good-vibe-tribe

မန္တလေးမြို့၊ မြန်မာ၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ - Prudential Myanmar Life Insurance Limited (ပရူဒန်ရှယ်အာမခံ) က ယခုနှစ်အတွင်း ဒုတိယမြောက် Good Vibe Tribe Festival ကို မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်သည့် မန္တလေးမြို့တွင် ကျင်းပသွားမည်ဖြစ်သည်။ ယခုပွဲသည် နိုင်ငံတစ်ဝန်းရှိ ပြည်သူများအား ကျန်းမာစေသော အလေ့အထများ နေ့စဉ် လုပ်ဆောင်ကြရန် တိုက်တွန်းအားပေးသည့်အနေဖြင့် စီစဉ်ကျင်းပခြင်းဖြစ်သည်။

Good Vibe Tribe Festival 2.0 ဟု အမည်ပေးထားသော ယခုပွဲအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်၊ စနေနေ့တွင် မန္တလေးမြို့၊ ကုက္ကိုကျွန်းတွင် ကျင်းပသွားမည်ဖြစ်ပြီး မန္တလေးသူ၊ မန္တလေးသားများအတွက် ကျွမ်းကျင်နည်းပြများဖြစ်သည့် Zumba နည်းပြဖြစ်သူ Noel၊ ယောဂနည်းပြဖြစ်သူ Leo Marco၊ အက နည်းပြများဖြစ်သူ YOLO YOLO တို့မှ ဦးဆောင်သွားမည့် လေ့ကျင့်ခန်းအစီအစဉ်များပါဝင်နိုင်ရန် မျှော်မှန်းထားသည်။

၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ပရူဒန်ရှယ်အာမခံက မြန်မာနိုင်ငံတွင် အကြီးမားဆုံး အားလုံးပါဝင်နိုင်သည့် ကျန်းမာပျော်ရွှင်ရေး ဗဟိုပြုရပ်ဝန်းဖြစ်သည့် Good Vibe Tribe လူမှုရပ်ဝန်းကို မိတ်ဆက်ခဲ့ပါသည်။ အဆိုပါ “Good Vibe Tribe Community by Prudential Myanmar” လူမှုရပ်ဝန်းသည် လက်ရှိ အဖွဲ့ဝင်ပေါင်း (၁၀,၀၀၀) နီးပါးရှိနေပြီ ဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းမှ ပြည်သူများအနေဖြင့် အဖွဲ့ဝင်အချင်းချင်း ချိတ်ဆက်နိုင်ပြီး အတူတကွ လေ့လာသင်ယူနိုင်၊ အပြိုင်အဆိုင် လေ့ကျင့်မှုများပြုလုပ်နိုင်၊ ကျန်းမာရေး ပန်းတိုင်များအား အတူတကွ ရယူနိုင်သည့်အပြင် ကျန်းမာပျော်ရွှင်ရေးဆိုင်ရာ အကြောင်းအရာ အချက်အလက်များကို မျှဝေနိုင်ရန် တိုက်တွန်းအားပေးလျက်ရှိပါသည်။ Good Vibe Tribe လူမှုရပ်ဝန်းကို မည်သူမဆို အခမဲ့ ဝင်ရောက်နိုင်မည်ဖြစ်သည်။

ပရူဒန်ရှယ်အာမခံမှ Good Vibe Tribe Festival အား ၂၀၂၂ ခုနှစ် ဩဂုတ်လ ၆ရက်နေ့တွင် ရန်ကုန်မြို့တွင် ကျင်းပခဲ့ပြီး လူပေါင်း (၅၀၀) ကျော်မှ လေ့ကျင့်လှုပ်ရှားမှုအစီအစဉ်များကို ပျော်ရွှင်စွာ အတူပါဝင်ဆင်နွဲခဲ့ကြသည်။ ရန်ကုန်မြို့တွင် ကျင်းပခဲ့သောပွဲ၏ အောင်မြင်မှုရလဒ်များကြောင့် ပရူဒန်ရှယ်အာမခံသည် Good Vibe Tribe လူမှုရပ်ဝန်းအား မန္တလေးမြို့တွင် စတင် မိတ်ဆက်ပေးသွားမည်ဖြစ်ပြီး မန္တလေးသူ၊ မန္တလေးသားများ၏ ကျန်းမာပျော်ရွှင်ရေးခရီးစဉ်အား စတင်နိုင်ရန် တိုက်တွန်းအားပေးသွားမည်ဖြစ်သည်။

