ပရူဒန်ရှယ်အာမခံမှ လူတိုင်း၏ ဘ၀တွင် အကောင်းဆုံးသောအရာများ ရရှိပိုင်ဆိုင်စေရန် အကူအညီများပေးလျက်ရှိပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပရူဒန်ရှယ်အာမခံ ၏ ကျန်းမာရေးအာမခံဝန်ဆောင်မှု နှင့် အသက်အာမခံဝန်ဆောင်မှုများကို လူတိုင်း လက်လှမ်းမီစွာ သုံးစွဲနိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ထားပါသည်။

ပရူဒန်ရှယ်အာမခံ အနေဖြင့် လူတစ်ဦးတစ်ယောက်ချင်းစီ၏ ပိုင်ဆိုင်မှုစည်းစိမ်ဥစ္စာများကို  ထိန်းသိမ်းစောင့်ရှောက်ပေးသည့်အပြင် ရှိရင်းစွဲ ပိုင်ဆိုင်မှုများ တိုးပွားလာစေရန်ကိုပါ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

ပရူဒန်ရှယ်အာမခံ - Prudential Myanmar  မှ ဖောက်သည် များအား ၎င်းတို့ရည်မှန်းထားသော ဘ၀ပန်းတိုင်များသို့ရောက်ရှိရန် ငွေစုဆောင်းချွေတာခြင်း အလေ့အကျင့်ကို စွဲမြဲကျင့်သုံးရန် အစဉ်အမြဲ အားပေးလေ့ရှိပါသည်။ Prudential plc အနေဖြင့် လက်ရှိကာလတွင် အာရှနှင့် အာဖရိကမှ သုံးစွဲသူ ၁၈.၃ သန်းအား Life Insurance, Health Insurance နှင့် မိမိတို့၏ပိုင်ဆိုင်မှု များကို အကျိုးရှိစွာစီမံခန့်ခွဲခြင်းဟူသည့်  Asset Management ဝန်ဆောင်မှုများကို ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

ပရူဒန်ရှယ်အာမခံ ၏ရုံးချုပ်များမှာ လန်ဒန် နှင့် ဟောင်ကောင် တို့တွင် တည်ရှိပြီး စျေးကွက် (၂၄) ခုတွင် အသက်မွေးဝမ်းကြောင်းလုပ်ငန်း “Life Business” (၃၄) ခုရှိပြီး အေးဂျင့် ပေါင်း (၁၀၀,၀၀၀) ကျော်မှ ဝန်ဆောင်မှုပေးလျက်ရှိသည့် အပြင် ပူးပေါင်းလုပ်ဆောင်နေသော ဘဏ်လုပ်ငန်းပေါင်း (၁၉၀) နှင့် ဘဏ်ခွဲပေါင်း (၂၇,၀၀၀)  ရှိပါသည်။

ပရူဒန်ရှယ်အာမခံ - Prudential Myanmar  ၏ ရည်ရွယ်ချက်မှာ  လူသားတိုင်းအတွက် အကောင်းဆုံးသော ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိရန်၊ သင့်တော်ကောင်းမွန်၍ လက်လှမ်းမီနိုင်သော  ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို ခံစားခွင့်ရရှိစေရန် အတွက် ကူညီဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။လူတိုင်းလူတိုင်း၏ စည်းစိမ်ဥစ္စာများကို  ထိန်းသိမ်းစောင့်ရှောက်ပေးရုံသာမက ရှိရင်းစွဲ ပိုင်ဆိုင်မှုများ တိုးပွားလာစေရန်နှင့် မိမိတို့ရည်မှန်းထားသော ဘ၀ပန်းတိုင်များသို့ ရောက်ရှိရန် စနစ်ကျသော ငွေစုဆောင်းချွေတာခြင်းများ ပြုလုပ်နိုင်ရန်ကိုပါ ပရူဒန်ရှယ်အာမခံ  မှ  ဆောင်ရွက်ပေးပါသည်။

