health-insurance

Health Insurance လို့ခေါ်တဲ့ ကျန်းမာရေးအာမခံက ဒို့တွေရဲ့ဘ၀အတွက်ဘာကြောင့်အရေးကြီးတာလဲ

Health Insurance - ကျန်းမာရေးအာမခံက မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါ။

ဒီနေ့ခေတ်ကမ္ဘာကြီးမှာ သင့်ကျန်းမာရေး နဲ့ ငွေကြေးကို ဂရုစိုက်ဖို့က မဖြစ်မနေအရေးကြီးလာပါပြီ။ ဒါပေမယ့် သင့်အနေနဲ့ ကျန်းမာရေးအာမခံတစ်ခုဝယ်ထားမယ်ဆိုရင် သင့်ကျန်းမာရေးတင်သာမကဘဲ သင့်ပိုင်ဆိုင်မှုတွေကိုပါ ကာကွယ်ပြီးသားဖြစ်စေပါတယ်။ ဒီဆောင်းပါးမှာ ကျန်းမာရေးအာမခံဝယ်ယူထားခြင်းရဲ့ အကျိုးကျေးဇူးတွေနဲ့  ပရူဒန်ရှယ်အာမခံ - Prudential Myanmar ရဲ့ PRUHealth ကို ရွေးချယ်ဖို့ ဘာကြောင့်စဉ်းစားသင့်လဲဆိုတာကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

 

ပထမဆုံးအနေနဲ့ Health Insurance - ကျန်းမာရေးအာမခံ က ဘာကြောင့်အရေးကြီးတာလဲဆိုတာကို ဆွေးနွေးကြည့်ကြရအောင်။

 

၁။  သင့်ကိုစိတ်ချမ်းသာမှု ရရှိစေဖို့။

တကယ်လို့ သင်ဟာမတော်တဆမှုတစ်ခုမှာ ပါဝင်ခဲ့မိတာပဲဖြစ်စေ၊ အလွန်ပြင်းပြင်းထန်ထန်ဖျားနာပြီး ရောဂါဝေဒနာတစ်ခုခုကို ခံစားခဲ့ရတာပဲဖြစ်စေ ကြုံတွေ့ရတဲ့ အချိန်မျိုးမှာ ဒီဝေဒနာတွေကနေ အလျှင်အမြန်ပြန်သက်သာဖို့ ဆေးရုံကောင်းကောင်းတစ်ခုမှာ ဆေးကုသမှုခံယူဖို့က အခြေခံလိုအပ်ချက် တစ်ခုဖြစ်လာပါပြီ။  ဒီလို အခြေအနေမျိုးမှာ ကျရောက်ခဲ့သည်ရှိသော် သင့်မှာ Health Insurance - ကျန်းမာရေးအာမခံရှိတယ်ဆိုရင် ဆေးကုသမှုစရိတ်တွေရဲ့ ပမာဏတစ်ခုကို သက်သာစေနိုင်မှာဖြစ်တာကြောင့် ငွေကြေးအခက်အခဲတွေအတွက် အနည်းနဲ့အများအထောက်အကူဖြစ်စေမှာဖြစ်ပြီး စိတ်သက်သာရာရစေမှာ သေချာပါတယ်။

 

