Select your language
close

Personal Accident Insurance
Early Bird Promotion

စည်းမျဥ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ

  • "Early Bird Program for Personal Accident Life Insurance” အစီအစဉ်သည် ပရူဒန်ရှယ်အာမခံ ("Prudential Myanmar") မှ ကျင်းပခြင်းဖြစ်သည်။  
  • အစီအစဉ်မှာ ၂၀၂၅ သြဂုတ်လ ၁၂ ရက် မှ ၂၀၂၅ နိုဝင်ဘာလ ၃၀ ရက်နေ မြန်မာစံတော်ချိန် ၂၃ နာရီ ၅၉ မိနစ်အထိ ("အစီအစဉ်ကာလ") ဖြစ်သည်။ 
  • ဤအစီအစဉ်တွင် ပါဝင်ခြင်းအားဖြင့် ပါဝင်သူ ("သင်") သည် ဤစာမျက်နှာတွင် ဖော်ပြထားသော စည်းမျဉ်း စည်းကမ်းများအား သဘောတူလိုက်နာပြီး ဖြစ်သည်။ 
  • ဤအစီအစဉ်တွင်ပါ၀င်ရန်အတွက် ကိုယ်အင်္ဂါထိခိုက်မှု အာမခံအကာအကွယ်ကို (အနည်းဆုံး ၅ယောက် နှင့်အထက်) တစ်ကြိမ်တည်းပရီမီယံကြေးပေးသွင်းသောနည်းလမ်းဖြင့် အစီအစဉ်ကာလအတွင်း ၀ယ်ယူရပါမည်။  
  • (အဓိပ္ပါယ် ဖွင့်ဆိုချက်။    ။ မာစတာပေါ်လစီပိုင်ရှင်ဆိုသည်မှာ အဖွဲ့လိုက်အာမခံအတွက် အာမခံစာချုပ်ကို တာဝန်ယူကိုင်ဆောင်သူ ဖြစ်သည်။) 


သတ်မှတ်ချက်နှင့်ကိုက်ညီသော Customer များအတွက် သီးသန့်လက်ဆောင် 

  • Gym Bag 

 

ဆုလက်ဆောင် ထုတ်ပေးခြင်း 

  • ဆုလက်ဆောင်များသည် အစီအစဥ်ကာလအတွင်း ပထမဆုံးဝယ်ယူထားသော မာစတာပေါ်လစီပိုင်ရှင်  အယောက် ၃၀ အတွက်သာ အကျုံးဝင်ပါသည်။  (ဆုလက်ဆောင်ကို တစ်ဦးချင်းအဖွဲ့ဝင်များအတွက် မဟုတ်ဘဲ မာစတာပေါ်လစီပိုင်ရှင်တစ်ဦး ကိုသာလျှင် ပေးအပ်ပါမည်။) 
  • ဆုလက်ဆောင်များကို ပရူဒန်ရှယ်အာမခံအကြံပေးများမှ ကိုယ်အင်္ဂါထိခိုက်မှု အာမခံအကာအကွယ် ၀ယ်ယူပြီး စောင့်ကြည့်ကာလ ၂၁ ရက်ကို ကျော်လွန်ပြီးနောက် (၃) သုံးလအတွင်း ပေးအပ်ပါမည်။
  • ဆုများကို တခြားသူများသို့ မလွှဲပြောင်းနိုင်သလို ငွေသား ဖြင့် သော်လည်းကောင်း ၊ အခြား ပစ္စည်း ဖြင့် သော်လည်းကောင်း လဲလှယ်ပေးမည် မဟုတ်ပါ။
  • မမျှော်မှန်းနိုင်သော အခြေအနေအရ မဖြစ်မနေ ဆုများကို ပြောင်းလဲရခြင်း ဖြစ်လျှင် ပရူဒန်ရှယ်အာမခံသည် တန်ဖိုးတူ ဆုများကို အစားထိုးပေးနိုင်သည်။
  • ပရူဒန်ရှယ်အာမခံမှ ဤအစီအစဉ်တွင် အကျုံး၀င်သူများကိုလည်း ထပ်မံအတည်ပြုခွင့်ရှိမည်ဖြစ်သည်။
  • အစီအစဉ်ကို ပရူဒန်ရှယ်အာမခံအပြင် အခြားသောအမှတ်တံဆိပ် (သို့) အဖွဲ့အစည်းမှ ပံ့ပိုးကူညီထားခြင်း မရှိပါ။
  • အသေးစိတ် ထပ်မံသိရှိလိုပါက ပရူဒန်ရှယ်အာမခံ၏ Customer Service ဖုန်း 09 770 110010 (တနင်္လာ-သောကြာ မနက် ၈:၃၀ မှ ည ၁၀:၃၀ အတွင်း) သို့ဆက်သွယ်၍မေးမြန်းနိုင်ပါသည်။ Prudential Myanmar Facebook Messenger ဖြင့်လည်း ဆက်သွယ်နိုင်ပါသည်။