Prudential x SuperM

SuperM အဖွဲ့ဝင်တွေလဲ ကျန်းမာကြံ့ခိုင်အောင် တကယ်လုပ်ဆောင်ကြတယ်

SuperM အဖွဲ့ထဲက သင်ကြိုက်နှစ်သက်တဲ့ ကြယ်ပွင့်လေးနဲ့ပတ်သက်တဲ့ သီးသန့် အကြောင်းအရာတွေကို ရယူပြီးတော့ ကေ့ပေါ့ပ်ကြယ်ပွင့်တွေက ကျန်းမာကြံ့ခိုင်မှုရှိအောင် ဘယ်လို တကယ်လုပ်ဆောင်ကြလဲဆိုတာ ကြည့်ရှုလိုက်ပါ။

ဒို့တွေတကယ် ကျန်းမာပျော်ရွှင်အောင် နေကြတယ်” အစီအစဉ်ကနေ သင်ကြိုက်နှစ်သက်တဲ့ ကြယ်ပွင့်ကို ဖမ်းဆုပ်လိုက်ပါ

သင်ကြိုက်နှစ်သက်တဲ့ ကြယ်ပွင့်တွေအကြောင်း ပိုသိအောင် လေ့လာရင်း သူတို့နဲ့ ပိုပြီး နီးကပ်လာအောင် ခြေတစ်လှမ်းတိုးလိုက်ပါ။ ဒါတွေအပြင် အဖွဲ့ဝင်တစ်ယောက်ချင်းစီရဲ့ သီးသန့် အကလေ့ကျင့်ခန်းတွေကို ကြည့်ရှုပြီး ကျန်းမာပျော်ရွှင်နေအောင် သူတို့တွေ ဘာတွေ နေ့စဉ်လုပ်နေလဲဆိုတာ ရှာဖွေလိုက်ပါ။

BAEKHYUN

Leader, Main Vocalist
arrow
SuperM အဖွဲ့ရဲ့ ဘက်စုံတော်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ‘ပါရမီရှင် Idol’ တစ်ယောက်လို့ လူသိများတဲ့ BAEKHYUN ဟာ EXO အဖွဲ့ဝင်တစ်ဦးဖြစ်ပြီးတော့ တစ်ဦးချင်း အဆိုရှင်တွေထဲမှာ ပထမဦးဆုံးအဖြစ် အယ်လ်ဘမ်ပေါင်း တစ်သန်းကျော် ရောင်းချနိုင်ခဲ့တဲ့ အနုပညာရှင်အဖြစ် ရပ်တည်နေသူပါ။
arrow
BAEKHYUN က ဂီတပိုင်းမှာတင် ထူးချွန်တာမဟုတ်ဘဲ သရုပ်ဆောင်ကောင်းတဲ့ အနုပညာ ကြယ်တစ်ပွင့်လည်း ဖြစ်ပါတယ်။ BAEKHYUN ဟာ “Moon Lovers: Scarlet Heart Ryo” ကိုရီးယားဒရာမာ ဇာတ်လမ်းတွဲမှာ သူရဲ့ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုကြောင့် ၂၀၁၆ ခုနှစ်ရဲ့ Best New Star ဆုကို ရယူသိမ်းပိုက်နိုင်ခဲ့ပါတယ်။
arrow
၂၀၁၈ ခုနှစ်မှာတော့ BAEKHYUN ဟာ ဖက်ရှင်လောကထဲကို သူ့ရဲ့ ကိုယ်ပိုင်တံဆိပ်ဖြစ်တဲ့ “Prive by BBH” နဲ့အတူ စတင်ဝင်ရောက်ခဲ့ပြီး ကိုယ်တိုင်လည်း တံဆိပ်ရဲ့ တွဲဖက်ဒါရိုက်တာအနေနဲ့ တာဝန်ယူထားပါတယ်။
arrow
အကောင်းမြင်စိတ်တွေနဲ့ နေထိုင်သွားဖို့ဆိုတဲ့ အချက်က သင့်ရဲ့ ၂၀၂၁ ပန်းတိုင်တွေထဲမှာ ရှိနေတုန်းလား? ဒါနဲ့ပတ်သက်ပြီး BAEKHYUN ပြောတဲ့စကားကို ကြည့်ရအောင်! စိတ်ဖိစီးမှုဆိုတာ သူ့ကို နိုင်ဖို့မပြောနဲ့ esports ဂိမ်းပြိုင်ကွင်းတွေထဲက သူ့ ပြိုင်ဘက်တောင် မဖြစ်လာနိုင်ပါဘူးတဲ့။

