စိန်ခေါ်မှုကို လက်ခံပြီး အကောင်းဆုံး ကြိုးစားပြဖို့ အဆင်သင့်ဖြစ်ပြီလား? ဒီ ရက်(၃၀) လမ်းလျှောက်ပြိုင်ပွဲကြီးမှာ ရက်ပေါင်း (၃၀) အတွင်း ခြေလှမ်းပေါင်း (၁၅၀,၀၀၀) ရဖို့ဆိုတဲ့ ပန်းတိုင်တစ်ခုနဲ့အတူ တစ်နေ့ကို ခြေလှမ်း (၅,၀၀၀) ပြည့်အောင်နဲ့ ပိုလျှောက်ဖြစ်အောင် တိုက်တွန်းအားပေး လိုက်ပါတယ်။ ဒီပြိုင်ပွဲကြီးရဲ့ ပန်းတိုင်ရောက်ဖို့ ဘယ်လိုလျှောက်ရမလဲဆိုတာ စဉ်းစားနေပြီလား? လမ်းလျှောက်ဖိနပ်ကို စီးလိုက်ပြီး ပိုကျန်းမာတဲ့သူ ဖြစ်လာမယ့် ခြေလှမ်းတွေကို စတင်လိုက်ပါ!

Claim Form 

Submit your City Rewards card number to claim points.
Claim Your Reward

Having download issues?

Submit your issues, we will help you to resolve it.
Submit PULSE Error

Campaign Details and How To Participate

စည်းမျဉ်းစည်းကမ်း၊ သတ်မှတ်ချက်များ

  • Walk2Win ပြိုင်ပွဲကို ပရူဒန်ရှယ်အာမခံက စီစဉ်ကျင်းပခြင်း ဖြစ်ပါသည်။ ပြိုင်ပွဲကာလမှာ ၂၀၂၂ ခုနှစ်၊ နို၀င်ဘာလ ၃ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ နို၀င်ဘာလ ၃၀ ရက်နေ့ ၂၃ နာရီ ၅၉ မိနစ် (မြန်မာစံတော်ချိန်) အထိဖြစ်ပြီး အဆိုပါ ကာလကို (“ပြိုင်ပွဲကာလ”) ဟု သတ်မှတပါမည်။ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ယခု စာမျက်နှာတွင် ဖော်ပြထားသော စည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များအားလုံးကို သဘောတူညီပြီး ဖြစ်သည်ဟု သတ်မှတ်ပါမည်။ 
  • ခြေလှမ်းအများဆုံး ရရှိသူများစာရင်းကို Pulse အက်ပလီကေးရှင်းတွင် ပြသပေးမည်ဖြစ်ပြီး ပရူဒန်ရှယ်အာမခံ၏ Facebook နှင့် LinkedIn စာမျက်နှာများတွင် ဖော်ပြပေးမည် ဖြစ်ပါသည်။ 
  • အနိုင်ရရှိသူများ ကြေညာသည့်အခါတွင် အနိုင်ရရှိသူများသည် Pulse အက်ပလီကေးရှင်း၏ တရားဝင် အသုံးပြုသူများ ဖြစ်ရမည် (အငြင်းပွားစရာ အခြေအနေတစ်ခု ရှိလာပါက ပရူဒန်ရှယ်အာမခံ၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်)။ အဆိုပါ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိပါက သက်ဆိုင်ရာ အနိုင်ရရှိသူများသည် နောက်ထပ် အကြောင်းကြားမှု တစ်စုံတရာမလိုအပ်ဘဲ ပြိုင်ပွဲဝင်ရန် အရည်အချင်းမပြည့်ဟု သတ်မှတ်မည်။ 
  • ပရူဒန်ရှယ်အာမခံအနေဖြင့် ကံထူးရှင်ရွေးချယ်ပြီး ရလဒ်များ ထုတ်ပြန်ပြီးသည့်နောက် အနိုင်ရရှိသူများ၏ အချက်အလက်ကို နောက်တစ်ကြိမ် စစ်ဆေးအတည်ပြုခွင့်ရှိသည်။ အနိုင်ရရှိသူများအား Leaderboard ပေါ်တွင်အခြေခံ၍ ရွေးချယ်မည် ဖြစ်ပါသည်။ 
  • ပြိုင်ပွဲရလဒ်များကို (အနိုင်ရရှိသူ၏ နာမည်အပြည့်အစုံနှင့် ဖုန်းနံပါတ်နောက်ဆုံးသုံးလုံး အပါအဝင်) စာရင်းပေးသွင်းထားသည့် မိုဘိုင်းဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာမှတစ်ဆင့် အကြောင်းကြားမည် ဖြစ်ပါသည်။ 
  • ပရူဒန်ရှယ်အာမခံမှ Pulse အက်ပလီကေးရှင်းတွင် စာရင်းပေးသွင်းစဉ်က ထည့်သွင်းထားသည့် မိုဘိုင်းဖုန်းနံပါတ်/အီးမေးလ်လိပ်စာ တို့မှတစ်ဆင့် ဆုထုတ်ယူရန် လုပ်ငန်းစဉ်အကြောင်း အီးမေးလ်/SMS စာတို/Viber တို့ဖြင့် တစ်ဦးချင်း အသိပေးအကြောင်းကြားသွားမည် ဖြစ်သည်။ ဆုများအား ငွေသားဖြင့် လဲလှယ်ထုတ်ယူခြင်း၊ တစ်ဆင့်ပြန်လည်ရောင်းချခြင်း ပြုလုပ်၍မရသလို သတ်မှတ်ထားသော ဆုထုတ်ယူနိုင်သည့် ကာလအတွင်း မြန်မာနိုင်ငံ (ရန်ကုန်/မန္တလေး) တွင်သာ ထုတ်ယူရမည် ဖြစ်သည်။ ဆုလက်ဆောင်များအား သတ်မှတ်ထားသော ဆုလက်ဆောင်ထုတ်ယူခွင့်ကာလ (ကမ်ပိန်းကာလအပြီး ၃ လ) အတွင်းသာ ထုတ်ယူနိုင်မည်ဖြစ်သည်။ 
  • ကံထူးရှင်သည် အခြေအနေအရပ်ရပ်ကြောင့် ဆုလက်ဆောင် မထုတ်ယူဖြစ်ခဲ့လျှင် ဆုကို လက်လွှတ်လိုက်ပြီဟု သတ်မှတ်ပြီး နောက်ထပ် အကြောင်းကြားမှု တစ်စုံတရာ မလိုအပ်ဘဲ လာရောက် မထုတ်ယူနိုင်ဟု သတ်မှတ်မည်။ 
  • ကံထူးရှင်သည် အခြေအနေအရပ်ရပ်ကြောင့် ဆုလက်ဆောင်အား ကမ်ပိန်းကာလပြီးဆုံးပြီးနောက် ၃ လအတွင်း အချိန်မီ မထုတ်ယူနိုင်ခဲ့ပါက ဆုကို လက်လွှတ်လိုက်ပြီဟု သတ်မှတ်ပြီး နောက်ထပ် အကြောင်းကြားမှု တစ်စုံတရာ မလိုအပ်ဘဲ လာရောက်မထုတ်ယူနိုင်ဟု သတ်မှတ်မည်။ 
  • ပြိုင်ပွဲဝင်ရောက်ထားမှုကို ဖျက်သိမ်းရန် သို့မဟုတ် ပြိုင်ပွဲမှထွက်ရန် Customer Service ဖုန်းနံပါတ်ဖြစ်သော ၀၉၇၇၀၁၁၀၀၁၀ ကို ဆက်သွယ်နိုင်ပါသည် သို့မဟုတ် ပရူဒန်ရှယ်အာမခံ၏ Facebook Messenger တွင်လည်း ဆက်သွယ်နိုင်ပါသည်။ အကယ်၍ ပြိုင်ပွဲတွင် ဝင်ရောက်ထားမှုကို ဖျက်သိမ်းရန် သို့မဟုတ် ပြိုင်ပွဲမှထွက်ရန် အကြောင်းကြားမှု တစ်စုံတစ်ရာ မရှိပါက ဝင်ရောက်ယှဉ်ပြိုင်သူများအား ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များ၊ Pulse အက်ပလီကေးရှင်း၏ ကိုယ်ရေးအချက်အလက်ဆိုင်ရာ အသိပေးချက်အား သေချာစွာ နားလည်သဘောပေါက်စေရန် ဖတ်ရှုပြီးမှ သဘောတူလက်ခံရန် တိုက်တွန်းအကြံပြုလိုပါသည်။ 
  • ပရူဒန်ရှယ်အာမခံ၏ ဆုံးဖြတ်ချက်တစ်ခုတည်းဖြင့် ဖော်ပြပါ ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များအား ပြင်ဆင်ခြင်း သို့မဟုတ် ပြိုင်ပွဲအား ပြင်ဆင်/ဖျက်သိမ်းခြင်း ပြုလုပ်နိုင်ပါသည်။ 
  • အဆိုပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပရူဒန်ရှယ်အာမခံ၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။ ပရူဒန်ရှယ်အာမခံမှ နောက်ထပ်ပြုလုပ်မည့် အစီအစဉ်များအတွက် အီးမေးလ် သို့မဟုတ် မိုဘိုင်းဖုန်းနံပါတ် မှတဆင့် လူကြီးမင်းအား ဆက်သွယ်နိုင်သည်။ Apple Inc. သို့မဟုတ် Google LLC သို့မဟုတ် Fitbit သို့မဟုတ် Garmin တို့သည် ယခု Walk2Win အစီအစဉ်အား ထောက်ပံ့မှု တစ်စုံတရာ ပြုလုပ်ထားခြင်း မရှိသလို ဆက်စပ်မှု တစ်စုံတရာ မရှိပါ။ 
  • ပြိုင်ပွဲဝင်များအနေဖြင့် ဆုလက်ဆောင်ရရှိမည့်  ပွိုင့်များကို လက်ခံရယူနိုင်ရန် ပရူဒန်ရှယ်အာမခံမှ မိတ်ဖက်လုပ်ငန်းဖြစ်သော City Mart Holding Co., Ltd. ထံသို့ တစ်ဦးချင်းစီ၏ City Rewards အကောင့်အချက်အလက်များအား မျှဝေပေးမည်ဖြစ်ကြောင်း သိရှိနားလည်ပါသည်။ ပရူဒန်ရှယ်အာမခံအနေဖြင့် ပြိုင်ပွဲဝင်များ၏ ကိုယ်ရေးလုံခြုံမှုကို ကာကွယ်ပေးနိုင်ရန် ကြိုတင် ခွင့်ပြုချက်မရရှိဘဲ အသေးစိတ် ကိုယ်ရေးအချက်အလက်များကို ထုတ်ဖော်မည် မဟုတ်ပါ။ 
  • မေးမြန်းစုံစမ်းလိုပါက ပရူဒန်ရှယ်အာမခံ၏ Customer Service ဖုန်း - ၀၉၇၇၀၁၁၀၀၁၀ သို့  (ရုံးချိန် - တနင်္လာနေ့မှ သောကြာနေ့၊ နံနက် ၉ နာရီမှ ညနေ ၅ နာရီခွဲအတွင်း၊ စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များမှလွဲ၍) ဆက်သွယ်နိုင်သလို (သို့မဟုတ်) ပရူဒန်ရှယ်အာမခံ၏ Facebook Messenger တွင်လည်း ဆက်သွယ်နိုင်ပါသည်။ 
  • Pulse အက်ပလီကေးရှင်းကို‌‌ ဒေါင်းလုတ်လုပ်ရာတွင် အခက်အခဲ တစ်စုံတစ်ရာရှိပါက FAQs အပိုင်းတွင် ဖတ်ရှုနိုင်ပါသည်။ 
  • ပရူဒန်ရှယ်အာမခံ၏ ဝန်ထမ်းများနှင့် အကြံပေးများလည်း ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။ 

