နိဒါန်း
နှစ်စဉ် စက်တင်ဘာလ ၂၉ရက်နေ့က ကမ္ဘာ့နှလုံးရောဂါနေ့ (World Heart Day) ဖြစ်ပါတယ်။ ဒီနှစ်အတွက် themeကတော့ “Don’t miss a beat”ပဲ ဖြစ်ပါတယ်။ နှလုံးရောဂါက နှစ်စဉ်လူပေါင်း ၂၀.၅ သန်း ရဲ့ အသက်ကို ခြိမ်းခြောက်လျက်ရှိပါတယ်။ နှလုံးရောဂါကြောင့် အရွယ်မတိုင်ခင် သေဆုံးမှုတွေရဲ့ ၈၀%က ကာကွယ်လို့ ရပါတယ်။ အချိန်မီ ဆေးကုသမှု ခံယူမယ်၊ ဆေးစစ်မယ်၊ ကျန်းမာရေးနဲ့အညီ စားသောက်နေထိုင်မယ်၊ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် သင့်နှလုံးကို ကာကွယ် နိုင်မှာပဲ ဖြစ်ပါတယ်။
Contents
သင့်နှလုံးကို ကာကွယ်ပါ အနာဂတ်လည်း သာယာမှာ
နှလုံးရောဂါ ဖြစ်လာတဲ့အခါ တစ်သက်လုံးကုသဖို့ လိုသလို မြင့်တက်လာတဲ့ ဆေးကုသစရိတ်တွေကြောင့် နှလုံးရောဂါကို ကုသရတာက သင်ထင်ထားတာထက် ပိုကုန်ကျနိုင်ပြီး မိသားစုကို ဝန်ပိစေနိုင်ပါတယ်။ ဒါကြောင့် နှလုံးရောဂါ မဖြစ်စေဖို့ အောက်ပါ နည်းလမ်းများနဲ့ ကြိုတင်ကာကွယ်ထားသင့်ပါတယ်။
● ဆေးလိပ် သောက်ခြင်းကို ရှောင်ကြဉ်ပါ။
နှလုံးကျန်းမာဖို့ ပထမဆုံး လိုက်နာသင့်တဲ့ အချက်ကတော့ ဆေးလိပ်ဖြတ်တာပဲ ဖြစ်ပါတယ်။ ဆေးလိပ်မသောက်ဘူးဆိုရင်တောင် ဆေးလိပ်ငွေ့တွေနဲ့ ဝေးဝေးနေသင့်ပါတယ်။ ဆေးလိပ်ဖြတ်ပြီး တစ်ရက်ကြာတာနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေက စတင်ပြီး ကျဆင်းလာပြီ ဖြစ်ပါတယ်။ တစ်နှစ်လောက်ဆိုရင်တော့ နှလုံးရောဂါဖြစ်နိုင်ခြေက ဆေးလိပ်သောက်သူရဲ့ တစ်ဝက်လောက်ပဲ ရှိပါတော့တယ်။
● လေ့ကျင့်ခန်းလုပ်ပါ။
နေ့စဉ် မိနစ် ၃၀ကနေ ၆၀မိနစ်အထိ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ နေ့စဉ်လေ့ကျင်ခန်း လုပ်တာက ကိုယ်အလေးချိန်ကို ထိန်းပေးပါတယ်။ နှလုံးရောဂါကို ပိုဆိုးစေတဲ့ သွေးဖိအားမြင့်ခြင်း၊ သွေးတွင်းကိုလက်စထရောများခြင်းနဲ့ အမျိုးအစား ၂ ဆီးချိုရောဂါကိုလည်း ဖြစ်နိုင်ခြေကို နည်းစေပါတယ်။
● ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ပါ။
ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်တာက နှလုံးရောဂါကို ကာကွယ်ပေးသလို သွေးဖိအားနဲ့ သွေးတွင်းကိုလက်စထရောကိုလည်း ကျစေပါတယ်။ အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေကိုလည်း နည်းစေပါတယ်။