  ကျွန်တော်တို့က ပုံမှန်လောက်ပဲ လုပ်ကြတဲ့သူတွေ မဟုတ်ပါဘူး။ #ကျွန်တော်တို့ တကယ် အံ့သြစရာကောင်းတဲ့ ရလဒ်တွေရအောင် အတူတူ လက်တွဲလုပ်ကိုင်ပါတယ်။
BAEKHYUN

အသစ်အဆန်း ကကွက်တစ်ခုခုများ ကြည့်ချင်လား? BAEKHYUN ရေ... ကကွက်တွေ ပြလိုက်ပါဦး။

KAI

Lead Dancer, Main Vocalist
arrow
KAI လို့ လူသိများတဲ့ Kim Jong-in ဟာ ပရိတ်သတ်တွေရှေ့ကို ပထမဦးဆုံးချပြခဲ့တဲ့ EXO အဖွဲ့ဝင် idol တစ်ယောက် ဖြစ်ပါတယ်။ KAI က K-pop လောကမှာ အကောင်းဆုံး အကသမားတွေထဲက တစ်ယောက်လို့ လူအများက သတ်မှတ်ထားကြပါတယ်။
arrow
- KAI ဟာ အသက်ရှစ်နှစ် အရွယ်ကစလို့ သူ့ရဲ့ အကအနုပညာခရီးကို စတင်ခဲ့ပြီး Jazz အကကို အထူး စိတ်ဝင်စားခဲ့သူ ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူဟာ Jazz ၊ Ballet ၊ Hip Hop ၊ Popping ၊ Locking အစရှိတဲ့ အကအမျိုးအစားပေါင်းများစွာကို ထူးချွန်ပြောင်မြောက်စွာ ကနိုင်တဲ့သူတစ်ဦး ဖြစ်နေပါပြီ။
arrow
KAI ဟာ သူ့ရဲ့ မော်ဒယ် အနုပညာပိုင်းကို ‘The Big Issue’ မဂ္ဂဇင်းနဲ့အတူ စတင် ပွဲဦးထွက်ခဲ့စဉ်က နှစ်ရက်အတွင်းမှာပဲ မဂ္ဂဇင်းအစောင်ရေပေါင်း (၈၀,၀၀၀) အထိ စံချိန်တင်ရောင်းချနိုင်ခဲ့တဲ့ အနုပညာကြယ်တစ်ပွင့် ဖြစ်ပါတယ်။
arrow
သင့်ခန္ဓာကိုယ်မှာ ဇီဝကမ္မဖြစ်စဉ်တွေ မှန်မှန်ကန်ကန် အလုပ်လုပ်အောင် ဘယ်လိုထိန်းသိမ်းမလဲ? KAI လိုပဲ နေ့တိုင်း အချိန်မှန်မှန် အိပ်နိုင်အောင် ကြိုးစားပါ။

 ကျွန်တော်တို့က တစ်ခုခုကို လိုချင်ရင် #ကျွန်တော်တို့ လုပ်နိုင်တာမှန်သမျှ တကယ် အကုန်လုပ်ပါတယ်။
KAI