 

အသိပေးရှင်းလင်းချက်နှင့် တာဝန်ရှိမှု

  • ပရူဒန်ရှယ်အာမခံသည် ပြိုင်ပွဲတွင် ပေးအပ်သည့် ဆုလက်ဆောင်များအား ထုတ်လုပ်/ဖြန့်ချီသူ နှင့် ထုတ်လုပ်/ဖြန့်ချီသူများ၏ ကိုယ်စားလှယ် မဟုတ်ပါ။ ဆုလက်ဆောင်၏ အရည်အသွေး၊ အသုံးဝင်မှု၊ ပို့ဆောင်ပေးမှု၊ အသုံးပြုမှု စသည်တို့နှင့် ပတ်သက်သော နောက်ဆက်တွဲ အခြေအနေများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ပြုလုပ်မည် မဟုတ်ပါ။ 
  • ဆုလက်ဆောင် အသုံးပြုရာတွင် သက်ဆိုင်ရာ ထုတ်လုပ်/ဖြန့်ချီသူက ဖော်ပြထားသည့် စည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များအရ ဆောင်ရွက်နိုင်ပါသည်။ 
  • ပရူဒန်ရှယ်အာမခံသည် ဆုလက်ဆောင်နှင့်ပတ်သက်ပြီး (အရည်အသွေး၊ အသုံးဝင်မှု၊ ပို့ဆောင်ပေးမှု၊ အသုံးပြုမှု အပါအဝင် အခြားသော ကိစ္စများ) မည်သည့် နောက်ဆက်တွဲ အခြေအနေများအတွက်မဆို တာဝန်ယူမှု၊ တာဝန်ခံမှု ပြုလုပ်မည် မဟုတ်ပါ။ 
  • ဆုလက်ဆောင်ကို အသုံးပြုခြင်း၊ မှားယွင်းအသုံးပြုခြင်းကြောင့် တိုက်ရိုက်ဖြစ်စေ၊ ဆက်စပ်၍ဖြစ်စေ ဖြစ်ပေါ်လာသော ပျောက်ဆုံး၊ ပျက်စီးခြင်းတို့အတွက် ပရူဒန်ရှယ်အာမခံမှ တာဝန်ယူမှု၊ တာဝန်ခံမှု မပြုလုပ်ပါ။ 
  • ပြိုင်ပွဲဝင်များအနေဖြင့် ဤပြိုင်ပွဲတွင် ပါဝင်နေစဉ် ဖြစ်ပေါ်လာသော သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ဆုံးရှုံးခြင်း (သို့မဟုတ်) ပျက်စီးခြင်းများအား ပရူဒန်ရှယ်အာမခံတွင် တာဝန်မရှိကြောင်း သိရှိနားလည်ပါသည်။ 
  • မိမိ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ဤပြိုင်ပွဲတွင် စာရင်းပေးသွင်း၊ ပါဝင်ယှဉ်ပြိုင်ခြင်း ဖြစ်ပါသည်။ 
  • ပြိုင်ပွဲဝင်သည် သက်ဆိုင်ရာ တာဝန်ရှိသူများ သတ်မှတ်ထားသော ဘေးကင်းလုံခြုံရေးဆိုင်ရာ စည်းကမ်းများနှင့် လမ်းညွှန်ချက်များအားလုံးကို လိုက်နာရမည်။ 
  • ပြိုင်ပွဲဝင်သည် လက်ရှိ မြန်မာနိုင်ငံတွင် နေထိုင်ပြီး ကျန်းမာရေးကောင်းမွန်သူ၊ အနည်းဆုံး အသက် ၁၈ နှစ် ပြည့်ပြီးသူ၊ မိမိ၏ ဘေးကင်းလုံခြုံရေးအတွက် ကိုယ်တိုင် တာဝန်ယူနိုင်သူဖြစ်ကြောင်း အတည်ပြုပါသည်။ 

 

Reward ပွိုင့်တွေကို ဘယ်လိုရယူမလဲ? 

