benefits for employees and customers

ပရူဒန်ရှယ်အာမခံ Customer များအတွက် အထူးသီးသန့် အကျိုးခံစားခွင့်များ

ပရူဒန်ရှယ်အာမခံရဲ့ အကျိုးခံစားခွင့်အစီအစဉ်ကို Customer တွေအနေနဲ့ ပရူဒန်ရှယ်အာမခံရဲ့ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေနဲ့ အတွေ့အကြုံအသစ်တွေလိုမျိုး မတူညီတဲ့လက်ဆောင်တွေအများကြီး ရရှိနိုင်ဖို့အတွက် စီစဉ်ပေးထားပါတယ်။ ဒီအစီအစဉ်ကနေတစ်ဆင့် Customer တွေအနေနဲ့ ထပ်လောင်းအကျိုးခံစားခွင့်တွေကို ရရှိခံစားနိုင်မယ့်အပြင် အခုချိန်ထိ ယုံကြည်စွာ လက်တွဲလာခဲ့ကြတဲ့ ပရူဒန်ရှယ်အာမခံ Customer တွေအားလုံးကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဒီအစီအစဉ်ကို ပြုလုပ်ရခြင်းဖြစ်ပါတယ်။

Rewards PartnersFind offers lifestyle privileges, education institution discounts, and advisory services. Explore our reward partners below.

မေးလေ့မေးထရှိသော မေးခွန်းများ

အကျိုးခံစားခွင့်အတွက် ဘယ်သူတွေ အကျုံးဝင်လဲ?

ပရူဒန်ရှယ်အာမခံပေါ်လစီကိုင်ဆောင်ထားသူအားလုံးနဲ့ ပရူဒန်ရှယ်အာမခံဝန်ထမ်းများအားလုံး အကျိုးခံစားခွင့်ကို ရရှိခံစားနိုင်ပါတယ်။

အကျိုးခံစားခွင့်တွေထဲမှာ ဘာတွေပါဝင်လဲ?

အကျိုးခံစားခွင့်တွေထဲမှာဆိုရင် Gym တွေ၊ ဟိုတယ်တွေ၊ အလှအပဆေးခန်းတွေ၊ Spa တွေအစရှိတဲ့ ပရူဒန်ရှယ်အာမခံရဲ့ မိတ်ဖက်အဖွဲ့အစည်းလုပ်ငန်းတွေက ပေးအပ်တဲ့ အထူးအကျိုးခံစားခွင့်တွေပါဝင်ပါတယ်။

အကျိုးခံစားခွင့်ကို ဘယ်လိုရယူရမလဲ?

အကယ်၍ သင်က ပရူဒန်ရှယ်အာမခံရဲ့ဝန်ထမ်းဆိုရင် ဝန်ထမ်းကတ်ပြသဖို့ လိုအပ်ပြီး ပရူဒန်ရှယ်အာမခံပေါ်လစီ ကိုင်ဆောင်ထားသူတစ်ယောက်ဆိုရင်တော့ ပရူဒန်ရှယ်အာမခံရဲ့ PRUService ပေါ်လစီကိုပြပြီး အကျိုးခံစားခွင့်ရယူနိုင်မှာဖြစ်ပါတယ်။

အကျိုးခံစားခွင့်တွေကို အခြားသူထံ လွှဲပြောင်းလို့ရပါသလား?

အကျိုးခံစားခွင့်တွေကို လွှဲပြောင်းခွင့်ရှိပါတယ်လို့ သေချာဖော်ပြထားခြင်းမရှိရင်တော့ တခြားသူထံ လွှဲပြောင်းလို့မရပါဘူး။ အကျိုးခံစားခွင့်တွေကို  အကျုံးဝင်သူများသာရယူနိုင်ပြီး အခုလိုမျိုး အသုံးပြုဖို့အတွက် ကိုယ်ရေးအချက်အလက်အထောက်အထားတွေ ပြသဖို့ လိုအပ်နိုင်ပါတယ်။

အကျိုးခံစားခွင့်ကုဒ်တွေကို ဘယ်လိုရယူရမလဲ?

ပထမဆုံး ပရူဒန်ရှယ်အာမခံရဲ့ ဝက်ဘ်ဆိုဒ်ကိုသွားပါ >>  အကျိုးခံစားခွင့်အစီအစဉ်ကိုရှာပါ >> ကိုယ် အကျိုးခံစားခွင့်လိုချင်တဲ့ ပရူဒန်ရှယ်အာမခံရဲ့ မိတ်ဖက်အဖွဲ့အစည်းလုပ်ငန်းကို ရှာပါ >>  ‘ရယူမည်’ ဆိုတာကို နှိပ်ပါ >> သင့်ရဲ့ အချက်အလက်တွေကို ဖြည့်ပါ >> ဒါဆိုရင် သင်လိုချင်တဲ့ အကျိုးခံစားခွင့်ကို ရယူနိုင်ပါပြီ။

အကျိုးခံစားခွင့်တွေမှာ သက်တမ်းကုန်ဆုံးရက်ရှိလား?

