ဒီဆုဟာ အဖွဲ့အစည်းနှစ်ခုရဲ့ အနာဂတ်အတွက် ခိုင်မာတဲ့ ရည်မှန်းချက်၊ ယုံကြည်ချက်တွေနဲ့အတူ မြန်မာနိုင်ငံမှာရှိတဲ့မိသားစုတွေအတွက် ရေရှည်အကျိုးရှိစေမယ့် ဝန်ဆောင်မှုတွေပေးနိုင်ခဲ့လို့ ရရှိခဲ့တာ ဖြစ်ပါတယ်။
ပရူဒန်ရှယ်အာမခံနဲ့ ရိုးမဘဏ်တို့ အတူတူ လက်တွဲပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ မိသားစုတွေအတွက် စိတ်ချရတဲ့ အသက်အာမခံအကာအကွယ်တွေကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်အောင် ဆောင်ရွက်ပေးခဲ့သလို၊ လူမှုအသိုက်အဝန်းအတွက် ကောင်းမွန်တဲ့ အစီအစဉ်တွေကိုလည်း ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။
အခုလို အောင်မြင်မှုရအောင် ယုံကြည်ပေးကြတဲ့ Customer တွေ၊ အစွမ်းကုန် ကြိုးစားကြတဲ့ ဝန်ထမ်းတွေနဲ့ မိတ်ဖက်အဖွဲ့အစည်း အားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။
ဒီအောင်မြင်မှုမှတ်တိုင်နဲ့အတူ ရှေ့ဆက်မယ့် ခရီးလမ်းမှာလည်း မြန်မာနိုင်ငံမှာရှိတဲ့ မိသားစု အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို အတူတကွ ဆက်လက် ပေးသွားမှာ ဖြစ်ပါတယ်။