ပါဝင်ခွင့်ရှိသူများ -  လက်ရှိလက်တွဲဆောင်ရွက်နေတဲ့ အာမခံအကြံပေးများ (Agency/Banca) အားလုံးပါဝင်နိုင်ပါတယ်။

ကမ်ပိန်းကာလ -  (သုံးလ) ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ

အကျုံးဝင်မှု -  ကမ်ပိန်းကာလအတွင်း Customer များ၏ ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာများကို Update ပြုလုပ်ခြင်းနှင့် စိစစ်အတည်ပြုခြင်းတို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်သည့် ပရူဒန်ရှယ်အာမခံမှ လက်ရှိ အာမခံအကြံပေး (Agency/Banca) အားလုံးသည် ဤကမ်ပိန်းတွင် ပါဝင်ခွင့်နှင့် ဆုကြေးများ ရရှိရန် အရည်အချင်းပြည့်မီမည် ဖြစ်ပါသည်။

ကမ်ပိန်းအစီအစဉ်တွင်ပါဝင်ရန်

  • အဆင့် (၁) - ပရီမီယံကြေး ပေးသွင်းရန် အကြောင်းကြားသည့် ဖုန်းကောလ်များမှတစ်ဆင့် ဆက်သွယ်၍မရသော Customer များ၏ စာရင်းကို ၄င်းတို့၏ အာမခံအကြံပေးများ (Agency/Banca) ထံသို့ Marketing team မှ မျှဝေပေးမည်။ ထိုအာမခံအကြံပေးများ (Agency/Banca) သည် ၎င်းတို့၏ သက်ဆိုင်ရာ Customer များထံ (ဖုန်းပြောဆိုရန် လမ်းညွှန်ချက်အတိုင်း) ဆက်သွယ်ကာ၊ Customer များ၏ ပြင်ဆင်ထားသော ဖုန်းနံပါတ်၊ အီးမေးလ်နှင့် မားကတ်တင်းဆိုင်ရာ သဘောတူညီချက် (Marketing Opt-in consent) တို့ကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် မတိုင်မီ မျှဝေထားသော Sheet တွင် အတည်ပြု ထည့်သွင်းရပါမည်။

  • အဆင့် (၂)- ဆုလက်ဆောင်အစီအစဉ်တွင် အကျုံးဝင်ရန် မျှဝေပေးထားသော Customer စာရင်း၏ အနည်းဆုံး ၅၀% ကို ပြင်ဆင်ထည့်သွင်း၍ စိစစ်အတည်ပြုထားရပါမည်။

ဆုလက်ဆောင်အတွက် အကျုံးဝင်ရန်

  • ဆုလက်ဆောင်များ (လစဉ်ဆုလက်ဆောင်များနှင့် ကမ်ပိန်းဆုကြီးများ) အတွက် အရည်အချင်းပြည့်မီစေရန် အာမခံအကြံပေးများသည် ၎င်းတို့ထံ တာဝန်ချပေးထားသော Customer contacts များအနက် အနည်းဆုံး ၅၀% ကို အပ်ဒိတ်ပြုလုပ်ပြီး အတည်ပြု (validate) ထားရမည် ဖြစ်ပြီး ကမ်ပိန်း၏ အခြားလိုအပ်ချက်များအားလုံးကိုလည်း ပြည့်မီရမည် ဖြစ်သည်။

ဆုလက်ဆောင်များ

ကမ်ပိန်းပထမလ (၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ)

  • 100,000 MMK City Mart Gift Voucher - 1 Unit
  • 50,000 MMK City Mart Gift Voucher - 1 Unit
  • PRU Gym Bags/Travel Bags - 3 units
  • PRU Umbrellas - 4 units

ကမ်ပိန်းဒုတိယလ (၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ)

  • 100,000 MMK City Mart Gift Voucher - 1 Unit
  • 50,000 MMK City Mart Gift Voucher - 1 Unit
  • PRU Gym Bags/Travel Bags - 3 units
  • PRU Umbrellas - 4 units

ကမ်ပိန်းတတိယလ (၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ)

