guide to insurance

အာမခံကို အခုမှစပြီး ဝယ်ယူမယ့်သူလား?

မြန်မာနိုင်ငံမှာရှိတဲ့ အသက်အာမခံနဲ့ ကျန်းမာရေးအာမခံအကြောင်း အလွယ်တကူလေ့လာကြရအောင် ...

ဘဝခရီးလမ်းဆိုတာ အနိမ့်အမြင့် အတက်အကျတွေအပြည့်နဲ့ ပြောင်းလဲနေပါတယ်။ တချို့နေ့ရက်တွေမှာ ပျော်ရွှင်မှုနဲ့ အခွင့်အလမ်းတွေ ပိုင်ဆိုင်ရသလို တစ်ချိန်ထဲမှာပဲ မထင်မှတ်ထားတဲ့ စိန်ခေါ်မှုအခက်အခဲတွေကလည်း မဖိတ်ခေါ်ဘဲ ရောက်လာတတ်ပါတယ်။ ဒါတွေဟာ ဘဝရဲ့မလွဲမသွေဖြတ်သန်းရတဲ့ပုံစံဆိုတာ လူတိုင်းအားလုံးလည်း လက်ခံထားကြတယ်မဟုတ်လား 

ဘဝရဲ့ ကြိုတင်ခန့်မှန်းမရနိုင်တဲ့ကိစ္စတွေထဲမှာ ရုတ်တရက် ဖျားနာတာတွေမတော်တဆမှုတွေ (ဒါမှမဟုတ်) ကိုယ်ချစ်ခင်ရတဲ့တစ်စုံတစ်ယောက်ကို ဆုံးရှုံးရခြင်းတွေ ပါဝင်ပြီးတော့ဒီလို မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေက ကိုယ်တိုင်ကြိုးစားပုံဖော်ထားတဲ့ ကမ္ဘာငယ်လေးကို တခဏအတွင်း ကမောက်ကမတွေ ဖြစ်သွားစေနိုင်ပါတယ်။ ကျန်းမာရေးအရေးပေါ်အခြေအနေတစ်ခု (ဒါမှမဟုတ်) သင်နဲ့သင့်မိသားစုကို ငွေကြေးကြပ်တည်းမှု အခြေအနေတစ်ခုနဲ့အတူ နိုးထလာရမယ့် မနက်ခင်းတွေကို မြင်ယောင်ကြည့်ပါဒီလို အခိုက်အတန့်တွေမှာဆိုရင် မိသားစုဘဝဟန်ချက် မပျက်သွားအောင် ငွေကြေးအကာအကွယ်ထားရှိခြင်းက အရေးကြီးတဲ့အရာတစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် ဘဝရဲ့ မသေချာမရေရာမှုတွေကြားမှာ ယုံကြည်ချက်အပြည့်နဲ့ ဖြတ်သန်းနိုင်စေဖို့ ငွေကြေးစီမံခန့်ခွဲခြင်းနဲ့ အာမခံထားရှိခြင်းဟာ ကူညီပေးပါတယ်။  

ဒီဆောင်းပါးကို ဆက်လက်မဖတ်ရှုခင်  အာမခံဆိုတာဟာ  မမျှော်လင့်နိုင်တဲ့ ဘဝရဲ့ပြောင်းလဲမှုတွေအတွက်တိုင်းမှာ  ကြိုတင်ပြင်ဆင်ထားရုံသာမက လုံခြုံစိတ်ချစွာ ကာကွယ်ထားတဲ့ သင့်မနက်ဖြန်တွေကြောင့် လက်ရှိနေ့ရက်တိုင်းကို ယုံကြည်ချက်အပြည့်နဲ့ နေထိုင်သွားစေနိုင်မှာပါ။ အသက်အာမခံနဲ့ ကျန်းမာရေးအာမခံရဲ့ အခြေခံအချက်တွေကို လေ့လာရင်း သင်နဲ့ သင်ချစ်ခင်တန်ဖိုးထားရသူတွေကို ပိုမိုသေချာတဲ့အနာဂတ်ဆီ လျှောက်လှမ်းနိုင်ဖို့ ဘဝဟန်ချက်မပျက်သွားအောင်  ဘယ်လိုလုပ်ဆောင်ပေးနိုင်လဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။  

 