  • City Rewards အက်ပလီကေးရှင်းကို https://bit.ly/3AuUkUG ဒေါင်းလုတ်လုပ်ပြီး အကောင့်ဖွင့်ပါ။  
  • City Reward အကောင့်တစ်ခု၊ PULSE အကောင့် တစ်ခုစီ စာရင်းသွင်းဖို့ လိုအပ်ပါသည်။ 
  • ဤဖောင်တွင် https://bit.ly/3EBGAwq သင့်ရဲ့ City Rewards အကောင့်ကတ် အချက်အလက်တွေကို ဖြည့်ပါ။ 
  • သင့်ရဲ့ အကောင့် ID နှင့် လျှို့ဝှက်နံပါတ်အား သေချာစွာ တာဝန်ယူ ထိန်းသိမ်းပေးပါ။ 
  • Walk2Win Season 4 ပြိုင်ပွဲဝင်များအနေဖြင့် ပွိုင့်များအား အောက်ပါအတိုင်း ရယူနိုင်မည် ဖြစ်သည်။ 

 

ခြေလှမ်းအရေအတွက်

 

City Rewards ပွိုင့်

 

ကျပ်ငွေ တန်ဖိုး

၁၀၀၀ - ၁၉၉၉ ၂၀ ၂၀
၂၀၀၀ - ၂၉၉၉ ၄၀ ၄၀
၃၀၀၀ - ၃၉၉၉ ၆၀ ၆၀
၄၀၀၀ - ၄၉၉၉ ၈၀ ၈၀

၅၀၀၀ နှင့် အထက်

 

၁၀၀

၁၀၀

 

Reward Points အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ 

  • ပြိုင်ပွဲဝင်များအနေဖြင့် အထက်ဖော်ပြပါ နှုန်းထားအလိုက် ခြေလှမ်းအရေအတွက်ပေါ် မူတည်၍ ပွိင့်များ ရယူနိုင်ပါသည်။ ပွိုင့်များရယူနိုင်သည့် အခြေအနေတစ်ခုအောက်တွင် အောက်ပါအချက်များနှင့် ပြည့်စုံရပါမည် 

(၁) ပြိုင်ပွဲဝင်သည် အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရမည် 

() ပြိုင်ပွဲဝင်သည် ဥပဒေအရ လုပ်ဆောင်ရသည့် စာချုပ်စာတမ်း ပြုလုပ်ရာတွင် တရားဝင် ပါဝင်ဆောင်ရွက်ခွင့် ရှိသည် 

(၃) ဤသဘောတူညီချက်အရ ပွိုင့်များ ရယူနိုင်ပါသည် 

(၄) ပွိုင့်များ ရယူနိုင်ရန် ပေးထားသည့် အချက်အလက်များ အားလုံးမှာ မှန်ကန်၊ တိကျ၍ ပြည့်စုံမှုရှိပါသည်။ ဤသဘောတူညီချက်ကို ချိုးဖောက်ခြင်း အပါအဝင် အခြားသော ကိစ္စများအတွက် ပရူဒန်ရှယ်အာမခံက ပေးအပ်ထားသည့် ဝက်ဘ်ဆိုက်နှင့် ဝန်ဆောင်မှုများအား မည်သူမဆို အသုံးပြုခွင့် မရစေရန် အချိန်မရွေး၊ နေရာမရွေး ပရူဒန်ရှယ်အာမခံ၏ ဆုံးဖြတ်ချက်တစ်ခုတည်းဖြင့် တားမြစ်ခွင့်ရှိသည်။ 

