ရန်ကုန်၊ မြန်မာ၊ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ - Prudential Myanmar Life Insurance Limited (ပရူဒန်ရှယ်အာမခံ) က မိဘနှင့်သားသမီးများပါဝင်သော မိသားစု၊ မိဘဘိုးဘွား ဆွေမျိုးများ ပါဝင်သော မိသားစု၊ အတူနေမိဘနှင့် သားသမီးများ ပါဝင်သော မိသားစု (သို့မဟုတ်) မိဘနှင့် မွေးစားသားသမီးများ ပါဝင်သော မိသားစု စသည်ဖြင့် မည်သည့်ပုံစံဖြင့် ဖြစ်တည်နေသော မိသားစုဖြစ်စေ အားလုံးနှင့် ကိုက်ညီမှုရှိစေရန် ဖန်တီးထားမှုကို အသားပေး ဖော်ကျုးထားသော "Made for Every Family" ကမ်ပိန်းတစ်ခုကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ မိမိတို့ မိသားစုအပေါ်ထားသော ချစ်ခင်မှု၊ အတူပျော်ရွှင်ချိန်များကို ဂုဏ်ပြုသောအားဖြင့် www.prudential.com.mm/mm/we-do-family သို့ ဝင်ရောက်ပြီး မိမိတို့ကိုယ်ပိုင် မိသားစု avatar (ခ) ‘famvatar’ များ ဖန်တီးပြီး ပါဝင်ဆင်နွှဲကြရန် ပရူဒန်ရှယ်အာမခံက မြန်မာနိုင်ငံတစ်ဝန်းရှိ လူအများအား ဖိတ်ခေါ်လျက် ရှိပါသည်။

အဆိုပါ ကမ်ပိန်းသည် မိသားစုတိုင်း၏ အရေးပါပုံနှင့် မည်သည့်ပုံစံဖြင့် မိသားစုဖြစ်လာပါစေ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိသော ကျန်းမာရေးနှင့် အာမခံအကာအကွယ် ထုတ်ကုန်များကို ရယူခွင့်ရှိကြောင်း ပြသနိုင်ရန် ရည်ရွယ်ပါသည်။ ယခုအခါ အာရှဒေသတစ်ဝန်းရှိ ပရူဒန်ရှယ်အာမခံ ဝန်ဆောင်မှုပေးနေသော ဈေးကွက်များစွာတွင် မိသားစု ဖြစ်တည်မှုပုံစံအမျိုးမျိုးကို ကာကွယ်ပေးနိုင်ရန် အာမခံအကာအကွယ်များ တိုးချဲ့ပေးအပ်နေပြီ ဖြစ်ပါသည်။

ပရူဒန်ရှယ်အာမခံ၏ Acting CEO ဖြစ်သူ Mr Wilson Ma က “ပရူဒန်ရှယ်အာမခံအနေနဲ့ မိသားစုဆိုတာ ကျွန်တော်တို့ ယဉ်ကျေးမှုရဲ့ အရေးပါတဲ့ လူမှုဆက်ဆံရေး အစိတ်အပိုင်းတွေလို့ နားလည်လက်ခံထားပါတယ်။ ပြီးတော့ ငွေရေးကြေးရေးဆိုင်ရာ ဖြေရှင်းချက်တွေပါတဲ့ ထုတ်ကုန်တွေ ပေးအပ်ပြီး မြန်မာနိုင်ငံက ပြည်သူတွေအတွက် အာမခံဝန်ဆောင်မှုတွေကို ပိုပြီး အလွယ်တကူ လက်လှမ်းမီလာအောင်လည်း လုပ်ပေးချင်ပါတယ်။ ဒါ့ကြောင့် ဒီကမ်ပိန်းကနေ မိဘတစ်ဦးတည်းပဲရှိတဲ့ မိသားစုဖြစ်ဖြစ်၊ မွေးစားသားသမီးရှိတဲ့ မိသားစုဖြစ်ဖြစ် မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ မိသားစုဆိုတဲ့ ဖြစ်တည်မှုပုံစံတိုင်းကို ကာကွယ်ပေးဖို့ဆိုတဲ့ ပရူဒန်ရှယ်အာမခံရဲ့ ကတိကဝတ်ကို ပိုထင်ရှားအောင် ပြသလိုက်တာ ဖြစ်ပါတယ်”ဟု ဆိုသည်။

 