နှလုံးကျန်းမာစေဖို့ စားပေးသင့်တဲ့ အစားအစာတွေကတော့
● ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံများ
● ပဲအမျိုးမျိုး
● အဆီမပါ အသားနဲ့ ငါးများ
● အဆီလျှော့ထားတဲ့ နို့ထွက်ပစ္စည်းများ
● ကောက်နှံများ
● ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သံလွင်ဆီနဲ့ ထောပတ်သီးလိုမျိုး အဆီတွေပဲ ဖြစ်ပါတယ်။
လျှော့စားသင့်တာတွေကတော့
● ဆိုဒီယမ်များတဲ့ အစားအစာများ
● အချိုဓာတ်များတဲ့ အစားအစာများ
● ပြုပြင်ထားတဲ့ အစားအစာများ
● အရက်
● ပြည့်ဝဆီနဲ့ အသွင်ပြောင်းဆီတို့ပဲ ဖြစ်ပါတယ်။
● ကိုယ်အလေးချိန်ထိန်းပါ။
အဝလွန်ခြင်း အထူးသဖြင့် ခန္ဓာကိုယ်အလယ်ပိုင်းမှာ အဆီစုခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေကို များစေပါတယ်။ နှလုံးရောဂါဖြစ်စေတဲ့ အခြေအနေတွေ ဖြစ်တဲ့ သွေးဖိအားများခြင်း၊ သွေးတွင်းကိုလက်စထရောများခြင်းနဲ့ အမျိုးအစား ၂ ဆီးချိုရောဂါကိုလည်း ဖြစ်စေနိုင်ပါတယ်။
ကိုယ်အလေးချိန်က နည်းနည်းပဲ ကျမယ်ဆိုရင်တောင် အကျိုးရှိပါတယ်။ ၃-၅%လောက်ပဲ ကျမယ်ဆိုရင်တောင် သွေးတွင်းက triglycerides လို့ခေါ်တဲ့ အဆီဓာတ်ကို ကျစေပါတယ်။ သွေးတွင်းသကြားဓာတ်ကိုလည်း ကျစေပြီး အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို နည်းစေပါတယ်။ ဒီထက်ပိုကျမယ်ဆိုရင် သွေးဖိအားနဲ့ ကိုလက်စထရောကိုပါ ကျစေမှာ ဖြစ်ပါတယ်။
● အိပ်ရေးဝဝအိပ်ပါ။
အိပ်ရေးမဝတဲ့သူတွေက အဝလွန်ခြင်း၊ သွေးတိုးခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ ဆီးချိုရောဂါနဲ့ စိတ်ကျရောဂါ ဖြစ်နိုင်ခြေ များပါတယ်။ အရွယ်ရောက်ပြီးသား လူတစ်ယောက်က တစ်ညကို အနည်းဆုံး ၇နာရီလောက် ပြည့်အောင် အိပ်ဖို့ လိုပါတယ်။
● စိတ်ဖိစီးမှု လျှော့ချပါ။
စိတ်ဖိစီးခြင်းက သွေးတိုးခြင်းနဲ့ နှလုံးရောဂါကို ဖြစ်စေတဲ့ တခြားအချက်တွေကို ဖြစ်နိုင်ခြေ များစေနိုင်ပါတယ်။ စိတ်ဖိစီးတဲ့အခါ လူတချို့က ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နည်းလမ်းတွေနဲ့ ဖြေဖျောက်တတ်ပါတယ်။ ဥပမာ အလွန်အကျွံစားခြင်း၊ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းတို့နဲ့ ဖြေဖျောက်တတ်ပါတယ်။ ဒါတွေက နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နည်းတွေဖြစ်တဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်း၊ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းတို့နဲ့ ဖြေဖျောက်သင့်ပါတယ်။