  • ပရူဒန်ရှယ်အာမခံ၏ သဘောဆန္ဒနှင့် ဆုံးဖြတ်ချက်အတိုင်း မည်သည့်အကောင့်ကိုမဆို ကြိုတင်အသိပေးရန်မလိုဘဲ အချိန်မရွေး ရပ်စဲ၊ ဖျက်သိမ်းပိုင်ခွင့်ရှိသည်။ 
  • ပြိုင်ပွဲဝင်၏ အကောင့်ကို မည်သူအသုံးပြုနေသည်ဖြစ်စေ ထိုသူ၏ ညွှန်ကြားချက်များ အားလုံးအတိုင်း ပရူဒန်ရှယ်အာမခံမှ ဆောင်ရွက်ပေးခွင့် ရှိမည်ဖြစ်ပြီး ပြိုင်ပွဲဝင်၏ ခွင့်ပြုချက်မရှိဘဲ ပြုလုပ်သော လွှဲပြောင်းမှုများအတွက် တာဝန်ယူမည် မဟုတ်ပါ။ 
  • ပြိုင်ပွဲဝင်သည် City Rewards ၊ PULSE တို့နှင့် အဓိက သက်ဆိုင်သော လွှဲပြောင်းမှု၊ ကြော်ငြာနှင့် မာကတ်တင်းဆိုင်ရာ ဆက်သွယ်ပြောဆိုမှုများ အပါအဝင် နှစ်ဘက်ကုမ္ပဏီ၏ အခြားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ (www.prudential.com.mm နှင့် သက်ဆိုင်သော ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ အပါအဝင်) ကို အီလက်ထရွန်းနစ် ဆက်သွယ်ရေးပုံစံဖြင့် လက်ခံရယူရန် သိရှိသဘောတူပါသည်။ သို့ရာတွင် ပြိုင်ပွဲဝင်မှ စာဖြင့် ခွင့်ပြုချက်ပေးပြီး လုပ်ပိုင်ခွင့် လွှဲပြောင်းရသော ကြော်ငြာနှင့် မာကတ်တင်းဆိုင်ရာ ဆက်သွယ်ပြောဆိုမှုများကို အီလက်ထရွန်းနစ် ဆက်သွယ်ရေးပုံစံဖြင့် လက်ခံရယူခြင်း မပါဝင်ပါ။ ကြော်ငြာနှင့် မာကတ်တင်းဆိုင်ရာ ဆက်သွယ်ပြောဆိုမှုများတွင် သက်ဆိုင်ရာ အထူး ပရိုမိုးရှင်းအစီအစဉ်များအကြောင်း အသိပေးချက်များနှင့် နှစ်ဘက်ကုမ္ပဏီ၏ မိတ်ဖက်များမှ ပေးအပ်ထားသည့် အခွင့်အလမ်းများအကြောင်း ပါဝင်နိုင်ပါသည်။ အဆိုပါ အခြေအနေတွင် ပြိုင်ပွဲဝင်ထံမှ ရရှိထားသော ပွိုင့်နှင့်ဆက်စပ်သော ထုတ်ကုန်များ၊ ဝန်ဆောင်မှုများအတွက် ဆက်သွယ်ခြင်းမျိုးဖြစ်ပါက ရယူလိုကြောင်း စာဖြင့် ခွင့်ပြုချက် ပေးအပ်ထားမှသာလျှင် ကြော်ငြာနှင့် မာကတ်တင်းဆိုင်ရာ ဆက်သွယ်ပြောဆိုမှုများကို အီလက်ထရွန်းနစ် ဆက်သွယ်ရေးပုံစံဖြင့် ပေးပို့သွားမည် ဖြစ်သည်။ 
  • ပရူဒန်ရှယ်အာမခံမှ အီလက်ထရွန်းနစ် ဆက်သွယ်ရေးပုံစံဖြင့် ပေးပို့ထားသော သဘောတူညီချက်များ၊ အသိပေးချက်များ၊ ထုတ်ပြန်ချက်များနှင့် အခြား ဆက်သွယ်မှုများသည် စာဖြင့်ရေးသားဆက်သွယ်ပါကလည်း ဥပဒေအရ လိုအပ်သည်များနှင့် ကိုက်ညီမှုရှိကြောင်း သဘောတူညီပါသည်။ 
  • သဘောတူညီချက်အား သေချာစွာ ဖတ်ရှုပေးပါ။ ဖော်ပြပါ စည်းမျဉ်းစည်းကမ်း၊ သတ်မှတ်ချက်များ အားလုံးကို လက်မခံနိုင်ပါက ယခု အစီအစဉ်တွင် မပါဝင်သင့်ပါ။ 
  • ဆုလက်ဆောင်များ ထုတ်ယူနိုင်ရန် ဝန်ဆောင်မှုပေးနေသည့် ဆက်စပ်လုပ်ငန်းများ အားလုံးကို စုပေါင်းပြီး “ဆုလက်ဆောင် ပေးအပ်သူများ” ဟု ယခု စည်းမျဉ်းစည်းကမ်း၊ သတ်မှတ်ချက်များတွင် ရံဖန်ရံခါ ရည်ရွယ်သုံးနှုန်းမည် ဖြစ်သည်

FAQs

ဒီပြိုင်ပွဲအစီအစဥ်မှာ ဘယ်လိုပါဝင်နိုင်မလဲ။
ဒီပြိုင်ပွဲအစီအစဥ်မှာ ပါဝင်ဖို့ အောက်ပါ အဆင့်တွေအတိုင်း လုပ်ဆောင်ဖို့ လိုပါတယ်။
 
အဆင့် (၁)။ ။ Pulse အက်ပလီကေးရှင်းကို ဒေါင်းလုတ်လုပ်ပြီး အကောင့်ဖွင့်ပါ။ Fitness Tracker နဲ့ချိတ်ပါ။
အဆင့် (၂)။ ။ ပြိုင်ပွဲအပြီး ခြေလှမ်းပေါင်း ၁၅၀,၀၀၀ ရရှိအောင် နေ့စဉ် အနည်းဆုံး ခြေလှမ်း ၅,၀၀၀ ပြည့်အောင် လျှောက်ပါ။
အဆင့် (၃)။ ။ Pulse အက်ပလီကေးရှင်းထဲက သင်ခြေလှမ်း ၁၅၀,၀၀၀ ပြည့်အောင် လမ်းလျှောက်ထားတဲ့ မှတ်တမ်း Screenshot ကို Walk2Win Community Group ထဲမှာ Walk2WinChallenge #WeDoHealth စတဲ့ Hashtag တွေနဲ့ ပို့စ်တင်ပါ။
ဒီပြိုင်ပွဲအစီအစဉ်ကာလက ဘယ်လောက်ကြာမှာလဲ။