အသက်အာမခံဆိုတာဘာလဲ 

အသက်အာမခံဆိုတာ ကိုယ်နဲ့ အသက်အာမခံကုမ္ပဏီကြား ငွေကြေးအရ သဘောတူညီချက်တစ်ခု (သို့မဟုတ်)  အသက်သေဆုံးမှု နဲ့ထာဝစဉ်မသန်မစွမ်းမှုဖြစ်ပေါ်လာပါက  အာမခံငွေပြန်လည်ရရှိနိုင်မယ့် အာမခံပေါ်လစီတစ်ခု ဖြစ်ပါတယ်အာမခံထားရှိသူက ဒီအသက်အာမခံပေါ်လစီအတွက် အာမခံပရီမီယံကြေးကို ပုံမှန်ပေးဆောင်ပြီး မတော်တဆ အသက်အန္တရာယ်ဆုံးရှုံးတာပြင်းထန်ရောဂါဝေဒနာကြောင့် ဆုံးပါးသွားတာ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးတာ ရှိတဲ့ မမျှော်လင့်ထားတဲ့ကိစ္စရပ်တွေဖြစ်လာတဲ့အခါမှာ အာမခံထားရှိတဲ့ကာလအတွင်းမှာ အာမခံထားသူအားဖြစ်စေ၊ မိသားစုကိုဖြစ်စေ အာမခံကုမ္ပဏီဘက်ကနေ အာမခံထားတဲ့နစ်နာကြေးကို ပြန်လည်ပေးအပ်ပေးသွားမှာဖြစ်ပါတယ်။ အသက်အာမခံအစီအစဉ်ကနေ ပေးအပ်တဲ့ အကျိုးခံစားခွင့်က ချက်ခြင်းဆိုသလို ငွေကြေးအကာအကွယ်  ရရှိနိုင်တာကြောင့်  ကိုယ်မရှိတော့တဲ့အချိန်မှာတောင် ကိုယ်ချစ်ရတဲ့မိသားစုဝင်တွေအတွက် စိတ်အေးချမ်းလုံခြုံမှုရရှိစေမှာဖြစ်ပါတယ်။ 

အသက်အာမခံအစီအစဉ်တွေမှာ ငွေစုဆောင်းနိုင်မယ့် အခွင့်အလမ်းများလည်း ပါဝင်တာကြောင့် အချိန်ကြာလာတာနဲ့အမျှ ကိုယ်စုဆောင်းချင်တဲ့ ပမာဏကို စုမိဆောင်းမိဖြစ်စေပါတယ်။ တချို့သော အသက်အာမခံ အစီအစဉ်တွေမှာတော့ အာမခံကာလအတွင်း အကျိုးခံစားခွင့်(Claim) ထုတ်ယူခြင်း မရှိခဲ့ပါက ရရှိရမယ့်  ပရီမီယံကြေးအားလုံးအပြင် အတိုးရာခိုင်နှုန်းတစ်ခုကိုလဲ ထပ်ဆောင်းပြီး ပြန်လည်ရရှိမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဘဝရည်မှန်းချက်တွေဖြစ်ကြတဲ့  အိမ်ဝယ်ဖို့၊ စီးပွားရေးလုပ်ငန်းတစ်ခု စတင်ဖို့ နဲ့အသက်ကြီးလာတဲ့အခါ စိတ်အေးလက်အေးအနားယူနိုင်ဖို့တို့အတွက် ငွေစုပြင်ဆင်ထားဖို့လိုသလို သင်နဲ့ သင်ချစ်ခင်တန်ဖိုးထားရသူတွေအတွက်လည်း နောင်ရေးစိတ်အေးရအောင် အသက်အာမခံထားရှိခြင်းနဲ့ ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်။ 

 

ကျန်းမာရေးအာမခံဆိုတာဘာလဲ 

နေမကောင်းဖြစ်တာ၊ ကျန်းမာရေးအတွက် ဆေးရုံဆေးခန်းပြရတာ၊ ခွဲစိတ်ကုသမှု အစရှိတဲ့ အရာတွေအတွက် ကျန်းမာရေးကုန်ကျစရိတ်တွေဆိုတာ ကိုယ်မမျှော်လင့်တဲ့ အချိန်တွေမှာ ရောက်လာတတ်သလို ကုန်ကျစရိတ်ကလဲ များလေ့ရှိကြပါတယ်။ ကျန်းမာရေးအာမခံထားရှိခြင်းကတော့ ကျန်းမာရေးအတွက် ဆေးရုံဆေးခန်းပြသစရိတ်အပြင် ကုန်ကျစရိတ်များလွန်းလှတဲ့ ခွဲစိတ်မှုစရိတ်တွေအထိ ကိုယ်ရွေးချယ်တဲ့ကျန်းမာရေးအာမခံအမျိုးအစားအလိုက် ကုန်ကျစရိတ်တွေ ပြန်လည်ရရှိနိုင်ဖို့ အကာအကွယ်ပေးနိုင်မှာပါကျန်းမာရေးအာမခံနဲ့သာဆိုရင် ဒီဆေးရုံစရိတ်နဲ့ ဆေးဖိုးဝါးခတွေ ကာမိမှာဖြစ်လို့  ဆေးကုသစရိတ်အတွက် စိတ်ပူပန်စရာမလိုပဲ ကိုယ့်ကျန်းမာရေးပြန်ကောင်းလာဖို့တစ်ခုထဲကိုပဲ သေချာအာရုံစိုက်နိုင်မှာဖြစ်ပါတယ်။ 

