Select your language
close
Life Insurance for  Employees

သင့်ဝန်ထမ်းတွေအတွက် PRUGroup Life

PRUGroup Life ဆိုတာကတော့ planအာမခံ ထဲမှာပါဝင်တဲ့ သင့်ဝန်ထမ်းတွေရဲ့ သေဆုံးမှု၊ အလုံးစုံ ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်း မသန်စွမ်းဖြစ်မှုကနေဖြစ်ပေါ်လာမယ့် ငွေကြေး အခက်အခဲတွေထံကနေ သင့်ဝန်ထမ်းတွေကိုကာကွယ်ပေးနိုင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ဝန်ထမ်းတွေအတွက် စုပေါင်းအသက်အာမခံကို ရယူနိုင်ပါတယ်။ သင့်ရဲ့လုပ်ငန်းနဲ့ကိုက်ညီတဲ့ PRUGroup Life အာမခံအစီအစဉ်နဲ့ ဝန်ထမ်းတွေကို ကာကွယ်ပေးထားခြင်းဖြင့် သင့်ဝန်ထမ်းတွေရဲ့ စိတ်ကျေနပ်မှုတွေနဲ့ သစ္စာရှိမှုကိုမြှင့်တင်နိုင်ပြီး အရည်အချင်းရှိဝန်ထမ်းတွေကို သင့်လုပ်ငန်းထံလည်း စွဲဆောင်နိုင်ပါတယ်။

ကျွန်ုပ်တို့ ဘာကြောင့် လက်တွဲဆောင်ရွက်ခဲ့တာလဲ

Prudential Corporation Asia လက်အောက်က အပိုင်လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Prudential Myanmar Life Insurance Limited နဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံးပုဂ္ဂလိကဘဏ်တွေထဲက တစ်ခုဖြစ်တဲ့ ရိုးမဘဏ်တို့ဟာ အသက်အာမခံ ဝန်ဆောင်မှုတွေကို အတူတကွ ပံ့ပိုးပေးနိုင်ဖို့ လက်တွဲဆောင်ရွက်ခဲ့တာဖြစ်ပြီး သင့်ရဲ့ ငွေရေးကြေးရေး နဲ့သက်ဆိုင်တဲ့ အနာဂတ် မျှော်မှန်းချက်တွေ၊ ရှေရှည် အာမခံ အကာအကွယ်စောင့်ရှောက်မှု လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကူညီပေးနေပါတယ်။

အာမခံထုတ်ကုန် အသေးစိတ်အချက်အလက်များ

အဂါၤရပ်များနှင့် အကျိုးခံစားခွင့်များ

နှစ်စဉ်ကြေး

အာမခံထားမည့်ငွေပမာဏ၏ ၁ ရာခိုင်နှုန်း

အာမခံသက်တမ်း

၁ နှစ်

အာမခံထားနိုင်သော အသက်အရွယ်

အသက် (၁၈) နှစ်မှ အသက် (၆၅) နှစ်အထိ

 

အနည်းဆုံး အာမခံထားမည့် ငွေပမာဏ (ဝန်ထမ်းတစ်ဦးစီအတွက်)

၁ သောင်းကျပ်

အများဆုံး အာမခံထားမည့် ငွေပမာဏ (ဝန်ထမ်းတစ်ဦးစီအတွက်)

သိန်း ၅၀၀ ကျပ်

အကျိုးခံစားခွင့်များ

  1. သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်

  2. ထိခိုက်အနာတရဖြစ်ခြင်းအတွက် အကျိုးခံစားခွင့်

  3. လုံးဝနှင့် ထာဝစဉ် မစွမ်းမသန်ဖြစ်ခြင်း

အရေးကြီးသော အချက်များ

  • ယခုစာစောင်တွင် ဖော်ပြပါရှိသော စည်းကမ်းနှင့် သတ်မှတ်ချက်များသည် အပြည့်အစုံ မဟုတ်ပါ။ အသေးစိတ်အား အာမခံလက်မှတ်တွင် ဖတ်ရှုနိုင်ပါသည်။

  • သင့်ရည်မှန်းချက်နှင့် ကိုက်ညီမှု ရှိသည့် အာမခံအစီအစဉ်တစ်ခုကို ရွေးချယ်နိုင်ရန် ကျွန်ုပ်တို့ဘက်မှ အကောင်းဆုံး ပံ့ပိုးကူညီပေးမည် ဖြစ်သောကြောင့် အာမခံထားရှိသူသည် မိမိ၏ လိုအပ်ချက်နှင့် ကိုက်ညီပြီး ပေးသွင်းနိုင်သော နှုန်းထားဖြစ်စေမည့် အာမခံပေါ်လစီကို ရွေးချယ်ထား ရှိရမည် ဖြစ်သည်။