ဒီပြိုင်ပွဲအစီအစဉ်က ၂၀၂၂ ခုနှစ်၊ နို၀င်ဘာလ ၃ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ နို၀င်ဘာလ ၃၀ ရက်နေ့အထိ ကျင်းပမယ့် ရက် ၃၀ လမ်းလျှောက်ပြိုင်ပွဲအစီအစဉ်ပဲဖြစ်ပါတယ်။

တစ်နေ့မှာ ခြေလှမ်းဘယ်နှစ်လှမ်း ပြည့်အောင် လျှောက်ရမှာလဲ။

တစ်နေ့မှာခြေလှမ်း ဘယ်လောက်လျှောက်ရမယ်လို့ သတ်မှတ်ထားခြင်း မရှိပေမယ့် ပြိုင်ပွဲအပြီး ခြေလှမ်းပေါင်း ၁၅၀,၀၀၀ ရရှိအောင် နေ့စဉ် အနည်းဆုံး ခြေလှမ်း ၅,၀၀၀ ပြည့်အောင် လျှောက်ရမယ့် ပြိုင်ပွဲအစီအစဉ်ဖြစ်ပါတယ်။ ဒါကြောင့် Grand Prize ရရှိဖို့အတွက်ဆိုရင်တော့ ရက် ၃၀ အတွင်း ခြေလှမ်းပေါင်း ၁၅၀,၀၀၀ ရရှိရမှာဖြစ်ပါတယ်။

တစ်နေ့အတွင်း လျှောက်ရမယ့် အနည်းဆုံး ခြေလှမ်းမပြည့်ခဲ့ရင် ပြိုင်ပွဲဝင်အဖြစ် အကျုံးမဝင်တော့ဘူးလား။

သင့်ရဲ့နေ့စဉ်ခြေလှမ်းအရေအတွက်နဲ့ CityRewards Points တွေထုတ်ယူနိုင်မှာပါ။ ဒါပေမယ့် ပြိုင်ပွဲစည်းမျဉ်းအရ Grand Prize အတွက်တော့ အကျုံး၀င်တော့မှာ မဟုတ်ပါဘူး။

ဒီပြိုင်ပွဲအစီအစဥ်မှာ အများဆုံးလျှောက်ရမယ့် ခြေလှမ်းအရေအတွက်ကို ဘယ်လောက်သတ်မှတ်ထားပါသလဲ။

အများဆုံး လျှောက်ရမယ့် ခြေလှမ်းအရေအတွက်ကို သတ်မှတ်ထားခြင်း မရှိပေမယ့် ပြိုင်ပွဲအပြီး ခြေလှမ်းပေါင်း အနည်းဆုံး ၁၅၀,၀၀၀ ရှိမှ Grand Prizeရရှိမှာမို့ တစ်နေ့ကို အနည်းဆုံး ခြေလှမ်း ၅,၀၀၀ ပြည့်အောင် လျှောက်ဖို့ အကြံပေးချင်ပါတယ်။

အနိုင်ရတဲ့သူတွေကို ဘယ်မှာ ကြေညာမှာလဲ။

အနိုင်ရတဲ့သူတွေကို Prudential Myanmar Facebook နဲ့ LinkedIn စာမျက်နှာကနေ ကြေညာသွားမှာပါ။

 
Leaderboard ကို ဘယ်လိုကြေညာမှာလဲ။

အနိုင်ရတဲ့သူတွေကို Prudential Myanmar Facebook နဲ့ LinkedIn စာမျက်နှာကနေ ကြေညာသွားမှာပါ။

Rewards Points တွေကို ဘယ်လိုရယူနိုင်မလဲ။
Rewards Points ဆုတွေထုတ်ယူဖို့ အောက်ပါ အဆင့်တွေအတိုင်း လုပ်ဆောင်ဖို့ လိုပါတယ်။
 
၁။ CityRewards အက်ပလီကေးရှင်းကို https://bit.ly/3AuUkUG ဒေါင်းလုတ်လုပ်ပြီး အကောင့်ဖွင့်ပါ။
၂။ ဒီလင့်ခ် https://bit.ly/3EBGAwq မှာ သင့် CityRewards အကောင့်အချက်အလက်တွေကို ဖြည့်ပါ။
Grand Prize ဆုရခဲ့ရင် ဘယ်လိုရယူနိုင်မလဲ။

Grand Prize အနိုင်ရတဲ့သူတွေကို ပြိုင်ပွဲအစီအစဉ်အပြီးမှာ ကြေညာပေးမှာပါ။ အနိုင်ရတဲ့သူတွေရဲ့ အချက်အလက်အသေးစိတ်တွေကို သူတို့နဲ့ ဆက်သွယ်ပြီး အတည်ပြုပြီးနောက် ဆုလက်ဆောင် ပို့ပေးရမယ့် နေရာကို စစ်ဆေးပြီး ပို့ပေးသွားမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲအစီအစဉ်ကာလအတွင်းမှာ ဆက်မပါတော့လို့ရလား။

ရပါတယ်။

ဒီပြိုင်ပွဲအစီအစဥ်မှာ ဆုရတယ်၊ မရဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ။