ရှိပါတယ်။ ဒါပေမယ့် အကျိုးခံစားခွင့်တစ်ခုနဲ့တစ်ခုရဲ့ သက်တမ်းက မတူညီတဲ့အတွက်ကြောင့် အကျိုးခံစားခွင့်တစ်ခုချင်းစီနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်တွေကို ကြိုတင်သိထားဖို့ အရေးကြီးပါတယ်။

ရရှိနိုင်တဲ့ အကျိုးခံစားခွင့်နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ဘယ်မှာ သွားကြည့်လို့ရနိုင်မလဲ?

ပရူဒန်ရှယ်အာမခံဝက်ဘ်ဆိုဒ်မှာ အကျိုးခံစားခွင့်နဲ့ပတ်သက်ပြီး အချက်အလက်တွေကို မကြာခဏ ဖော်ပြထားတတ်ပါတယ်။ အသေးစိတ်သိချင်တယ်ဆိုရင်တော့ ပရူဒန်ရှယ်အာမခံရဲ့ Call Center ဒါမှမဟုတ် အကျိုးခံစားခွင့်ပေးအပ်ထားတဲ့ မိတ်ဖက်အဖွဲ့အစည်းလုပ်ငန်းရဲ့ Call Center ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ 

အကျိုးခံစားခွင့်တွေ အသုံးပြုနိုင်ဖို့အတွက် အာမခံပါသလား?

အကျိုးခံစားခွင့်တွေက ပြောင်းလဲမှုရှိနိုင်ပြီး အသုံးပြုနိုင်တဲ့ အချိန်အကန့်အသတ်ကလည်း မတူကွဲပြားနိုင်ပါတယ်။ အကျိုးခံစားခွင့်တွေ ပေးအပ်ထားတဲ့ မိတ်ဖက်အဖွဲ့အစည်းလုပ်ငန်းတွေအနေနဲ့ ၎င်းတို့ရဲ့ အစီအစဉ်တွေကို အချိန်မရွေး ပြောင်းလဲပြင်ဆင်နိုင်သလို ရပ်တန့်နိုင်ခွင့်လည်းရှိပါတယ်။ ဒါ့ကြောင့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်တွေကို ပုံမှန်ဖတ်ကြည့်တာကတော့ အကောင်းဆုံးဖြစ်ပါတယ်။

အကျိုးခံစားခွင့်တွေကို အသုံးပြုတဲ့အချိန်မှာ အခက်အခဲတစ်ခုခုရှိလာခဲ့ရင် ဘာဆက်လုပ်ရမလဲ?

သင့်အနေနဲ့ အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့လာခဲ့ရင် ပရူဒန်ရှယ်အာမခံရဲ့ Customer ဝန်ဆောင်မှု ဒါမှမဟုတ် Support Team ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ သူတို့တွေက  သင့်ကို အကျိုးခံစားခွင့် ထုတ်ယူတဲ့အခါ ဒါမှမဟုတ် အသုံးပြုတဲ့အခါ ကြုံတွေ့ရတတ်တဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးသွားမှာဖြစ်ပါတယ်။

အကျိုးခံစားခွင့်တွေကို အခြားအကျိုးခံစားခွင့်ပရိုမိုးရှင်းအစီအစဉ်တွေနဲ့ ပေါင်းပြီးအသုံးပြုလို့ရပါသလား?

ဒါက မိတ်ဖက်အဖွဲ့အစည်းလုပ်ငန်း ကိုယ်တိုင်သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအပေါ်မှာ မူတည်ပါတယ်။ အချို့အစီအစဉ်တွေမှာဆိုရင် အကျိုးခံစားခွင့်တွေကို တစ်ပေါင်းတည်း အသုံးပြုခွင့်ပေးထားပေမယ့်လည်း အချို့အစီအစဉ်တွေမှာတော့ ပေါင်းပြီးအသုံးပြုခွင့် မပေးထားပါဘူး။ ဒါကြောင့် အကျိုးခံစားခွင့်ကူပွန်ကုဒ်အသုံးမပြုခင် သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းလုပ်ငန်းနဲ့ အရင်ဆုံး မေးမြန်းစုံစမ်းကြည့်စေလိုပါတယ်။