
PRUGroup Life
အချိန်တိုင်း သင့်ကို အကာအကွယ် ပေးထားပါတယ်
အခမဲ့ ကိုဗစ်-၁၉ အကာအကွယ် |
ကျွန်ုပ်တို့အားလုံး ကိုဗစ်-၁၉ ကူးစက်ရောဂါကို အတူတကွ ရင်ဆိုင်တိုက်ခိုက်နေရတာပါ။ တစ်ဆက်တည်းမှာပဲ ဒီကူးစက်ရောဂါကြောင့် မျှော်လင့်မထားတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကနေ သင့်ကိုကာကွယ်ထားဖို့ အရေးကြီးတယ်လို့ ကျွန်ုပ်တို့ လက်ခံယုံကြည်ထားပါတယ် |
အလွယ်တကူ လျှောက်ထားနိုင်သော အာမခံစနစ် |
ကျန်းမာရေးဆေးစစ်ချက် ထောက်ခံစာတွေ မလိုပါဘူး။ ဒီနေ့ပဲ စတင် လျှောက်ထားနိုင်ပါပြီ |
အာမခံထုတ်ကုန် အသေးစိတ်အချက်အလက်များ
အဂါၤရပ်များနှင့် အကျိုးခံစားခွင့်များ |
|
နှစ်စဉ်ကြေး |
အာမခံထားမည့်ငွေပမာဏ၏ ၁ ရာခိုင်နှုန်း |
အာမခံသက်တမ်း |
၁ နှစ် |
အာမခံထားနိုင်သော အသက်အရွယ် |
အသက် (၁၈) နှစ်မှ အသက် (၆၅) နှစ်အထိ
|
အနည်းဆုံး အာမခံထားမည့် ငွေပမာဏ (ဝန်ထမ်းတစ်ဦးစီအတွက်) |
၁ သောင်းကျပ် |
အများဆုံး အာမခံထားမည့် ငွေပမာဏ (ဝန်ထမ်းတစ်ဦးစီအတွက်) |
သိန်း ၅၀၀ ကျပ် |
အကျိုးခံစားခွင့်များ |
|
အရေးကြီးသော အချက်များ |
|
တစ်ခြားသူတွေရဲ့ စကားသံတွေကို နားထောင်လိုပါသလား
“ပရူဒန်ရှယ် အာမခံရဲ့ စုပေါင်း အသက်အာမခံပေါ်လစီက ကျွန်မတို့ ဝန်ထမ်းတွေအတွက် ငွေရေးကြေးရေး လုံခြုံစိတ်ချမှုကို ပေးစွမ်းနိုင်ပါတယ်”
“အရင်ဆုံး ပရူဒန်ရှယ်အာမခံဆိုတာ အသက်အာမခံ လုပ်ငန်းမှာ သက်တမ်းရှည်ကြာတဲ့ အောင်မြင်မှု သမိုင်းစဉ်လာ ရှိပြီးသား နာမည်ကျော် အမှတ်တံဆိပ်တစ်ခုပါ။ ပရူဒန်ရှယ်က ကျွန်မတို့ကို ပေးအပ်ထားတဲ့ ဝန်ဆောင်မှုတွေရဲ့ အရည်အသွေးက ပရော်ဖက်ရှင်နယ်ဆန်ပြီး စနစ်ကျပါတယ်။
ကျွန်မတို့ ကုမ္ပဏီက ဝန်ထမ်းတိုင်း အသက်အာမခံပေါ်လစီ မဖြစ်မနေ ရှိထားရပါတယ်။ ပရူဒန်ရှယ် အာမခံရဲ့ စုပေါင်း အသက်အာမခံပေါ်လစီက ကျွန်မတို့ ဝန်ထမ်းတွေအတွက် ငွေရေးကြေးရေး လုံခြုံစိတ်ချမှုကို ပေးစွမ်းနိုင်ရုံသာမက ပိုပြီး အရေးကြီးလှတဲ့ ကိုဗစ်-၁၉ အကာအကွယ် ခံစားခွင့်ကိုပါ ပေးအပ်ထားပါတယ်။ ဒါ့ကြောင့်လည်း အခုလို အခက်အခဲတွေ ပြည့်နှက်နေတဲ့ ကာလအတွင်းမှာ ကျွန်မတို့ရဲ့ ဝန်ထမ်းတွေအနေနဲ့ နေ့စဉ်နေ့တိုင်း ယုံကြည်စိတ်ချမှုအပြည့်နဲ့ လုပ်ကိုင်နိုင်ကြတာပါ။
