Cancer Treatment

ကင်ဆာရောဂါသာဖြစ်ခဲ့ရင် သင်ကုသဖို့ အဆင်သင့်ဖြစ်ပြီလား ...

ကင်ဆာက ဒီနေ့ခေတ်မှာ အဖြစ်များလာတဲ့ ရောဂါတစ်ခု ဖြစ်လာသလို မိမိရဲ့ ပတ်ဝန်းကျင်မှာ ကင်ဆာဖြစ်လာတဲ့သူတွေကို မကြာခဏ တွေ့နေရပါတယ်။ ဒီလိုပဲ ကင်ဆာကုသမှု ကုန်ကျစရိတ်တွေကြောင့် အခက်အခဲဖြစ်ကြတာကိုလည်း တွေ့နေရပါတယ်။ ဒါကြောင့် ကိုယ့်မှာ ဒါမှမဟုတ် ကိုယ့်မိသားစုဝင် တစ်ဦးဦးမှာ ကင်ဆာရောဂါသာဖြစ်ခဲ့မယ်ဆိုရင် ကုသဖို့ အဆင်သင့်ဖြစ်နေပြီလား ဆိုတာကို မကြာခဏတွေးမိနေပါတယ်။ 

ကင်ဆာမဖြစ်စေဖို့ တတ်နိုင်သမျှ နေထိုင်စားသောက်နေထိုင်မှုပုံစံကို ပြောင်းလဲပြီး ကျန်းမာအောင် နေပေမယ့် မတော်တဆ ကင်ဆာဖြစ်လာခဲ့ရင်ရော။ မမျှော်လင့်ထားတဲ့ အခြေအနေမှာ ကင်ဆာဖြစ်လာခဲ့ရင် ကုသမှုစရိတ်တွေအတွက် အရန်အစီအစဉ် တစ်ခုခုတော့ ရှိထားသင့်ပါတယ်။ 

 

ကင်ဆာဆိုတာ ကုန်ကျစရိတ်များတဲ့ ရောဂါတစ်ခုပါ 

ကင်ဆာက ပြင်းထန်နာမကျန်းရောဂါ (Critical illness) ဖြစ်ပြီး သင့်ရဲ့ လုပ်ကိုင်နိုင်စွမ်း၊ သင့်ရဲ့ သက်တမ်းတွေကို ပြောင်းလဲစေနိုင်တဲ့ ရောဂါကြီးတစ်ခုပါ။ ကင်ဆာကုသနေစဉ်မှာ သင်အလုပ်နားထားရတာကြောင့် ဝင်ငွေတွေ လျော့နည်းနေနိုင်သလို ကုသမှုစရိတ်တွေအတွက် မိသားစုရဲ့ စုဆောင်းငွေကို ထုတ်သုံးရတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒီလိုအခြေအနေက သင့်ကို ဆေးဆက်ကုဖို့ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ 

ကုန်ကျစရိတ်တွေ များလာတဲ့အခါ လူနာက ငွေကြေးမတတ်နိုင်တော့တာကြောင့် ဆေးဆက်ကုဖို့ ရပ်လိုက်ရတာတွေ၊ သောက်လက်စဆေးတွေကို ဆက်မသောက်နိုင်တာတွေဖြစ်လာပြီး ရောဂါ ပိုမိုပြင်းထန်တတ်ပါတယ်။ လေ့လာချက်တွေအရလည်း ကင်ဆာရောဂါကုသထားတဲ့သူတွေက ရောဂါသက်သာပေမယ့် ငွေကြေးပိုင်းဆိုင်ရာမှာ ဝန်ထုပ်ဝန်ပိုးတွေ ကျန်ခဲ့တာကြောင့် စိတ်ကျရောဂါဖြစ်နိုင်ခြေများကြတာကို တွေ့ရပါတယ်။ 

ကင်ဆာကုသတဲ့အခါ ဘယ်လိုကုန်ကျစရိတ်တွေ ရှိနိုင်မလဲ 

ကင်ဆာလူနာတစ်ယောက်ချင်းဆီရဲ့ ကုသမှုတွေက မတူညီနိုင်သလို ကုန်ကျစရိတ်တွေကလည်း ကွာခြားနိုင်ပါတယ်။ ဒါကြောင့် ကုသမှု မစခင်မှာ ဘယ်လိုကုသမှုတွေ လိုအပ်နိုင်သလဲ၊ ဘယ်လောက်ကုန်ကျနိုင်မလဲဆိုတာကို ကြိုတင်လေ့လာထားသင့်ပါတယ်။  ဒါမှသာ ကုန်ကျစရိတ်အတွက် ကြိုတင်ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ 