ဒစ်ဂျစ်တယ် Famvatar ဖန်တီးမှု အတွေ့အကြုံ

Famvatar ဆိုသည်မှာ မိမိတို့၏ မိသားစုဝင်များ (သို့) ချစ်ခင်ရသူများကို ထည့်သွင်းပြီး အုပ်စုလိုက် avatar တစ်ခု ပြုလုပ်နိုင်ရန် ပရူဒန်ရှယ်အာမခံမှ ဖန်တီးပေးထားသော ဒစ်ဂျစ်တယ်အသုံးချ အတွေ့အကြုံတစ်ခု ဖြစ်ပါသည်။ Famvatar စတစ်ကာများကို ပျော်ရွှင်ကြည်နူးစရာ စကားဝိုင်းစတစ်ကာများအဖြစ် အသုံးပြုရန်၊ လူမှုကွန်ရက် ပလက်ဖောင်းများတွင် မျှဝေရန် ဒေါင်းလုတ်ရယူနိုင်ပါသည်။

"ကျွန်တော်တို့က မိသားစုတိုင်း တန်ဖိုးထားတဲ့အရာတွေကို အားတက်သရော ပံ့ပိုးပေးချင်တာကြောင့် Famvatar ပလက်ဖောင်းကနေ ဘယ်သူမဆို ကိုယ့်မိသားစုကို ဝမ်းသာကြည်နူးစရာတွေ၊ ချစ်ခြင်းမေတ္တာတွေ အပြန်အလှန် ပျော်ပျော်ရွှင်ရွှင် ပေးပို့နိုင်အောင် ဖန်တီးပေးထားပါတယ်။ ဒီတော့ ပရူဒန်ရှယ်အာမခံရဲ့ ဝက်ဘ်ဆိုက်ကိုဝင်ပြီး ကိုယ့်မိသားစုနဲ့ ချစ်ခင်ရသူတွေရဲ့ ဓာတ်ပုံတွေနဲ့ Famvatar စတစ်ကာလေးတွေ ဖန်တီးလိုက်ပါ။ ပြီးရင် ချက်ချင်းပဲ ဆိုရှယ်မီဒီယာ ဒါမှမဟုတ် စာပို့ အက်ပလီကေးရှင်းတစ်ခုကနေ ကိုယ့်မိသားစုနဲ့ မျှဝေပြီး သူတို့အပေါ် ထားတဲ့ ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာကို ပြသလိုက်ပါ" ဟု Mr Wilson Ma က ထပ်ပြောသည်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ဩဂုတ်လ ၂၆ ရက်နေ့အထိ www.prudential.com.mm/mm/we-do-family  မှတဆင့် စတစ်ကာများ ဖန်တီး၊ ဒေါင်းလုတ် ရယူကာ မိမိတို့၏ Facebook အကောင့်တွင် မိသားစုဝင်များနှင့် အဓိပ္ပာယ်ရှိသော အချိန်များ ကုန်ဆုံးခဲ့ပုံကို အကြောင်းအရာတစ်ခုနှင့်အတူ ပိုစ့်တင်ထားသူများအား ဆုလက်ဆောင်များ ပေးအပ်သွားမည် ဖြစ်သည်။ ခေါင်းစဉ်မှာ အောက်ပါ အကြောင်းအရာ (၂) ခုအပေါ် အခြေခံပြီး ရေးသားရမည် ဖြစ်ပါသည်။

 

အကြောင်းအရာ ၁။ ရင်သွေးငယ်၏ အနာဂတ်ဘဝ လှပအောင် ကူညီဖန်တီးပေးသည့်အကြောင်း

အကြောင်းအရာ ၂။ ကျန်းမာကြံ့ခိုင်ရေး လှုပ်ရှားမှုများတွင် မိသားစုအတူ ပါဝင်ကြသည့်အကြောင်း

 

ဆုရွေးချယ်ရာတွင် အကျုံးဝင်ရန်အတွက် ပြိုင်ပွဲဝင်များအနေဖြင့် Famvatar စတစ်ကာ ဖန်တီးသည့်အခါ အပိုဆု စတစ်ကာများကို ဖွင့်ထားရန်လိုအပ်ပြီး ကိုယ်ပိုင် Famvatar များကို Facebook ပိုစ့်တင်ရာတွင် အများမြင်နိုင်သည့် ဆက်တင်ဖြင့် တင်ရမည် ဖြစ်ပါသည်။

