Select your language
close
Personal Accident Insurance

Personal Accident Insurance (ကိုယ်အင်္ဂါထိခိုက်မှု အာမခံ)

မျှော်လင့်မထားတဲ့ မတော်တဆ အဖြစ်အပျက်တွေအတွက် အသက်အာမခံအကာအကွယ်နဲ့ ကြိုတင်ပြင်ဆင်လိုက်ပါ။
Customized Coverage for Employees

ကိုယ်အင်္ဂါထိခိုက်မှု အာမခံ ကို ဘာကြောင့် ရွေးချယ်သင့်သလဲ?

မတော်တဆမှုတစ်စုံတစ်ခုနဲ့ ကြုံတွေ့ရတဲ့အခါမှာ Personal Accident Insurance (ကိုယ်အင်္ဂါထိခိုက်မှု အာမခံ) က ငွေရေးကြေးရေးအတွက် ကာကွယ်ပေးမှာဖြစ်သလို စိတ်အေးချမ်းမှုကိုလည်း ရရှိစေမှာဖြစ်ပါတယ်။ Personal Accident Insurance (ကိုယ်အင်္ဂါထိခိုက်မှု အာမခံ) က မတော်တဆထိခိုက်မှုကြောင့် ဖြစ်လာနိုင်တဲ့ အသက်သေဆုံးမှု၊ လုံးဝနဲ့ ထာဝစဉ်မသန်စွမ်းဖြစ်မှု၊ ထိခိုက်ဒဏ်ရာရရှိတဲ့အခါနဲ့ ဆေးရုံတက်ရောက်ကုသရတဲ့အချိန်မှာ ကုန်ကျတဲ့ငွေကြေးတွေကို ပေးအပ်သွားမှာဖြစ်ပါတယ်။

Product Details

အာမခံအကာအကွယဝယ်ယူနိုင်ဖို့အတွကသတ်မှတ်ချက်များ   

အသက် (၁၆) နှစ်ကနေ (၆၅) နှစ်အတွင်း ဘယ်သူမဆို ကိုယ်အင်္ဂါထိခိုက်မှု အာမခံအကာအကွယ်ကို ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အာမခံသက်တမ်းကုန်ဆုံးမယ့် အသက်အရွယ်ကတော့ အသက် (၆၅) နှစ်မှာ ဖြစ်ပါတယ်။ ဒီအာမခံအကာအကွယ်အတွက် အာမခံထားရှိသူရဲ့ လာမယ့်မွေးနေ့အပေါ်မူတည်ပြီး အသက်ကို တွက်ချက်သွားမှာဖြစ်ပါတယ်။ 

အသက် (၁၈) နှစ်အောက် အသက်အရွယ်ရှိသူတွေအတွက် မိဘ ဒါမှမဟုတ် အုပ်ထိန်းသူက အာမခံပေါ်လစီကိုင်ဆောင်ထားသူအနေနဲ့  ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ 

အာမခံအစီအစဥ် သက်တမ်းနဲ့ အကာအကွယ်ပမာဏ (စုစုပေါင်း အာမခံထားသည့် ငွေပမာဏ)  

အာမခံအကာအကွယ်ကို အနည်းဆုံး မြန်မာငွေ (၅) သိန်းကျပ်ကနေ အများဆုံး မြန်မာငွေ သိန်း (၂၀၀) ကျပ်အထိ တစ်နှစ်စာ အာမခံငွေအဖြစ်ထားရှိပြီး ဝယ်ယူနိုင်ပါတယ်။  

အဓိကရရှိနိုင်မယ့် အကျိုးခံစားခွင့်များ 

မတော်တဆထိခိုက်မှုကြောင့် သေဆုံးမှု 

- ဒီအကျိုးခံစားခွင့်မှာ စုစုပေါင်း အာမခံထားငွေကို အကျိုးခံစားခွင့်ရှိသူထံ တစ်လုံးတစ်ခဲတည်း ပေးအပ်သွားမှာဖြစ်ပါတယ်။  

 

လုံးဝနှင့် ထာဝစဉမသန်စွမ်းဖြစ်ခြင်း 

ဒီအကျိုးခံစားခွင့်မှာ စုစုပေါင်း အာမခံထားငွေကို အကျိုးခံစားခွင့်ရှိသူထံ တစ်လုံးတစ်ခဲတည်း ပေးအပ်သွားမှာဖြစ်ပါတယ်။ 

 

 မတော်တဆထိခိုက်မှုကြောင့် ဒဏ်ရာအနာတရဖြစ်ခြင်း 

- ဆရာဝန်ရဲ့  စစ်ဆေးသတ်မှတ်ချက်အပေါ်မူတည်ပြီး အကျိုးခံစားခွင့်ကို ရရှိမှာဖြစ်ပါတယ်။  

 

 မတော်တဆထိခိုက်မှုကြောင့်ဆေးရုံတက်ကုသရခြင်း/မတော်တဆမှုကြောင့် အလုပ်မလုပ်နိုင်ခြင်း 

အာမခံထားငွေရဲ ၃% နဲ အများဆုံး အာမခံထားငွေရဲ ၁၅% အထိ အကျိုးခံစားခွင့် ရရှိမှာဖြစ်ပါတယ်။  

အာမခံဝန်ဆောင်မှု
မဝယ်ယူခင် သိထားသင့်တဲ့အချက်များ

အောက်မှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေကြောင့်ဖြစ်ဖြစ်၊ အကျိုးဆက်တွေကြောင့်ဖြစ်ဖြစ် ဖြစ်ပေါ်လာတဲ့ သေဆုံးခြင်းလုံးဝနှင့် ထာဝစဉ် မသန်စွမ်းဖြစ်ခြင်းနဲ့ ထိခိုက်ဒဏ်ရာရခြင်း အစရှိတဲ့အခြေအနေတွေက အကျုံးဝင်မှာ မဟုတ်ပါ။  

