Select your language
close
PRUFlexiprotect1

PRUFlexiprotect1

ဒို့တွေတကယ် ဘဝပေါင်းများစွာကို လုံခြုံမှုပေးနေပါတယ်။ ပိုမိုကောင်းမွန်တဲ့ အဖွဲ့လိုက်အာမခံအစီအစဉ်ကို ရယူလိုက်ပါ။
Customized Coverage for Employees

ဆွဲဆောင်ခြင်း၊ ထိန်းသိမ်းထားခြင်း၊ အာမခံချက်ရှိခြင်း။

PRUFlexiprotect1 သည် စုပေါင်းအာမခံအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ စုပေါင်းအာမခံကို ဝယ်ယူထားတဲ့ အဖွဲ့ဝင်တွေက လုပ်ငန်းအဖွဲ့အစည်းတစ်ခုရဲ့ဝန်ထမ်းများဖြစ်နိုင်သလို လူမှုအဖွဲ့အစည်းတစ်ခုရဲ့အဖွဲ့ဝင်များလည်း ဖြစ်နိုင်ပါတယ်။ ဒီအာမခံကို ဝယ်ယူနိုင်ဖို့ အဖွဲ့အစည်းမှာ အနည်းဆုံး အဖွဲ့ဝင် (၅) ယောက်ရှိနေဖို့ လိုအပ်ပါတယ်။

အာမခံထုတ်ကုန် အသေးစိတ်အချက်အလက်များ

  • တစ်နှစ်ကြာ သက်တမ်းရှိ အာမခံအကာအကွယ်

  • အသက် ၆၅ နှစ်အထိ အလွယ်တကူ သက်တမ်းတိုးနိုင်ခြင်း။

  • သဘာဝအတိုင်း သေဆုံးခြင်း၊ မတော်မဆထိခိုက်မှုကြောင့် သေဆုံးခြင်း နှင့်/သို့မဟုတ် အပြင်းအထန်နာမကျန်းမှုတို့ ဖြစ်ပေါ်ခဲ့လျှင် ရရှိနိုင်မည့် နစ်နာကြေးအကျိုးခံစားခွင့်ကို တစ်ပေါင်းတည်း ရရှိနိုင်ခြင်း။

  • အလွယ်တကူပြောင်းလဲနိုင်သည့် အာမခံအကာအကွယ် ဆက်လက် ရရှိနေခြင်း။

  • ထပ်ဆောင်းငွေကြေးဆိုင်ရာလုံခြုံရေးကိုလည်း ထောက်ပံ့ပေးထားပါတယ်။

    PRUFlexiprotect1 သည် သေဆုံးခြင်းဖြစ်ပေါ်ခဲ့လျှင် သင့်အဖွဲ့ဝင်၏ အာမခံအကျိုးခံစားခွင့်ရှိသူများကို ဝင်ငွေမရှိခြင်းကြောင့် ဖြစ်ပေါ်လာမည့် စိတ်ထိခိုက်မှုများမရှိနိုင်အောင် ကာကွယ်ပေးသွားမည်ဖြစ်သည်။ အဖွဲ့ဝင်များအနေဖြင့် မြန်မာငွေ (၅၀,၀၀၀) ကျပ်ရှိရုံဖြင့် အာမခံအကာအကွယ်ရရန် အကျုံးဝင်ပါသည်။ အလုပ်ရှင်နှင့် ဝန်ထမ်းအကောင့်များအတွက် ယခုအကျိုးခံစားခွင့်များ ပေးအပ်ခြင်းသည် ဝန်ထမ်းများအပေါ်ထားရှိသော ကုမ္ပဏီ၏ဂရုစိုက်မှုကို ဖော်ပြရာရောက်ပြီး ဝန်ထမ်းအသစ်များ ခန့်အပ်ခြင်းနှင့် လက်ရှိလုပ်ကိုင်လျက်ရှိသော အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းများကို ထိန်းသိမ်းထားနိုင်ခြင်းတို့အတွက်လည်း အရေးပါသော လုပ်ဆောင်ချက်တစ်ခုဖြစ်ပါသည်။

  • အာမခံအကာအကွယ် ဆက်လက် ရရှိနေနိုင်ခြင်း။

    PRUFlexiprotect1 ၏ အဖွဲ့ဝင်များအနေဖြင့် ကျန်းမာရေးကောင်းမွန်မှုထောက်ခံချက်မလိုဘဲ PRUFlexiprotect PLUS ကို ပြောင်းလဲဝယ်ယူနိုင်သော အခွင့်အရေးရှိပါသည်။ အဆိုပါအခွင့်အရေးအား အလုပ်မှနှုတ်ထွက်သည့်အချိန် သို့မဟုတ် အသက် (၅၉) နှစ်အထိ ခံစားခွင့်ရှိမည်ဖြစ်သည်။

အပိုဆောင်းအကျိုးခံစားခွင့်များဖြင့် သင့်အဖွဲ့ဝင်တွေအတွက် အာမခံအကာအကွယ်ကို မြင့်တင်လိုက်ပါ။

မတော်မဆထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်

ယခုအကျိုးခံစားခွင့်တွင် ကိုယ်ပိုင်အာမခံနစ်နာကြေးပါဝင်ပြီး အာမခံဝယ်ယူထားသူအနေဖြင့် မတော်မဆထိခိုက်မှုကြောင့် အသက်သေဆုံးသွားခဲ့လျှင် နစ်နာကြေးရရှိနိုင်မည်ဖြစ်သည်။

 

