Select your language
close
PRUFlexiprotectCI1

PRUFlexiprotect CI1

ဒို့တွေတကယ် ကျန်းမာကောင်းမွန်တဲ့ဘဝတွေကို ဖန်တီးပေးနေပါတယ်။ အဖွဲ့အစည်းများအတွက် ပြည့်စုံကောင်းမွန်သည့် အပြင်းအထန်နာမကျန်းဖြစ်မှုအကာအကွယ် အာမခံအစီအစဉ်
PRUFlexiprotect CI1 coverage for employees

ဆွဲဆောင်ခြင်း၊ ထိန်းသိမ်းထားခြင်း၊ အာမခံချက်ရှိခြင်း။

PRUFlexiprotect CI1 က အပြင်းအထန်နာမကျန်းဖြစ်မှု အကာအကွယ်ပေးနိုင်တဲ့ စုပေါင်းအာမခံအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ စုပေါင်းအာမခံကို ဝယ်ယူထားတဲ့ အဖွဲ့ဝင်တွေက လုပ်ငန်းအဖွဲ့အစည်းတစ်ခုရဲ့ ဝန်ထမ်းများ ဖြစ်နိုင်သလို လူမှုအဖွဲ့အစည်းတစ်ခုရဲ့အဖွဲ့ဝင်များ သို့မဟုတ် ငွေချေးသူအုပ်စုလည်း ဖြစ်နိုင်ပါတယ်။ ဒီအာမခံကို ဝယ်ယူနိုင်ဖို့ အဖွဲ့အစည်းမှာ အနည်းဆုံး အဖွဲ့ဝင် (၅) ယောက်ရှိနေဖို့ လိုအပ်ပါတယ်။

အာမခံအစီအစဉ် အသေးစိတ်အချက်အလက်များ

 

  • တစ်နှစ်ကြာ သက်တမ်းရှိ အာမခံအကာအကွယ်
  • အသက် ၆၅ နှစ်အထိ အလွယ်တကူ သက်တမ်းတိုးနိုင်ခြင်း။
  • အပြင်းအထန်နာမကျန်းမှုဖြစ်ပေါ်ခဲ့လျှင် ရရှိနိုင်မည့် နစ်နာကြေးအကျိုးခံစားခွင့်ကို တစ်ပေါင်းတစ်စည်းထဲ ရရှိနိုင်ခြင်း။
  • ထပ်ဆောင်းငွေကြေးဆိုင်ရာလုံခြုံရေးကိုလည်း ထောက်ပံ့ပေးထားပါတယ်။

    PRUFlexiprotect CI 1က အာမခံထားသူတွေကို အပြင်းအထန်နာမကျန်းဖြစ်မှုကြောင့် ဝင်ငွေထိခိုက်မှုများမှ ကာကွယ်ပေးနိုင်ပါသည်။ ။ အာမခံထားသူတွေအနေနှင့် မြန်မာငွေ (၅၀,၀၀၀) ကျပ်မှ စတင်ပြီး အာမခံအစီအစဉ်ကို ဝယ်ယူနိုင်ပါသည်။ အလုပ်ရှင်နှင့်ဝန်ထမ်းဆက်ဆံရေးတွင်လည်း မိမိကုမ္ပဏီမှဝန်ထမ်းများကို ဂရုစိုက်ကြောင်းပြသနိုင်ပြီး အရည်အချင်းရှိဝန်ထမ်းတွေကို ဆွဲဆောင်ထိန်းသိမ်းထားနိုင်ဖို့ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေမည်ဖြစ်သည်။

