နိဒါန်း

သင်ဒီလအတွက် ကျန်းမာရေးစရိတ်ဆိုပြီး သီးသန့်ဖယ်ထားပါသလား။ မဖယ်ထားဘူးဆိုရင် ဒါက သင်တစ်‌ယောက်တည်းတော့ မဟုတ်ပါဘူး။ တိုးတက်လာတဲ့ ခေတ်ကြီးမှာ သုံးစရာတွေက များတာကြောင့် တော်တော်များများက ကျန်းမာရေးစရိတ်ဆိုပြီး သီးသန့်ဖယ်ထားလေ့ မရှိပါဘူး။ အထူးသဖြင့် ကျန်းမာနေချိန်မှာ ကျန်းမာရေးအတွက်ဆိုပြီး ဘယ်သူမှ ငွေစုလေ့ မရှိပါဘူး။ ဒါပေမယ့် ကျန်းမာရေးပြဿနာဆိုတာ တစ်ချိန်ချိန်မှာ ကြုံကိုကြုံလာရမယ့် ကိစ္စပါ။ တကယ်တမ်း ကြုံလာရချိန်မှာ သီးသန့်ဖယ်ထားတာ မရှိရင် စုဆောင်းထားတဲ့ငွေကို ထုတ်ယူသုံးစွဲရတဲ့အတွက် ငွေကြေးအခက်အခဲ ဖြစ်လာနိုင်ပါတယ်။ ဒီလိုမျိုး မဖြစ်ချင်ဘူးဆိုရင်တော့ တစ်လကို ပမာဏအနည်းငယ်ဖယ်ပြီး ကျန်း‌မာရေးအတွက် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

တစ်လကို ငွေအနည်းငယ်သုံးပြီး ကျန်းမာရေးအတွက် ကြိုတင်ပြင်ဆင်ကြမယ်

တစ်လကို ငွေပမာဏအနည်းငယ် ဖယ်ထားပြီး စုမယ် ကြံပေမယ့် မကြာခဏဆိုသလို လစဉ် အသုံးစရိတ်ပဲ ပြန်ပါသွားတယ်ဆိုရင် အကောင်းဆုံး အကြံပေးချင်တာက ကျန်းမာရေးအာမခံ ဝယ်ယူထားတာပဲ ဖြစ်ပါတယ်။ တစ်လကို ကိုယ်တတ်နိုင်တဲ့ ငွေပမာဏ အနည်းငယ်နဲ့ ကိုယ်နဲ့ သင့်တော်တဲ့ ကျန်းမာရေးအာမခံ ဝယ်ယူထားမယ်ဆိုရင် တကယ်တမ်း ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် ဆေးရုံတက်ရချိန်မှာ ငွေကုန်ကြေးကျ သက်သာစေမှာပဲ ဖြစ်ပါတယ်။

ကျန်းမာရေးအာမခံ ဝယ်မယ်ဆိုရင် 

●      အသက်ငယ်လည်း ဝယ်ယူသင့်ပါတယ်။

အများစုက ထင်ကြတာက အသက်ငယ်သေးတယ်၊ ဆေးရုံတက်ရလောက်တဲ့အထိ နေမကောင်းတာတွေ မဖြစ်နိုင်လောက်ဘူးလို့ ယူဆကြပေမယ့် တကယ်တမ်းမှာ အသက်ငယ်ငယ်ကြီးကြီး ကျန်းမာရေးပြဿနာတွေက ပေါ်လာတတ်ပါတယ်။ ခုလို ခေတ်ကြီးမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကင်ဆာဖြစ်သူတွေလည်း ရှိတဲ့အတွက် အသက်ငယ်သေးလည်း ဝယ်ထားသင့်ပါတယ်။ အသက်ငယ်သေးတဲ့အချိန်မှာ အာမခံဝယ်ထားခြင်းရဲ့ အားသာချက်က အာမခံစရိတ် သက်သာတာပဲ ဖြစ်ပါတယ်။

●      မိသားစုဝင်အားလုံးအတွက် ဝယ်ထားသင့်ပါတယ်။

ကျန်းမာရေးပြဿနာတွေက ဘယ်သူ့မှာမဆို ဖြစ်နိုင်ပါတယ်။ ကိုယ်မဟုတ်ဘဲ ကိုယ့်မိသားစုဝင် တစ်ယောက်ယောက်မှာ ဖြစ်တယ်ဆိုရင် မိသားစု စုဆောင်းငွေကို ထုတ်ယူသုံးစွဲရတဲ့အတွက် ငွေကြေးအကျပ်အတည်းနဲ့ ကြုံရနိုင်ပါတယ်။ ဒါ့ပြင် ဆေးရုံတက်နေချိန်မှာ ဝင်ငွေလျော့နည်းနေနိုင်တဲ့အတွက် ထွက်ငွေ၊ ဝင်ငွေမမျှတဘဲ ငွေကြေးအခက်အခဲ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မိသားစုဝင်တိုင်းကို ကျန်းမာရေးအာမခံနဲ့ ကာကွယ်ပေးထားသင့်ပါတယ်။