● ပုံမှန်ကျန်းမာရေးစစ်ဆေးပါ။
သွေးတိုးရောဂါ၊ သွေးတွင်းကိုလက်စထရောများခြင်းနဲ့ အမျိုးအစား ၂ ဆီးချိုရောဂါတို့က နှလုံးနဲ့ သွေးကြောတွေကို ပျက်စီးစေနိုင်ပါတယ်။ ဒါပေမယ့် သင့်မှာ ဒီရောဂါတွေ ရှိမှန်း မစစ်ရင် သိနိုင်မှာ မဟုတ်ပါဘူး။ ပုံမှန်ဆေးစစ်ခြင်းက သင့်မှာ ရောဂါတွေ ရှိမရှိကို ကြိုတင်သိရှိစေပြီး စောစောကုသဖြစ်စေပါတယ်။
နှလုံးရောဂါများရဲ့ နောက်ဆက်တွဲဆိုးကျိုးများ
နှလုံးရောဂါဆိုတဲ့ ခေါင်းစဉ်အောက်မှာ အများစု သိကြတဲ့ နှလုံးသွေးကြောရောဂါအပြင် နှလုံးစည်းချက်မမှန်တဲ့ရောဂါ၊ နှလုံးကြွက်သားရောဂါ၊ နှလုံးအဆို့ရှင်ရောဂါတွေပါ ပါဝင်ပါတယ်။ နှလုံးရောဂါ အများစုက ကာကွယ်လို့ ရသလို ဖြစ်လာပြီဆိုရင်လည်း ကုသလို့ ရပါတယ်။
ဒါပေမယ် ကုသမှု စရိတ်စက မြင့်မားတာကြောင့်ဖြစ်စေ၊ ရောဂါကို အသိနောက်ကျလို့ဖြစ်စေ ကုသမှုကို ရွေ့ဆိုင်းလိုက်တဲ့အခါ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့
● နှလုံးညှစ်အားကျဆင်းခြင်း
● နှလုံးသွေးကြောပိတ်ခြင်း
● လေဖြတ်ခြင်း
● သွေးကြောဖောင်းခြင်း
● ခြေလက်သွေးကြောများ သွေးလည်ပတ်မှုမကောင်းခြင်း
● ရုတ်တရက် နှလုံးရပ်ခြင်းတို့ ဖြစ်တတ်ပါတယ်။
ဒါကြောင့် နှလုံးရောဂါတွေကို မဖြစ်အောင် ကြိုတင်ကာကွယ်တာက အကောင်းဆုံး ဖြစ်ပါတယ်။
နှလုံးရောဂါက ပြင်းထန်နာမကျန်းရောဂါ (Critical illness)ထဲမှာ ပါဝင်ပြီး ရောဂါဖြစ်လာတဲ့အခါ ကုသရတဲ့စရိတ်က မြင့်မားလွန်းလှပါတယ်။ ဒါကြောင့် နှလုံးရောဂါ မဖြစ်ဖို့ ကြိုတင်ကာကွယ်သင့်သလို ဖြစ်လာခဲ့ရင်လည်း ကုသဖို့ ငွေကြေးအစီအမံကို ကြိုတင်ပြုလုပ်ထားသင့်ပါတယ်။
PRUFlexiprotect CIက နှလုံးရောဂါလိုမျိုး ပြင်းထန်နာမကျန်းရောဂါတွေအတွက် ဆေးကုသတဲ့အခါ ငွေကြေးအကာအကွယ်ရစေဖို့ ကြိုတင်ဝယ်ယူထားသင့်တဲ့ အာမခံ အမျိုးအစားပဲ ဖြစ်ပါတယ်။ PRUFlexiprotect CIနဲ့ဆိုရင် မိသားစုရဲ့ စုဆောင်းငွေကို မထိခိုက်ဘဲ စိတ်အေးလက်အေးနဲ့ ဆေးကုသနိုင်မှာ ဖြစ်ပါတယ်။
PRUFlexiprotect CI အကြောင်း ပိုမိုသိရှိလိုပါက ဒီနေရာမှာ လေ့လာပါ။