Star City Sport Club
အကျိုးခံစားခွင့်များနှင့် လျှော့ဈေးနှုန်းထားများ
Customer Service |
Star City Sport Club သန်လျင်ရုံးခွဲ - ၀၉ ၇၇၇ ၃၇၇ ၅၅၅၊ ၀၉ ၇၇၇ ၃၇၇ ၆၆၆ |
လိပ်စာ |
ကျိုက်ခေါက်ဘုရားလမ်း၊ Star City သန်လျင်၊ ရန်ကုန်မြို့ |
ပရူဒန်ရှယ်အာမခံပေါ်လစီကိုင်ဆောင်ထားသူများ သို့မဟုတ် customer များအတွက် လျှော့ဈေးနှုန်းထားများ
အဖွဲ့ဝင်မန်ဘာများသာရရှိနိုင်သည့် အကျိုးခံစားခွင့်နှုန်းထား - (၁၀) ရာခိုင်နှုန်းအထိ
စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ
- ပရူဒန်ရှယ်အာမခံဝန်ထမ်းများအနေနဲ့ အကျိုးခံစားခွင့်ရယူနိုင်ဖို့အတွက် ဝန်ထမ်းဖြစ်ကြောင်း အထောက်အထားပြဖို့ လိုအပ်ပါတယ်။
- ပရူဒန်ရှယ်အာမခံနဲ့ Star City Sport Club လက်တွဲပူးပေါင်းမှုအကြောင်းကို သက်ဆိုင်ရာ ဆိုရှယ်မီဒီယာပလက်ဖောင်းများအားလုံးပေါ်မှာ ကြေညာသွားမှာဖြစ်ပြီး ကြေညာချက်ထုတ်ပြန်တဲ့နေ့ကနေစပြီး (၁) လအတွင်း ပရူဒန်ရှယ်အာမခံဝန်ထမ်းများနဲ့ customer များက Star City Sport Club မှာ အခမဲ့ တစ်ရက်တာ လာရောက်ခွင့်ရရှိနိုင်မှာ ဖြစ်ပါတယ်။
- Star City Sport Club ရဲ့ဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ မည်သူတစ်ဦးတစ်ယောက်ရဲ့ အဖွဲ့ဝင်မန်ဘာဖြစ်ဖို့ လျှောက်ထားခြင်းကို အတည်ပြုခြင်း ဒါမှမဟုတ် ပယ်ဖျက်ခြင်း ပြုလုပ်နိုင်ပါတယ်။
- အဖွဲ့ဝင်မန်ဘာဖြစ်ခြင်းကို အခြားသူထံကို လွှဲပြောင်းလို့မရသလို ငွေပြန်အမ်းခြင်းလည်း ပြုလုပ်သွားမှာမဟုတ်ပါဘူး။
- Star City Sport Club က အသုံးပြုဖို့ ပေးအပ်ထားတဲ့ နေရာတွေကို စည်းမျဉ်းစည်းကမ်းများအတိုင်း သတ်မှတ်ထားတဲ့ နာရီအပိုင်းအခြားအတွင်းသာ အဖွဲ့ဝင်မန်ဘာများအနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
- အဖွဲ့ဝင်မန်ဘာကတ်ကို ဝင်ပေါက်မှာ ပြသဖို့လိုအပ်ပါတယ်။ မန်ဘာဝင်ထားခြင်းမရှိတဲ့သူတွေကို Star City Sport Club အတွင်း ဝင်ခွင့်ပေးတဲ့ မန်ဘာများကို ချက်ချင်း အဖွဲ့ဝင်မန်ဘာအဖြစ်ကနေ ရပ်ဆိုင်းသွားပါမယ်။
- Star City Sport Club ရဲ့ ပရဝုဏ်အတွင်းရှိ နေရာအသုံးပြုခြင်းက ဦးရာလူစနစ်ဖြစ်ပြီး နေရာအားလပ်မှုအပေါ်မှာလည်း မူတည်ပြီး အသုံးပြုနိုင်ပါတယ်။ နေရာအသုံးပြုမှုကို အွန်လိုင်းပေါ်ကလည်းကောင်း၊ ဝန်ဆောင်မှုပေးလျက်ရှိတဲ့ ဝန်ထမ်းတွေကနေတစ်ဆင့်လည်းကောင်း ကြိုတင်စာရင်းပေးနိုင်ပါတယ်။ ကြိုတင်စာရင်းပေးသွင်းတဲ့အခါမှာလည်း ကန့်သတ်ချက်တွေရှိနိုင်ပြီး ထိုကန့်သတ်ချက်များက အချိန်အခါအားလျော်စွာ ပြောင်းလဲမှုရှိနိုင်ပါတယ်။