 

မြန်မာနိုင်ငံမှာ ဘယ်လိုအသက်အာမခံအစီအစဉ်တွေ ရနေပြီလဲ 

မြန်မာနိုင်ငံရှိအာမခံတွေထဲမှာ လက်ရှိရယူနိုင်တဲ့ အသက်အာမခံအစီအစဉ်တွေကတော့  

Term Insurance - အချိန်ကာလ ("သက်တမ်း") တစ်ခုအတွင်း ကာကွယ်ပေးနိုင်သော အာမခံအစီအစဉ်။ အာမခံထားရှိသူဟာ အာမခံထားစဉ်ကာလအတွင်း ပြင်းထန်သောရောဂါဝေဒနာတစ်ခုခု ခံစားလာရပါက အာမခံကြေး ထုတ်ယူနိုင်မှာဖြစ်ပြီး အာမခံထားစဉ်အတွင်း ကွယ်လွန်သွားခဲ့ပါက အာမခံကြေးကို အကျိုးခံစားခွင့်ရှိသူမိသားစုဝင်တွေထံ ပေးအပ်သွားမှာဖြစ်ပါတယ်။  

အာမခံနှင့်ငွေကြေးစုဆောင်းခြင်း - ငွေစုအာမခံလို့ လူသိများတဲ့ဒီအာမခံအမျိုးအစားမှာတော့ အသက်အာမခံအကာအကွယ်ရယူနိုင်တဲ့အပြင် စတင်ဝယ်ယူထားတဲ့အချိန်ကနေစတင်ပြီး ငွေလည်း စုဆောင်းထားနိုင်ပါသေးတယ်။   ဒီအာမခံအစီအစဉ်ဟာ အိမ်ဝယ်ဖို့၊ အသက်ကြီးလာတဲ့အခါ အနားယူဖို့ ငွေကြိုစုဖို့ စသဖြင့် ကိုယ့်အနာဂတ်ရည်မှန်းချက်တွေ သာယာဖြောင့်ဖြူးဖို့အတွက် ကောင်းမွန်ပြီး သင့်လျော်တဲ့ ရွေးချယ်မှုတစ်ခုလို့ ပြောနိုင်ပါတယ်။ 

မြန်မာနိုင်ငံမှာရှိတဲ့ အာမခံတွေအနေနဲ့ မတော်တဆထိခိုက်မှုကြောင့် အာမခံထားရှိသူသေဆုံးတာအပြင်းအထန်နာမကျန်းဖြစ်တာတွေအတွက် လိုအပ်ချက်အလိုက် စိတ်တိုင်းကျ ရွေးချယ်နိုင်မယ့် ထပ်ဆောင်းအကာအကွယ်အစီအစဉ်တွေပါဝင်တဲ့ အသက်အာမခံအမျိုးမျိုးတွေ ရှိနေတာကိုလည်း သိထားဖို့အရေးကြီးပါသေးတယ်။  ဥပမာအားဖြင့်ဆိုရင် ပရူဒန်ရှယ်အာမခံမှာ customers တွေရဲ့ လိုအပ်ချက်အလိုက် စိတ်တိုင်းကျ စီစဉ်ရွေးချယ်နိုင်မယ့် PRUFlexiprotect အသက်အာမခံအစီအစဉ်တွေကို ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ ဒီအာမခံအစီအစဉ်ရဲ့အကျိုးခံစားခွင့်တွေအနေနဲ့ကတော့ ကင်ဆာရောဂါနဲ့ အဓိကကိုယ်တွင်းအင်္ဂါအစားထိုးကုသခြင်း အပါအဝင် ပြင်းထန်တဲ့ရောဂါ အမျိုးအစားပေါင်း (၂၀) အတွက် အပြင်းအထန်နာမကျန်းဖြစ်ခြင်းအတွက် အကျိုးခံစားခွင့် (ဒါမှမဟုတ်)  မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် အကျိုးခံစားခွင့် တို့ပါ အကာအကွယ်တွေ ထပ်ပေါင်းထည့်လို့လည်း ရနိုင်ပါတယ်။ 

