program
  • “Strategic Partnership (၄) နှစ်ပြည့်အထိမ်းအမှတ်အထူးအစီအစဉ်”သည် ပရူဒန်ရှယ်မြန်မာ ("ပရူဒန်ရှယ်အာမခံ”) မှ ကျင်းပခြင်းဖြစ်သည်။
  • အစီအစဉ်မှာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ၊ (၁၇) ရက်မှ လက်ဆောင်ပစ္စည်းလက်ကျန်ရှိသည် ကာလအထိသာ ဖြစ်သည်။
  • ဤအစီအစဉ်တွင် ပါဝင်ခြင်းအားဖြင့် ပါဝင်သူ ("သင်") သည် ဤစာမျက်နှာတွင် ဖော်ပြထားသော စည်းမျဉ်းစည်းကမ်းများအား သဘောတူလိုက်နာပြီး ဖြစ်သည်။

 

အစီအစဉ်တွင် ပါဝင်ရန်နှင့် ဆုရရှိနိုင်ရန် နည်းလမ်းများ

လက်ဆောင်များ ရရှိနိုင်ရန်အတွက် အောက်ပါ စည်းကမ်းချက်များကို ပြည့်မီရပါမည်။

  • သင်သည် ရိုးမဘဏ်၌ အနည်းဆုံး မြန်မာကျပ်ငွေ သန်း (၅၀) အပ်နှံထားသော စာရင်းသေအပ်ငွေ (Yoma Bank Fixed Deposit Account) ရှိသောသူ ဖြစ်ရမည်။ 
  • အနီးဆုံး ရိုးမဘဏ် ဘဏ်ခွဲသို့ သွားရောက်၍ သင့်ရဲ့ ရိုးမဘဏ် စာရင်းသေအပ်ငွေအကောင့်ကို ဘဏ်ဝန်ထမ်းအား ပြသပါ။
  • ရိုးမဘဏ် ဘဏ်ခွဲရှိ ပရူဒန်ရှယ်အာမခံ ကောင်တာသို့ သွားရောက်ကာ စာရင်းသွင်းမှတ်တမ်း(Registration Form) ကို ဖြည့်စွက်ပြီး သင့်အတွက်လက်ဆောင်ကို ရယူပါ၊၊

 

လက်ဆောင်

  • ထမင်းဘူးထည့်အိတ်/Lunch Box Bag

 

