“ဖေဖေ့အကြောင်းဘယ်လောက်သိလဲ " အစီအစဉ်
၁။ " ဖေဖေ့အကြောင်းဘယ်လောက်သိလဲ” အစီအစဉ်သည် ပရူဒန်ရှယ်မြန်မာ ("ပရူဒန်ရှယ်အာမခံ”) မှ ကျင်းပခြင်းဖြစ်သည်။
၂။ အစီအစဉ်မှာ ၂၀၂၆ ခုနှစ် ဇွန်လ ၁၂ ရက် မှ ၂၀၂၆ခုနှစ် ဇွန်လ ၂၆ ရက်နေ့ မြန်မာစံတော်ချိန် ၂၃ နာရီ ၅၉ မိနစ်အထိ ("အစီအစဉ်ကာလ") ဖြစ်သည်။
၃။ ဤအစီအစဉ်တွင် ပါဝင်ခြင်းအားဖြင့် ပါဝင်သူ ("သင်") သည် ဤစာမျက်နှာတွင် ဖော်ပြထားသော စည်းမျဉ်း စည်းကမ်းများအား သဘောတူလိုက်နာပြီး ဖြစ်သည်။
အစီအစဉ်တွင် ပါဝင်ရန်နှင့် ဆုရရှိနိုင်ရန် နည်းလမ်းများ
ဆုလက်ဆောင်များ ရရှိနိုင်ရန်အတွက် အောက်ပါ စည်းကမ်းချက်များကို ပြည့်မီရပါမည်။
၁။ ဖေဖေ့အကြောင်းဘယ်လောက်သိလဲဆိုတဲ့ မေးခွန်းတွေဖြစ်တဲ့
ဖေဖေ့ အကြိုက်ဆုံးစားစရာ.....
ဖေဖေ့ အကြိုက်ဆုံး အားကစား .......
ဖေဖေ့ ကျန်းမာရေးအခြေအနေ......
ဖေဖေ့ နောက်ဆုံးကျန်းမာရေးစစ်ဆေးခဲ့တဲ့ရက်.......တွေကို ဖြေပြီး မိမိတို့ရဲ့ Story (သို့မဟုတ်) Feed မှာ ဒီပို့စ်ကို ပြန် share ပေးပါ။
၂။ ပြန် Share တဲ့အချိန် ပရူဒန်ရှယ်အာမခံ Facebook page ကို Tag လုပ်ဖို့နဲ့ Hashtags #WellnessHUB #PrudentialMyanmar #PunHlaingHospital ထည့်ဖို့ မမေ့နဲ့နော်။
၃။ တင်ထားတဲ့ Screenshot ပုံကို ဒီပို့စ်ရဲ့ Comment အောက်မှာ ပြန်ပြီးမျှဝေပေးပါ။
ဆုလက်ဆောင် စုစုပေါင်း ( ၁၀ ) ခု
· Chatrium Hotel မှာ (၁ ညတာ တည်းခိုခွင့်) - ၂ ဆု
· ပန်းလှိုင်ဆေးရုံ မှာ (ကျန်းမာရေး အခမဲ့စစ်ဆေးခွင့်- 100% Free Medical Check-up) - ၂ ဆု
· ပန်းလှိုင်ဆေးရုံ မှာ (၅၀% လျော့စျေးဖြင့် ကျန်းမာရေး စစ်ဆေးခွင့်- 50% Discount Medical Check-up) - ၆ ဆု
၁။ ပရူဒန်ရှယ်အာမခံသည် မှတ်ချက် (comment) များထဲကမှ ကံထူးရှင် (၁၀) ယောက်ကို ကျပန်းရွေးချယ်ပြီး ဆုလက်ဆောင်ရရှိသူများကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ပထမပတ် တွင် ပရူဒန်ရှယ်အာမခံ Facebook Page တွင် ကြေညာပေးသွားမှာဖြစ်ပါသည်။
၂။ ဆုလက်ဆောင်ရရှိသူများကို ဆုကြေညာပြီးနောက် ပရူဒန်ရှယ်အာမခံ ကိုယ်စားလှယ်မှ ၃ လအတွင်းတွင် ဆုပေးအပ်ပါမည်။
၃။ ဆုလက်ဆောင်ရရှိသူမှ ဆုလက်ဆောင်အားထုတ်ယူချိန်တွင် စစ်ဆေးပြီးမှသာ လက်ခံရယူရမည်ဖြစ်ပြီး ထုတ်ယူပြီးသော ဆုများနှင့် ပတ်သက်၍ ချို့ ယွင်းမှုတစ်စုံတစ်ရာ ပေါ် ပေါက်လာပါက ပရူဒန်ရှယ်အာမခံမှ တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။
၄။ ဆုများကို တခြားသူများသို့ မလွှဲပြောင်းနိုင်သလို ငွေသားဖြင့် သော်လည်းကောင်း ၊ အခြားပစ္စည်းဖြင့် သော်လည်းကောင်း လဲလှယ်ပေးမည် မဟုတ်ပါ။
၅။ မမျှော်မှန်းနိုင်သော အခြေအနေအရ မဖြစ်မနေ ဆုများကို ပြောင်းလဲရခြင်း ဖြစ်လျှင် ပရူဒန်ရှယ်အာမခံသည် တန်ဖိုးတူဆုများကို အစားထိုးပေးနိုင်သည်။
