတွေ့အကြုံတွင် အားလုံးပါဝင်ကြရန် ဖိတ်ခေါ်

04-07-2022 | 4 min read