ခရီးဆောင်အိတ် စသည့် ဆုလက်ဆောင်များကို နှစ်ပတ်တစ်ကြိမ် ပေးအပ်မည်ဖြစ်ပြီး အနိုင်ရရှိသူကို မဲနှိုက်ရွေးချယ်ပေးသွားမည် ဖြစ်ပါသည်။ အထူးဆုရရှိသူများကို ပရူဒန်ရှယ်အာမခံမှ ရွေးချယ်သွားမည်ဖြစ်ပြီး လူကြိုက်အများဆုံးဆု ရရှိသူများကို engagements အများဆုံး Facebook ပိုစ့်အပေါ်မူတည်၍ ဆုံးဖြစ်သွားမည်ဖြစ်သည်။ အဆိုပါဆုများ ရရှိပါက လျှပ်စစ်အသုံးအဆောင်ပစ္စည်းများဖြစ်သော microwave ၊ air fryer ၊ Android tablet သို့မဟုတ် smart TV များ ရရှိနိုင်မည် ဖြစ်ပါသည်။

Famvatar ကမ်ပိန်းနှင့်ပတ်သက်၍ ထပ်မံသိရှိလိုပါက ပရူဒန်ရှယ်အာမခံ၏ Facebook စာမျက်နှာ www.facebook.com/PrudentialMyanmarLifeInsurance တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ Famvatar ကမ်ပိန်းတွင် ပါဝင်ယှဉ်ပြိုင်လိုသူများ သို့မဟုတ် ကမ်ပိန်းအကြောင်း အသေးစိတ် ထပ်မံသိရှိလိုသူများအနေဖြင့် ပရူဒန်ရှယ်အာမခံ၏ Customer Service ဖုန်း - ၀၉ ၇၇၀ ၁၁၀၀၁၀ သို့မဟုတ် ပရူဒန်ရှယ်အာမခံ၏ Facebook စာမျက်နှာ Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်း နိုင်ပါသည်။

ပရူဒန်ရှယ်အာမခံသည် မြန်မာနိုင်ငံရှိ ပြည်သူများ၏ ဘဝကို အကောင်းဆုံးဖြတ်သန်းနိုင်အောင် ကူညီပေးနိုင်သည့် ကျန်းမာရေးနှင့်ငွေကြေးဆိုင်ရာ အကာအကွယ်များစွာ ပေးအပ်လျက် ရှိပါသည်။ PRUHealth ဆိုသည်မှာ အသက်သေဆုံးခြင်း သို့မဟုတ် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ပေါ်ပေါက်လာပါက ငွေကြေးဆုံးရှုံးခြင်းမှ ကာကွယ်ပေးနိုင်သည့် ကျန်းမာရေးအာမခံ ဝန်ဆောင်မှုတစ်ခု ဖြစ်ပါသည်။ PRUHealth အာမခံသည် customer များ အာဟာရပြည့်ဝစွာ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများ ပိုမိုပြုလုပ်နိုင်ရန် ကူညီပေးခြင်းဖြင့် ရောဂါ ကြိုတင်ကာကွယ်နိုင်ပြီး မိသားစုများနှင့် အဓိပ္ပာယ်ရှိသည့်အချိန်များကို ပိုမိုကုန်ဆုံးစေနိုင်သည့် အကျိုးခံစားခွင့်များကို တစ်စုတစ်စည်းတည်း ပေးအပ်ထားသည်။

ပရူဒန်ရှယ်အာမခံသည် PRUScholar ဟု ခေါ်သော မိမိတို့ သားသမီးများ၏ အနာဂတ်ပညာရေး ကုန်ကျစရိတ်များအတွက် မိဘများ ကြိုတင်စုဆောင်းထားနိုင်ရန် ကူညီပေးသော လိုအပ်သလို ညှိနှိုင်းနိုင်သည့် ကလေးပညာရေး အာမခံ ငွေစု အစီအစဉ်တစ်ခုကို ပေးအပ်ထားပါသည်။

ဗီဒီယို - “Made For Every Family

 

ပြီး

 

သတင်းမီဒီယာများ ထပ်မံမေးမြန်းစုံစမ်းလိုပါက ဆက်သွယ်ရန် -

Chilli Agency (for Prudential Myanmar Life Insurance)