  • ပြင်းထန်ရောဂါအမျိုးအစားများစွာအတွက် ကာကွယ်ပေးပါတယ်။

    အာမခံဝယ်ယူထားသူအနေဖြင့် ယခုအာမခံအကာအကွယ်အတွက် အကျုံးဝင်သော အပြင်းအထန်နာမကျန်းမှု ရောဂါအမျိုးအစားပေါင်း (၂၀) အနက် ရောဂါတစ်မျိုးမျိုးကြောင့် ဆေးကုသမှုခံယူရပါက ဆေးကုသစရိတ်အဖြစ် ငွေကြေးထောက်ပံ့ပေးသွားမည့် အကျိုးခံစားခွင့်ပါဝင်ပါသည်။ အသက်အာမခံဝယ်ယူထားသူမှ အောက်ဖော်ပြပါ အပြင်းအထန်နာမကျန်းမှု ရောဂါများ၏ အစောပိုင်းအဆင့်ကို လိုင်စင်ရဆရာဝန်က စစ်ဆေးတွေ့ရှိပါက အာမခံထားရှိငွေ၏ (၂၅) ရာခိုင်နှုန်းနှင့်အောက်အထိ ရရှိနိုင်မည်ဖြစ်ပြီး ရောဂါကုသမှုနှောင်းပိုင်းတွင် ယခုအကျိုးခံစားခွင့်၏ အာမခံထားရှိငွေ (၁၀၀) ရာခိုင်နှုန်း သို့မဟုတ် ကုသမှုအစောပိုင်းတွင် နစ်နာကြေးရယူပြီးပါက ကျန်ရှိသည့် (၇၅) ရာခိုင်နှုန်းကို ပေးအပ်သွားမည်ဖြစ်သည်။

 

အစောပိုင်းအဆင့် အပြင်းအထန် နာမကျန်းဖြစ်ခြင်း

နောက်ဆုံးအဆင့် အပြင်းအထန် နာမကျန်းဖြစ်ခြင်း

ကင်ဆာအစောပိုင်းအဆင့် - ကင်ဆာဆဲလ်စတင်ပျံ့ပွားချိန်နှင့် သတ်မှတ်ထားသော ကိုယ်တွင်းအင်္ဂါများ၏ ကင်ဆာအစောပိုင်းအဆင့်

ပြင်းထန်သည့် ကင်ဆာရောဂါ

Defibrillator သို့မဟုတ် နှလုံးခုန်စက် ထည့်ခြင်း

သတ်မှတ်ထားသော ပြင်းထန်သည့် နှလုံးဖောက်မှု

 နှလုံးသွေးကြောပိတ်ခြင်း နှလုံးသွေးကြော လမ်းကြောင်းလွှဲခြင်း
 လည်ပင်းသွေးကြောခွဲစိတ်မှု အာရုံကြော ထာ၀စဥ်ထိခိုက်ပြီး လေဖြတ်ခြင်း
ဦးနှောက်သွေးကြောပေါက်၍ခွဲစိတ်ခြင်း အသည်း လုံးဝ ပျက်စီးခြင်း
အသည်းအစိတ်အပိုင်းကို ဖယ်ရှားခွဲစိတ်ခြင်း အဆုတ် လုံးဝ ပျက်စီးသည့် ရောဂါ
အဆုတ်တစ်ခြမ်း ဖယ်ရှားခွဲစိတ်ခြင်း ကျောက်ကပ် ပျက်စီးခြင်း
ကျောက်ကပ်တစ်ခြမ်းဖယ်ရှားခွဲစိတ်ခြင်း သွေးလွှတ်ကြောကို ရင်ဘတ်ဖွင့်ခွဲစိတ်ခြင်း
 သွေးလွှတ်ကြော အသေးစားခွဲစိတ်ခြင်း ရင်ခေါင်းဖွင့်၍ ပင်မသွေးလွှတ်ကြော ခွဲစိတ်ခြင်း
 အူသိမ်အူမ အစားထိုးခွဲစိတ်ခြင်း အဓိက အင်္ဂါများ အစားထိုး ကုသခြင်း

 

မှတ်ချက် - အထက်ပါရောဂါများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ပြည့်ပြည့်စုံစုံ သိရှိလိုပါက ပရူဒန်ရှယ်အာမခံ၏ အရောင်းကိုယ်စားလှယ်များအား မေးမြန်းနိုင်ပါသည်။ 

အခြား အာမခံအစီအစဉ်များ