စည်းကမ်းနှင့် သတ်မှတ်ချက်များ

  • သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီပါက ရိုးမဘဏ် ဘဏ်ခွဲများရှိ ပရူဒန်ရှယ်အာမခံ  ကောင်တာတွင် လက်ဆောင်ကို ချက်ချင်းထုတ်ယူနိုင်ပါသည်။
  • လက်ဆောင်ရရှိသူမှ လက်ဆောင်အားထုတ်ယူချိန်တွင် စစ်ဆေးပြီးမှသာ လက်ခံရယူရမည်ဖြစ်ပြီး ထုတ်ယူပြီးသော လက်ဆောင်များနှင့် ပတ်သက်၍ ချို့ ယွင်းမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ပရူဒန်ရှယ်အာမခံမှ တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။
  • လက်ဆောင်များကို တခြားသူများသို့ မလွှဲပြောင်းနိုင်သလို ငွေသားဖြင့် သော်လည်းကောင်း ၊ အခြားပစ္စည်းဖြင့် သော်လည်းကောင်း လဲလှယ်ပေးမည် မဟုတ်ပါ။
  • မမျှော်မှန်းနိုင်သော အခြေအနေအရ မဖြစ်မနေ လက်ဆောင်များကို ပြောင်းလဲရခြင်း ဖြစ်လျှင် ပရူဒန်ရှယ်အာမခံသည် တန်ဖိုးတူဆုများကို အစားထိုးပေးနိုင်သည်။
  • ပရူဒန်ရှယ်အာမခံ သည်  ဤအစီအစဉ်တွင် အကျုံး၀င်သူများနှင့်လက်ဆောင်ရရှိသူများ၏ အရည်အချင်းပြည့်မီမှုကို စစ်ဆေးအတည်ပြုရန် အခွင့်အရေးကို ထိန်းသိမ်းထားရှိပြီး၊ ပါဝင်သူတစ်ဦး၏ အရည်အချင်းပြည့်မီမှုကို အတည်ပြုနိုင်ရန်အတွက် သင့်လျော်စွာ လိုအပ်သည်ဟု ယူဆသော အချက်အလက်များ သို့မဟုတ် အထောက်အထားစာရွက်စာတမ်းများကို တောင်းခံနိုင်ပါသည်။
  • ဤအစီအစဉ်တွင် ပါဝင်ခြင်းအားဖြင့် ပါဝင်သူများသည် ပရူဒန်ရှယ်အာမခံ၏ ကိုယ်ရေးအချက်အလက် လုံခြုံရေးမူဝါဒ (Privacy Policy) နှင့်အညီ အစီအစဉ်ကို စီမံဆောင်ရွက်ရန်၊ ပါဝင်ရန် အရည်အချင်းပြည့်မီမှုကို စိစစ်အတည်ပြုရန်၊  လက်ဆောင်အား ပေးအပ်ရန်၊ ပါဝင်သူများအား အသိပေးအကြောင်းကြားရန်နှင့် သက်ဆိုင်ရာ အရောင်းမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်ချက်များအတွက် ပရူဒန်ရှယ်အာမခံ မှ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များအား စုဆောင်းခြင်း၊ အသုံးပြုခြင်း၊ စီမံဆောင်ရွက်ခြင်းနှင့် ဖွင့်ဟထုတ်ဖော်ခြင်းတို့ကို သဘောတူခွင့်ပြုကြောင်း မှတ်ယူမည်ဖြစ်သည်။
  • ဤအစီအစဉ်တွင် ပါဝင်ခြင်းသည် ပါဝင်သူများက ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များနှင့် ပရူဒန်ရှယ်အာမခံ၏ ကိုယ်ရေးအချက်အလက် လုံခြုံရေးမူဝါဒ (Privacy Policy) ကို ဖတ်ရှုနားလည်ပြီး လက်ခံသဘောတူကြောင်း အတည်ပြုခြင်းဖြစ်သည်ဟု မှတ်ယူမည်ဖြစ်သည်။
  • ပရူဒန်ရှယ်အာမခံသည် လိုအပ်ပါက သက်ဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာလျက် မိမိ၏ တစ်ဦးတည်းသောနှင့် အကြွင်းမဲ့ဆုံးဖြတ်ပိုင်ခွင့်အရ ဤအစီအစဉ်  နှင့်/သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များအား အချိန်မရွေး ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း၊ ဖြည့်စွက်ခြင်း၊ ယာယီရပ်ဆိုင်းခြင်း၊ ရပ်စဲခြင်း၊ ဖျက်သိမ်းခြင်း သို့မဟုတ် အခြားနည်းဖြင့် ပြုပြင်မွမ်းမံခြင်းများ ပြုလုပ်နိုင်ပါသည်။
  • ဤအစီအစဉ် နှင့်/သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များတွင် အရေးပါသော ပြောင်းလဲမှု တစ်ရပ်ရပ်ရှိပါက ပရူဒန်ရှယ်အာမခံမှ မိမိသင့်လျော်သည်ဟု သတ်မှတ်သည့် ဆက်သွယ်ရေးနည်းလမ်းများ မှတစ်ဆင့် ပါဝင်သူများအား အသိပေးအကြောင်းကြားသွားမည်ဖြစ်ပါသည်။
  • ဤအစီအစဉ်တွင် ပါဝင်မှုကြောင့်သက်ဆိုင်ရာ ဥပဒေအရ ခွင့်ပြုထားသည့် အမြင့်ဆုံးအတိုင်းအတာအထိ၊ ပရူဒန်ရှယ်အာမခံ နှင့် ၎င်း၏ ဆက်စပ်အဖွဲ့အစည်းများသည် ပါဝင်သူ၏ အစီအစဉ်တွင် ပါဝင်ခြင်း၊ သို့မဟုတ် လက်ဆောင်ကို လက်ခံရယူခြင်းနှင့် အသုံးပြုခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်သော ဆုံးရှုံးမှု၊ ထိခိုက်နစ်နာမှု၊ ကုန်ကျစရိတ်၊ အသုံးစရိတ် သို့မဟုတ် အခြားမည်သည့်ဆုံးရှုံးမှုကိုမဆို ပရူဒန်ရှယ်အာမခံနှင့် ၎င်း၏ ဆက်စပ်အဖွဲ့အစည်းများမှ တာဝန်ယူမည် မဟုတ်ပါ။
  • အသေးစိတ် ထပ်မံသိရှိလိုပါက ပရူဒန်ရှယ်အာမခံ၏ Customer Service ဖုန်း ၀၉ ၇၇၀ ၁၁၀ ၀၁၀ (တနင်္လာ-သောကြာ မနက် ၈:၃၀ မှ ည ၁၀:၃၀ အတွင်း) သို့ဆက်သွယ်၍မေးမြန်းနိုင်ပါသည်။ Facebook Messenger ဖြင့်လည်း ဆက်သွယ်နိုင်ပါသည်။
  • ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည် ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်ဖြစ်သည်။
  • ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