  • 100,000 MMK City Mart Gift Voucher - 1 Unit
  • 50,000 MMK City Mart Gift Voucher - 1 Unit
  • PRU Gym Bags/Travel Bags - 3 units
  • PRU Umbrellas - 4 units

Grand Final Rewards

  • Bicycle - 1 Unit
  • Chatrium Staycation 1 Night for 2 persons - 1 Unit
  • FitBit - 1 Unit
  • Headphone - 1 Unit
  • Hightea Set at Chatrium - 1 Unit

စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ

  • Customer များ၏ ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာကို သေချာစွာ Update ပြုလုပ်ပြီး အတည်ပြုပြီးသည့် ပရူဒန်ရှယ်အာမခံ၏ လက်ရှိ အာမခံအကြံပေးများကိုသာ အစီအစဥ်အတွက် ထည့်သွင်းစဉ်းစားမည်ဖြစ်ပါသည်။ 
  • ပါဝင်ခွင့်ရှိတဲ့ အာမခံအကြံပေးတစ်ဦးစီအနေနဲ့ ပေးပို့ထားတဲ့ အချက်အလက်တွေဟာ တိကျမှန်ကန်ကြောင်း၊ ပြည့်စုံကြောင်းနဲ့ တရားဝင်ကြောင်း သေချာစေရပါမည်။
  • အာမခံအကြံပေးများအနေနဲ့ Customer အချက်အလက်များကို ကောက်ယူခြင်း၊ Update ပြုလုပ်ခြင်းနဲ့ ပေးပို့ခြင်းတို့ ဆောင်ရွက်ရာမှာ ပရူဒန်ရှယ်အာမခံရဲ့ သက်ဆိုင်ရာ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရပါမည်။
  • ပရူဒန်ရှယ်အာမခံအနေနဲ့ ပေးပို့လာတဲ့ အချက်အလက်များ မှန်/မမှန် ပြန်လည်စစ်ဆေးပိုင်ခွင့်နဲ့ အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိပါတယ်။
  • မပြည့်စုံသော၊ မမှန်ကန်သော၊ ထပ်နေသော၊ တရားမဝင်သော သို့မဟုတ် အတည်ပြု၍ မရသော အချက်အလက်များကို အစီအစဥ်တွင် ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။
  • ယခုအစီအစဥ်အတွက် ပေးပို့ထားတဲ့ Customer အချက်အလက်များကို ပရူဒန်ရှယ် အာမခံရဲ့ သက်ဆိုင်ရာ သတင်းအချက်အလက်နှင့် လုံခြုံရေး မူဝါဒများနှင့်အညီ စနစ်တကျ ကိုင်တွယ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ 
  • ဤအစီအစဉ်တွင် ပါဝင်ခြင်းဖြင့် အာမခံအကြံပေးများသည် အဆိုပါ စည်းမျဉ်းနှင့် စည်းကမ်းချက်များကို ဖတ်ရှု၊ နားလည်ပြီး သဘောတူလက်ခံပြီးဖြစ်သည်ဟု သတ်မှတ်သည်။ 

ဆုလက်ဆောင် ပေးအပ်ခြင်း

  • လစဉ်ဆုလက်ဆောင်များ - စိစစ်အတည်ပြုသည့် လုပ်ငန်းစဉ်များ (Validation) ပြီးစီးပြီးနောက် ကမ်ပိန်းလများ၏ ဒုတိယအပတ် သောကြာနေ့မှာ လစဉ်ဆုလက်ဆောင်ရရှိသူများ (၁၀ဦး) ကို ကံစမ်းမဲစနစ်ဖြင့် ရွေးချယ်ပြီး ကြေညာပေးသွားမည် ဖြစ်သည်။
  • ကမ်ပိန်းဆုကြီးများ - ကမ်ပိန်းကာလ ပြီးဆုံးချိန် (၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်) တွင် နောက်ဆုံး စိစစ်အတည်ပြုမှု လုပ်ငန်းစဉ်များ (Validation) အပြီး ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် အကျုံးဝင်သော ဆုလက်ဆောင်ရရှိသူများ (၅ ဦး) ကို ကံစမ်းမဲစနစ်ဖြင့် ရွေးချယ်၍ ကမ်ပိန်းဆုကြီးများကို ပေးအပ်သွားမည် ဖြစ်သည်။
  • ဆုလက်‌ဆောင်ရရှိသူများကို ကြေညာပြီးနောက် (၂) ပတ်အတွင်း ဆုလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်သည်။