၆။ ဆုလက်ဆောင်ရရှိသူများကို ပရူဒန်ရှယ်အာမခံမှ ဖုန်း၊ Messenger ဖြင့် ဆက်သွယ်မည်ဖြစ်ပြီး ဆုလက်ဆောင်ရရှိသူများသည် ဆက်သွယ်သည့်အချိန်မှစ၍ တစ်လအတွင်းအကြောင်းပြန်ရန်လိုအပ်ပါသည်။ ထိုသို့မဟုတ်လျှင် ဆုအခွင့်အလမ်းကို ဆုံးရှုံးစေနိုင်သည်။
၇။ အကယ်၍ ဆုလက်ဆောင်ရရှိသူမှ တစ်လအတွင်း အကြောင်းပြန်ရန် ပျက်ကွက်ပါက သို့မဟုတ် ဆက်သွယ်ရန် လိပ်စာ အချက်အလက်များ မမှန်ကန်ပါက ဆုလက်ဆောင်ကို ဆုံးရှုံးစေနိုင်ပါသည်။
၈။ ပရူဒန်ရှယ်အာမခံမှ ဤအစီအစဉ်တွင် အကျုံး၀င်သူများနှင့်ဆုရရှိသူများကိုလည်းထပ်မံအတည်ပြုခွင့် ရှိမည်ဖြစ်သည်။
၉။ ဤအစီအစဉ်တွင် ပါဝင်ခြင်းအားဖြင့် ပါဝင်သူများသည် ပရူဒန်ရှယ်အာမခံအား ကိုယ်ပိုင်အချက်အလက်များကို ဆုရရှိသူကြေညာမှုနှင့် ကြော်ငြာခြင်း ဆိုင်ရာရည်ရွယ်ချက်များအတွက် အသုံးပြုခွင့်ပြုသည်။ ဤအစီအစဉ်တွင် ပါဝင်သူများသည် Prudential Privacy Policy လက်ခံသဘောတူသည်ဟု မှတ်ယူမည်ဖြစ်သည်။
၁၀။ ပရူဒန်ရှယ်အာမခံသည် လိုအပ်ပါက အစီအစဉ်၏ အခြေအနေများကို ပြင်ဆင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ဆောင်ရွက်နိုင်သည်။ သို့သော် အရေးကြီးသော ပြင်ဆင်မှုများကို ပါဝင်သူများအား အချိန်မီ အသိပေးကြားမည်ဖြစ်ပါသည်။
၁၁။ ဤအစီအစဉ်တွင် ပါဝင်မှုကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်၀ိုက်၍ ဖြစ်စေ ဖြစ်ပေါ်လာသည့် မည်သည့် ဆုံးရှုံးမှုများကို မဆို ပရူဒန်ရှယ်အာမခံနှင့် ၎င်း၏ ဆက်စပ်လုပ်ငန်းများမှ တာဝန်ယူမည် မဟုတ်ပါ။
၁၂။ ဤအစီအစဉ်မှ ပါဝင်မှုကို ရပ်ဆိုင်းလိုသူများသည် အစီအစဉ်ကာလမပြီးဆုံးခင် ပရူဒန်ရှယ်အာမခံ၏ Customer Service ဖုန်း ၀၉ ၇၇၀ ၁၁၀ ၀၁၀ သို့ Facebook Messenger သို့ ကြိုတင်အသိပေး၍ အကြောင်းကြားနိုင်ပါသည်။
၁၃။ အစီအစဉ်ကာလ ပြီးဆုံးချိန်အထိ အစီအစဉ်တွင် မပါ၀င်လိုကြောင်း ကြိုတင် အကြောင်းကြား အသိပေးထားမှု မရှိပါက သင်သည် ဤစည်းကမ်းချက်များအား သဘောတူလိုက်နာခြင်းဖြစ်သည်ဟု ယူဆပါမည်။
၁၄။ ပရူဒန်ရှယ်အာမခံ၏ ဆုံးဖြတ်ချက် တစ်ခုတည်းသည်သာ ဖော်ပြပါ အစီအစဉ်၏ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းအား အချိန်မရွေး ပြုလုပ်နိုင်သည်။
၁၅။ အသေးစိတ် ထပ်မံသိရှိလိုပါက ပရူဒန်ရှယ်အာမခံ၏ Customer Service ဖုန်း ၀၉ ၇၇၀ ၁၁၀ ၀၁၀ (တနင်္လာ-သောကြာ မနက် ၈:၃၀ မှ ည ၁၀:၃၀ အတွင်း) သို့ဆက်သွယ်၍မေးမြန်းနိုင်ပါသည်။ Facebook Messenger ဖြင့်လည်း ဆက်သွယ်နိုင်ပါသည်။
၁၆။ ဤစည်းမျဉ်းနှင့် စည်းကမ်း သတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည် ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်ဖြစ်သည်။
၁၇။ ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။