အခြားကမ်ပိန်းအစီအစဉ်များ

"ကျန်းမာပျော်ရွှင်မှုကို အဖြေရှာပြီး ဆုလက်ဆောင်တွေ ရယူလိုက်ကြရအောင်" အစီအစဉ်
ကမ်ပိန်း

"ကျန်းမာပျော်ရွှင်မှုကို အဖြေရှာပြီး ဆုလက်ဆောင်တွေ ရယူလိုက်ကြရအောင်" အစီအစဉ်

"မိသားစုအတွက် အကောင်းဆုံးလက်ဆောင်ကို ရှာဖွေပြီး ပရူဒန်ရှယ်နဲ့အတူ ဆုတွေယူ" အစီအစဉ်
ကမ်ပိန်း

"မိသားစုအတွက် အကောင်းဆုံးလက်ဆောင်ကို ရှာဖွေပြီး ပရူဒန်ရှယ်နဲ့အတူ ဆုတွေယူ" အစီအစဉ်

02-10-2025 | 2 min read
“အမေ့ကို ချစ်တဲ့အကြောင်းတွေပြောပြပြီး ဆုတွေရရှိမယ့်” အစီအစဉ်
ကမ်ပိန်း

“အမေ့ကို ချစ်တဲ့အကြောင်းတွေပြောပြပြီး ဆုတွေရရှိမယ့်” အစီအစဉ်

09-05-2025 | 2 min read
“သင်ချစ်ရတဲ့သူတွေအတွက် လုံခြုနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြလိုက်ပါ။” အစီအစဉ်
ကမ်ပိန်း

“သင်ချစ်ရတဲ့သူတွေအတွက် လုံခြုနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြလိုက်ပါ။” အစီအစဉ်

01-02-2025 | 2 min read
"လုံခြုံနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတ - AR Filter” အစီအစဉ်
ကမ်ပိန်း

"လုံခြုံနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတ - AR Filter” အစီအစဉ်

20-01-2025 | 2 min read
"ပရူဒန်ရှယ်နဲ့အတူ၊ သီတင်းကျွတ်မှာ ဆုတွေယူ" အစီအစဉ်
ကမ်ပိန်း

"ပရူဒန်ရှယ်နဲ့အတူ၊ သီတင်းကျွတ်မှာ ဆုတွေယူ" အစီအစဉ်

10-10-2024 | 2 min read
"ပိုမိုကျန်းမာတဲ့အနာဂတ်ကိုရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ ကာကွယ်" အစီအစဉ်
ကမ်ပိန်း

"ပိုမိုကျန်းမာတဲ့အနာဂတ်ကိုရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ ကာကွယ်" အစီအစဉ်

30-06-2024 | 2 min read
"ပိုကျန်းမာတဲ့ နှစ်သစ်ကို ရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ကာကွယ်" အစီအစဉ်
ကမ်ပိန်း

"ပိုကျန်းမာတဲ့ နှစ်သစ်ကို ရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ကာကွယ်" အစီအစဉ်

01-04-2024 | 2 min read