- အဖွဲ့ဝင်မန်ဘာတွေအနေနဲ့ Star City Sport Club က လက်ခံအတည်ပြုတဲ့ ဝတ်စားဆင်ယင်မှု (ဥပမာ - အားကစားဘောင်းဘီ၊ ဘောင်းဘီတိုနဲ့ တီရှပ်) မျိုးကို ဝတ်ဆင်ရပါမယ်။ နေရာဒေသနဲ့ သင့်တင့်တဲ့ ဖိနပ်ကိုသာ ဝတ်ဆင်ရပါမယ်။ သင့်လျော်တဲ့ အဝတ်အစားမျိုး ဝတ်ဆင်ထားခြင်းမရှိပါက ဝင်ခွင့်ရရှိမှာမဟုတ်ပါဘူး။
- အဖွဲ့ဝင်မန်ဘာကတ် ပျောက်ဆုံးခြင်း ဒါမှမဟုတ် အဖွဲ့ဝင်မန်ဘာကတ် ပြန်လည်တွေ့ရှိတဲ့အခါမျိုးမှာ Star City Sport Club ကို ချက်ခြင်းအကြောင်းကြားဖို့လိုအပ်ပါတယ်။ အစားထိုးကတ်ပြုလုပ်ဖို့အတွက် စီမံခန့်ခွဲခ မြန်မာငွေကျပ် ၂၀,၀၀၀ ကောက်ခံသွားမှာဖြစ်ပါတယ်။
- အဖွဲ့ဝင်မန်ဘာဝင်ခြင်းအားလုံးက သတ်မှတ်ထားတဲ့ အဖွဲ့ဝင်မန်ဘာဝင်တဲ့နေ့ကနေစပြီး (၁၂) လ အကုန်မှာ ပြီးဆုံးမှာဖြစ်ပါတယ်။
- အဖွဲ့ဝင်မန်ဘာတွေအနေနဲ့ မိမိလုပ်ရပ်တစ်စုံတစ်ရာကြောင့် ကိရိယာများ၊ Star City Sport Club မှ အသုံးပြုဖို့ ပေးအပ်ထားတဲ့ နေရာများ၊ Star City Sport Club ပရဝုဏ်အတွင်း ပျက်စီးဆုံးရှုံးမှုများကို အပြည့်အဝတာဝန်ယူရပါမယ်။
- အဖွဲ့ဝင်မန်ဘာတွေအနေနဲ့ မိမိလုပ်ရပ်တစ်စုံတစ်ရာကြောင့် အခြားအဖွဲ့ဝင်မန်ဘာများ၊ ဝန်ထမ်းများ ဒါမှမဟုတ် Star City Sport Club ကို လာရောက်လည်ပတ်တဲ့ ဧည့်သည်များ ဒဏ်ရာရရှိခြင်း၊ ခန္ဓာကိုယ် ထိခိုက်နာကျင်စေခြင်းနဲ့ အသက်ဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်လာခဲ့တဲ့အခါ အပြည့်အဝတာဝန်ယူရပါမယ်။
- Star City Sport Club ပရဝုဏ်အတွင်း မူးယစ်ဆေးဝါး၊ အရက်သေစာ၊ ဆေးရွက်ကြီး ဒါမှမဟုတ် အခြား အလားတူ တားမြစ်ထားသောအရာများကို ပြင်းထန်စွာ တားမြစ်ထားပါတယ်။
- Star City Sport Club ပရဝုဏ်အတွင်း လက်နက်များ၊ ပေါက်ကွဲစေတတ်သော အရာများ ဒါမှမဟုတ် အခြား တားမြစ်ထားသော မည်သည့်အရာကိုမဆို ပြင်းထန်စွာ တားမြစ်ထားပါတယ်။
- Star City Sport Club အနေနဲ့ Star City Sport Club ပရဝုဏ်ရဲ့ နေရာမှာ ရိုက်ကူးထားသော ဓာတ်ပုံ၊ ဗီဒီယိုများကို အသုံးပြုခွင့် ရှိပါတယ်။
- အဖွဲ့ဝင်မန်ဘာများအနေနဲ့ မိမိဘေးကင်းလုံခြုံမှုနဲ့ ပစ္စည်းဥစ္စာများလုံခြုံမှုအတွက် တာဝန်ရှိပါတယ်။ Star City Sport Club အနေနဲ့ မည်သည့် ပျောက်ဆုံးမှု ဒါမှမဟုတ် ဒဏ်ရာရရှိမှုတို့အတွက် တာဝန်ရှိမှာမဟုတ်ပါဘူး။
- အဖွဲ့ဝင်မန်ဘာများအနေနဲ့ ဝင်ခွင့်ဖောင်မှာ ဖြည့်ထားတဲ့ အချက်အလက်များအားလုံး မှန်ကန်ကြောင်း၊ Star City Sport Club မှာ ကျန်းမာရေးမှတ်တမ်းများအရ ကာယအားကစားလေ့ကျင့်ခန်းများ ပြုလုပ်နိုင်ပြီး အသုံးပြုခြင်းကြောင့် ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာခြင်းမျိုး မရှိကြောင်းကို အာမခံဖို့ လိုအပ်ပါတယ်။