●      ကိုယ်နဲ့ သင့်တော်တဲ့ အာမခံအမျိုးအစားကို ဝယ်ယူသင့်ပါတယ်။

ကျန်းမာရေးအာမခံမှာလည်း အမျိုးအစား အများကြီးရှိတဲ့အတွက် မိမိအသက်အရွယ်၊ ဝင်ငွေ၊ ကျန်းမာရေးအခြေအနေနဲ့ လိုက်ဖက်နဲ့ အာမခံကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ အထူးသဖြင့် တစ်လကို ငွေအနည်းငယ်သာ သုံးရပြီး ကိုယ့်အတွက်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ် တကယ်လည်း အသုံးဝင်တဲ့ အာမခံမျိုး ဝယ်ယူထားသင့်ပါတယ်။

●      ပြင်းထန်နာမကျန်းရောဂါ (Critical illness)အတွက် အာမခံ ဝယ်ယူသင့်ပါတယ်။

ကင်ဆာ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ စတာတွေက ပြင်းထန်နာမကျန်းရောဂါ (Critical illness) ထဲမှာ ပါဝင်ပြီး ‌ရောဂါတွေက ပြင်းထန်သလို ကုသစရိတ်ကလည်း ငွေကုန်ကြေးကျများပါတယ်။ ပြင်းထန်နာမကျန်းရောဂါထဲက တစ်ခုခု ဖြစ်လိုက်ပြီဆိုတာနဲ့ အဆင့်မြင့်ပြီး စျေးကြီးတဲ့ ကုသမှုတွေကြောင့် ငွေကြေးအခက်အခဲဖြစ်မှာ သေချာသလောက်ရှိပါတယ်။ ဒီလိုရောဂါအတွက် စိတ်အေးရချင်တယ်၊ ငွေကြေးနဲ့ ပတ်သက်ပြီး နောက်ဆံမတင်းချင်ဘူးဆိုရင်တော့ ဒီလိုရောဂါတွေအတွက် သီးသန့် ကျန်းမာရေးအာမခံ ဝယ်ယူထားတာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။

သင်နဲ့သင့်လျော်မယ့် အာမခံရွေးချယ်ဖို့ အဆင်သင့်ဖြစ်ပြီလား။

PRUFlexiprotect CI ဆိုတာ ပြင်းထန်နာမကျန်းရောဂါတွေ (Critical illness) မမျှော်လင့်ထားတဲ့အချိန်မှာ ဖြစ်လာတဲ့အခါ ကူညီပေးနိုင်တဲ့ အာမခံအမျိုးအစားပဲ ဖြစ်ပါတယ်။ ငွေကုန်ကြေးကျများတဲ့ အပြင်းအထန်ရောဂါအမျိုးအစား (၂၀) အထိ အကာအကွယ်ပေးနိုင်ပြီး ရုတ်တရက် ကြုံတွေ့လာရတဲ့ အရေးပေါ်ကုသမှုများ (ဥပမာ နှလုံးသွေးကြောပိတ်ခြင်းအတွက် coronary angioplasty)အတွက်ပါ အကာအကွယ်ပေးနိုင်ပါတယ်။

PRUFlexiprotect CI အကြောင်း ပိုမိုသိရှိလိုပါက ဒီနေရာမှာ လေ့လာပါ။

ရုတ်တရက်ကြုံလာရတဲ့ ကျန်းမာရေးပြဿနာတွေအတွက် ကုန်ကျစရိတ်တွေကို ကာမိဖို့ ကျန်းမာရေးအာမခံ ထားရှိခြင်းက အင်မတန်မှ အရေးကြီးပါတယ်။ ကျန်းမာရေးအာမခံ ရှိထားမယ်ဆိုရင် သင်စုဆောင်းထားတဲ့ငွေကို ထုတ်သုံးရတာ၊ ဆေးကုဖို့ ငွေကြေးချေးငှားရမျိုးတွေကို ရှောင်နိုင်မှာပဲ ဖြစ်ပါတယ်။ ငွေကြေးအတွက် စိတ်ပူစရာမလိုတာကြောင့် စိတ်အေးလက်အေးနဲ့ ဆေးကုသနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် နောင်အခါမှာ ကြုံလာရနိုင်တဲ့ ကျန်းမာ‌ရေးပြဿနာတွေအတွက် တစ်လကို ငွေအနည်းငယ် ဖယ်ထားပြီး ကျန်းမာရေးအာမခံနဲ့ ကာကွယ်ထားကြဖို့ တိုက်တွန်းလိုပါတယ်။

အသက်အာမခံ၊ ကျန်းမာရေးအာမခံနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုလျှင်

ဆက်သွယ်နိုင်မည့် အချက်အလက်များကို ဖြည့်ပါ။ ပရူဒန်ရှယ်အာမခံအကြံပေးမှ သင်နှင့် သင့်တော်မည့်အာမခံအမျိုးအစားများကို အသေးစိတ်ရှင်းပြပေးပါမည်။