အနိုင်ရရှိသူတွေကို Prudential Myanmar Facebook နှင့် LinkedIn စာမျက်နှာကနေ ကြေညာသွားမှာပါ။ Leaderboard ကိုလည်း Pulse အက်ပလီကေးရှင်းထဲမှာ ကြည့်ရှုနိုင်ပါတယ်။

သူငယ်ချင်းတွေနဲ့ အမျိုးတွေကို တူတူဝင်ပြိုင်ဖို့ ခေါ်လို့ရလား။

ဟုတ်ကဲ့။ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ ကိုယ်ချစ်ခင်တဲ့သူတွေကို ဖိတ်ခေါ်ဖို့အတွက် အားပေးပါတယ်။

Pulse by Prudential အက်ပလီကေးရှင်းကို ဘယ်လို ဒေါင်းလုတ်လုပ်ပြီး အကောင့်ဖွင့်ရမလဲ။
QR Code ကို scan ဖတ်ပါ (ဒါမှမဟုတ်) Android ဖုန်းတွေအတွက် Google Play Store ကနေ “Pulse” ကို ရှာလိုက်ပါ။
 
အီးမေးလ် (ဒါမှမဟုတ်) Facebook အကောင့် (ဒါမှမဟုတ်) Google အကောင့် ကိုသုံးပြီး အကောင့်ဖွင့်ပါ။
 
App ကို ဝင်ပြီး အကျိုးခံစားခွင့်တွေကို ရယူလိုက်ပါ။
Pulse အက်ပလီကေးရှင်းက Android ပလက်ဖောင်းမှာ ရှိလား။

Pulse အက်လီကေးရှင်းကို Android အသုံးပြုသူတိုင်း အခမဲ့ ဒေါင်းလုတ်ရယူနိုင်ပါတယ်။

ဘယ်လို ကျန်းမာရေးသုံး Tracker တွေက Pulse အက်ပလီကေးရှင်းကို ချိတ်ဆက်လို့ရလဲ။
အောက်ဖော်ပြပါ ကျန်းမာရေးသုံး Tracker တွေက Pulse အက်ပလီကေးရှင်းနဲ့ ချိတ်ဆက်လို့ရပါတယ်။
 
၁။ FitBit
 
၂။ Garmin
 
၃။ Apple Health
 
၄။ Google Fit
Pulse အက်ပလီကေးရှင်းကို အကောင်းဆုံး အသုံးပြုနိုင်ဖို့ အနည်းဆုံး Android ဗားရှင်းက ဘယ်လောက်ရှိရမလဲ။

ကိုယ်ရဲ့ မိုဘိုင်းဖုန်းက အနည်းဆုံး Android ဗားရှင်း 8.1 ရှိဖို့ လိုအပ်ပါတယ်။

Pulse အက်လီကေးရှင်းမှာ စာရင်းသွင်းဖို့ ချန်နယ်ဘယ်နှစ်ခု သုံးလို့ရလဲ။
စာရင်းသွင်းတဲ့အခါ အသုံးပြုဖို့ စုစုပေါင်း ချန်နယ်လေးခုရှိတာကြောင့် အသုံးပြုသူက ကိုယ်နဲ့ အဆင်ပြေတဲ့ တစ်ခုကို ရွေးချယ်နိုင်ပါတယ်။
 
၁။ Gmail
 
၂။ အီးမေးလ်
 
၃။ ဖုန်းနံပါတ်
 
၄။ Facebook
Pulse အက်ပလီကေးရှင်းကို App Store ရော Play Store မှာပါ ရှာလို့မရဘူး။ ဘယ်လိုလုပ်ရမလဲ။
Pulse အက်ပလီကေးရှင်းကို Install မလုပ်ခင် အောက်ပါအချက်တွေကို စစ်ဆေးပါ။
 
၁။ App Store ဒါမှမဟုတ် Play Store က မြန်မာနိုင်ငံ Region ဟုတ်မဟုတ် စစ်ဆေးပါ။
 
၂။ ဖုန်းရဲ့ Android ဗားရှင်းကို စစ်ပါ။ Pulse အက်ပလီကေးရှင်းကို ဒေါင်းလုတ်လုပ်ဖို့ အနိမ့်ဆုံး Android ဗားရှင်းက 8.1 ရှိရပါမယ်။
 
၃။ အဲ့ဒါမှ အဆင်မပြေသေးဘူးဆိုရင်တော့ 09770110010 ကို ဆက်သွယ်နိုင်ပါတယ်။ (သို့မဟုတ်) ဒီဖောင် Pulse Error Form Link https://bit.ly/3QvbjOL မှတစ်ဆင့်လည်း Error တင်နိုင်ပါတယ်။
Pulse အက်ပလီကေးရှင်းကို အသုံးပြုဖို့အတွက် အခကြေးငွေ ပေးစရာလိုလား။

Pulse အက်ပလီကေးရှင်းကို Android အသုံးပြုသူတိုင်း အခမဲ့ ဒေါင်းလုတ် ရယူနိုင်ပါတယ်။ ရောဂါလက္ခဏာ စစ်ဆေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းနဲ့ ဆေးရုံ၊ ဆေးခန်းနေရာ ရှာဖွေခြင်းတွေကို Customer တွေရော Customer မဟုတ်တဲ့သူတွေပါ အခကြေးငွေ တစ်စုံတရာမရှိဘဲ အသုံးပြုနိုင်ပါတယ်။

