• "Protection Light for Your Loved Ones’ Future" အစီအစဉ်သည် ပရူဒန်ရှယ်အာမခံ ("Prudential Myanmar") မှ ကျင်းပခြင်းဖြစ်သည်။  
  • အစီအစဉ်မှာ Agent Connect: Agency Open House တွင် ပါဝင်သော Customer များအတွက် သာ အကျုံးဝင်ပါသည်။
  • ဤအစီအစဉ်တွင် ပါဝင်ခြင်းအားဖြင့် ပါဝင်သူ ("သင်") သည် ဤစာမျက်နှာတွင် ဖော်ပြထားသော စည်းမျဉ်း စည်းကမ်းများအား သဘောတူလိုက်နာပြီး ဖြစ်သည်။

 

အစီအစဉ်တွင် ပါဝင်ရန်နှင့် ဆုရရှိနိုင်ရန် နည်းလမ်းများ

ဆုလက်ဆောင်များ ရရှိနိုင်ရန်အတွက် အောက်ပါ စည်းကမ်းချက်များကို ပြည့်မီရပါမည်။

  • PRUScholar သို့မဟုတ် PRUFlexiprotect PLUS အာမခံပေါ်လစီအသစ်ကို ဝယ်ယူရမည်။ 
  • အာမခံပေါ်လစီသည် တစ်နှစ်တစ်ကြိမ် ငွေပေးချေမှုနည်းလမ်းဖြင့် (annual payment mode) ဖြစ်ရမည်။ 
  • ပရီမီယံပမာဏသည် မြန်မာကျပ်ငွေ ၂,၀၀၀,၀၀၀ နှင့်အထက် ရှိရမည်။ 
  • အာမခံပေါ်လစီကို အစီအစဉ်ကာလအတွင်း ဝယ်ယူပြီးစီးပြီး ဖြစ်ရမည်။ 
  • အာမခံပေါ်လစီသည် ပေါ်လစီ၏စောင့်ကြည့်ကာလ (Free Look Period) ကို အောင်မြင်စွာပြီးဆုံးရမည်။

 

ပေးသွင်းသည့် ပရီမီယံပမာဏပေါ်မူတည်ပြီး ပေးအပ်မည့်လက်ဆောင်များ

  • Tier 1 (ကျပ်သိန်းနှစ်ဆယ် မှ ကျပ်သိန်းသုံးဆယ်အထိ) – Gym Bag 
  • Tier 2 (ကျပ်သိန်းသုံးဆယ်အထက်) – Travel Bag

 

ဆုလက်ဆောင် ထုတ်ပေးခြင်း

  • ဆုများကို ပရူဒန်ရှယ်အာမခံ၏ အာမခံအကြံပေးမှ ဆုရရှိသူများကို ပေါ်လစီ စောင့်ကြည့်ကာလပြီးချိန်မှ သုံးလအတွင်း ပေးအပ်ပါမည်။ 
  • ဆုရရှိသူမှ ဆုအားထုတ်ယူချိန်တွင် စစ်ဆေးပြီးမှသာ လက်ခံရယူရမည်ဖြစ်ပြီး ထုတ်ယူပြီးသော ဆုများနှင့် ပတ်သက်၍ ချို့ ယွင်းမှုတစ်စုံတစ်ရာ ပေါ် ပေါက်လာပါက ပရူဒန်ရှယ်အာမခံမှ တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။ 
  • ဆုများကို တခြားသူများသို့ မလွှဲပြောင်းနိုင်သလို ငွေသားဖြင့် သော်လည်းကောင်း ၊ အခြားပစ္စည်းဖြင့် သော်လည်းကောင်း လဲလှယ်ပေးမည် မဟုတ်ပါ။ 
  • မမျှော်မှန်းနိုင်သော အခြေအနေအရ မဖြစ်မနေ ဆုများကို ပြောင်းလဲရခြင်း ဖြစ်လျှင် ပရူဒန်ရှယ်အာမခံသည် တန်ဖိုးတူဆုများကို အစားထိုးပေးနိုင်သည်။ 
  • ဆုရရှိသူများကို ပရူဒန်ရှယ်အာမခံမှ ဖုန်းဖြင့် ဆက်သွယ်မည်ဖြစ်ပြီး ဆုရရှိသူများသည် ဆက်သွယ်သည့်အချိန်မှစ၍ တစ်လအတွင်းအကြောင်းပြန်ရန်လိုအပ်ပါသည်။ ထိုသို့မဟုတ်လျှင် ဆုအခွင့်အလမ်းကို ဆုံးရှုံးစေနိုင်သည်။ 
  • ဆုရရှိသူများထံသို့ ဆက်သွယ်၍ မရနိုင်ပါက သို့မဟုတ် ဆက်သွယ်ရန် လိပ်စာ အချက်အလက်များ မမှန်ကန်ပါက ဆုကို ဆုံးရှုံးစေနိုင်ပါသည်။  
  • ပရူဒန်ရှယ်အာမခံမှ ဤအစီအစဉ်တွင် အကျုံး၀င်သူများနှင့်ဆုရရှိသူများကိုလည်းထပ်မံအတည်ပြုခွင့် ရှိမည်ဖြစ်သည်။  
  • ဤအစီအစဉ်တွင် ပါဝင်ခြင်းအားဖြင့် ပါဝင်သူများသည် ပရူဒန်ရှယ်အာမခံအား ကိုယ်ပိုင်အချက်အလက်များကို ဆုရရှိသူကြေညာမှုနှင့် ကြော်ငြာခြင်း ဆိုင်ရာရည်ရွယ်ချက်များအတွက် အသုံးပြုခွင့်ပြုသည်။
  • ပရူဒန်ရှယ်အာမခံသည် လိုအပ်ပါက အစီအစဉ်၏ အခြေအနေများကို ပြင်ဆင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ဆောင်ရွက်နိုင်သည်။ သို့သော် အရေးကြီးသော ပြင်ဆင်မှုများကို ပါဝင်သူများအား အချိန်မီ အသိပေးကြားမည်ဖြစ်ပါသည်။ 
  • ဤအစီအစဉ်တွင် ပါဝင်မှုကြောင့် ဖြစ်ပေါ်လာသည့် တိုက်ရိုက်ဖြစ်စေ၊ သွယ်၀ိုက်၍ ဖြစ်စေ ဖြစ်ပေါ်လာသည့် မည်သည့် ဆုံးရှုံးမှုများကိုမဆို ပရူဒန်ရှယ်အာမခံနှင့် ၎င်း၏ ဆက်စပ်လုပ်ငန်းများမှ တာဝန်ယူမည် မဟုတ်ပါ။ 
  • ဤအစီအစဉ်မှ ပါဝင်မှုကို ရပ်ဆိုင်းလိုသူများသည် အစီအစဉ်ကာလမပြီးဆုံးခင် ပရူဒန်ရှယ်အာမခံကို ကြိုတင်အသိပေး၍ အကြောင်းကြားနိုင်ပါသည်။ 
  • ပရူဒန်ရှယ်အာမခံဆိုင်ရာ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။
  • အစီအစဉ်ကာလ ပြီးဆုံးချိန်အထိ အစီအစဉ်တွင် မပါ၀င်လိုကြောင်း ကြိုတင် အကြောင်းကြား အသိပေးထားမှု မရှိပါက သင်သည် ဤစည်းကမ်းချက်များအား သဘောတူလိုက်နာခြင်းဖြစ်သည်ဟု ယူဆပါမည်။
  • အသေးစိတ် ထပ်မံသိရှိလိုပါက ပရူဒန်ရှယ်အာမခံ၏ Customer Service ဖုန်း ၀၉ ၇၇၀ ၁၁၀ ၀၁၀ (တနင်္လာ မှ သောကြာ မနက် ၈:၃၀ မှ ည ၁၀:၃၀ အတွင်း) သို့ဆက်သွယ်၍မေးမြန်းနိုင်ပါသည်။ Facebook Messenger ဖြင့်လည်း ဆက်သွယ်နိုင်ပါသည်။
  • ဤစည်းမျဉ်းနှင့် စည်းကမ်း သတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည် ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်ဖြစ်သည်။  
  • ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

