175-years-celebrating-life

Serving Our Customers for 175 years

၁၈၄၈ ခုနှစ်၏ မေလ (၃၀) ရက်နေ့တွင် လန်ဒန်မြို့၌ လုပ်ငန်းရှင်တစ်စုတွေ့ဆုံကာ ပရူဒန်ရှယ်အာမခံ၏ Prudential Mutual Assurance, Investment and Loan Association ကို ဖွဲ့စည်းခဲ့ပါသည်။ Prudential ဟူသော အမည်သည် “Prudence” ဟူသည့် စကားလုံးကို အမှီသဟဲပြု၍ ဆင့်ကဲပေးထားသော နာမည်ဖြစ်ပြီး၊ ပရူဒန်ရှယ်အာမခံ - Prudential ၏ စီးပွားရေးလုပ်ငန်းတစ်ခုလုံးကိုကိုယ်စားပြုရန် “Prudence” ဟူသည့်စကားလုံး၏ ပုံသဏ္ဌာန်ကို သင့်တော်အောင်ပြုပြင်၍ မူလပထမကုမ္ပဏီတံဆိပ်တွင် အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြသည်။ ပရူဒန်ရှယ်အာမခံ - Prudential သည် အသက်အာမခံ၊ ကျန်းမာရေးအာမခံ၊ အငြိမ်းစားယူခြင်းဆိုင်ရာ ဝန်ဆောင်မှုများ၊ အပြန်အလှန်ရန်ပုံငွေများ၊ ပိုင်ဆိုင်မှုစီမံခန့်ခွဲမှုနှင့် ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲမှုများအပါအဝင် ဘဏ္ဍာရေးဝန်ဆောင်မှုနှင့် ထုတ်ကုန်များကို ဦးဆောင်ပံ့ပိုးပေးနေသည့် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

၁၉၂၃ ခုနှစ်တွင် ပရူဒန်ရှယ်အာမခံ၏ ပထမဆုံးသောပြည်ပလုပ်ငန်းဖြစ်သည့် အသက်အာမခံလုပ်ငန်းကို အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့တွင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ထိုလုပ်ငန်းသည် ပရူဒန်ရှယ်အာမခံ - Prudential ၏ ကမ္ဘ့ာစျေးကွက်တွင် ပထမဆုံးခြေလှမ်းပင်ဖြစ်သည်။  ထို့နောက် အထွေထွေအာမခံအေဂျင်စီများကို တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့၌ ၁၉၂၀ ခုနှစ်အတွင်းဖွင့်လှစ်ခဲ့ပြီး နောက်မကြာမီအချိန်အတွင်းမှာပင် Life Insurance အသက်အာမခံလုပ်ငန်းများကို မလေးရှားနှင့် စင်ကာပူနိုင်ငံများအထိပါ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါသည်။

ထို့နောက် ၁၉၃၀ ခုနှစ်တွင် ရုံးချုပ်မှအရာရှိများ တောင်အာဖရိကသို့ နှစ်ပတ်ကြာ စုံစမ်းစစ်ဆေးရေးခရီးစဉ် သွားရောက်ခဲ့ရာမှ အစပြု၍ ပရူဒန်ရှယ်အာမခံ ၏ အာဖရိကခြေလှမ်းကို စတင်နိုင်ခဲ့ပါသည်။ ထိုခရီးစဥ်မှ ရရှိခဲ့သော တွေ့ရှိချက်များသည် ၁၉၃၁ ခုနှစ်တွင်  Johannesburg  မြို့၌ ရုံးချုပ်တည် ထောင်နိုင် ခဲ့သည်အထိ အထောက်အကူပေးနိုင်ခဲ့ရုံသာမက ၁၉၃၂ ခုနှစ် တွင် အေဂျင်စီ တစ်ခု ဖွဲ့စည်းနိုင်ခဲ့သည်အထိ အကျိုးသက်ရောက်မှုရှိခဲ့ပါသည်။

ဤသို့ဖြင့် ၁၉၃၉ ခုနှစ်တွင်ပရူဒန်ရှယ်အာမခံ ၏ နိုင်ငံရပ်ခြားအသက်အာမခံဌာနခွဲများမှ အသားတင် လုပ်ငန်းတန်ဖိုးသည်  အင်္ဂလန်ရှိ အခြားလုပ်ငန်းများနှင့် အပြိုင်ဖြစ်လာပြီး တရိပ်ရိပ်တိုးတက်လာခဲ့သည်။

၁၉၉၄ ခုနှစ်တွင် Prudential Corporation Asia ကိုတည်ထောင်ခဲ့ပြီး  အာရှ၏အလားအလာမြင့်မားကောင်းမွန်သောတိုးတက်မှုတစ်ခုအဖြစ်အသိအမှတ်ပြုလာကြရသည်။

ဥရောပနှင့် အမေရိကားရှိ ပရူဒန်ရှယ်အာမခံ ၏လုပ်ငန်းခွဲများကို ၂၀၂၁ ခုနှစ်တွင် အပြီးသတ်ပြီးနောက်၊ ယခုလက်ရှိအချိန်တွင် အာရှနှင့် အာဖရိကစျေးကွက်များ၌ အရှိန်အဟုန်ဖြင့်တိုးတက်လာစေရေးအတွက် အလေးပေး ဆောင်ရွက်နေပါသည်။

ပရူဒန်ရှယ်အာမခံ ၏ လုပ်ငန်းတည်ထောင်မှုသက်တမ်း (၁၇၅) နှစ်မြောက် နှင့် အာရှစျေးကွက်တွင် နှစ်ပေါင်း (၁၀၀) တိုင်တိုင်ရပ်တည်လာခဲ့ခြင်းအထိမ်းအမှတ်တွင်ပရူဒန်ရှယ်အာမခံ ဖောက်သည် များ၏ ကျန်းမာရေး၊ ကြွယ်၀ရေးနှင့် လူမှုဖူလုံရေး စသည့်လိုအပ်ချက်များကို နှစ်ပေါင်းများစွာ ဖြည့်ဆည်းပေးနိုင်ခဲ့ခြင်းအပေါ် ဒို့တွေရဲ့  ပရူဒန်ရှယ်အာမခံမှ အစဉ်အမြဲ ဂုဏ်ယူဝမ်းမြောက်မိပါသည်။

ပရူဒန်ရှယ်အာမခံ - Prudential ၏ ၁၇၅ နှစ်ပြည့် အထိမ်းအမှတ်အကြောင်း အသေးစိတ်ကို သိရှိလိုပါက ဤနေရာကို နှိပ်ပါ။