နေပါဦး... KAI က ဘယ်လို တစ်ကယ်လက်တွေ က,လည်းဆိုတာ ပြပါဦးမယ်။

LUCAS

Lead Rapper
arrow
LUCAS လို့ သိကြတဲ့ Wong Yuk-hei က တရုတ်-ထိုင်း လူမျိုး အဆိုတော်၊ Rapper နဲ့ မော်ဒယ်တစ်ဦးဖြစ်ပါတယ်။ LUCAS က ဘာသာစကားများစွာကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ပြီးတော့ ကိုရီးယား၊ မန်ဒရင်း၊ ကန်တိုနိစ် (တရုတ်) နဲ့ အင်္ဂလိပ် ဘာသာစကားတွေကို ပြောဆိုနိုင်ပါတယ်။
arrow
LUCAS ဟာ ဟောင်ကောင်က လူရွေးပွဲကတစ်ဆင့် ဝင်ရောက်အရွေးခံခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ SM Entertainment ကို စတင်ဝင်ရောက်နိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ NCT U အဖွဲ့နဲ့အတူ ပွဲဦးထွက်ခဲ့ပါတယ်။
arrow
LUCAS ဟာ အရင်တုန်းက Running Man China လို့ခေါ်တဲ့ Keep Running အစီအစဉ်မှာလည်း အချိန်ပြည့် အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပါဝင်နေသူ ဖြစ်ပါတယ်။
arrow
အမြဲတမ်း တစ်နေရာတည်းမှာ တက်ကြွနေဖို့ပဲ ကြိုးစားရမှာလား? မဟုတ်ပါဘူး။ LUCAS ဆိုရင် ကပွဲကြမ်းပြင်ထက်မှာ လိပ်ပြာတစ်ကောင်လို ပေါ့ပါးသွက်လက်နေရုံတင်မက လက်ဝှေ့ကြိုးဝိုင်းထဲမှာလည်း အဆိပ်ဆူးနဲ့ ပျားတစ်ကောင်လိုပါပဲ။

 - ကျွန်တော်တို့က အပြောပဲ မဟုတ်ပါဘူး။ #ကျွန်တော်တို့ တကယ် လက်တွေ့လုပ်ပါတယ်။
LUCAS

ပရိသတ်ကြီးရေ... LUCAS ကတော့ ဒီလို က,တာပါနော်။

MARK

Main Rapper, Lead Dancer, Sub Vocalist
arrow
သူ့ရဲ့ အမာခံပရိတ်သတ်တွေက MARK ဒါမှမဟုတ် Mark Lee လို့ခေါ်ကြပြီး ကနေဒါနိုင်ငံသား Rapper၊ အဆိုတော်နဲ့ တေးရေးဆရာ တစ်ဦးဖြစ်ပါတယ်။ Mark ဟာ SuperM အဖွဲ့မှာ အငယ်ဆုံးအဖွဲ့ဝင် “Maknae” လည်း ဖြစ်ပါတယ်။
arrow
MARK ဟာ ၂၀၁၂ ခုနှစ်မှာ SM entertainment ကို ဝင်ရောက်နိုင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ NCT အဖွဲ့ရဲ့ အဖွဲ့ဝင်အနေနဲ့ ပွဲဦးထွက်မိတ်ဆက်ခဲ့ပြီး အဖွဲ့နဲ့အတူ “The 7th Sense” သီချင်းကို ဖြန့်ချိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ NCT ရဲ့ အဖွဲ့ခွဲတွေဖြစ်တဲ့ NCT 127 နဲ့ NCT Dream တို့ကို ဝင်ရောက်ခဲ့ပါတယ်။
arrow
သူဟာ အရည်အချင်းရှိတဲ့ တေးရေးဆရာတစ်ယောက်ဖြစ်ပြီး SuperM အပါအဝင် သူပါဝင်ခဲ့တဲ့ အဖွဲ့တိုင်းအတွက် သီချင်းများစွာကိုလည်း ရေးစပ်ပေးခဲ့ပါတယ်။
arrow
သင့်ရဲ့ ကျန်းမာပျော်ရွှင်ရေးကို ထိန်းသိမ်းထားချင်လား? MARK ရဲ့ အဆိုအရ ကောင်းကောင်း အိပ်စက်အနားယူလိုက်တဲ့ ညတစ်ညဟာ အရာအားလုံးကို ကုစားပေးနိုင်ပါတယ်တဲ့။ MARK က စံပယ်ရနံ့ကို အနှစ်သက်ဆုံးဖြစ်ပြီး သူ ကောင်းကောင်းအိပ်စက်အနားယူနိုင်ဖို့ အစိုဓာတ်ထိန်းစက်မှာ စံပယ်ရနံ့ကို အသုံးပြုတတ်ပါတယ်။

 တက်ကြွတဲ့ခွန်အားတွေ မျှဝေပြီး ကိုယ်တကယ် မြတ်နိုးတဲ့အရာအတွက် ကြိုးကြိုးစားစား အလုပ်လုပ်ကိုင်တာက #ကျွန်တော်တို့ တကယ်လုပ်တယ်ဆိုတာ ဖော်ပြနေတာပါ။
MARK