အဆုံးအဖြတ်

  • Customer များ၏ အချက်အလက် အတည်ပြုခြင်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ အငြင်းပွားဖွယ်ရာ ရှိလာပါက ဖောင်မှ ကောက်ယူရရှိထားသော အချက်အလက်များကိုသာ အမှန်ကန်ဆုံး အခြေခံအဖြစ် သတ်မှတ်မည်ဖြစ်ပြီး Project ကော်မတီအဖွဲ့၏ ဆုံးဖြတ်ချက်သည်သာ အပြီးအပြတ် အတည်ဖြစ်ပါသည်။ 

အခြားကမ်ပိန်းအစီအစဉ်များ

"ကျန်းမာပျော်ရွှင်မှုကို အဖြေရှာပြီး ဆုလက်ဆောင်တွေ ရယူလိုက်ကြရအောင်" အစီအစဉ်
ကမ်ပိန်း

"ကျန်းမာပျော်ရွှင်မှုကို အဖြေရှာပြီး ဆုလက်ဆောင်တွေ ရယူလိုက်ကြရအောင်" အစီအစဉ်

"မိသားစုအတွက် အကောင်းဆုံးလက်ဆောင်ကို ရှာဖွေပြီး ပရူဒန်ရှယ်နဲ့အတူ ဆုတွေယူ" အစီအစဉ်
ကမ်ပိန်း

"မိသားစုအတွက် အကောင်းဆုံးလက်ဆောင်ကို ရှာဖွေပြီး ပရူဒန်ရှယ်နဲ့အတူ ဆုတွေယူ" အစီအစဉ်

02-10-2025 | 2 min read
“အမေ့ကို ချစ်တဲ့အကြောင်းတွေပြောပြပြီး ဆုတွေရရှိမယ့်” အစီအစဉ်
ကမ်ပိန်း

“အမေ့ကို ချစ်တဲ့အကြောင်းတွေပြောပြပြီး ဆုတွေရရှိမယ့်” အစီအစဉ်

09-05-2025 | 2 min read
“သင်ချစ်ရတဲ့သူတွေအတွက် လုံခြုနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြလိုက်ပါ။” အစီအစဉ်
ကမ်ပိန်း

“သင်ချစ်ရတဲ့သူတွေအတွက် လုံခြုနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြလိုက်ပါ။” အစီအစဉ်

01-02-2025 | 2 min read
"လုံခြုံနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတ - AR Filter” အစီအစဉ်
ကမ်ပိန်း

"လုံခြုံနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတ - AR Filter” အစီအစဉ်

20-01-2025 | 2 min read
"ပရူဒန်ရှယ်နဲ့အတူ၊ သီတင်းကျွတ်မှာ ဆုတွေယူ" အစီအစဉ်
ကမ်ပိန်း

"ပရူဒန်ရှယ်နဲ့အတူ၊ သီတင်းကျွတ်မှာ ဆုတွေယူ" အစီအစဉ်

10-10-2024 | 2 min read
"ပိုမိုကျန်းမာတဲ့အနာဂတ်ကိုရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ ကာကွယ်" အစီအစဉ်
ကမ်ပိန်း

"ပိုမိုကျန်းမာတဲ့အနာဂတ်ကိုရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ ကာကွယ်" အစီအစဉ်

30-06-2024 | 2 min read
"ပိုကျန်းမာတဲ့ နှစ်သစ်ကို ရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ကာကွယ်" အစီအစဉ်
ကမ်ပိန်း

"ပိုကျန်းမာတဲ့ နှစ်သစ်ကို ရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ကာကွယ်" အစီအစဉ်

01-04-2024 | 2 min read