“ပရူဒန်ရှယ်အာမခံအနေနဲ့ မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးကို ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်ပေးနိုင်ဖို့ ကတိကဝတ်ပြုထားပြီး Good Vibe Tribe လူမှုရပ်ဝန်းကတစ်ဆင့် ပြည်သူတွေ ကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်မှုပုံစံကို စတင်မွေးမြူပြီး ပိုမိုကျန်းမာကြံ့ခိုင်လာအောင် တိုက်တွန်းအားပေးသွားမှာဖြစ်ပါတယ်။ မန္တလေးမြို့မှာ Good Vibe Tribe Festival 2.0 ပွဲကို လက်ခံကျင်းပခွင့်ရတဲ့အတွက် ပရူဒန်ရှယ်အာမခံအနေနဲ့ အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ ကောင်းမွန်တဲ့ စိတ်ခံစားချက်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြတဲ့ လူမှုရပ်ဝန်းထဲမှာ ပါဝင်နိုင်ဖို့နဲ့ စိတ်လှုပ်ရှားစရာ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေ၊ ဂိမ်းအစီအစဉ်တွေနဲ့ စိန်ခေါ်မှုတွေမှာ ဝင်ရောက်ဆင်နွှဲနိုင်ဖို့အတွက် လူတွေအများကြီးတက်ရောက်ကြဖို့လည်း မျှော်လင့်နေပါတယ်။” ဟု ပရူဒန်ရှယ်အာမခံ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးနိုင်အေးလင်းက ပြောကြားခဲ့ပါသည်။

Good Vibe Tribe Festival 2.0 အားတက်ရောက်ရန် စိတ်ဝင်စားသူများ အနေဖြင့် ပရူဒန်ရှယ်အာမခံ၏ website - www.prudential.com.mm/mm/Good_Vibe_Tribe_Mandalay/ မှတစ်ဆင့် စာရင်းပေးသွင်းကာ တက်ရောက်နိုင်ပါသည်။

စာရင်းပေးသွင်းရန်နှင့် ပွဲတက်ရောက်ရန်တို့မှာ အခမဲ့ ဖြစ်သော်လည်း တက်ရောက်မည့်သူများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအရ မဖြစ်မနေ ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်ပါသည်။ အွန်လိုင်းမှ တစ်ဆင့် စာရင်းပေးသွင်းခြင်းအတွက် အရင်ဆုံးစာရင်းပေးသွင်းသူများကို ဦးစားပေးသွားမည်ဖြစ်ပြီး စာရင်းပေးသွင်းပြီးသူများသည် အခမ်းအနားကျင်းပရာနေရာတွင် scan ဖတ်ရန် QR ကုဒ်တစ်ခုကို လက်ခံရရှိမည်ဖြစ်ပါသည်။

good-vibe-tribe
good-vibe-tribe

၂၀၂၂ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် Good Vibe Tribe Festival ပွဲတွင် ပွဲတက်ရောက်သူများ ပါဝင်ဆင်နွှဲနေပုံ

Good Vibe Tribe လူမှုရပ်ဝန်းအကြောင်း ပိုမိုသိရှိလိုက -

Good Vibe Tribe လူမှုရပ်ဝန်း - www.facebook.com/groups/goodvibetribebyprudential

Good Vibe Tribe Festival 2.0 အား တက်ရောက်ရန် စာရင်းသွင်းရန် - https://bit.ly/3FevvkP

Good Vibe Tribe Festival 2.0 ဗီဒီယို - https://fb.watch/h5h6VyqE-e/

 

- ပြီး -

 

သတင်းမီဒီယာများ ထပ်မံမေးမြန်းစုံစမ်းလိုပါက ဆက်သွယ်ရန် -

Chilli Agency (for Prudential Myanmar Life Insurance)

မချိုဝတ်ရည်                                                                   မယုနိုင်ထွေး                        

ဖုန်း - ၀၉ ၇၉ ၅၈၅ ၀၁၇၅                                                  ဖုန်း - ၀၉ ၇၆၁၅၆ ၆၈၈၅

အီးမေးလ် - chowuttye@chilli.agency                                အီးမေးလ် - yunainghtwe@chilli.agency      

 

Prudential Myanmar Life Insurance

မဆင့်စန္ဒာ၊ Senior Manager                                              ကိုဟန်ကျော်ဝင်း၊ Manager

Content Marketing & Communication                             Brand and Marketing

ဖုန်း - ၀၉ ၄၂ ၅၃၅ ၄၃၄၈                                                   ဖုန်း - ၀၉ ၉၇၆  ၀၈၆ ၇၀၁

