lung cancer

အဆုတ်ကင်ဆာ မဖြစ်စေဖို့ အတူတူဆေးလိပ်ဖြတ်ကြစို့

သြဂုတ်လ ၁ရက်နေ့က ကမ္ဘာ့အဆုတ်ကင်ဆာရောဂါနေ့ (World Cancer Day) ပဲ ဖြစ်ပါတယ်။ LCFA (Lung Cancer Foundation of America)ရဲ့ အဆိုအရ အချိန် ၂မိနစ်တိုင်းမှာ လူတစ်ယောက်က အဆုတ်ကင်ဆာရောဂါ ဖြစ်ပေါ်နေပါတယ်။  ထိုအရေအတွက်က ဒီနေ့တစ်ရက်ထဲမှာ ကမ္ဘာတစ်ဝှမ်း လူပေါင်း ၆၄၃ ယောက်က အဆုတ်ကင်ဆာရောဂါနဲ့ ရင်ဆိုင်နေရပါတယ်။

အဆုတ်ကင်ဆာဖြစ်လာပြီဆိုရင် ဆေးစစ်တာကစလို့ ကုသမှု အဆင့်ဆင့်၊ နောက်ဆုံး ဆေးကုပြီးလို့ ရက်ချိန်းတွေ ပြန်ပြသည်အထိ ဆက်တိုက် ငွေကုန်ကြေးကျရှိနေပါတယ်။ မိသားစုဝင်တစ်ယောက်ယောက်မှာ အဆုတ်ကင်ဆာရှိနေပြီဆိုရင် ကျန်တဲ့သူတွေကို ဝန်ပိစေပြီး ဆေးကုသစရိတ်အတွက် စိုးရိမ်ပူပင်သောကတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အဆုတ်ကင်ဆာက မဖြစ်ခင် ကြိုတင်ကာကွယ်တာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

 

အဆုတ်ကင်ဆာ နဲ့ ဆေးလိပ်သောက်ခြင်း

ကမ္ဘာပေါ်မှာ အသေအပျောက်အများဆုံးဖြစ်စေတဲ့ ကင်ဆာကတော့ အဆုတ်ကင်ဆာပဲ ဖြစ်ပါတယ်။ အဆုတ်ကင်ဆာဖြစ်သူတွေထဲမှာ ဆေးလိပ်သောက်သူတွေက အများဆုံးဖြစ်ပါတယ်။ ဆေးလိပ်သောက်တာ ကြာလေလေ၊ သောက်ခဲ့တဲ့ ဆေးလိပ်အရေအတွက် များလေလေ အဆုတ်ကင်ဆာဖြစ်နိုင်ခြေ များလေလေပါ။

သတင်းကောင်းကတော့ ဆေးလိပ်သောက်တာ ဘယ်လောက်ပဲကြာပါစေ ဆေးလိပ်ဖြတ်လိုက်ပြီဆိုတာနဲ့ အဆုတ်ကင်ဆာဖြစ်နိုင်ခြေက သိသိသာသာကျဆင်းပါတယ်။ ဒါကြောင့် အဆုတ်ကင်ဆာအတွက် ဆေးလိပ်ဖြတ်ခြင်းက အရေးကြီးဆုံးကာကွယ်နည်းတစ်ခုပါ။

 

ဆေးလိပ်သောက်ခြင်းက အဆုတ်ကင်ဆာကို ဘယ်လိုဖြစ်စေနိုင်သလဲ

လေ့လာချက်တွေအရ ဆေးလိပ်သောက်ခြင်းက အဆုတ်အတွင်းက ဆဲလ်တွေကို ပျက်စီးစေတာကြောင့် အဆုတ်ကင်ဆာဖြစ်လာရပါတယ်။ ဆေးလိပ်မှာ carcinogens လို့ခေါ်တဲ့ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ အများအပြားပါဝင်တာကြောင့် ဆေးလိပ်ငွေ့ကို ရှူရှိုက်မိတဲ့အခါ carcinogens တွေက အဆုတ်တစ်ရှူးတွေကို ချက်ချင်းဆိုသလို ပျက်စီးစေနိုင်ပါတယ်။

စစချင်းမှာတော့ ခန္ဓာကိုယ်က အဆုတ်ပျက်စီးတာကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဆေးလိပ်သောက်တာကြာလာလေလေ အဆုတ်တစ်ရှူးတွေ ပျက်စီးတာက များလာလေလေ ဖြစ်လာပါတယ်။ ဒီလိုနဲ့ အချိန်ကြာလာတဲ့အခါ ပျက်စီးနေတဲ့ ဆဲလ်တွေက ကင်ဆာဆဲလ်အဖြစ်ကို ပြောင်းလဲလာပါတော့တယ်။

 

အဆုတ်ကင်ဆာရဲ့ လက္ခဏာများ

အဆုတ်ကင်ဆာက ကင်ဆာအစပျိုးချိန်ဆို လက္ခဏာမပြတတ်ပါဘူး။ တဖြည်းဖြည်းနဲ့ ကင်ဆာပြင်းထန်လာတဲ့အခါကျမှသာ လက္ခဏာပြလာတာ ဖြစ်ပါတယ်။ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့