PRUScholar အသက်အာမခံလိုမျိုး သင့်ကလေးရဲ့ အနာဂတ်ပညာရေးအတွက် ရွေးချယ်စုဆောင်းနိုင်သော အသက်အာမခံအစီအစဉ်များလည်းရှိပါသေးတယ်။ PRUScholar မှာဆိုရင် သင့်သားသမီးပညာရေး ပြီးဆုံးသည်အထိ အနာဂတ်ကြိုတင်သေချာအောင် ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒီအသက်အာမခံ အစီအစဉ်မှာဆိုရင် အခြေခံအာမခံအစီအစဉ်(Basic Plan) နဲ့  နှစ်ထပ်ကွမ်းအကျိုးခံစားခွင့် (Double Benefit Plan) ဆိုပြီးရွေးချယ်လို့ရပြီး  နှစ်ထပ်ကွမ်းအကျိုးခံစားခွင့် ထားရှိပြီး အာမခံသက်တမ်းအတွင်း အာမခံထားသူဟာ အသက်သေဆုံးမှု ဖြစ်ပေါ်ခဲ့ရင် ရည်မှန်းထားတဲ့သားသမီးပညာရေးအတွက် ထားရှိထားတဲ့ အာမခံ ပမာဏ ၁၀၀ရာနိုင်နှုန်းကို နှစ်အလိုက် ရရှိနိုင်မယ့် အပြင်  သေဆုံးချိန်တဲ့အချိန်မှာလည်း ထားရှိတဲ့အာမခံငွေပမာဏရဲ့ ၁၀၀ရာခိုင်နှုန်းကို ထပ်မံရရှိသွားမှာဖြစ်ပါတယ်။  

 

မြန်မာနိုင်ငံမှာ ဘယ်လိုကျန်းမာရေးအာမခံအမျိုးအစားတွေ ရနေပြီလဲ 

မြန်မာနိုင်ငံမှာရရှိနိုင်တဲ့ ကျန်းမာရေးအာမခံအစီအစဉ်တွေဟာ အမျိုးအစားပိုမိုစုံလင်လာပြီးတော့ ကိုယ့် ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ့်အကာအကွယ်တွေကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ ကျန်းမာရေး အာမခံအစီအစဥ်အများစုဟာ ခွဲစိတ်ကုသခြင်း၊ ညအိပ်ဆေးရုံတက်ခြင်းနဲ့ အတွင်းလူနာပြသခြင်းအစရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှု စရိတ်များကို ကာကွယ်ပေးလျက်ရှိပါတယ်။  ဒါ့အပြင် ပုံမှန်ဆေးခန်းပြခြင်း၊ ရောဂါရှာဖွေစစ်ဆေးခြင်းနဲ့ ဆေးဝါးများဝယ်ယူခြင်းစတဲ့  ပြင်ပလူနာကျန်းမာရေးစောင့်ရှောက်မှုများအတွက်ပါ ကာကွယ်ပေးတဲ့ အာမခံတွေလည်းရှိပါတယ်။ တချို့ကျန်းမာရေးအာမခံပေါ်လစီတွေမှာ ထပ်ဆောင်းအကျိုးခံစားခွင့်အနေနဲ့ အာမခံထားရှိသူ မတော်တဆ ထိခိုက်မှုကြောင့် အသက်သေဆုံးသွားခဲ့ပါက ကျန်ရစ်ခဲ့တဲ့မိသားစုကို အပိုနစ်နာကြေး ထပ်ဆောင်းပေးအပ်တဲ့အစီအစဉ်ရှိပါတယ်။ ပြင်းထန်တဲ့ရောဂါအခြေအနေတွေကုသရေးအတွက် အာမခံထားနိုင်တဲ့အစီအစဉ်တွေလည်း ရှိပါသေးတယ်။ တကယ်လို့ ကင်ဆာလိုမျိုး အသက်အန္တရာယ်စိုးရိမ်ရတဲ့ ရောဂါကြီးကြီးမားမားစစ်ဆေးတွေ့ရှိပါကလဲ  အာမခံကုမ္ပဏီရဲ့ ပေါ်လစီအတိုင်း အာမခံငွေပမာဏတစ်ခုကို ထုတ်ယူနိုင်ပါတယ်။  