အီးမေးလ် - hsint.sanda@prudential.com.mm                    အီးမေးလ် - han.kyaw.win@prudential.com.mm

 

Prudential Myanmar Life Insurance အကြောင်း

Prudential Myanmar Life Insurance (ပရူဒန်ရှယ်အာမခံ) သည် အာရှနှင့် အာဖရိက ဒေသတစ်လွှားကို အဓိကထား၍ အသက်အာမခံ၊ ကျန်းမာရေး အာမခံနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲသည့် ဝန်ဆောင်မှုများ ပေးအပ်နေသော Prudential plc ၏ အပိုင် အသက်အာမခံလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ရေရှည် ယုံကြည်စိတ်ချရသည့် ကာကွယ်စောင့်ရှောက်မှုနှင့် လိုအပ်ချိန်တွင် အထောက်အပံ့ဖြစ်စေမည့် စုဆောင်းငွေများ ပိုမို တိုးပွားလာစေမည့် အသက်အာမခံ ပေါ်လစီ ထုတ်ကုန်များနှင့် နည်းပညာဖြေရှင်းမှုစနစ်များကို ပေးအပ်ရန် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင်  မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (MoPF) မှ ပေးအပ်သည့် အသက်အာမခံလုပ်ငန်း ဆောင်ရွက်ခွင့်  လိုင်စင်ကို လက်ခံရရှိခဲ့ပါသည်။

ပရူဒန်ရှယ်အာမခံသည် မြန်မာနိုင်ငံ၏ အသက်အာမခံနယ်ပယ် တိုးတက်ပျံ့နှံ့လာစေရန်နှင့် ပြည်သူ အားလုံးပါဝင် အသုံးပြုနိုင်သည့် ဘဏ္ဍာရေးစနစ်ကို တိုးမြှင့်ဖော်ဆောင်ပေးရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အလေးထား ကြိုးစားဆောင်ရွက်နေပါသည်။ ပရူဒန်ရှယ်အာမခံ၏ နည်းပညာ ဦးစားပေးချဉ်းကပ်မှုဖြင့် အာမခံ ဝန်ဆောင်မှု များကို ရိုးရှင်းလွယ်ကူပြီး အဆင်ပြေချောမွေ့စွာ ရယူနိုင်မည့်အပြင် မြန်မာနိုင်ငံ အနှံ့အပြားရှိ ပြည်သူများထံ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ရောက်ရှိအောင် လုပ်ဆောင်ပေးရန် ကတိကဝတ်ပြုထားသည်။

အသေးစိတ်သိရှိလိုပါက Prudential Myanmar Life Insurance ဝက်ဘ်ဆိုက် http://www.prudential.com.mm/ နှင့် Facebook စာမျက်နှာ www.facebook.com/PrudentialMyanmarLifeInsurance တို့တွင် ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

 

Prudential plc အကြောင်း

Prudential plc သည် အာရှနှင့် အာဖရိက ဒေသတစ်လွှားရှိ ဈေးကွက် (၂၃) ခုတွင် အသက်အာမခံ၊ ကျန်းမာရေး အာမခံနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲသည့် ဝန်ဆောင်မှုများ ပေးအပ်နေသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ Prudential plc လုပ်ငန်းသည် ကျန်းမာရေးစောင့်ရှောက်မှုများကို ကုန်ကျစရိတ်သက်သာပြီး အလွယ်တကူရယူနိုင်အောင် ပြုလုပ်ပေးခြင်းနှင့် ဘဏ္ဍာရေးစနစ်ကို တိုးမြှင့်ဖော်ဆောင်ပေးခြင်းဖြင့် လူအများ၏ ဘဝကို အကောင်းဆုံး ဖြတ်သန်းနိုင်အောင် ကူညီပေးနေပါသည်။ Prudential သည် လူအများ၏ ပိုင်ဆိုင်မှုကို ကာကွယ်ပေးပြီး ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာနိုင်အောင်နှင့် ရည်မှန်းချက်ပန်းတိုင်များကို ရယူနိုင်အောင် ကူညီပေးလျက်ရှိပါသည်။ Prudential plc တွင် အသက်အာမခံရယူသူ ၁၉ မီလီယံကျော်ရှိပြီး ဟောင်ကောင် စတော့အိတ်ချိန်း (2378) နှင့် လန်ဒန် စတော့အိတ်ချိန်း (PRU) ဈေးကွက်များတွင် primary listings စာရင်းဝင်ခဲ့ပြီး ဖြစ်သည်။ ထို့အပြင် စင်ကာပူ စတော့အိတ်ချိန်း (K6S) တွင် secondary listing စာရင်းဝင်ခဲ့ပြီး အမေရိကန်နိုင်ငံ အသိအမှတ်ပြု American Depositary Receipts အရ နယူးယောက် စတော့အိတ်ချိန်း (PUK) တွင်လည်း စာရင်းဝင်ခဲ့ပြီး ဖြစ်ပါသည်။