- အဖွဲ့ဝင်မန်ဘာများအနေဖြင့် အဖွဲ့ဝင်မန်ဘာဖြစ်နေစဉ်ကာလအတွင်းမှာ ဒဏ်ရာများ ဒါမှမဟုတ် ကျန်းမာရေးအခြေအနေများ ထပ်တိုးရှိလာခဲ့ပါက Star City Sport Club ကို အကြောင်းကြားဖို့လိုအပ်ပါတယ်။ Star City Sport Club မှာ ကာယလေ့ကျင့်ခန်းလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်ရန်သင့်/မသင့်ကို ဆရာဝန် အတည်ပြုချက်လိုအပ်ခြင်းကြောင့် ဖြစ်ပါတယ်။
- ကိုဗစ် - ၁၉ ကန့်သတ်ချက်များ သို့မဟုတ် အခြားကန့်သတ်ချက်များနဲ့ပတ်သက်ပြီး Star City Sport Club အတွင်း ချမှတ်ထားတဲ့ လမ်းညွှန်ချက်များ၊ အကြံပြုချက်များကို လိုက်နာဖို့ လိုအပ်ပါတယ်။
- ခေတ္တယာယီ Star City Sport Club ပိတ်ထားတဲ့အခါမျိုးမှာ အဖွဲ့ဝင်မန်ဘာဝင်ထားတဲ့ ကာလက ပိတ်ထားသော ကာလအတိုင်း ရပ်တန့်သွားမှာဖြစ်ပြီး ပြန်လည်ဖွင့်လှစ်တဲ့အချိန်ကျမှသာ အဖွဲ့ဝင်မန်ဘာကာလ ပြန်လည်အသက်ဝင်မှာဖြစ်ပါတယ်။ အဖွဲ့ဝင်မန်ဘာဝင်ထားတဲ့ကာလအတွင်း ခေတ္တယာယီ Star City Sport Club ပိတ်ပါက အချိန်နှင့် အခကြေးငွေ နှုတ်ယူသွားမှာ မဟုတ်ပါဘူး။
- Star City Sport Club အနေနဲ့ သန့်ရှင်းရေးလုပ်ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ အချို့သီးသန့်လုပ်ဆောင်မှုများ ဒါမှမဟုတ် အခြားသော လှုပ်ရှားမှုတွေအတွက်အတွက် Star City Sport Club ဖွင့်လှစ်ချိန် ပြောင်းလဲခြင်းနှင့်/ သို့မဟုတ် Star City Sport Club ကို ခေတ္တယာယီပိတ်ထားခွင့် ရှိပါတယ်။
- Star City Sport Club အနေနဲ့ အထက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများထဲမှ တစ်စုံတစ်ရာကို လိုက်နာခြင်းမရှိခြင်း (သို့မဟုတ်) မန်ဘာများရဲ့လုပ်ရပ်များကြောင့် ကိုယ်တိုင် ဒါမှမဟုတ် အခြားသူများအတွက် ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးတို့ကို ထိခိုက်အောင်လုပ်ဆောင်သည်ဟု ယူဆရတဲ့ မည်သည့်အဖွဲ့ဝင်မန်ဘာမဆို ထုတ်ပယ်ပိုင်ခွင့် အပြည့်အဝရှိပါတယ်။
- Star City Sport Club အနေနဲ့ မန်ဘာဖြစ်ရန်လျှောက်ထားခြင်းကို ပယ်ချခြင်း နှင့်/သို့မဟုတ် အဖွဲ့ဝင်မန်ဘာဖြစ်ခြင်းကို ရပ်စဲခြင်း နှင့်/သို့မဟုတ် Star City Sport Club ရဲ့ ဂုဏ်သိက္ခာနှင့်စေတနာကို ထိခိုက်စေတဲ့ မည်သည့်အဖွဲ့ဝင်မန်ဘာမဆို ၎င်းတို့၏ အဖွဲ့ဝင်မန်ဘာသက်တမ်းကာလ တိုးခြင်းကို ပယ်ချပိုင်ခွင့်ရှိပါတယ်။
- Star City Sport Club အနေနဲ့ အဖွဲ့ဝင်မန်ဘာများလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များကို ကြိုတင်အသိပေးခြင်းမရှိဘဲ ပြင်ဆင်ပိုင်ခွင့်ရှိပြီး အဖွဲ့ဝင်မန်ဘာများအနေနဲ့ အဆိုပါ ထပ်တိုးပြင်ဆင်ချက်တွေကို လိုက်နာဖို့လိုအပ်ပါတယ်။