ပရူဒန်ရှယ်အာမခံ မှ ကျင့်သုံးသောအခြေခံမူများသည် ဖောက်သည် များအား ဝန်ဆောင်မှုပေးရာတွင် သာမက များစွာသောစီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းချဉ်းကပ် လုပ်ဆောင်ရာတွင်ပါ  အထောက်အကူဖြစ်စေပါသည်။သာတူညီမျှမှန်ကန်စွာ ဆောင်ရွက်ခြင်းသည် ပရူဒန်ရှယ်အာမခံ   မှ ကျင့်သုံးသော ဆောင်ပုဒ်တစ်ရပ်ဖြစ်ပြီး ဖောက်သည် များသည် ပထမဦးစားပေး ဖြစ်ပါသည်။ ထို့အပြင် ပရူဒန်ရှယ်အာမခံသည်   တိုးတက်သောအတွေးအမြင်သစ်များ ကို လက်ခံကျင့်သုံးပြီး ကောင်းမွန်သောလူမှုပတ်ဝန်းကျင်ဖြစ်ပေါ်လာစေရန် ရေရှည်ကိုမျှော်မှန်း၍ ရင်းနှီးမြှပ်နှံမှုပြုလုပ်ပါသည်။

ပရူဒန်ရှယ်အာမခံ ရဲ့ တန်ဖိုးတွေကတော့

ရည်မှန်းချက် ခိုင်မာမှု - ဒို့တွေရဲ့ လုပ်ငန်းသဘောက အပြိုင်အဆိုင်များလှပါတယ်။ အကောင်းဆုံး လုပ်နိုင်ရမယ်လို့ ကိုယ်ကိုယ်တိုင်ရော၊ တစ်ဦးနဲ့တစ်ဦးရော တိုက်တွန်းကြတယ်ဆိုပေမယ့် စဉ်းစားချင့်ချိန်မှု မရှိဘဲ လုပ်ခိုင်းတာမျိုး မဖြစ်ရပါဘူး။ အဖွဲ့ဝင်ကောင်း တစ်ယောက်အနေနဲ့ လုပ်စရာရှိတာကို မှန်မှန်ကန်ကန် လုပ်ဆောင်ဖို့က အဓိက ဦးစားပေး ဖြစ်ပါတယ်။

သင်ယူလေ့လာလိုစိတ် ပြင်းပြမှု - ကမ္ဘာကြီးက ဘယ်တုန်းကနဲ့မှမတူတဲ့နှုန်းနဲ့ မြန်မြန်ဆန်ဆန် ပြောင်းလဲနေပါတယ်။ ဘယ်သူမှ အားလုံးကို သိမနေနိုင်ပါဘူး။ ဒို့တွေက သင်ယူ၊ နားလည်နိုင်ဖို့ဆိုရင် နှိမ့်ချတဲ့စိတ်ထားနဲ့ အမြဲတမ်း နားစွင့်ပြီး ရှာဖွေလေ့လာနေပါတယ်။

ကိုယ်ချင်းစာနာတတ်မှု - တစ်ခြားသူရဲ့နေရာကနေ ဝင်ပြီး ခံစားပေးဖို့ဆိုတာ နားလည်ပေးနိုင်စွမ်းကို အသုံးချတတ်တဲ့ ပညာတစ်ခုပါပဲ။ ဒို့တွေကတော့ Customer တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံတဲ့နေရာမှာ ကိုယ်ချင်းစာနာတတ်တဲ့စိတ်ကို အမြဲ အရင်းခံထားပါတယ်။

ရဲရင့်မှု - ပရူဒန်ရှယ်အာမခံရဲ့ အောင်မြင်မှုနဲ့ အစဉ်အလာဆိုတာ ဒို့အားလုံး မျှဝေခံစားကြတဲ့ အမွေအနှစ်ဖြစ်တာကြောင့် ဒို့တွေ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒါကို ဒို့တွေ အတူတူ တည်ဆောက်ကြတယ်၊ အလုပ်ကို အစွမ်းကုန် ကြိုးစားအားထုတ်ကြတယ်၊ ပြီးတော့ အမှန်တရားဘက်က ရဲရဲဝံ့ဝံ့ ရပ်တည်ကြပါတယ်။

