နိဒါန်း

ကျန်းမာရေးပြဿနာတွေဆိုတာ ဘဝမှာ တစ်ကွေ့မဟုတ် တစ်ကွေ့ ကြုံလာရမယ့် ကိစ္စတွေပါ။ သာမန်နေထိုင်မကောင်းဖြစ်တာမဟုတ်ဘဲ ဆေးရုံတက်ရလောက်တဲ့အထိ ပြင်းထန်တဲ့ ရောဂါတစ်ခုခု ဖြစ်တဲ့အခါ ကြိုတင်စုဆောင်းထားတဲ့ ဝင်ငွေမရှိရင် ရောဂါကို မကုဘဲ ထားမှာလား ဒါမှမဟုတ် ဆေးရုံစရိတ်အတွက် ပိုင်ဆိုင်သမျှကို ရောင်းချပြီး ကုရမှာလားဆိုတဲ့ ရွေးချယ်စရာတွေ ဖြစ်လာပါတယ်။ သေချာတာကတော့ နှစ်ခုလုံးက ကောင်းမွန်တဲ့ ရွေးချယ်မှု မဟုတ်ပါဘူး။ ဒါကြောင့် နောင်အခါမှာ ဆေးရုံစရိတ်အတွက် စိတ်ဖိစီးမှုမရှိဘဲ ဆေးကုသနိုင်ဖို့ ခုတည်းက ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

ဆေးရုံစရိတ်အတွက်မစိုးရိမ်ရစေဖို့ ကျန်းမာရေးအာမခံက အကောင်းဆုံး အကာအကွယ်ပါ။

နောင်အခါမှာ ကြုံရလာနိုင်တဲ့ ဆေးရုံစရိတ်အတွက် နောက်ဆံမတင်းချင်ဘူး၊ ငွေရေးကြေးရေးကို စိတ်ပူစရာမလိုဘဲ ဆေးကုချင်တယ်ဆိုရင် ကျန်းမာရေးအာမခံနဲ့ အကာအကွယ်လုပ်ထားတာက အကောင်းဆုံးနည်းလမ်းပါ။ ခုလို ကျန်းမာနေချိန်မှာ ကျန်းမာရေးအာမခံက မလိုလောက်ဘူးလို့ ထင်တတ်ကြပေမယ့် တကယ်တမ်း ဆေးရုံတက်ရလို့ ငွေကြေးကုန်ကျတာများလာချိန်၊ ဆေးရုံတက်နေရတဲ့အတွက် အလုပ်မလုပ်ရလို့ ငွေဝင်မရှိတဲ့အချိန်၊ စုဆောင်းငွေမရှိလို့ အကြွေးယူရတော့မယ့်အချိန်၊ မိသားစု စုဆောင်းငွေထဲက ထုတ်သုံးရမယ့် အချိန်တွေမှာတော့ ကျန်းမာရေးအာမခံ ရှိထားခြင်းက သင့်ကို ငွေကြေးအတွက် စိုးရိမ်စရာမလိုဘဲ ဆေးကုသနိုင်အောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးအာမခံရှိခြင်းက ဆေးရုံစရိတ်အတွက် ဘယ်လိုအထောက်အကူဖြစ်စေသလဲ။

ကျန်းမာရေးအာမခံရှိခြင်းက ဆေးရုံစရိတ်ကုန်ကျမှုတွေအတွက် အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ ဥပမာ ပြောရရင်

 

  • ရောဂါတွေကို အချိန်မီ ကုသနိုင်စေပါတယ်။

ကျန်းမာရေးအာမခံက ကျန်းမာရေးအတွက် အကောင်းဆုံး ငွေကြေးအကာအကွယ်ပါ။ ကျန်းမာရေးအာမခံ မရှိတဲ့အခါ ရောဂါတွေကို ကုသဖို့ လျစ်လျူရှုမိတတ်ပါတယ်။ ဒီလိုနဲ့ ရောဂါသေးသေးလေးကနေ ပြင်းထန်တဲ့ ရောဂါတွေအဖြစ် ပြောင်းသွားပါတယ်။ ဒါကြောင့် ကုသရပိုခက်သလို ကုန်ကျစရိတ်လည်း ပိုများလာပါတယ်။

ကျန်းမာရေးအာမခံရှိတဲ့အခါ ကုသမှုစရိတ်အတွက် စိုးရိမ်စရာမလိုဘဲ ရောဂါရှိတာကို သိတာနဲ့ တစ်ပြိုင်နက် တန်းပြီး ကုသနိုင်ပါတယ်။ ဒါကြောင့် မြန်မြန်သက်သာပြီး ကျန်းမာရေးအတွက် အများကြီးအထောက်အကူ ဖြစ်စေပါတယ်။

 