အခုလို အကောင်းဆုံးဝန်ဆောင်ပေးတဲ့အတွက် ကျေးဇူးပါ”
“ပရူဒန်ရှယ်နဲ့ လက်တွဲဖို့ ဆုံးဖြတ်လိုက်တဲ့ အဓိက အချက်ကတော့ သူ့ရဲ့ ကိုဗစ်-၁၉ အသက်အာမခံ အကာအကွယ်ကြောင့်ပါပဲ”
“ပရူဒန်ရှယ်က customer တွေ စိတ်ကျေနပ်မှုရှိဖို့ကို အမြဲ ဂရုစိုက်ပြီး ဝန်ဆောင်မှုပေးတယ်။ ပြီးတော့ မြန်မာနိုင်ငံက လူမှုအသိုင်းအဝိုင်းအတွက် ပြန်ပြီး အကျိုးပြုဖို့ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တာကလည်း တစ်ကယ့်ကို ချီးကျုးဂုဏ်ပြုသင့်တဲ့ အရည်အသွေးတစ်ခုပါပဲ။ ပရူဒန်ရှယ်နဲ့ လက်တွဲဖို့ ဆုံးဖြတ်လိုက်တဲ့ အဓိက အချက်ကတော့ သူ့ရဲ့ ကိုဗစ်-၁၉ အသက်အာမခံ အကာအကွယ်ကြောင့်ပါပဲ။ ဒုတိယ အချက်ကတော့ သူတို့ရဲ့ နိုင်ငံတကာအဆင့်မီ အရည်အသွေးမြင့် ဝန်ဆောင်မှုကြောင့် ဖြစ်ပါတယ်။
ပရူဒန်ရှယ်မှာ အာမခံအကြောင်း ကောင်းကောင်း တတ်ကျွမ်းနားလည်ပြီး စနစ်တကျ လေ့ကျင့်သင်ကြားပေးထားတဲ့ အတွေ့အကြုံရှိပြီးသား ကျွမ်းကျင် ဝန်ထမ်းတွေကို တာဝန်ပေးထားတဲ့အတွက် ကျွန်မတို့ လိုအပ်ချိန်တွေမှာ ဝန်ဆောင်မှုပေးနိုင်မယ့် ဝန်ထမ်းတွေ အမြဲ အသင့်ရှိနေပါတယ်။
ကျွန်မတို့ စုပေါင်းအသက်အာမခံ ဝယ်ယူတုန်းက အကောင်းဆုံး အာမခံ အကာအကွယ်တွေကို သင့်တင့်တဲ့ နှုန်းထားနဲ့ရအောင် မဖြိုးမေဝင်းနဲ့ သူမရဲ့ အဖွဲ့က တစ်ကယ့်ကို တက်တက်ကြွကြွနဲ့ အကြံပေးကူညီခဲ့ပါတယ်။ လိုအပ်တာတွေကိုလည်း အချိန်မရွေး အဆင်ပြေအောင် ကူညီပေးကြတယ်။ ကိုယ်စားလှယ်တော်တော်များများက ပိတ်ရက်တွေမှာ ဆက်သွယ်ချင်ရင် ဖုန်းမဖြေကြတာ များတယ်လေ။ သူတို့ကတော့ အဆင်ပြေအောင် လုပ်ပေးတဲ့အတွက် ကျွန်မတို့ရဲ့ စုပေါင်း အသက်အာမခံ စာရင်းသွင်းတဲ့ကိစ္စတွေအားလုံး မြန်မြန်ဆန်ဆန်၊ လွယ်လွယ်ကူကူ ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ကျွန်မတို့ အာမခံထားတဲ့အချိန်က သေသေချာချာလေး ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဖုန်းကနေ ဆက်သွယ်ရင် ဖြစ်ဖြစ်၊ အီးမေးလ်ကနေဖြစ်ဖြစ် အမြဲတမ်း ကျွန်မတို့ လိုအပ်တဲ့ အချက်အလက်တွေနဲ့ အဖြေတွေကို အမြန်ဆုံး ဂရုတစိုက် ဖြေကြားပေးတဲ့အတွက်လည်း ထပ်ပြီး ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်”