Pulse အက်ပလီကေးရှင်း သုံးဖို့ အင်တာနက် ဖွင့်ထားဖို့လိုလား။

လိုပါတယ်။ Pulse အက်ပလီကေးရှင်းသုံးဖို့ အင်တာနက်ဖွင့်ထားဖို့လိုပါတယ်။ VPN ဖြုတ်ထားဖို့လည်း လိုပါတယ်။

Pulse အက်ပလီကေးရှင်းကို ဒေါင်းလုတ်ဖို့ ရှာမတွေ့ဘူး။
ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် အဆင့်အချို့ကို မျှဝေပေးလိုက်ပါတယ်။
 
၁။ အင်တာနက်လိုင်း ကောင်း၊ မကောင်း စစ်ပါ။
 
၂။ Android အတွက်ဆိုရင် Google Play Store ကို Restart ချပြီး အက်ပလီကေးရှင်းကို ဒေါင်းလုတ်လုပ်ပါ။
 
၃။ Google Play Store နဲ့ App Store ရဲ့ Region ကို စစ်ပါ။
 
၄။ အခုထိ အဆင်မပြေသေးဘူးဆိုရင် ဖုန်းကို Restart လုပ်ပါ။
 
၅။ အခြားအခက်အခဲတွေရှိရင်တော့ ပရူဒန်ရှယ်အာမခံရဲ့ Customer Service ကို 09770110010 ကနေ ဆက်သွယ်နိုင်ပါတယ်။ (သို့မဟုတ်) ဒီဖောင် Pulse Error Form Link https://bit.ly/3QvbjOL မှတစ်ဆင့်လည်း Error တင်နိုင်ပါတယ်။
Pulse အကောင့်ကို Unlock ဘယ်လိုလုပ်ရမလဲ။ Password မေ့သွားရင်ရော ဘယ်လိုလုပ်ရမလဲ။

"Forgot Password" ကို နှိပ်ပြီး ပြထားတဲ့ အဆင့်တွေအတိုင်း ဆက်လုပ်ပါ။ အဲ့ဒါမှ အဆင်မပြေသေးဘူးဆိုရင်တော့ 09770110010 ကို ဆက်သွယ်နိုင်ပါတယ်။ (သို့မဟုတ်) ဒီဖောင် Pulse Error Form Link https://bit.ly/3QvbjOL မှတစ်ဆင့်လည်း Error တင်နိုင်ပါတယ်။

Pulse အက်ပလီကေးရှင်းကို အရင်တည်းက ဒေါင်းလုတ်လုပ်ထားပြီးပါပြီ။ နောက်ဆုံးဗားရှင်းရအောင် ဘယ်လိုလုပ်ရမလဲ။
Android အတွက် Google Play Store ကနေ Pulse by Prudential အက်ပလီကေးရှင်းရဲ့ နောက်ဆုံးဗားရှင်းကို ရယူနိုင်ပါတယ်။
 
နောက်ဆုံးဗားရှင်းကို Install လုပ်ဖို့ အဆင့်များ
 
၁။ Pulse အက်ပလီကေးရှင်း အဟောင်းကို Uninstall လုပ်ပါ။
 
၂။ Pulse အက်ပလီကေးရှင်း နောက်ဆုံးဗားရှင်းကို ဒေါင်းလုတ်လုပ်ပြီး install လုပ်ပါ။
 
၃။ အရင်ရှိပြီးသား အသုံးပြုသူ ID နဲ့ Password ကို သုံးပြီး Pulse အက်ပလီကေးရှင်းကို ဝင်ရောက်ပါ။
အီးမေးလ်နဲ့ အကောင့်ဖွင့်လိုက်ပေမယ့် တစ်ခါသုံးစကားဝှက် OTP မရဘူး။

Junk ဒါမှမဟုတ် Spam အီးမေးလ်ထဲကို ရောက်နေလားဆိုတာ စစ်ကြည့်ပါ။ အီးမေးလ်လိပ်စာ စာလုံးပေါင်းမှန်မမှန် စစ်ဆေးပါ။

အကြံပြုချက်ကို ဘယ်လိုပေးလို့ရလဲ။

‘အကောင့်’ ကနေ “အကြံပြုချက်ပေးရန်” ကို သွားပြီး သင့်ရဲ့ အကြံပြုချက်တွေကို ပြောပြနိုင်ပါတယ်။

Pulse Customer Care အဖွဲ့က စာပြန်ဖို့ အချိန်ဘယ်လောက်ကြာလဲ။

Pulse Customer Care အဖွဲ့ကနေ အလုပ်ဖွင့်ရက် ၃ ရက်ကနေ ၅ ရက်အတွင်း စာပြန်ပေးပါလိမ့်မယ်။

သင့်ကျန်းမာရေးကို အခုပဲ စစ်ဆေးကြည့်ပါ။

အက်ပလီကေးရှင်းကို သင့်ရဲ့ဖုန်းထဲမှာ အခုပဲ ဒေါင်းလုပ်ဆွဲပြီး မိမိကိုယ်တိုင်ကျန်းမာကြံ့ခိုင်ရေး ကျွမ်းကျင်သူတစ်ဦးအဖြစ် စတင်နေထိုင်လိုက်ပါ။