M Health Limited – Easy Health (Yangon)

အကျိုးခံစားခွင့်များနှင့် လျှော့ဈေးနှုန်းထားများ

ဆေးရုံဖုန်းနံပါတ်

၀၉ ၇၅၁ ၈၄၈ ၈၇၁

ဆေးရုံလိပ်စာ

အမှတ် (၁၀၂)၊ ကျိုက္ကဆံလမ်း၊ အလုပ်သမားဆေးရုံအနီး၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

 

ပရူဒန်ရှယ်အာမခံပေါ်လစီကိုင်ဆောင်ထားသူများ (သို့မဟုတ်) customer များအတွက် လျှော့ဈေးနှုန်းထားများ

ငွေသားမဲ့ဝန်ဆောင်မှုများအတွက် (၅၅) ရာခိုင်နှုန်းအထိ

 

စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ

  • Easy Health ရဲ့ အိမ်တိုင်ရာရောက်ဝန်ဆောင်မှုများအတွက် အထူးသီးသန့်အကျိုးခံစားခွင့်များကို ရရှိဖို့အတွက် ကြိုတင်ရက်ချိန်းယူတဲ့အခါမှာ အသင်းဝင်မန်ဘာကတ်ပြသဖို့ လိုအပ်ပါတယ်။
  • သင့်လုံခြုံရေးနဲ့ Easy Health ဝန်ဆောင်မှုပေးသူများရဲ့ လုံခြုံရေးအတွက် ရည်ရွယ်ပြီး အိမ်တိုင်ရာရောက်ဝန်ဆောင်မှုမပေးခင်မှာ Easy Health အနေနဲ့ လူနာရဲ့ ကျန်းမာရေးမှတ်တမ်းကို ကြိုတင်စစ်ဆေးသွားမှာဖြစ်ပါတယ်။ အကယ်၍ လူနာမှာ ကိုဗစ်-၁၉ ရောဂါလက္ခဏာများ တွေ့နေရပြီဆိုရင် (ဥပမာ - ကိုယ်ပူချိန်မြင့်မားခြင်း၊ အနံ့ပျောက်ခြင်း သို့မဟုတ် ကျန်းမာရေးအရ အန္တရာယ်များသော ဒေသများသို့ လတ်တလော သွားရောက်ထားခြင်း) Easy Health အနေနဲ့ ကိုဗစ်-၁၉ ရောဂါစစ်ဆေးမှုများ လုပ်ဆောင်ဖို့ လိုအပ်နိုင်ပြီး ဆက်စပ်ကျသင့်ငွေများရှိလာနိုင်ပါတယ်။
  • Easy Health အနေနဲ့ အကောင်းဆုံးအချိန်ဇယားများရေးဆွဲနိုင်ဖို့အတွက် အိမ်တိုင်ရာရောက်ဝန်ဆောင်မှုများကို အနည်းဆုံး (၁) ရက် ကြိုတင်ပြီး စာရင်းပေးသွင်းဖို့ အကြံပြုလိုပါတယ်။ အရေးပေါ်ကိစ္စရပ်များအတွက် Easy Health ဆေးခန်းဖွင့်ချိန် (မနက် ၉ နာရီမှ ညနေ ၅ နာရီ) အတွင်း မှာ လာရောက်စာရင်းပေးမယ်ဆိုရင်လည်း အဲ့နေ့အတွင်းမှာ ဝန်ဆောင်မှုပေးပါတယ်။