မတော်တဆ သေဆုံးမှုအတွက် နှစ်ထပ်ကွမ်းအကျိုးခံစားခွင့် အစီအစဉ်

အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးနည်းလမ်းများဖြင့် သွားလာနေစဉ်အချိန်အတွင်း မတော်မဆထိခိုက်မှုဖြစ်ပေါ်၍ အသက်သေဆုံးခဲ့ပါက ယခုအကျိုးခံစားခွင့်သည် မတော်မဆထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်မှရရှိမည့် အာမခံနစ်နာကြေး၏ နှစ်ဆရရှိနိုင်မည်ဖြစ်သည်။ အကျုံးဝင်သော သယ်ယူပို့ဆောင်ရေးနည်းလမ်းများမှာ ကုန်တင်ရထားများ (မြို့ပတ်ရထားများ အပါအဝင်)၊ ခရီးသည်မှ စီးနင်းကြေးပေးရသော ပုံသေလမ်းကြောင်းများဖြင့် သွားလာနေသည့် ဘက်စ်ကားများ၊ လေကြောင်းလိုင်းများ၊ သင်္ဘောများနှင့် ဖယ်ရီများ အပါအဝင်ဖြစ်သည်။

 

အပြင်းအထန်နာမကျန်းမှုဖြစ်ပေါ်ပါက ရရှိနိုင်မည့် အကျိုးခံစားခွင့်

အာမခံဝယ်ယူထားသူအဖွဲ့ဝင်အနေဖြင့် ယခုအာမခံအကာအကွယ်အတွက် အကျုံးဝင်သော အပြင်းအထန်နာမကျန်းမှု ရောဂါအမျိုးအစားပေါင်း (၂၀) အနက် ရောဂါတစ်မျိုးမျိုးကြောင့် ဆေးကုသမှုခံယူရပါက ဆေးကုသစရိတ်အဖြစ် ငွေကြေးထောက်ပံ့ပေးသွားမည့် အကျိုးခံစားခွင့်ပါဝင်ပါသည်။ အသက်အာမခံဝယ်ယူထားသူမှ အောက်ဖော်ပြပါ အပြင်းအထန်နာမကျန်းမှုရောဂါများ၏ အစောပိုင်းအဆင့်ကို လိုင်စင်ရဆရာဝန်က စစ်ဆေးတွေ့ရှိပါက အာမခံထားရှိငွေ၏ (၂၅) ရာခိုင်နှုန်းနှင့်အောက်အထိ ရရှိနိုင်မည်ဖြစ်ပြီး ရောဂါကုသမှုနှောင်းပိုင်းတွင် ယခုအကျိုးခံစားခွင့်၏ အာမခံထားရှိငွေ (၁၀၀) ရာခိုင်နှုန်း သို့မဟုတ် ကုသမှုအစောပိုင်းတွင် နစ်နာကြေးရယူပြီးပါက ကျန်ရှိသည့် (၇၅) ရာခိုင်နှုန်းကို ပေးအပ်သွားမည်ဖြစ်သည်။

 

အစောပိုင်းအဆင့် အပြင်းအထန် နာမကျန်းဖြစ်ခြင်း

နောက်ဆုံးအဆင့် အပြင်းအထန် နာမကျန်းဖြစ်ခြင်း

ကင်ဆာအစောပိုင်းအဆင့် - ကင်ဆာဆဲလ်စတင်ပျံ့ပွားချိန်နှင့် သတ်မှတ်ထားသော ကိုယ်တွင်းအင်္ဂါများ၏ ကင်ဆာအစောပိုင်းအဆင့်

ပြင်းထန်သည့် ကင်ဆာရောဂါ

Defibrillator သို့မဟုတ် နှလုံးခုန်စက် ထည့်ခြင်း

သတ်မှတ်ထားသော ပြင်းထန်သည့် နှလုံးဖောက်မှု

 နှလုံးသွေးကြောပိတ်ခြင်း နှလုံးသွေးကြော လမ်းကြောင်းလွှဲခြင်း
 လည်ပင်းသွေးကြောခွဲစိတ်မှု အာရုံကြော ထာ၀စဥ်ထိခိုက်ပြီး လေဖြတ်ခြင်း
ဦးနှောက်သွေးကြောပေါက်၍ခွဲစိတ်ခြင်း အသည်း လုံးဝ ပျက်စီးခြင်း
အသည်းအစိတ်အပိုင်းကို ဖယ်ရှားခွဲစိတ်ခြင်း အဆုတ် လုံးဝ ပျက်စီးသည့် ရောဂါ
အဆုတ်တစ်ခြမ်း ဖယ်ရှားခွဲစိတ်ခြင်း ကျောက်ကပ် ပျက်စီးခြင်း
ကျောက်ကပ်တစ်ခြမ်းဖယ်ရှားခွဲစိတ်ခြင်း သွေးလွှတ်ကြောကို ရင်ဘတ်ဖွင့်ခွဲစိတ်ခြင်း
 သွေးလွှတ်ကြော အသေးစားခွဲစိတ်ခြင်း ရင်ခေါင်းဖွင့်၍ ပင်မသွေးလွှတ်ကြော ခွဲစိတ်ခြင်း
 အူသိမ်အူမ အစားထိုးခွဲစိတ်ခြင်း အဓိက အင်္ဂါများ အစားထိုး ကုသခြင်း

 

မှတ်ချက် - အထက်ပါရောဂါများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ပြည့်ပြည့်စုံစုံ သိရှိလိုပါက ပရူဒန်ရှယ်အာမခံ၏ အရောင်းကိုယ်စားလှယ်များအား မေးမြန်းနိုင်ပါသည်။ 

အခြား အာမခံထုတ်ကုန်များ