မေမြသူ                                                              ချိုဝတ်ရည်                        

ဖုန်း - ၀၉ ၉၇ ၇၃၂၆ ၇၅၇၉                                     ဖုန်း - ၀၉ ၇၉ ၅၈၅ ၀၁၇၅

အီးမေးလ် -  maymyathu@chilli.agency                 အီးမေးလ် - chowuttye@chilli.agency     

 

Prudential Myanmar Life Insurance

မဆင့်စန္ဒာ ၊ Senior Manager - Content Marketing & Communication

ဖုန်း - ၀၉ ၉၄၂ ၅၃၅ ၄၃၄၈

အီးမေးလ် - hsint.sanda@prudential.com.mm

 

Prudential Myanmar Life Insurance အကြောင်း

ပရူဒန်ရှယ်အာမခံသည် အာရှနှင့် အာဖရိက ဒေသတစ်လွှားကို အဓိကထား၍ အသက်အာမခံ၊ ကျန်းမာရေး အာမခံနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲသည့် ဝန်ဆောင်မှုများ ပေးအပ်နေသော Prudential plc ၏ အပိုင် အသက်အာမခံလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ရေရှည် ယုံကြည်စိတ်ချရသည့် ကာကွယ်စောင့်ရှောက်မှုနှင့် လိုအပ်ချိန်တွင် အထောက်အပံ့ဖြစ်စေမည့် စုဆောင်းငွေများ ပိုမို တိုးပွားလာစေမည့် အသက်အာမခံ ပေါ်လစီ ထုတ်ကုန်များနှင့် နည်းပညာဖြေရှင်းမှုစနစ်များကို ပေးအပ်ရန် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင်  မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (MoPF) မှ ပေးအပ်သည့် အသက်အာမခံလုပ်ငန်း ဆောင်ရွက်ခွင့်  လိုင်စင်ကို လက်ခံရရှိခဲ့ပါသည်။

ပရူဒန်ရှယ်အာမခံသည် မြန်မာနိုင်ငံ၏ အသက်အာမခံနယ်ပယ် တိုးတက်ပျံ့နှံ့လာစေရန်နှင့် ပြည်သူ အားလုံးပါဝင် အသုံးပြုနိုင်သည့် ဘဏ္ဍာရေးစနစ်ကို တိုးမြှင့်ဖော်ဆောင်ပေးရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အလေးထား ကြိုးစားဆောင်ရွက်နေပါသည်။ ပရူဒန်ရှယ်အာမခံ၏ နည်းပညာ ဦးစားပေးချဉ်းကပ်မှုဖြင့် အာမခံ ဝန်ဆောင်မှု များကို ရိုးရှင်းလွယ်ကူပြီး အဆင်ပြေချောမွေ့စွာ ရယူနိုင်မည့်အပြင် မြန်မာနိုင်ငံ အနှံ့အပြားရှိ ပြည်သူများထံ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ရောက်ရှိအောင် လုပ်ဆောင်ပေးရန် ကတိကဝတ်ပြုထားသည်။

အသေးစိတ်သိရှိလိုပါက Prudential Myanmar Life Insurance ဝက်ဘ်ဆိုက် http://www.prudential.com.mm/  နှင့် Facebook စာမျက်နှာ www.facebook.com/PrudentialMyanmarLifeInsurance တို့တွင် ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

 

Prudential plc အကြောင်း

Prudential plc သည် အာရှနှင့် အာဖရိက ဒေသတစ်လွှားတွင် အသက်အာမခံ၊ ကျန်းမာရေး အာမခံနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲသည့် ဝန်ဆောင်မှုများ ပေးအပ်နေသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ Prudential သည် လူတို့၏ ပိုင်ဆိုင်မှုကို ကာကွယ်ပေးပြီး ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာနိုင်အောင်နှင့် ပန်းတိုင်းများရောက်ရှိအောင် ကူညီပေးလျက်ရှိပါသည်။ Prudential plc လုပ်ငန်းသည် ဘဏ္ဍာရေးစနစ်ကို တိုးမြှင့်ဖော်ဆောင်ပေးခြင်းနှင့် လူတိုင်းအတွက် ဘဝကိုအကောင်းဆုံးဖြတ်သန်းနိုင်အောင် ကုန်ကျစရိတ်သက်သာပြီး အလွယ်တကူရယူနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်ရန် ကူညီပေးလျက်ရှိပါသည်။ Prudential plc တွင် အသက်အာမခံရယူသူ ၁၈ မီလီယံကျော်ရှိပြီး လန်ဒန် (PRU) ၊ ဟောင်ကောင် (2378) ၊ စင်ကာပူ (K6S) နှင့် နယူးယောက် (PUK) စတော့အိတ်ချိန်း ဈေးကွက်များတွင် စာရင်းဝင်ခဲ့ပြီး ဖြစ်သည်။

