Know Your Insurance
စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ
- "Know Your Insurance” အစီအစဉ်သည် ပရူဒန်ရှယ်အာမခံ ("Prudential Myanmar") မှ ကျင်းပခြင်းဖြစ်သည်။
- အစီအစဉ်မှာ ၂၀၂၅ သြဂုတ်လ ၂၃ ရက်နေ့မှ ၂၀၂၅ သြဂုတ်လ ၃၀ ရက်နေ့ မြန်မာစံတော်ချိန် ၂၃ နာရီ ၅၉ မိနစ်အထိ ("အစီအစဉ်ကာလ") ဖြစ်သည်။
- ဤအစီအစဉ်တွင် ပါဝင်ခြင်းအားဖြင့် ပါဝင်သူ ("သင်") သည် ဤစာမျက်နှာတွင် ဖော်ပြထားသော စည်းမျဉ်း စည်းကမ်းများအား သဘောတူလိုက်နာပြီး ဖြစ်သည်။
- အစီအစဉ်တွင်ပါဝင်ရန်အတွက် ပါဝင်သူများသည် အစီအစဉ်ကာလအတွင်း မေးခွန်း၏ အဖြေကို Comment တွင် ဖြေပေးရပါမည်။ အဖြေကို တစ်ကြိမ်သာ ဖြေဆိုခွင့်ရှိပါသည်။
- ပရူဒန်ရှယ်အာမခံ၏ ဝန်ထမ်းများ၊ စာချုပ်ဖြင့် လုပ်ကိုင်နေသော ဝန်ထမ်းများနှင့် အာမခံအရောင်းကိုယ်စားလှယ်များအားလုံး အစီအစဥ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိပါ။
သတ်မှတ်ချက်နှင့်ကိုက်ညီသော ပါဝင်သူများအတွက် လက်ဆောင်
- ထီးလက်ဆောင် x ၁၀ ဆု
ဆုလက်ဆောင် ထုတ်ပေးခြင်း
- ပရူဒန်ရှယ်အာမခံသည် ပါ၀င်ယှဉ်ပြိုင်သူများထဲမှ ဆုရရှိသူ (၁၀) ဦးကို ကျပန်း ရွေးချယ်ပြီး ပရူဒန်ရှယ်အာမခံ Facebook page တွင် အစီအစဥ်ကာလ ပြီးဆုံးပြီး ရက်သတ္တပတ် ၂ ပတ် အတွင်း ကြေညာပေးသွားမည်ဖြစ်ပါသည်။
- ကံထူးရှင်များအားလုံးသည် ပရူဒန်ရှယ်အာမခံမှ ရွေးချယ်ခံရသူစာရင်း ကြေညာပြီး (သို့မဟုတ်) အကြောင်းကြားစာ ပေးပို့ပြီး (၁) ပတ် အတွင်း အကြောင်းကြားရန် လိုအပ်ပါသည်။ အကယ်၍ သတ်မှတ်ကာလအတွင်း အကြောင်းမကြားပါက ဆုလက်ဆောင်အား ရရှိမည်မဟုတ်ပါ။
- ပရူဒန်ရှယ်အာမခံက ဆုရရှိသူတစ်ဦးချင်းထံသို့ ပရူဒန်ရှယ်အာမခံကိုယ်စားလှယ်များမှ ဆုလက်ဆောင်များကို ပေးပို့ပေးသွားပါမည်။ ပရူဒန်ရှယ်အာမခံက ဆုလက်ဆောင်များကို ဆုရရှိသူစာရင်း ကြေညာပြီးသည့်နောက် (၃) လ အတွင်း ပို့ဆောင်ပေးမည်ဖြစ်သည်။
- ဆုများကို တခြားသူများသို့ မလွှဲပြောင်းနိုင်သလို ငွေသား ဖြင့် သော်လည်းကောင်း၊ အခြား ပစ္စည်းဖြင့် သော်လည်းကောင်း လဲလှယ်ပေးမည် မဟုတ်ပါ။
- မမျှော်မှန်းနိုင်သော အခြေအနေအရ မဖြစ်မနေ ဆုများကို ပြောင်းလဲရခြင်း ဖြစ်လျှင် ပရူဒန်ရှယ်အာမခံသည် တန်ဖိုးတူ ဆုများကို အစားထိုးပေးနိုင်သည်။
- ပရူဒန်ရှယ်အာမခံမှ ဤအစီအစဉ်တွင် အကျုံး၀င်သူများကို အတည်ပြုခွင့်ရှိသည်။
- အစီအစဉ်ကို ပရူဒန်ရှယ်အာမခံအပြင် အခြားသောအမှတ်တံဆိပ် (သို့) အဖွဲ့အစည်းမှ ပံ့ပိုးကူညီထားခြင်း မရှိပါ။
- အသေးစိတ် ထပ်မံသိရှိလိုပါက ပရူဒန်ရှယ်အာမခံ၏ Customer Service ဖုန်း 09 770 110010 (တနင်္လာ-သောကြာ မနက် ၈:၃၀ မှ ည ၁၀:၃၀ အတွင်း) သို့ဆက်သွယ်၍မေးမြန်းနိုင်ပါသည်။ Prudential Myanmar ၏ Facebook Messenger ဖြင့်လည်း ဆက်သွယ်နိုင်ပါသည်။