MARK + သူ့ရဲ့ကကွက်ဆန်းတွေ = အံ့သြစရာပါပဲ။ သူ့ကကွက်တွေအတိုင်း လိုက်ကပါ၊ ပြီးတော့ သင့်ရဲ့ ကကွက်တွေကိုလည်း ပြပါဦး။

TAEMIN

Main Dancer, Main Vocalist
arrow
Lee Tae-Min ရဲ့ အောင်မြင်မှုတွေနဲ့ အနုပညာ အရည်အသွေးက ‘Idol တွေရဲ့ idol’ ဆိုတဲ့ နာမည်ပြောင်ကို ရတဲ့အထိပါပဲ။ SHINee ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီးတော့ ၂၀၁၄ ခုနှစ်မှာ အနုပညာအလုပ်တွေကို တကိုယ်တော်အဖြစ် ရပ်တည် လုပ်ကိုင်ရင်း ဆက်လက်အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။
arrow
TAEMIN ဟာ ဂီတလောကထဲတင်မက အခြားအနုပညာအလုပ်မျိုးစုံကို လုပ်ကိုင်နေတဲ့ ဘက်စုံထူးချွန်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ “Goong” ကနေ စီစဉ်တဲ့ တေးသရုပ်ဖော်ပြပွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး “I Am” ဆိုတဲ့ မှတ်တမ်းတင်ရုပ်ရှင်မှာ ပါဝင်ခဲ့ရုံသာမက “The Outback” ဆိုတဲ့ ကိုရီးယား ကာတွန်းရုပ်ရှင်မှာလည်း အသံသရုပ်ဆောင်အနေနဲ့ သရုပ်ဆောင်ထားပါသေးတယ်။
arrow
၂၀၁၇ ခုနှစ်မှာတော့ TAEMIN ဟာ ဂျပန်ဘာသာနဲ့သီဆိုထားတဲ့ သူ့ရဲ့ “Flame of Love” သီချင်းနဲ့အတူ ဂျပန်နိုင်ငံ ဂီတလောကကို စတင်ထိုးဖောက် ဝင်ရောက်ခဲ့ပါတယ်။
arrow
အမြဲတမ်း သန်မာပြီး ကျန်းမာသွက်လက်နေအောင် TAEMIN ဘယ်လို ဂရုစိုက်လဲ သိချင်လား? သူက နေ့တိုင်း squats ထိုင်တဲ့ လေ့ကျင့်ခန်းကို ၁၀ မိနစ်လောက် အမြဲ လုပ်ပါတယ်။ ဒီလေ့ကျင့်ခန်းက လွယ်တယ်၊ ပျော်ဖို့ကောင်းတယ်၊ ပြီးတော့ ဘယ်နေရာဖြစ်ဖြစ် သူလုပ်နိုင်တယ်လေ။

ကျွန်တော်တို့နဲ့အတူတူ အခုပဲ ပျော်စရာတွေ ဖန်တီးရအောင်
TAEMIN

TAEMIN က pre-chorus မှာ သူ့ရဲ့ကကွက်တွေကို ဘယ်လို အမျိုးမျိုးသုံးပြီး က,သွားလည်းဆိုတာ ကြည့်လိုက်ပါဦး။

TAEYONG

Main Rapper, Lead Dancer, Sub Vocalist
arrow
သူ့ရဲ့ အမာခံပရိတ်သတ်တွေက TAEYONG ဒါမှမဟုတ် Lee Tae Yong လို့ ခေါ်ကြပြီး MARK ၊ LUCAS ၊ TEN တို့ ပါဝင်တဲ့ အမျိုးသားအဆိုတော်အဖွဲ့ NCT ရဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။
arrow
အကနဲ့ပတ်သက်ပြီး ဘာမှ အတွေ့အကြုံမရှိခဲ့ပေမဲ့ TAEYONG ရဲ့ အထူး ကြိုးစားအားထုတ်ခဲ့တဲ့ ဖျော်ဖြေတင်ဆက်မှုတွေကြောင့် သူ့ကို အဖွဲ့ရဲ့ main rapper နဲ့ main dancer တစ်ယောက် ဖြစ်စေခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ “Long Track” လို့အမည်ရတဲ့ တစ်ကိုယ်တော်သီချင်းကိုလည်း ဖြန့်ချိခဲ့ပါတယ်။
arrow
MARK လိုပဲ TAEYONG ကလည်း ပြောင်မြောက်တဲ့ တေးရေးဆရာတစ်ယောက်ဖြစ်ပြီး မတူညီတဲ့ ဘာသာစကား (၄) မျိုးနဲ့ တေးသီချင်းပေါင်း (၃၀) ကျော် ရေးသားခဲ့ပါတယ်။
arrow
အမြဲ သတိကောင်းဖို့ ဘယ်လိုစပြီး လေ့ကျင့်ရမလဲဆိုတာ တွေးဖူးလား? စိတ်ကြည်နူးချမ်းမြေ့စရာ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ဖို့ TAEYONG ရဲ့လျှို့ဝှက်ချက်က Ennio Morricone ရဲ့ ဟိုးအရင်က ဂန္ဓဝင်တေးသီချင်းကောင်းတွေကို နားဆင်တာပါပဲတဲ့။