  • နာတာရှည် ချောင်းဆိုးတာ
  • ရင်ဘတ်အောင့်တာ
  • ချောင်းဆိုးသွေးပါတာ
  • အသံသြတာ
  • အမောမခံနိုင်တာ
  • အသက်ရှူရင် တရွှီရွှီအသံထွက်တာ စတာတွေပဲ ဖြစ်ပါတယ်။

 

အဆုတ်ကင်ဆာရဲ့ လက္ခဏာတွေက ကင်ဆာပြင်းထန်ပြတတ်တာဖြစ်လို့ ရောဂါရှိမှန်းသိလိုက်ရပြီဆိုရင် လူနာအတွက် စိတ်ရောကိုယ်ပါ ပင်ပန်းစေပြီး ငွေကုန်ကြေးကျလည်း များစေနိုင်ပါတယ်။

အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖို့ အကောင်းဆုံးနည်းလမ်းက ဆေးလိပ်ဖြတ်ဖို့ပဲ ဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်ဖို့အတွက် နည်းလမ်းတွေ အများကြီးရှိပြီး ကိုယ်နဲ့ သင့်တော်မယ့် နည်းလမ်းကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ရွေးချယ်သင့်ပါတယ်။

  • နီကိုတင်းအစားထိုးကုထုံး
  • ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးရတဲ့ ဆေးလိပ်ဖြတ်ဆေး စသဖြင့် ရွေးချယ်စရာများ ရှိပါတယ်။

နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ ကိုယ်တိုင်ကိုက ဆေးလိပ်ဖြတ်ချင်စိတ် ခိုင်ခိုင်မာမာရှိနေဖို့ပဲ ဖြစ်ပါတယ်။

 

ဆေးလိပ်ဖြတ်ပြီးနောက် ပိုမိုကောင်းမွန်သော ဘဝကို ပိုင်ဆိုင်ခြင်း

ဆေးလိပ်သောက်တိုင်းမှာ ခန္ဓာကိုယ်ထဲကို အန္တရာယ်ရှိတဲ့ဓာတုပစ္စည်းတွေက ဝင်ရောက်လျက်ရှိပါတယ်။ ဆေးလိပ်ဖြတ်လိုက်ပြီဆိုတာနဲ့ ခန္ဓာကိုယ်က ဒီလိုအဆိပ်အတောက်တွေကို စတင်ဖယ်ရှားပြီး ပြုပြင်ပါတော့တယ်။

ဆေးလိပ်ဖြတ်လိုက်တာနဲ့ တစ်ပြိုင်နက်

  • အရသာခံအာရုံနဲ့ အနံ့အာရုံက ပိုကောင်းလာပါတယ်။
  • အသက်ရှူရတာ ပိုပြီးလွယ်ကူလာပါတယ်။
  • အားအင်ပိုပြီး ပြည့်ဝလာပါတယ်။
  • နှလုံးနဲ့ ကြွက်သားဆီကို သွေးလည်ပတ်မှု ပိုကောင်းစေတာကြောင့် ပိုပြီး လှုပ်လှုပ်ရှားရှားလုပ်နိုင်ပါတယ်။
  • အဆုတ်ရဲ့ စွမ်းဆောင်ရည်လည်း ပိုပြီးတိုးတက်လာပါတယ်။

 

အကောင်းဆုံးကတော့ အဆုတ်ကင်ဆာဖြစ်နိုင်ခြေ လျော့ကျလာတာပဲ ဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်တာ ၁၀နှစ်လောက်ကြာပြီဆိုရင် အဆုတ်ကင်ဆာကြောင့် သေဆုံးနိုင်ခြေက ဆေးလိပ်သောက်သူရဲ့ ဖြစ်နိုင်ခြေထက် တစ်ဝက်လောက်လျော့ကျသွားတာကို တွေ့ရပါတယ်။

ဆေးလိပ်ဖြတ်ဖို့ ‌နောက်ကျနေပြီဆိုတာ မရှိပါဘူး။ ‌စောစောဆေးလိပ်ဖြတ်လေလေ ကောင်းကျိုးစောစောရလေဖြစ်တာကြောင့် အဆုတ်ကင်ဆာကာကွယ်ဖို့ ဆေးလိပ်ဖြတ်ကြဖို့ တိုက်တွန်းချင်ပါတယ်။

အဆုတ်ကင်ဆာက ပြင်းထန်နာမကျန်းရောဂါ (Critical illness)ထဲမှာ ပါဝင်ပြီး ဖြစ်လာခဲ့ရင် ကုသမှုစရိတ်က မနည်းလှတာကြောင့် မိသားစုရဲ့ စုဆောင်းထားတဲ့ငွေကြေးကို ထိခိုက်နိုင်ပါတယ်။ ဒီလိုမျိုး မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေမှာ မိသားစုအတွက် ငွေကြေးပိုင်းဆိုင်ရာ လုံခြုံမှုရှိစေပြီး စိတ်အေးချမ်းသာစွာ ဆေးကုသနိုင်ဖို့အတွက် PRUFlexiprotect CIနဲ့ ကာကွယ်ထားနိုင်ပါတယ်။ PRUFlexiprotect CI အကြောင်း ပိုမိုသိရှိလိုပါက ဒီနေရာမှာ လေ့လာပါ။

 

References