ပရူဒန်ရှယ်အာမခံနှင့် ရိုးမဘဏ်တို့သည် ၂၀၂၆ ခုနှစ် ဇူလိုင်လ အစောပိုင်းက စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော Insurance Asia Awards 2026 အခမ်းအနားတွင် Strategic Partnership of the Year ဆု အား ထိုက်တန်စွာဂုဏ်ပြုချီးမြှင့်ခံခဲ့ရပါသည်။ ဘဏ်မှတစ်ဆင့် အာမခံဝန်ဆောင်မှုများ ပေးအပ်သည့် (Bancassurance) လုပ်ငန်းစဉ်မှ အသက်အာမခံနှင့် ကျန်းမာရေးအာမခံ ဗဟုသုတများကို ပိုမိုကျယ်ပြန့်စွာ ဖြန့်ဝေပေးနိုင်ခဲ့ခြင်း၊ မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် ငွေကြေးအကာအကွယ်များ ဖန်တီးပေးနိုင်ခဲ့ခြင်းနှင့် မြန်မာ့အာမခံ နှင့် ဘဏ္ဍာရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အထောက်အကူပြုနိုင်ခဲ့သည့် ရေရှည်အောင်မြင်သော ပူးပေါင်းဆောင်ရွက်မှုများကြောင့် ယခုကဲ့သို့ အသိအမှတ်ပြု ချီးမြှင့်ခံရခြင်း ဖြစ်ပါသည်။
ယခုကဲ့သို့ မဟာဗျူဟာမြောက် လက်တွဲဆောင်ရွက်မှုများအား ၂၀၂၁ ခုနှစ်မှစ၍ ယနေ့အထိ ပရူဒန်ရှယ်အာမခံနှင့် ရိုးမဘဏ်တို့သည် အသက်အာမခံနှင့်ကျန်းမာရေးအာမခံ ဝန်ဆောင်မှုများအား ပိုမိုကျယ်ပြန့်စွာ ပေးအပ်နိုင်ရန်နှင့် မြန်မာနိုင်ငံတဝန်း အာမခံဝန်ဆောင်မှုများအား ပိုမိုလက်လှမ်းမှီနိုင်စေပြီး အာမခံအကာအကွယ်များရရှိနိုင်စေရန် အတူတကွ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ပရူဒန်ရှယ်အာမခံ၏ အာမခံနယ်ပယ်နှင့် ပတ်သက်သော ကျွမ်းကျင်မှုများနှင့် ရိုးမဘဏ်၏ ငွေကြေးဝန်ဆောင်မှုများကို အသုံးပြုလျက်ရှိသည့် မိဘပြည်သူများနှင့် ချိတ်ဆက်နိုင်စွမ်း၊ ပြည်တွင်းဈေးကွက်အပေါ် နားလည်ကျွမ်းကျင်မှုများအား ပေါင်းစပ်မှုမှတစ်ဆင့် ပြည်သူလူထု တစ်ဦးတစ်ယောက်ချင်းစီနှင့် စီးပွားရေးလုပ်ငန်းများ၏ နေ့စဉ်နှင့်အမျှ ပြောင်းလဲလာသည့် လိုအပ်ချက်များအပေါ် မူတည်ပြီး လူမှုအသိုက်အဝန်းအတွက် လိုအပ်သည့် အသက်အာမခံနှင့် ကျန်းမာရေးအာမခံဝန်ဆောင်မှုများကို ဖန်တီးပေးအပ်နိုင်ခဲ့သည်။