Prudential plc သည် အမေရိကန်ပြည်ထောင်စုတွင် အဓိက လုပ်ငန်းအခြေစိုက်သည့် Prudential Financial, Inc. နှင့် United Kingdom ရှိ M&G plc ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သည့် Prudential Assurance Company တို့နှင့် လုပ်ငန်းဆက်စပ်မှု မရှိပါ။ https://www.prudentialplc.com/

အခြားသတင်းဆောင်းပါးများ

ပရူဒန်ရှယ်အာမခံသည် Prudence ဖောင်ဒေးရှင်းမှတစ်ဆင့် မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြေငလျင်ဒဏ်အတွက် မြန်မာငွေကျပ် ၁၂၆ သန်း ပံ့ပိုးကူညီ
လူမှုအကျိုးပြုလုပ်ငန်းများ

ပရူဒန်ရှယ်အာမခံသည် Prudence ဖောင်ဒေးရှင်းမှတစ်ဆင့် မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြေငလျင်ဒဏ်အတွက် မြန်မာငွေကျပ် ၁၂၆ သန်း ပံ့ပိုးကူညီ

09-04-2025 | 1 min read
ပရူဒန်ရှယ်အာမခံမှ RUFlexiprotect အသက်အာမခံအစီအစဉ်များကို စတင်မိတ်ဆက်
အာမခံအစီအစဥ်

ပရူဒန်ရှယ်အာမခံမှ RUFlexiprotect အသက်အာမခံအစီအစဉ်များကို စတင်မိတ်ဆက်

15-11-2023 | 4 min read
ပရူဒန်ရှယ်အာမခံက Bangkok Dusit Medical Services နှင့် လက်တွဲလုပ်ဆောင်ခဲ့
မိတ်ဖက်များ

ပရူဒန်ရှယ်အာမခံက Bangkok Dusit Medical Services နှင့် လက်တွဲလုပ်ဆောင်ခဲ့

29-06-2023 | 3 min read
ပရူဒန်ရှယ်အာမခံမှ မန္တလေးမြို့ရှိ ကျန်းမာကြံ့ခိုင်ရေး စိတ်ပါဝင်စားသူများအား Good Vibe Tribe Festival 2.0 တွင် ပါဝင်ဆင်နွှဲရန် ဖိတ်ကြား
ကျန်းမာပျော်ရွှင်ရေး

ပရူဒန်ရှယ်အာမခံမှ မန္တလေးမြို့ရှိ ကျန်းမာကြံ့ခိုင်ရေး စိတ်ပါဝင်စားသူများအား Good Vibe Tribe Festival 2.0 တွင် ပါဝင်ဆင်နွှဲရန် ဖိတ်ကြား

05-12-2022 | 4 min read
ပရူဒန်ရှယ်အာမခံက PRUSaver အသက်အာမခံ အစီအစဉ်သစ်တစ်ခု စတင်မိတ်ဆက်
အာမခံအစီအစဥ်

ပရူဒန်ရှယ်အာမခံက PRUSaver အသက်အာမခံ အစီအစဉ်သစ်တစ်ခု စတင်မိတ်ဆက်

13-10-2022 | 4 min read
ပရူဒန်ရှယ်အာမခံက မိသားစု ဖြစ်တည်မှုပုံစံတိုင်းကို ဂုဏ်ပြုသောအနေဖြင့် ဒစ်ဂျစ်တယ် Famvatar ဖန်တီးမှုအတွေ့အကြုံတွင် အားလုံးပါဝင်ကြရန် ဖိတ်ခေါ်
ကမ်ပိန်း

ပရူဒန်ရှယ်အာမခံက မိသားစု ဖြစ်တည်မှုပုံစံတိုင်းကို ဂုဏ်ပြုသောအနေဖြင့် ဒစ်ဂျစ်တယ် Famvatar ဖန်တီးမှုအတွေ့အကြုံတွင် အားလုံးပါဝင်ကြရန် ဖိတ်ခေါ်

04-07-2022 | 4 min read