သင်နှင့်သင့်မိသားစုအတွက် ကျန်းမာရေးအာမခံ PRUHealth
သင်ကိုယ်တိုင်နဲ့ သင့်မိသားစုအတွက် လိုအပ်ချက်တွေနဲ့ ကိုက်ညီမှုရှိတဲ့ ကျန်းမာရေးအာမခံတစ်ခု
သင်ကိုယ်တိုင်နဲ့ သင့်မိသားစုအတွက် ကျန်းမာရေးနဲ့ ငွေရေးကြေးရေး ပူပန်မှုတွေကနေ ကာကွယ်ပေးနိုင်ဖို့ သင့်ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီမှုရှိတဲ့ ကျန်းမာရေးအာမခံတစ်ခုကို ရွေးချယ်လိုက်ပါ။
| အာမခံအကာအကွယ် | အကျိုးခံစားခွင့်များ | အနည်းဆုံး | အများဆုံး |
|
အခြေခံ အာမခံအကာအကွယ် |
သေဆုံးခြင်းအတွက် အကျိုးခံစားခွင့် | ၃ ယူနစ်/ ၃,ဝ၀ဝ,ဝ၀ဝ ကျပ် | ၂၅ ယူနစ်/ ၂၅,ဝ၀ဝ,ဝ၀ဝ ကျပ် |
| နေ့စဉ်ဆေးရုံစရိတ် အကျိုးခံစားခွင့် | ၃ ယူနစ်/ ၃၀,၀၀၀ ကျပ် | ၂၅ ယူနစ်/ ၂၅၀,၀၀၀ ကျပ် | |
|
အာမခံအကာအကွယ် ၁ ရွေးချယ်ပါက |
ခွဲစိတ်ကုသစရိတ် အကျိုးခံစားခွင့် | ၂ ယူနစ်/ ၁,၀၀၀,၀၀၀ ကျပ် | ၂၅ ယူနစ်/ ၁၂,၅၀ဝ,ဝ၀ဝ ကျပ် |
|
ကိုယ်ဝန်ပျက်ကျခြင်း (အမျိုးသမီး အာမခံထားသူအတွက်သာ) |
၃၀ဝ,ဝ၀ဝ ကျပ် | ၃၀ဝ,ဝ၀ဝ ကျပ် | |
|
အာမခံအကာအကွယ် ၂ ရွေးချယ်ပါက |
ပြင်ပလူနာကုသစရိတ် အကျိုးခံစားခွင့် | ၂ ယူနစ်/ ၂၀,ဝ၀ဝ ကျပ် | ၂၅ ယူနစ်/ ၂၅၀,၀၀၀ ကျပ် |
အရေးကြီးသော သတိပြုရန်အချက်များ
- PRUHealth သည်တစ်နှစ် သက်တမ်းရှိသော ပေါ်လစီတစ်ခုဖြစ်ပြီး အလိုအလျောက် သက်တမ်းမတိုးပါ။
- အသက်မပြည့်သေးသောသူများ (အသက် ၆ နှစ်မှ ၁၈ နှစ်အတွင်း) အတွက် အာမခံပေါ်လစီဝယ်ယူပါက မိဘအုပ်ထိန်းသူထံမှ သဘောတူညီချက် လိုအပ်ပါသည်။
- အသက် ၆၅ နှစ် နှင့် ၇၅ နှစ်အတွင်းရှိသူများအတွက်ကုမ္ပဏီ၏အတည်ပြုချက်ရယူရန် customer ၏ ကိုယ်ပိုင်ကုန်ကျစရိတ်ဖြင့် စစ်ဆေးထားသော ဆေးစစ်ချက် ရှိရန်လိုအပ်ပါသည်။
- ပေါ်လစီဝယ်ယူရန် ဆုံးဖြတ်ချက်မချမီ မိမိဝယ်ယူမည့် ပေါ်လစီနှင့် ပေးချေရမည့်ငွေကြေးပမာဏသည် မိမိလိုအပ်ချက်နှင့် ကိုက်ညီမှုရှိသည့် ပေါ်လစီဖြစ်ဖို့ ဆွေးနွေးတိုင်ပင်ပါရန် အကြံပြုအပ်ပါသည်။
အကျိုးခံစားခွင့်အကျုံးမဝင်သော အချက်များ
အောက်ဖော်ပြပါကိစ္စရပ်တစ်ခုခုနှင့်ပတ်သက်၍ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖြစ်ပေါ်ခံစားရသော ဒဏ်ရာရခြင်း၊ ရောဂါရရှိခြင်း၊ ဆေးရုံတက် ရောက်ခြင်း၊ ခွဲစိတ်ကုသခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ သေဆုံးခြင်း၊ ဆေးရုံ ဆေးခန်းပြသခြင်းတို့အတွက် အကျိုးခံစားခွင့် အကျုံးဝင်မည် မဟုတ်ပါ။
-
ဆေးကုသမှုခံယူနေခြင်း၊ ဆေးကုသရန်ဆရာဝန်၏ ထောက်ခံချက်ကို ရရှိထားခြင်း၊ ရောဂါလက္ခဏာ ရှိပြီးသား ဖြစ်နေခြင်း။
-