အကြမ်းအားဖြင့်တော့ ကင်ဆာကုသတဲ့အခါ 

  • ကင်ဆာအထူးကုနဲ့ ပြသတဲ့စရိတ် 
  • ဆေးစစ်တဲ့စရိတ် 
  • Proceduresတွေအတွက် ကုန်ကျစရိတ် (ဥပမာ အသားစယူခြင်း) 
  • ဓာတ်မှန်စရိတ် 
  • ဓာတ်ရောင်ခြည်ကုထုံး စရိတ် 
  • ကင်ဆာဆေးဝါးများစရိတ် 
  • ဆေးခန်းပြသတဲ့စရိတ် 
  • ဆေးရုံတက်ရတဲ့စရိတ် 
  • ပြန်လည်သန်စွမ်းရေးစရိတ် 
  • ခွဲစိတ်စရိတ် 
  • သွားလာစရိတ် စတာတွေ ကုန်ကျနိုင်တယ်ဆိုတာ အခြေခံအားဖြင့်တော့ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ 

 

ကင်ဆာရောဂါသာဖြစ်ခဲ့မယ်ဆိုရင် သင်ကုသဖို့ အဆင်သင့်ဖြစ်ပြီလား 

ဒီလိုများပြားလှတဲ့ ကုန်ကျစရိတ်တွေ၊ တစ်နေ့တခြား ကြီးမြင့်လာတဲ့ ကုန်ကျစရိတ်တွေကြောင့် မတော်တဆ ကင်ဆာဖြစ်ခဲ့မယ်ဆိုရင် ကျန်းမာရေးအာမခံ ရှိနေမှသာ သေသေချာချာ ကုသနိုင်မှာ ဖြစ်ပါတယ်။ 

ဒါကြောင့် ငွေကြေးအစီအမံအနေနဲ့ 

  • ငွေကြိုစုပါ။ 

တစ်လကို ကျန်းမာရေးအသုံးစရိတ်ဆိုပြီး သီးခြားစုထားပါ။ တစ်လကို ပမာဏအနည်းစီက မသိသာပေမယ့် တကယ်တမ်း ဆေးကုသဖို့ လိုလာပြီဆို အများကြီး အထောက်အကူ ဖြစ်နိုင်ပါတယ်။ 

  • ကျန်းမာရေး အာမခံ ဝယ်ယူပါ။ 

ကျန်းမာရေးအာမခံဆိုတာလည်း ကျန်းမာရေးအကာအကွယ်တစ်ခုဖြစ်ပြီး မိမိဝယ်ယူထားတဲ့ အာမခံအလိုက် ကုန်ကျစရိတ်ထောက်ပံ့မှုတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ PRUFlexiprotect CI ဆိုတာ ကင်ဆာလိုမျိုး ပြင်းထန်နာမကျန်းရောဂါတွေ (Critical illness) မမျှော်လင့်ထားတဲ့အချိန်မှာ ဖြစ်လာတဲ့အခါ ကူညီပေးနိုင်တဲ့ အာမခံအမျိုးအစားပဲ ဖြစ်ပါတယ်။ ဒီအာမခံအမျိုးအစားက ကင်ဆာကုသမှုစရိတ်နဲ့ အလုပ်မလုပ်နိုင်တော့တဲ့ ကာလအတွက် ဝင်ငွေဆုံးရှုံးမှုတွေအတွက် အကာအကွယ်ဖြစ်စေမှာ ဖြစ်ပါတယ်။ PRUFlexiprotectCI အကြောင်း ပိုမိုသိရှိလိုပါက ဒီနေရာမှာ လေ့လာပါ။ 

 

ငွေကြေးအခက်အခဲတွေက ကင်ဆာကုသမှုအတွက် အတားအဆီး မဖြစ်နေသင့်ပါဘူး။ ငွေကြေးမတတ်နိုင်တာကြောင့် ကင်ဆာကုသမှုကို လက်လွတ်လိုက်ရတာ ဒါမှမဟုတ် ကင်ဆာကုသမှုကြောင့် စုဆောင်းငွေတွေ ဆုံးရှုံးသွားတာ၊ အကြွေးတွေ ကျန်ခဲ့တာ၊ မိသားစုအပေါ် ငွေကြေးဝန်ထုပ်ဝန်ပိုးတွေ ပေးမိတာတွေ မဖြစ်စေဖို့ ငွေကြေးကြိုတင်စုဆောင်းပါ၊ ကျန်းမာရေးအာမခံနဲ့ အကာအကွယ်ကြိုတင်ယူထားပါလို့ အကြံပြုချင်ပါတယ်ခင်ဗျာ။ 

 

 

References

Can I be prepared if cancer occurs? Financial guidance for those with concerns about cancer   Accessed date Aug 20, 2025 

Things to Know About the Cost of Your Cancer Treatment  Accessed date Aug 20, 2025 

Health Insurance Coverage Disruptions and Cancer Care and Outcomes: Systematic Review of Published Research   Accessed date Oct 29, 2025