 

  • ကြိုတင်ကြံရွယ်ချက်နဲ့ မိမိကိုယ်ကို ဒဏ်ရာအနာတရဖြစ်စေမှုလုံးဝနှင့် ထာဝစဉ် မသန်စွမ်းဖြစ်မှုနဲ့ သေဆုံးမှု 
  • မူးယစ်စေတတ်တဲ့ ဆေးဝါး သုံးစွဲထားတဲ့အချိန် (သို့) သုံးစွဲတဲ့အတွက် ဒဏ်ရာအနာတရဖြစ်မှုလုံးဝနှင့် ထာဝစဉ် မသန်စွမ်းဖြစ်မှုနဲ့ သေဆုံးမှု။ 
  • ရောဂါကြောင့် သေဆုံးမှုလုံးဝနှင့် ထာဝစဉ် မသန်စွမ်းဖြစ်မှု 
  • စစ်ဖြစ်ပွားခြင်း (စစ်ကြေငြာသည်ဖြစ်စေမကြေငြာသည်ဖြစ်စေ)၊ စစ်အသွင်တိုက်ခိုက်ခြင်းပြည်တွင်းစစ်၊ ပုန်ကန်ခြင်းအဓိကရုဏ်းစစ်တပ် (သို့) လူထုအုံကြွခြင်းသောင်းကျန်းခြင်းသူပုန်ထခြင်းတော်လှန်ရေးစစ်တပ်အာဏာသိမ်းခြင်းစစ်မိန့်ထုတ်ပြန်ခြင်း (သို့) သိမ်းပိုက်ထားခြင်းပြည်တွင်းဆူပူ သောင်းကျန်းခြင်း၊ ၎င်းတို့ကို ဖြစ်ပေါ်စေသော အကြောင်းရင်းများ (သို့) ၎င်းတို့၏ အကျိုးဆက်များကြောင့် ဒဏ်ရာရမှုမသန်စွမ်းဖြစ်မှုနှင့် သေဆုံးမှု။  
  • ရာဇဝတ်မှု ကျုးလွန်ရာကနေ ဒဏ်ရာအနာတရဖြစ်မှု၊ မစွမ်းမသန်ဖြစ်မှုနဲ့ သေဆုံးမှု 
  • သူတစ်ပါးရဲ့ လက်ချက်ကြောင့်ဖြစ်စေသူတစ်ပါးရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့်ဖြစ်စေယင်းနှင့် စပ်လျဉ်းပြီး ဖြစ်စေ ဒဏ်ရာရမှုမသန်စွမ်းဖြစ်မှုနှင့် သေဆုံးမှု။  

 

ဒဏ်ရာရမှု၊ မစွမ်းမသန်ဖြစ်မှုနဲ့ သေဆုံးမှုအတွက် ကုမ္ပဏီက ဆရာဝန်တွေက အလောင်းကို ခွဲစိတ်စစ်ဆေးမှု (Post-mortem Examination) အပါအဝင် လိုအပ်သလို စစ်ဆေးသွားမှာ ဖြစ်ပါတယ် 

 

လုံးဝနှင့် ထာဝစဉ် မသန်စွမ်း ဖြစ်ခြင်းအတွက် အကျိုးခံစားခွင့်ကို တခြားအကျိုးခံစားခွင့်နဲ့ ပူးတွဲခံစားခွင့်မရှိပါ 

 

၂၁ ရက်တာ အခမဲ့လေ့လာခွင့်ကာလ: သင့်အနေနှင့် အာမခံပေါ်လစီကို လက်ခံရရှိသည့်အချိန်မှစ၍ ပြက္ခဒိန်ရက် (၂၁) ရက် အတွင်း ပေါ်လစီပါအချက်အလက် နှင့် အကျိုးခံစားခွင့်၊ ကန့်သတ်ချက်များအကြောင်း အသေးစိတ် ဖတ်ရှုလေ့လာနိုင်ပါသည်။ အဆိုပါကာလအတွင်း ပေါ်လစီပါ အချက်အလက်များက သင့်လိုအပ်ချက်များနှင့် ကိုက်ညီမှုမရှိပါက ပေါ်လစီကို ပယ်ဖျက်နိုင်မည်ဖြစ်သည်။ အဆိုပါကာလအတွင်း အခမဲ့လေ့လာခွင့်ကာလ ဖောင်တွင် အချက်အလက်ဖြည့်သွင်းပြီး တင်သွင်းခဲ့ပါက ပရီမီယံကြေးစုစုပေါင်းထဲမှ ဆေးစစ်သည့်ကုန်ကျစရိတ် တစ်စုံတစ်ရာရှိပါက ထိုကုန်ကျစရိတ်ကို နုတ်ပြီး ပြန်လည်ပေးချေသွားမည်ဖြစ်သည်။ 

အထူးသတိပြုစရာများ

  • ဒီက်ကမ်းစာစောင်မှာ ဖော်ပြထားတဲ စည်းမျဥ်းစည်းကမ်းတွေက အပြည့်အစုံမဟုတ်ပါ။

 

  • စည်းကမ်းသတ်မှတ်ချက်တွေအသေးစိတ်အချက်အလက်တွေနဲကန့်သတ်ချက်တွေကို မိမိရဲသက်ဆိုင်ရာ အာမခံဝန်ဆောင်မှုအရောင်းကိုယ်စားလှယ်က ပေးအပ်ထားတဲ အာမခံပေါ်လစီစာချုပ်မှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။