“ကျန်းမာရေးအာမခံက ဈေးကြီးတယ်၊ ပိုက်ဆံဖြုန်းတာပဲ၊ အနာဂတ်အတွက်လည်း ပိုက်ဆံစုမိတာမဟုတ်ဘူး။” - အစရှိသဖြင့် ကျန်းမာရေးအာမခံနဲ့ ပတ်သက်ပြီး အများစု အထင်အမြင်လွဲနေတာလေး ရှိကြပါတယ်။ တစ်ဖက်မှာလည်း ဆေးကုသစရိတ်၊ ဆေးဝါးစရိတ်နဲ့ ဆေးရုံတက်ရတဲ့ ကုန်ကျစရိတ်အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု စရိတ်တွေကလည်း တစ်နေ့တစ်ခြား တစ်ဖြည်းဖြည်းမြင့်တက်လာနေပါတယ်။ ကျန်းမာရေးအာမခံဟာဆိုရင် မမျှော်လင့်ထားတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာတဲ့အခါ အခုလို ကုန်ကျစရိတ်တွေကို ကာကွယ်ပေးနိုင်ပြီး ငွေကြေးပိုင်းဆိုင်ရာ အထောက်အပံ့တစ်ခုလို ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။
လူအများစုက မဖျားမနာရင် သူတို့ဝယ်ထားတဲ့ အာမခံက အလကားဖြစ်သွားလိမ့်မယ်လို့ ထင်တတ်ကြပါတယ်။ သွက်လက်ဖျက်လတ်တဲ့ လူငယ်တွေကလည်း သူတို့ကျန်းမာရေးအပေါ်မှာ ယုံကြည်မှုအပြည့်နဲ့ သူတို့သာ ကျန်းမာနေရင် ဒီကျန်းမာရေးအာမခံက အသုံးမဝင်ဘူးလို့ တွေးကြတာရှိပါတယ်။ ဒါပေမဲ့ တကယ်လို့များ ကိုယ်က အာမခံမထားမိတဲ့အချိန်မှာ အကြီးအကျယ်နေမကောင်းဖြစ်တာ ဒါမှမဟုတ် မတော်တဆတစ်ခု ကြီးကြီးမားမား ကြုံလိုက်ရတဲ့အခါကျရင် ငွေကြေးကြောင့် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို ခံစားမိမှာပါပဲ။
ကျန်းမာရေးအာမခံဆိုတာ ကိုယ်နဲ့ ကိုယ်ချစ်ရတဲ့သူတွေကို ကြိုမသိနိုင်တဲ့ လောကဓံအချိုးအကွေ့တွေကြောင့်ဖြစ်လာနိုင်တဲ့ ငွေကြေးပိုင်းဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးတွေကနေ ကာကွယ်ပေးတာပါပဲ။ ကျန်းမာရေးအာမခံနဲ့သာဆိုရင် ဒီဆေးဖိုးဝါးခတွေကို ကာမိတော့ စိတ်သက်သာရာရနိုင်ပါတယ်။ ဒါ့ကြောင့် ငွေရေးကြေးရေးကို ထည့်စဉ်းစားစရာမလိုဘဲ ဆေးကုသမှုကို အကောင်းဆုံးခံယူပြီး ကိုယ့်ကျန်းမာရေးပြန်ကောင်းလာဖို့ တစ်ခုထဲကိုပဲ သေချာ အာရုံစိုက်နိုင်တော့မှာပါ။ ဒါကြောင့် ကျန်းမာရေးအာမခံ အဝယ်သင့်ဆုံးအချိန်ကတော့ ငယ်ရွယ်ကျန်းမာနေတုန်းအချိန်ပါပဲ။
တချို့ကျတော့လည်း ကိုယ်က အခုလိုမျိုး အာမခံအကျိုးခံစားခွင့်ပြန်လည်ထုတ်ယူတဲ့အခါ စာရွက်စာတမ်းအများကြီးနဲ့ အလုပ်ရှုပ်မှာ၊ အဲဒီအကျိုးခံစားခွင့် ကိုယ့်ဆီရောက်လာဖို့အတွက် အကြာကြီးစောင့်ရမှာ၊ ဒါမှမဟုတ် ကိုယ်က အရေးပေါ်ကျန်းမာရေးကိစ္စဖြစ်လာတဲ့အခါမျိုးမှာ အချိန်မှီမရမှာ စတာတွေအတွက် စိုးရိမ်တတ်ကြပါတယ်။ ပရူဒန်ရှယ်အာမခံမှ အာမခံဝယ်ယူထားသူများအနေနဲ့ လွယ်ကူရိုးရှင်းစွာ အာမခံအကျိုးခံစားခွင့် ပြန်လည်ထုတ်ယူနိုင်တဲ့အပြင် ပရူဒန်ရှယ်အာမခံရဲ့ မိတ်ဖက်ဆေးရုံဆေးခန်းတွေမှာ သွားရောက်ကုသတဲ့အခါမှာလည်း ဆေးကုသမှုစရိတ်ကို ကိုယ့်အနေနဲ့ အရင်ကြိုရှင်းထားစရာမလိုတဲ့အတွက် လူနာအတွက်ရော၊ လူနာမိသားစုအတွက်ပါ စိတ်အေးစေနိုင်မှာဖြစ်ပါတယ်။
အချို့လုပ်ငန်းအဖွဲ့အစည်းတွေက ဝန်ထမ်းတွေကို ကျန်းမာရေးအာမခံဝယ်ပေးတယ်ဆိုတာ မလိုလားအပ်တဲ့ကုန်ကျစရိတ်ဖြစ်တဲ့အပြင် ဒီကာကွယ်မှုနည်းနည်းလေးနဲ့လည်း သူတို့ဝန်ထမ်းတွေကို ကာကွယ်ပေးနိုင်မှာမဟုတ်လောက်ပါဘူး ဆိုပြီးလည်း အထင်လွဲမှားနေတာမျိုးရှိပါတယ်။ ကျန်းမာရေးအာမခံဝယ်ပေးလိုက်ခြင်းက ဝန်ထမ်းတွေအတွက် အကျိုးခံစားခွင့်တင်မဟုတ်ဘဲ ရေရှည်ရင်းနှီးမြှုပ်နှံမှုလည်းဖြစ်ပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ လုပ်ငန်းခွင်က လုပ်ငန်းခွင်စွမ်းဆောင်ရည်တွေကိုလည်း ပိုမိုတိုးတက်စေတယ်။ ပြီးတော့ ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကိုလည်း မြှင့်တင်ပေးနိုင်မယ်။ ဝန်ထမ်းတစ်ယောက်က ဖျားတဲ့အခါမှာ ကုမ္ပဏီဘက်ကပေးတဲ့ ကျန်းမာရေးအာမခံကြောင့် သူ့အနေနဲ့ ငွေရေးကြေးရေးစိတ်ပူစရာမလိုဘဲ ဆေးကုသမှုကို ကောင်းကောင်းခံယူနိုင်ပြီး နေကောင်းတဲ့အခါမှာ ကုမ္ပဏီရဲ့ အောင်မြင်မှုအတွက်ကို ဆက်လက်ပံ့ပိုးပေးသွားနိုင်မှာပါ။ ဒါက ဝန်ထမ်းတွေနဲ့ သူတို့ရဲ့မိသားစုတွေအတွက်ပါ အကျိုးရှိစေရုံသာမက အလုပ်ရှင်-အလုပ်သမားဆက်ဆံရေးကိုလည်း ပိုမိုနွေးထွေးခိုင်မာစေပါတယ်။
ယခုဆောင်းပါးကို ပရူဒန်ရှယ်အာမခံရဲ့ Former Chief Human Resources Officer မ Laura Cho နဲ့အတူ ကျန်းမာရေးကဏ္ဍမှာလည်း အတွေ့အကြုံများစွာရှိတဲ့ ဒေါက်တာ သူရိန်လှိုင်ဝင်းတို့ ဆွေးနွေးထားတဲ့ “Myth Busting Health Insurance” ဗီဒီယိုမှ မှီငြမ်းကောက်နှုတ်ထားပါတယ်။ ကျန်းမာရေးအာမခံနဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့ အယူအဆတွေ၊ တစ်ဦးချင်းစီအတွက်နဲ့ မိသားစုဝင်တွေအတွက် ကျန်းမာရေးအာမခံထားရှိတဲ့အခါမှာ ရနိုင်တဲ့ အကျိုးကျေးဇူးတွေ၊ အဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီတွေက ဝန်ထမ်းတွေအတွက် ထားရှိပေးထားတဲ့ ကျန်းမာရေးအာမခံက အရေးပါတဲ့အကြောင်းတွေကို အသေးစိတ်အပြည့်အစုံသိရှိနိုင်စေရန် ဒီလင့်ခ်မှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။