မြန်မာနိုင်ငံမှာ အဖြစ်များဆုံး ကျန်းမာရေးပြဿနာတွေထဲမှာ လေဖြတ်ခြင်း၊ ပြင်းထန်အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါကဲ့သို့ ပြင်းထန်ရောဂါတွေ ပါဝင်ပါတယ်။ အပြင်းအထန်နာမကျန်းမှုတွေဖြစ်လာတဲ့အခါ နေ့စဉ်လုပ်ငန်းဆောင်တာတွေ ထိခိုက်စေတဲ့အပြင် အခြားသူများအပေါ်မှီခိုပြီး လှုပ်ရှားသွားလာတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာ အားနည်းဆုတ်လျော့မှုတွေ ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုတွေနှင့် အခြားစိတ်ကျန်းမာရေးပြဿနာတွေလည်း ဖြစ်လာနိုင်တဲ့အတွက် လူနေမှုဘဝကိုလည်း ပြောင်းလဲသွားစေနိုင်ပါတယ်။ အလုပ်လုပ်နိုင်စွမ်းကိုလည်း ထိခိုက်လာနိုင်တဲ့အတွက် အလုပ်ထွက်ရတာမျိုးအထိဖြစ်စေနိုင်တဲ့အပြင် ထိုမှတစ်ဆင့် စားဝတ်နေရေးကိုပါထိခိုက်လာနိုင်မယ့် အကျိုးသက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ ဒါ့အပြင် ဆေးကုသစရိတ်ကြောင့် ငွေကြေးအဆင်မပြေမှုတွေလည်း ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ကို ပြုစုစောင့်ရှောက်ရမယ့်တာဝန်ကို ယူလိုက်ရတဲ့ မိသားစုဝင်တွေအတွက်လည်း ဝန်လေးစရာဖြစ်လာနိုင်ပြီး မိသားစုအတွင်း ဆက်ဆံရေးအဖုအထစ်ရှိလာနိုင်ပါတယ်။
ဒါ့ကြောင့် ဒီလိုမျိုး ရောဂါဝေဒနာတွေကို ခံစားရပြီဆိုရင် လူနာတစ်ယောက်တည်းကိုပဲ အကျိုးသက်ရောက်တာမဟုတ်ပဲ လူနာရော လူနာရဲ့မိသားစုအပေါ်မှာပါ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။ ငွေကုန်ကြေးကျများလာနိုင်တဲ့အထဲမှာ ဆေးကုသမှုစရိတ်တွေ၊ ဆေးရုံတက်ရတဲ့စရိတ်တွေ၊ ဆေးဝါးစရိတ်တွေ စသဖြင့် အများကြီးပါလာနိုင်ပါတယ်။ ဥပမာအနေနဲ့ ဒီလို ကုန်ကျမယ့်စရိတ်တွေကို ကာမိအောင် ကိုယ့်စုဆောင်းထားတာလေးတွေ ထုတ်ရောင်းရတာမျိုး၊ တခြားလူတွေဆီက ပိုက်ဆံချေးရတာမျိုးတွေလုပ်ရတဲ့အခါ ရေရှည်မှာ ငွေရေးကြေးရေး အကြပ်အတည်းလေးတွေ ဖြစ်လာနိုင်ပါတယ်။
အလုပ်ရှင်ဘက်က ကြည့်မယ်ဆိုရင်လည်း ကိုယ့်ဝန်ထမ်းရဲ့ ကျန်းမာရေးက အဓိက ဦးစားပေးရမယ့်အချက်တစ်ချက်ပါပဲ။ နေမကောင်းလို့ ရုံးပျက်ရတာပဲဖြစ်ဖြစ်၊ ဝန်ထမ်းတွေရဲ့ ဒါမှမဟုတ် သူတို့မိသားစုဝင်တွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး စိတ်ပူပင်သောကရောက်ရတဲ့အခါမှာ အလုပ်မပြီးတာပဲဖြစ်ဖြစ်၊ ဒါတွေဟာ ရှေ့ဆက်ပြီး အောင်မြင်မှုတွေအရယူဖို့ ကြိုးစားနေတဲ့ ကုမ္ပဏီရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် ဝန်ထမ်းတွေအနေနဲ့လည်း သူတို့ မထင်မှတ်ထားတဲ့ ကျန်းမာရေးအခြေအနေတစ်ခုခုကို ကြုံတွေ့လာရတဲ့အခါမှာ သူတို့မိသားစုတွေအတွက် ငွေရေးကြေးရေး မပြေလည်တော့တာမျိုးလို အကျိုးသက်ရောက်မှုရှိလာနိုင်ပါတယ်။
ပရူဒန်ရှယ်အာမခံမှာဆိုရင် ငွေရေးကြေးရေးအခက်အခဲတွေကို ဖြေရှင်းပေးဖို့အတွက် PRUHealth လို့ခေါ်တဲ့ ကျန်းမာရေးအာမခံရှိပါတယ်။ PRUHealth ကျန်းမာရေးအာမခံကတော့ အစီအစဥ်အမျိုးအစားအပေါ် မူတည်ပြီး အာမခံဝယ်ယူထားမယ့်သူတွေအနေနဲ့ စိတ်ကြိုက်ရွေးချယ်လို့ရမယ့် ကျန်းမာရေးအာမခံအမျိုးအစားတစ်ခုပါ။ PRUHealth က ငွေကုန်ကြေးကျများတဲ့ ခွဲစိတ်ကုသမှုစရိတ်တွေ နေ့စဉ်ဆေးရုံတက်လို့ ကုန်ကျ တဲ့ငွေတွေ ကိုပဲ အကာအကွယ်ပေးရုံတင်မဟုတ်ဘဲ ကိုယ့်အတွက် ဆေးကုသမှုစရိတ်တွေကိုပါ တာဝန်ယူပေးတာဖြစ်လို့ ကိုယ့်ရဲ့ ဝင်ငွေထိခိုက်မှာကို စိတ်ပူစရာမလိုဘဲ စိတ်အေးအေး နေနိုင်မှာပါ။ ဒါ့အပြင် PRUGroup Health အဖွဲ့လိုက်အာမခံအကာအကွယ်တွေလည်းရှိတာမို့ ကုမ္ပဏီတွေရဲ့ လိုအပ်ချက်တွေအပေါ်မှာမူတည်ပြီး ဝန်ထမ်းတွေကို လိုအပ်တဲ့ကျန်းမာရေးအကာအကွယ်တွေပေးပြီး စိတ်ချမ်းချမ်းသာသာနဲ့ နေနိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။
ယခုဆောင်းပါးကို ပရူဒန်ရှယ်အာမခံရဲ့ Former Chief Human Resources Officer မ Laura Cho နဲ့အတူ ကျန်းမာရေးကဏ္ဍမှာလည်း အတွေ့အကြုံများစွာရှိတဲ့ ဒေါက်တာ သူရိန်လှိုင်ဝင်းတို့ ဆွေးနွေးထားတဲ့ “Myth Busting Health Insurance” ဗီဒီယိုမှ မှီငြမ်းကောက်နှုတ်ထားပါတယ်။ ဘဝမှာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်တဲ့ ကျန်းမာရေးအတွက် ကျန်းမာရေးအာမခံထားရှိတာက ကိုယ့်ရဲ့ အနာဂတ် ကျန်းမာရေးကိုရော ငွေရေးကြေးရေးအတွက်ပါ ဘယ်လိုအကာအကွယ်ပေးနိုင်လဲဆိုတဲ့ အကြောင်းကို ဒီလင့်ခ်မှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။