အခြားကမ်ပိန်းအစီအစဉ်များ

"ကျန်းမာပျော်ရွှင်မှုကို အဖြေရှာပြီး ဆုလက်ဆောင်တွေ ရယူလိုက်ကြရအောင်" အစီအစဉ်
ကမ်ပိန်း

"ကျန်းမာပျော်ရွှင်မှုကို အဖြေရှာပြီး ဆုလက်ဆောင်တွေ ရယူလိုက်ကြရအောင်" အစီအစဉ်

"မိသားစုအတွက် အကောင်းဆုံးလက်ဆောင်ကို ရှာဖွေပြီး ပရူဒန်ရှယ်နဲ့အတူ ဆုတွေယူ" အစီအစဉ်
ကမ်ပိန်း

"မိသားစုအတွက် အကောင်းဆုံးလက်ဆောင်ကို ရှာဖွေပြီး ပရူဒန်ရှယ်နဲ့အတူ ဆုတွေယူ" အစီအစဉ်

02-10-2025 | 2 min read
“အမေ့ကို ချစ်တဲ့အကြောင်းတွေပြောပြပြီး ဆုတွေရရှိမယ့်” အစီအစဉ်
ကမ်ပိန်း

“အမေ့ကို ချစ်တဲ့အကြောင်းတွေပြောပြပြီး ဆုတွေရရှိမယ့်” အစီအစဉ်

09-05-2025 | 2 min read
“သင်ချစ်ရတဲ့သူတွေအတွက် လုံခြုနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြလိုက်ပါ။” အစီအစဉ်
ကမ်ပိန်း

“သင်ချစ်ရတဲ့သူတွေအတွက် လုံခြုနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြလိုက်ပါ။” အစီအစဉ်

01-02-2025 | 2 min read
"လုံခြုံနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတ - AR Filter” အစီအစဉ်
ကမ်ပိန်း

"လုံခြုံနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတ - AR Filter” အစီအစဉ်

20-01-2025 | 2 min read
"ပရူဒန်ရှယ်နဲ့အတူ၊ သီတင်းကျွတ်မှာ ဆုတွေယူ" အစီအစဉ်
ကမ်ပိန်း

"ပရူဒန်ရှယ်နဲ့အတူ၊ သီတင်းကျွတ်မှာ ဆုတွေယူ" အစီအစဉ်

10-10-2024 | 2 min read
"ပိုမိုကျန်းမာတဲ့အနာဂတ်ကိုရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ ကာကွယ်" အစီအစဉ်
ကမ်ပိန်း

"ပိုမိုကျန်းမာတဲ့အနာဂတ်ကိုရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ ကာကွယ်" အစီအစဉ်

30-06-2024 | 2 min read
"ပိုကျန်းမာတဲ့ နှစ်သစ်ကို ရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ကာကွယ်" အစီအစဉ်
ကမ်ပိန်း

"ပိုကျန်းမာတဲ့ နှစ်သစ်ကို ရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ကာကွယ်" အစီအစဉ်

01-04-2024 | 2 min read