သွက်လက်မြန်ဆန်မှု - သွက်သွက်လက်လက်နဲ့ လိုက်လျောညီထွေဖြစ်အောင် နေတတ်ဖို့ လိုအပ်ပါတယ်။ လိုအပ်ချက်တွေကနေ သင်ယူပြီး ရှေ့ဆက်နိုင်ဖို့ အဓိက အားပေးတဲ့ အတွေ့အကြုံတွေကနေ အမြဲမပြတ် သင်ယူနေတဲ့နည်းလမ်းတွေနဲ့ ဒို့တွေက လုပ်ဆောင်ပါတယ်။

အထက်ပါတန်ဖိုးများသည် ပရူဒန်ရှယ်အာမခံ  မှ ဝန်ထမ်းတစ်ဦးချင်းစီအလိုက်ဖြစ်စေ အဖွဲ့အစည်းတစ်ခုအနေဖြင့်ဖြစ်စေ လုပ်ဆောင်သမျှအရာအားလုံးအပေါ် လက်ခံလိုက်နာကျင့်သုံးသော ဘုံယုံကြည်ချက်များပင်ဖြစ်ပါသည်။ ပရူဒန်ရှယ်အာမခံ ၏ နည်းဗျူဟာတွင် အောက်ပါအတိုင်း အဓိကအကြောင်းအရာ သုံးခုပါဝင်ပါသည်။

  • အမြတ်အစွန်းရှိသော တိုးတက်မှု ရရှိစေရန်၊
  • လူမှုရေးဆိုင်ရာအကျိုးသက်ရောက်မှုများရှိစေရန်၊
  • ဖောက်သည် များအတွက် ဒစ်ဂျစ်တယ်ထုတ်ကုန်များ၊ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများနှင့်ပတ်သတ်သော အတွေ့အကြုံများပေးနိုင်ရန် နှင့်
  • ကုမ္ပဏီ အနေဖြင့် မိမိတိူ့၏ ဖောက်သည် များကို လူသားဆန်၍ လူမှုပတ်ဝန်းကျင်ကိုအကျိုးပြုနိုင်သော အကြံဉာဏ်ကောင်းများပေးနိုင်ရန် တို့ဖြစ်ပါသည်။

ထိုနည်းဗျူဟာများသည် ပရူဒန်ရှယ်အာမခံ - Prudential plc မှ မျှော်မှန်းထားသော အောက်ပါရေရှည်စီးပွားရေး ရည်မှန်းချက်များ အောင်မြင်စေရန် အထောက်အကူပြုပါလိမ့်မည်။

  • အစုရှယ်ယာရှင်များအတွက် ပရူဒန်ရှယ်အာမခံ - Prudential plc ၏ လုပ်ငန်းတန်ဖိုးကို မြှင့်တင်ရန်
  • ၂၀၂၅ ခုနှစ်တွင် ဖောက်သည် ပေါင်း သန်း (၅၀) အထိ တိုးမြှင့် ဝန်ဆောင်မှုပေးနိုင်ရန်
  • ပရူဒန်ရှယ်အာမခံကုမ္ပဏီများမှ ကိုင်တွယ်ဆောင်ရွက်ပေးနေသော ပိုင်ဆိုင်မှုများကို ၂၀၅၀ ခုနှစ်တွင် အသားတင်တန်ဖိုး သုည ဖြစ်လာစေရန် တို့ဖြစ်ပါသည်။

ပရူဒန်ရှယ်အာမခံ - Prudential Myanmar  အကြောင်းပိုမိုသိရှိလိုပါက ဤနေရာသို့နှိပ်ပါ။