၂။  သင့်စုဆောင်းငွေတွေကိုကာကွယ်ဖို့။

ကျန်းမာရေးအာမခံ ဝယ်ယူထားခြင်းမရှိပါက မတော်တဆမှု ဒါမှမဟုတ် နာတာရှည်ရောဂါဝေဒနာတစ်မျိုးမျိုးနဲ့ကြုံတွေ့ရတဲ့ အခြေအနေမျိုးဖြစ်လာတဲ့အခါ သင့်ကျန်းမာရေးစရိတ်တွေကို ကိုယ်တိုင်ပေးဆောင်ရပါတယ်။ ဒီလိုအခြေအနေမျိုးဟာ သင့်ငွေရေးကြေးရေးစုဆောင်းမှုကို ထိခိုက်စေနိုင်ပါတယ်။ ဒီလိုအဖြစ်မျိုးတွေကိုကာကွယ်ဖို့အတွက် Health Insurance - ကျန်းမာရေးအာမခံနဲ့ပတ်သတ်တဲ့ မူဝါဒတွေကို သိရှိနားလည်အောင် ပြုလုပ်ပြီး ဆေးဘက်ဆိုင်ရာကုန်ကျစရိတ်အချို့ကိုကာမိအောင် ဆောင်ရွက်ထားလို့ရပါတယ်။ ကျန်းမာရေးအာမခံဝယ်ယူထားခြင်းဟာ သင်ကုန်ကျနိုင်မယ့်စရိတ်တွေအားလုံးအတွက် အကျုံးမဝင်သော်လည်းဘဲ ငွေကြေးဝန်ထုပ်ဝန်ပိုးပမာဏတစ်ခုကိုတော့ သိသိသာသာလျှော့ချပေးနိုင်ပြီး သင့်စုဆောင်းငွေတွေ မထိခိုင်အောင်ကူညီပေးနိုင်ပါတယ်။

 

၃။  ဆေးဖိုးဝါးခ ကုန်ကျစရိတ်တွေကို တွေးပူစရာမလိုဘဲ ကိုယ့်ကျန်းမာရေးပြန်လည်ကောင်းမွန်လာရေးကိုသာ အာရုံစိုက်နိုင်မယ်။

ကျန်းမာရေးအာမခံ ပြုလုပ်ထားတဲ့အခါ လိုအပ်လာမယ့် ကုသစရိတ်တွေအတွက် စိတ်ပူစရာမလို့တော့ပါဘူး။ သင့်အနေနဲ့ ကိုယ်ချစ်ရတဲ့ မိသားစုဝင်တွေနဲ့အတူ ပိုမိုကောင်းမွန်တဲ့ ဘ၀ကိုဖြတ်သန်းနိုင်စေဖို့ အတွက် မိမိကျန်းမာရေး ပြန်လည်ကောင်းမွန်လာဖို့ကိုသာ အာရုံစိုက်ဖို့ပဲလိုအပ်ပါတော့တယ်။

 

ကျန်းမာရေးအာမခံရှိထားခြင်း၏ အကျိုးကျေးဇူးများ

ကျန်းမာရေးအာမခံ ရဲ့အဓိက အကျိုးကျေးဇူးနှစ်ချက်ကတော့ သင့်ကျန်းမာရေးကိုကာကွယ်ပေးခြင်းနဲ့ ငွေကြေးချွေတာစုဆောင်းခြင်းတို့ကို အထောက်အကူပြုစေတာ ဖြစ်ပြီး အဲ့ဒီအပြင်အခြားသော အကျိုးကျေးဇူးတွေလည်း ရှိသေးတာကို သင်သိရလို့ရှိရင် ပျော်ရွှင်မိမှာ သေချာပါတယ်။

 

သေဆုံးခြင်းမှအကျိုးခံစားခွင့်

သင့်ဘ၀တွင် ရုတ်တရက် မတော်တဆ အသက်အန္တရာယ်နှင့်ကြုံတွေ့ခဲ့ရလျှင် ကျန်ရစ်သူ မိသားစုမှ အထူးသဖြင့် သင်ရွေးချယ်ခဲ့သူမှ အသက်အာမခံ၏အကျိုးခံစားခွင့်များကို ရရှိပါမည်။

 

နေ့စဉ်ဆေးရုံစရိတ်အကျိုးခံစားခွင့်

သင်ဝယ်ယူထားသော အသက်အာမခံ Health Insurance Plan ပေါ်တွင် မူတည်၍ ဆေးရုံတွင် သင်ကုသမှုခံယူနေသော နေ့ရက်တိုင်းအတွက် သတ်မှတ်ထားသောနှစ်အလိုက် သင့်ကုန်ကျစရိတ်များကို ရက်ပေါင်း ၆၀ အထိကာမိနိုင်စေမည့် အကျိုးခံစားခွင့်လည်း ရရှိပါမည်။

 

ခွဲစိတ်ကုသခြင်း ခွဲစိတ်ကုသမှု အတွက် အကျိုးခံစားခွင့်

ကိုယ်ဝန်ပျက်ကျခြင်းကဲ့သို့သော ခွဲစိတ်ကုသမှုခံယူရမည့် မည်သို့သောကုသမှုမျိုးကို ဖြစ်စေ သတ်မှတ်ထားသော ကန့်သတ်ချက်အထိ ကုန်ကျစရိတ်အကျိုးခံစားခွင့်ကိုလည်း ရရှိပါမည်။