  • ရောဂါတွေကို စောစောရှာဖွေ သိရှိစေပါတယ်။

တစ်ခါတလေ ကိုယ့်မှာ ရောဂါတစ်ခုခု ရှိနေလားဆိုပြီး သံသယဖြစ်မိတဲ့အချိန်တွေ ရှိမှာပါ။ ကျန်းမာရေးအာမခံရှိတဲ့အခါ ဆေးစစ်ဖို့အတွက် ကုန်ကျစရိတ်ကို စိတ်ပူစရာမလိုဘဲ ဆရာဝန်နဲ့ တိုင်ပင်ပြီး ချက်ချင်းစစ်ဆေးလို့ ရပါတယ်။ ဒါကြောင့် ရောဂါရှိရင်လည်း စောစောကုသနိုင်သလို မရှိဘူးဆိုရင်လည်း စိတ်အေးရပါတယ်။

 

  • ဝင်ငွေလျော့နည်းနေချိန်မှာ ဆေးကုသမှုစရိတ်အတွက် အထောက်အကူ ဖြစ်စေပါတယ်။

ဆေးရုံတက်နေရတဲ့အတွက် အလုပ်မလုပ်နိုင်သလို ဝင်ငွေလည်း ရှိမှာ မဟုတ်ပါဘူး။ ပုံမှန်ဆိုရင် ဒီလို ဝင်ငွေမရှိချိန်မှာ ဆေးကုသစရိတ်အတွက် အကြွေးတင်နိုင်တယ်ဆိုပေမယ့် ကျန်းမာရေးအာမခံရှိထားတယ်ဆိုရင် ကုန်ကျစရိတ်အတွက် အထိုက်အလျောက် ဖူလုံမှာဖြစ်လို့ ငွေရေးကြေးရေးအတွက် စိုးရိမ်စရာမရှိပါဘူး။

 

  • မမျှော်လင့်ဘဲ ကြုံရတဲ့ ဆေးကုသစရိတ်တွေကနေ အကာအကွယ်ပေးနိုင်ပါတယ်။

ဘယ်အချိန်မှာ နေမကောင်းဖြစ်မလဲ၊ ဘယ်အချိန်မှာ ဆေးရုံတက်ရမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ကျန်းမာရေးအာမခံက မမျှော်လင့်ထားဘဲ ရုတ်တရက် ဆေးရုံတက်ရတဲ့အခါ ကြိုတင်မပြင်ဆင်ထားမိတဲ့ ကုန်ကျစရိတ်တွေအတွက် အထိုက်အလျောက်ကာကွယ်ပေးနိုင်ပါတယ်။

 

  • မိသားစု စုဆောင်းငွေကို ကာကွယ်ပေးနိုင်ပါတယ်။

ဆေးရုံတက်နေချိန်မှာ ဆေးကုသမှုစရိတ်တွေအတွက် ကျန်းမာရေးအာမခံက အထိုက်အလျောက် ကာကွယ်ပေးတာကြောင့် မိသားစု စုဆောင်းငွေကို သုံးစွဲရတာ လျော့နည်းသွားပါတယ်။ ဒါကြောင့် မိသားစုအတွက် ငွေရေးကြေးရေး ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်ပါတယ်။

သင်နဲ့သင့်လျော်မယ့် အာမခံရွေးချယ်ဖို့ အဆင်သင့်ဖြစ်ပြီလား။

ဆေးရုံတက်ရတဲ့အခါ ဆေးကုသမှုစရိတ်တွေက မမျှော်လင့်ထားသည်အထိ ကုန်ကျနိုင်ပါတယ်။ ဒီလိုကုန်ကျစရိတ်တွေအတွက် ကြိုတင်ပြင်ဆင်ထားတာမရှိရင် ငွေကြေးကုန်ကျမှုတွေကြောင့် ဆေးကုသရာမှာ အခက်အခဲဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ငွေကြေးဆိုင်ရာ အခက်အခဲတွေ ကြုံရနိုင်ပါတယ်။ ဒါတွေကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကျန်းမာရေးအာမခံ ဝယ်ယူထားတာပဲ ဖြစ်ပါတယ်။

PRUFlexiprotect CI က ငွေကုန်ကြေးကျများတဲ့ အပြင်းအထန်ရောဂါအမျိုးအစား (၂၀) အထိ အကာအကွယ်ပေးနိုင်ပြီး ရုတ်တရက် ဆေးရုံတက်ရတဲ့အခါ ပြင်းထန်ရောဂါတွေအတွက် စရိတ်တချို့ကို အကာအကွယ်ဖြစ်စေပါတယ်။ ဒါကြောင့် ဆေးရုံတက်နေစဉ်အတွင်း နေ့စဉ်ကုန်ကျစရိတ်တွေနဲ့ ဆေးရုံစရိတ်တွေအတွက် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

PRUFlexiprotect CI အကြောင်း ပိုမိုသိရှိလိုပါက ဒီနေရာမှာ လေ့လာပါ။

Want to discuss your options?

Leave your details and an agent will be in touch to take you through your options.