အခြားသတင်းဆောင်းပါးများ

ပရူဒန်ရှယ်အာမခံနဲ့ ရိုးမဘဏ် Insurance Asia Awards 2026 တွင် 'Strategic Partnership of the Year' ကို ဆွတ်ခူးရရှိ
မိတ်ဖက်များ

ပရူဒန်ရှယ်အာမခံနဲ့ ရိုးမဘဏ် Insurance Asia Awards 2026 တွင် 'Strategic Partnership of the Year' ကို ဆွတ်ခူးရရှိ

09-04-2025 | 1 min read
ပရူဒန်ရှယ်အာမခံသည် Prudence ဖောင်ဒေးရှင်းမှတစ်ဆင့် မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြေငလျင်ဒဏ်အတွက် မြန်မာငွေကျပ် ၁၂၆ သန်း ပံ့ပိုးကူညီ
လူမှုအကျိုးပြုလုပ်ငန်းများ

ပရူဒန်ရှယ်အာမခံသည် Prudence ဖောင်ဒေးရှင်းမှတစ်ဆင့် မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြေငလျင်ဒဏ်အတွက် မြန်မာငွေကျပ် ၁၂၆ သန်း ပံ့ပိုးကူညီ

09-04-2025 | 1 min read
ပရူဒန်ရှယ်အာမခံမှ RUFlexiprotect အသက်အာမခံအစီအစဉ်များကို စတင်မိတ်ဆက်
အာမခံအစီအစဥ်

ပရူဒန်ရှယ်အာမခံမှ RUFlexiprotect အသက်အာမခံအစီအစဉ်များကို စတင်မိတ်ဆက်

15-11-2023 | 4 min read
ပရူဒန်ရှယ်အာမခံက Bangkok Dusit Medical Services နှင့် လက်တွဲလုပ်ဆောင်ခဲ့
မိတ်ဖက်များ

ပရူဒန်ရှယ်အာမခံက Bangkok Dusit Medical Services နှင့် လက်တွဲလုပ်ဆောင်ခဲ့

29-06-2023 | 3 min read
ပရူဒန်ရှယ်အာမခံမှ မန္တလေးမြို့ရှိ ကျန်းမာကြံ့ခိုင်ရေး စိတ်ပါဝင်စားသူများအား Good Vibe Tribe Festival 2.0 တွင် ပါဝင်ဆင်နွှဲရန် ဖိတ်ကြား
ကျန်းမာပျော်ရွှင်ရေး

ပရူဒန်ရှယ်အာမခံမှ မန္တလေးမြို့ရှိ ကျန်းမာကြံ့ခိုင်ရေး စိတ်ပါဝင်စားသူများအား Good Vibe Tribe Festival 2.0 တွင် ပါဝင်ဆင်နွှဲရန် ဖိတ်ကြား

05-12-2022 | 4 min read
ပရူဒန်ရှယ်အာမခံက PRUSaver အသက်အာမခံ အစီအစဉ်သစ်တစ်ခု စတင်မိတ်ဆက်
အာမခံအစီအစဥ်

ပရူဒန်ရှယ်အာမခံက PRUSaver အသက်အာမခံ အစီအစဉ်သစ်တစ်ခု စတင်မိတ်ဆက်

13-10-2022 | 4 min read
ပရူဒန်ရှယ်အာမခံက မိသားစု ဖြစ်တည်မှုပုံစံတိုင်းကို ဂုဏ်ပြုသောအနေဖြင့် ဒစ်ဂျစ်တယ် Famvatar ဖန်တီးမှုအတွေ့အကြုံတွင် အားလုံးပါဝင်ကြရန် ဖိတ်ခေါ်
ကမ်ပိန်း

ပရူဒန်ရှယ်အာမခံက မိသားစု ဖြစ်တည်မှုပုံစံတိုင်းကို ဂုဏ်ပြုသောအနေဖြင့် ဒစ်ဂျစ်တယ် Famvatar ဖန်တီးမှုအတွေ့အကြုံတွင် အားလုံးပါဝင်ကြရန် ဖိတ်ခေါ်

04-07-2022 | 4 min read