တစ်နေ့ထက်တစ်နေ့ ပိုကောင်းတဲ့လူတွေ ဖြစ်လာဖို့ ကျွန်တော်တို့ ဘာမဆို တစ်ကယ် ကြိုးစားလုပ်ဆောင်ပါတယ်။
TAEYONG

#WeDO သီချင်းသစ်မှာ TAEYONG ကို ဘာက စိတ်လှုပ်ရှားစေခဲ့တာလဲ? ကျွန်တော်တို့အားလုံး ကိုယ့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ခံစားသက်ဝင်နိုင်စေတဲ့ အခွင့်အရေး ရှိနေလို့ပါ။

TEN

Lead Dancer, Lead Vocalist, Sub Rapper
arrow
TEN လို့ သိကြတဲ့ Chittaphon Leechaiyapornku က ထိုင်းနိုင်ငံက လာရောက်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံနဲ့ တရုတ်နိုင်ငံတို့မှာ လူသိများပြီးသား နာမည်ကြီး အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။
arrow
TEN ဟာ ၂၀၁၀ ခုနှစ်၊ ထိုင်း TV ရှိုးတစ်ခုမှာ ‘Teen Superstar’ ဆုကို အနိုင်ရရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်နောက်ပိုင်း ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ SM Thailand Global Auditions မှာ ထိပ်ဆုံးက ရွေးချယ်ခံခဲ့ရပြီးတော့ SM Rookies အစီအစဉ်ကတစ်ဆင့် SM Entertainment နဲ့ စတင်လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာပါ။
arrow
၂၀၁၆ ခုနှစ် နောက်ပိုင်းမှာတော့ အဖွဲ့ခွဲ NCT U ရဲ့ အဖွဲ့ဝင်အနေနဲ့ “The 7th Sense” သီချင်းနဲ့အတူ ပွဲဦးထွက်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ NCT အဖွဲ့ခွဲ WayV နဲ့ ပွဲဦးထွက်ခဲ့ပါတယ်။ WayV ဆိုတာ တရုတ်အခြေစိုက်အဖွဲ့ဖြစ်ပြီး တရုတ်၊ ဟောင်ကောင် နဲ့ ထိုင်းနိုင်ငံတို့က အဖွဲ့ဝင်တွေ ပါဝင်ပါတယ်။
arrow
စိတ်ဓာတ်ကျတဲ့ အချိန်ဖြစ်ဖြစ်၊ အထီးကျန်သလို ခံစားရတဲ့ အချိန်ဖြစ်ဖြစ် သင် ဘာလုပ်တတ်လဲ? TEN ရဲ့ အကြံပေးချက်ကတော့ လက်တစ်စုံကို ဆုပ်ကိုင်လိုက်ဖို့ပဲ လိုပါတယ်။ လတ်လတ်ဆတ်ဆတ် ဆူရှီတွေ လိုက်ထည့်ပေးနေတဲ့ လက်ဖြစ်ဖြစ်ပေါ့တဲ့။

 ကျန်းမာရေးအတွက် လုပ်ရတာ ပျော်စရာမကောင်းဘူးလို့ ဘယ်သူပြောလဲ?
TEN

SuperM ရဲ့ #WeDo သီချင်းဗီဒီယိုအသစ်ကို ကြည့်ပြီးကြပြီလား? TEN ရဲ့ ဆွဲဆောင်မှုရှိတဲ့ သတိပေးသံလေးကို နားဆင်ကြည့်ပါဦး။