ပရူဒန်ရှယ်အာမခံရဲ့ ကျန်းမာရေးအာမခံဖြစ်တဲ့ PRUHealth အစီအစဉ်မှာတော့ အခြေခံကျန်းမာရေးကာကွယ်စောင့်ရှောက်မှုအပြင် ပြင်းထန်ရောဂါ(ဒါမှမဟုတ်) ပိုမိုစုံလင်သော ကျန်းမာရေးဝန်ဆောင်မှုများကို လိုအပ်ချက်နဲ့အညီ စိတ်တိုင်းကျရွေးချယ်လို့ရအောင် စီစဉ်ထားပါတယ်။ 

 

သင်နဲ့သင့်လျော်မယ့် အာမခံရွေးချယ်ဖို့ အဆင်သင့်ဖြစ်ပြီလား 

အခုလောက်ဆိုလျှင် ကိုယ့်အနေနဲ့ ကျန်းမာရေးအာမခံနဲ့အသက်အာမခံတွေရဲ့အခြေခံအချက်တွေကို ခြုံငုံသိရှိပြီးလောက်ပြီဆိုတော့ ကိုယ်နဲ့ကိုက်ညီမယ့် အာမခံအစီအစဥ်အမျိုးမျိုးအကြောင်းကိုလည်း ဆက်လက်လေ့လာသွားမယ်လို့ မျှော်လင့်ပါတယ်။ ကိုယ့်အတွက်ဘယ်အာမခံအစီအစဥ်နဲ့ သင့်လျော်လည်းဆိုတာကို  ရွေးချယ်ဖို့ ဘယ်ကနေစရမယ်မှန်း မသေချာဘူးဖြစ်နေတယ်ဆိုရင်တော့  ပရူဒန်ရှယ်အာမခံ ဝက်ဘ်ဆိုဒ် ကို ဝင်ရောက်ကြည့်ရှုနိုင်သလို ပရူဒန်ရှယ်အာမခံရဲ့ hotline (+959770110010) ကို ခေါ်ဆိုပြီး ပရူဒန်ရှယ်အာမခံရဲ့ အာမခံအကြံပေးနဲ့အတူ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ အာမခံအကြံပေးမှ သင့်ရဲ့လိုအပ်ချက်၊ လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့ အာမခံအစီအစဉ်တစ်ခုကို ရွေးချယ်နိုင်ဖို့ အကြံပေးနိုင်သလို မိတ်ဆွေသိရှိလိုတဲ့အချက်အလက်နဲ့ မေးခွန်းတွေကိုပါ အချိန်မရွေးဖြေကြားပေးဖို့ အဆင်သင့်ရှိနေပါတယ်။ 

ကိုယ့်မှာရှိတဲ့ ငွေကြေးကို ထိရောက်စွာစီမံခန့်ခွဲခြင်းနဲ့ အနာဂတ်အတွက်ကြိုတင်ပြင်ဆင်ထားခြင်းက ကိုယ့် ဘဝတစ်လျှောက်လုံး စိတ်အေးချမ်းသာစွာ ဖြတ်သန်းနိုင်ဖို့ လိုအပ်တဲ့ အလေ့အထတစ်ရပ် ဖြစ်ပါတယ်ဘဝခရီးလမ်းကို လျှောက်လှမ်းမယ့် ပထမဆုံးခြေလှမ်းဟာ ကြီးကြီးမားမားဖြစ်စရာမလိုပါဘူးကိုယ့်အသက်နဲ့ ကျန်းမာရေးအာမခံအတွက် သက်မှတ်ထားတဲ့ငွေပေးသွင်းမှု အစီအစဉ်အတိုင်း ဖြစ်စေ တစ်နှစ် တစ်ကြိမ်ဖြစ်စေ စုဆောင်းထားခြင်းဖြင့် အဓိပ္ပါယ်ရှိတဲ့ ပြောင်းလဲမှုတစ်ရပ်ကို စတင်နိုင်ပါတယ်။ သေးငယ်တဲ့စတင်မှုက အချိန်ကြာလာတာနဲ့အမျှ ကြီးမားခိုင်မာတဲ့အခြေခံအုတ်မြစ်တွေအဖြစ် ပြောင်းလဲသွာနိုင်ပါတယ်မှန်ကန်တဲ့အာမခံအစီအစဉ်ရွေးချယ်မှုနဲ့ဆို ငွေကြေးစုဆောင်းနေမိရုံတင်မကပဲ သင်နဲ့သင်ချစ်ခင်ရတဲ့သူတွေအတွက်ပါ စိတ်အေးချမ်းသာမှုနဲ့ ရေရှည်အတွက် အကာအကွယ်တစ်ခုပါ တည်ဆောက်ပြီးသားဖြစ်နေမှာပါ။