သားဖွားခြင်း၊ ဗိုက်ခွဲမွေးခြင်း၊ မီးဖွားခြင်းနှင့်သက်ဆိုင်သော ခွဲစိတ်ကုသမှု၊ သို့သော် အာမခံထားပြီးနောက် ကိုယ်ဝန်နှင့်အာမခံထားချိန်တွင် ပုံမှန်ဖြစ်နေသောကိုယ်ဝန်ကြောင့်ဖြစ်လာသည့် တွဲဖက်ရောဂါများ (ကိုယ်ဝန်ဆိပ်သင့်ခြင်း၊ ကိုယ်ဝန်ဆောင်သွေးတိုးရောဂါ၊ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ စသည်တို့) ကြောင့် ဆေးရုံတက်ခြင်းနှင့် ခွဲစိတ်ကုသခြင်းသည် အကျိုးခံစားခွင့် ပေးချေရန် အကျုံးဝင်သည်။ ထို့အပြင် ကိုယ်ဝန်ပျက်ကျခြင်းသည် ရွေးချယ်နိုင်သည့် အာမခံအကာအကွယ်(၁) ကိုဝယ်ယူထားပါက အကျိုးခံစားခွင့်ပေးချေရန် အကျုံးဝင်သည်။
-
စိတ်ပေါ့သွပ်ခြင်း (Psychosis)၊ စိတ်ရောဂါဝေဒနာများကြောင့်ဖြစ်ခြင်း (Mental Disorders)
-
ကျန်းမာရေးဆေးစစ်ရန်နှင့် အနားယူအားမွေးရန် ဆေးရုံတက်ခြင်း။
-
သားသမီးရလိုမှုဖြင့် ဆေးရုံတက်ခြင်းနှင့် ခွဲစိတ်ကုသခြင်း။
-
မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှအပဖြစ်သောသွားနှင့် ပတ်သက်သည့်ကုသမှုအတွက်ဖြစ်ခြင်း။
-
မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းမှ အပဖြစ်သော မျက်မှန်အပါအဝင် မျက်စိစမ်းသပ်ခြင်း၊ အမြင်သွေဖယ်ခြင်း၊ မျက်စိကုသခြင်း၊ အမြင်အာရုံ ကောင်းမွန်လာအောင် ပြုပြင်ရန် ဖြစ်ခြင်း။
-
အလှအပအတွက်ဖြစ်ခြင်း။
-
နားကြားကိရိယာ တပ်ဆင်ရန်အတွက်ဖြစ်ခြင်း။
-
ကိုယ်ခန္ဓာချို့ယွင်းခြင်း (Physical Defect) သို့မဟုတ် မသန်စွမ်းခြင်း (Infirmity)
-
မူးယစ်ဆေးဝါးသုံးစွဲခြင်း။
-
ကိုယ်တိုင်ရာဇ၀တ်မှုကျူးလွန်ခြင်း။
-
AIDS/HIV ဖြစ်ခြင်း။
-
အကြမ်းဖက်ဖျက်ဆီးခြင်း၊ အဓိကရုဏ်း၊ စစ်နှင့်စစ်အသွင်ဖြစ်ပွားခြင်း
(စစ်ပြုခြင်းများ၊ စစ်ပွဲကဲ့သို့တိုက်ခိုက်ခြင်း၊ စစ်တပ် (သို့မဟုတ်) အာဏာသိမ် ပြပါအဖြစ်အပျက်တစ်ခုခု၏တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်သော အကျိုးသက်ရောက်မှုတစ်ရပ်ရပ်ကြောင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ နီးကပ်စွာသော်လည်းကောင်း၊ ဝေးလံစွာသော်လည်းကောင်း ဖြစ်ပေါ်စေသော အားပေးသော၊ အခြေခံသော၊ ပေါ်ပေါက် သော မည်သည့်မတော်တဆဖြစ်ပွားခြင်း၊ ဆုံးရှုံးခြင်း၊ ပျက်စီးခြင်း)။
-
ရောဂါကြောင့်ဆေးရုံတက်ရက်ပေါင်းသည် ၃ ရက်နှင့် အောက်ဖြစ်သော ဆေးကုသမှုများ။
-
လိမ်လည်တောင်းခံသည့်ဖြစ်ရပ်များ။
-
မိမိကိုယ်ကို သတ်သေခြင်း (သို့မဟုတ်) မိမိကိုယ်ကိုဒဏ်ရာအနာတရဖြစ်အောင်ပြုလုပ်ခြင်း။
ယခုစာစောင်တွင် ဖော်ပြပါရှိသော စည်းကမ်းနှင့်သတ်မှတ်ချက်များသည် အပြည့်အစုံမဟုတ်ပါ။ သင်၏ ပရူဒန်ရှယ်အာမခံအကြံပေးထံမှ ရရှိသော ပေါ်လစီစာချုပ်ပါစည်းကမ်းနှင့်သတ်မှတ်ချက်၊ အသေးစိတ်အချက်အလက်များနှင့် အာမခံအကာအကွယ် တစ်ခုချင်းစီအတွက် ခြွင်းချက်အခြေအနေများကို လေ့လာနိုင်ပါသည်။