 

ဆေးရုံတက်ရန်မလိုသောလူနာများအတွက် အကျိုးခံစားခွင့်

ဆေးရုံတက်ရန် မလိုအပ်သော ကုသမှုများအတွက် ဤအကျိုးခံစားခွင့်သည် ကုန်ကျစရိတ်များ ပြည့်မီစေရန် တစ်နှစ်လျှင် (၄) ကြိမ်အထိ အကျိုးခံစားခွင့်ရရှိပါမည်။

 

ဒီနေ့ခေတ်မှာ ကျန်းမာရေးအာမခံ အစီအစဉ်တွေကို လူတိုင်းဝယ်ယူနိုင်ဖို့ လက်လှမ်းမီလာကြပါပြီ။ ရေရှည်မှာ ကျန်းမာရေးနဲ့ပတ်သတ်ပြီး စိတ်အေးနိုင်ဖို့ ကြိုစဉ်းစားတော့မယ်ဆိုရင်  သင်ပေးဆောင်ရမယ့် ကျန်းမာရေးအာမခံ -  Health Insurance ပရီမီယံကြေးဟာ သင်ပေးဆောင်ရနိုင်တဲ့  ဆေးရုံစရိတ်ထက် အများကြီးပိုသက်သာတယ်ဆိုတာကို သတိပြုမိဖို့လိုပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ကိုယ်လက်လှမ်းမီတဲ့  ကျန်းမာရေးအာမခံ - Health Insurance ပလန်တစ်ခုကို ဝယ်ယူထားခြင်းဖြင့် ရေရှည်ငွေကြေးအဆင်ပြေဖို့အတွက် စဉ်းစားထားသင့်ပါတယ်။

 

သင့်အနေနဲ့ ကျန်းမာရေးအာမခံ ရဲ့ ကောင်းကျိုးတွေကို သိထားပြီဆိုရင် ကျန်းမာရေးအာမခံ ရှိဖို့က လူတိုင်းအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိနိုင်ပါတယ်။

 

ကပ်ရောဂါ၊ ကင်ဆာရောဂါ နဲ့ နှလုံးရောဂါ တို့လိုမျိုး ပြင်းထန်တဲ့ ရောဂါတွေကြောင့် လူတွေရဲ့ ကျန်းမာရေးနဲ့ ဘ၀တွေဟာ အချိန်မရွေးထိခိုက် ပျက်စီးလွယ်လှတဲ့အတွက် သင်ချစ်ရသူတွေနဲ့ မိသားစုဝင်တွေ ဘေးကင်းလုံခြုံ အဆင်ပြေစေဖို့အတွက် အစွမ်းကုန်ကြိုးပမ်းသင့်ပါတယ်။ ကျန်းမာရေးအာမခံမှာ ရင်းနှီးမြှပ်နှံမှုပြုလုပ်ခြင်းဟာ ကောင်းမွန်တဲ့ အနာဂတ်လမ်းကြောင်းအတွက် မှန်ကန်တဲ့ ခြေလှမ်းတစ်လှမ်းပဲဖြစ်ပါတယ်။ ဒါကြောင့် Health Insurance - ကျန်းမာရေးအာမခံ ဝယ်ယူထားခြင်းဖြင့် စိတ်လုံခြုံမှုကို ခံစားလိုက်ပါ။ 

 

သင့်အနေနဲ့ အခုချိန်မှာ Health Insurance - ကျန်းမာရေးအာမခံက ဘယ်လိုလုပ်နိုင်စွမ်း တွေရှိတယ်ဆိုတာကို သိပြီးလောက်ပြီလို့ မျှော်လင့်ပါတယ်။ ပရူဒန်ရှယ်အာမခံ-  Prudential Myanmar ရဲ့  PRUHealth အကြောင်းကိုကျယ်ကျယ်ပြန့်ပြန့်သိနိုင်ဖို့အတွက် ဤနေရာကို နှိပ်ပါ။