Prudential plc သည် အမေရိကန်ပြည်ထောင်စုတွင် အဓိက လုပ်ငန်းအခြေစိုက်သည့် Prudential Financial, Inc. နှင့် United Kingdom ရှိ M&G plc ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သည့် Prudential Assurance Company တို့နှင့် လုပ်ငန်းဆက်စပ်မှု မရှိပါ။

https://www.prudentialplc.com/

အခြားသတင်းဆောင်းပါးများ

ပရူဒန်ရှယ်အာမခံသည် Prudence ဖောင်ဒေးရှင်းမှတစ်ဆင့် မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြေငလျင်ဒဏ်အတွက် မြန်မာငွေကျပ် ၁၂၆ သန်း ပံ့ပိုးကူညီ
လူမှုအကျိုးပြုလုပ်ငန်းများ

ပရူဒန်ရှယ်အာမခံသည် Prudence ဖောင်ဒေးရှင်းမှတစ်ဆင့် မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြေငလျင်ဒဏ်အတွက် မြန်မာငွေကျပ် ၁၂၆ သန်း ပံ့ပိုးကူညီ

09-04-2025 | 1 min read
ပရူဒန်ရှယ်အာမခံမှ RUFlexiprotect အသက်အာမခံအစီအစဉ်များကို စတင်မိတ်ဆက်
အာမခံအစီအစဥ်

ပရူဒန်ရှယ်အာမခံမှ RUFlexiprotect အသက်အာမခံအစီအစဉ်များကို စတင်မိတ်ဆက်

15-11-2023 | 4 min read
ပရူဒန်ရှယ်အာမခံက Bangkok Dusit Medical Services နှင့် လက်တွဲလုပ်ဆောင်ခဲ့
မိတ်ဖက်များ

ပရူဒန်ရှယ်အာမခံက Bangkok Dusit Medical Services နှင့် လက်တွဲလုပ်ဆောင်ခဲ့

29-06-2023 | 3 min read
ပရူဒန်ရှယ်အာမခံမှ မန္တလေးမြို့ရှိ ကျန်းမာကြံ့ခိုင်ရေး စိတ်ပါဝင်စားသူများအား Good Vibe Tribe Festival 2.0 တွင် ပါဝင်ဆင်နွှဲရန် ဖိတ်ကြား
ကျန်းမာပျော်ရွှင်ရေး

ပရူဒန်ရှယ်အာမခံမှ မန္တလေးမြို့ရှိ ကျန်းမာကြံ့ခိုင်ရေး စိတ်ပါဝင်စားသူများအား Good Vibe Tribe Festival 2.0 တွင် ပါဝင်ဆင်နွှဲရန် ဖိတ်ကြား

05-12-2022 | 4 min read
ပရူဒန်ရှယ်အာမခံက PRUSaver အသက်အာမခံ အစီအစဉ်သစ်တစ်ခု စတင်မိတ်ဆက်
အာမခံအစီအစဥ်

ပရူဒန်ရှယ်အာမခံက PRUSaver အသက်အာမခံ အစီအစဉ်သစ်တစ်ခု စတင်မိတ်ဆက်

13-10-2022 | 4 min read
ပရူဒန်ရှယ်အာမခံက မိသားစု ဖြစ်တည်မှုပုံစံတိုင်းကို ဂုဏ်ပြုသောအနေဖြင့် ဒစ်ဂျစ်တယ် Famvatar ဖန်တီးမှုအတွေ့အကြုံတွင် အားလုံးပါဝင်ကြရန် ဖိတ်ခေါ်
ကမ်ပိန်း

ပရူဒန်ရှယ်အာမခံက မိသားစု ဖြစ်တည်မှုပုံစံတိုင်းကို ဂုဏ်ပြုသောအနေဖြင့် ဒစ်ဂျစ်တယ် Famvatar ဖန်တီးမှုအတွေ့အကြုံတွင် အားလုံးပါဝင်ကြရန် ဖိတ်ခေါ်

04-07-2022 | 4 min read