နိဒါန်း

နေထိုင်မကောင်းဖြစ်တဲ့အခါ လူကြီးမိဘတွေ ဆေးကုဖို့ ငြင်းဆန် တတ်ကြပါတယ်။ ဒီလိုမျိုး ငြင်းဆန်ရတဲ့ အကြောင်းရင်းကလည်း အမျိုးမျိုးရှိနိုင်ပါတယ်။ ဥပမာ ရောဂါအကြောင်းမသိချင်တာ၊ ဆေးကုသမှုနဲ့ ပတ်သက်ပြီး လွဲမှားတဲ့ အသိတွေ ရှိနေတာတို့အပြင် သူတို့တွေ အများဆုံး တွေးကြတဲ့အချက်ကတော့ မိသားစုကို ဆေးကုသစရိတ်တွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မှာ စိုးရိမ်တာ စတာတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုငြင်းဆန်ခြင်းက ရောဂါကို ပိုဆိုးစေပြီး ကုသမရတဲ့ အခြေအနေရောက်သွားနိုင်တာကြောင့် လူကြီးမိဘတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို တတ်နိုင်သမျှ ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်။

လူကြီးမိဘများ ဆေးကုဖို့ ငြင်းဆန်ရတဲ့ အကြောင်းအရင်းများ

      ရောဂါအကြောင်း မသိလိုတာ

လူကြီးတွေက “ကိုယ့်ဟာကိုယ်နေတာ အကောင်း၊ ဆေးစစ်လိုက်မှ ရောဂါတွေ ပေါ်လာတယ်၊ မစစ်ချင်ဘူး” လို့ ပြောတတ်ကြပါတယ်။ ဒါ့ပြင် သူတို့ခံစားနေရတဲ့ ဝေဒနာတွေက ကြီးကြီးမားမားရောဂါကြောင့် မဟုတ်ဘူးလို့ ယုံကြည်ကြတာကြောင့်လည်း ပါပါတယ်။ ဒါကြောင့် ဆေးရုံ၊ ဆေးခန်းသွားဖို့ ငြင်းဆန်ကြတာ ဖြစ်ပါတယ်။

●      သူတစ်ပါးအပေါ် မှီခိုရတယ်လို့ ခံစားရတာ

လူကြီးမိဘတွေက အသက်ကြီးလာပေမယ့် အမှီခိုကင်းကင်း နေရတာကို ဂုဏ်ယူကြပါတယ်။ ဆေးကုသမှု ပြုလုပ်တဲ့အခါ နေ့စဉ်ဘဝမှာ သူတစ်ပါးကို မှီခိုလိုက်ရမှာကို စိုးရိမ်ကြပါတယ်။ ဥပမာ ဆေးကုသမှု ခံယူတဲ့အခါ အိမ်မှာပဲ နေရတော့မယ်၊ ကားမမောင်းရတော့ဘူး ဒီလိုမျိုး ကန့်သတ်ချုပ်ချယ်မှုတွေ ရှိလာမှာကို စိုးရိမ်ကြလို့ပဲ ဖြစ်ပါတယ်။

●      ဆေးကုသမှုနဲ့ ပတ်သက်ပြီး အသိအမြင်မှားများရှိနေတာ

အနောက်တိုင်းဆေးနဲ့ ကုသတာက မပျောက်ဘူး။ ဘေးထွက်ဆိုးကျိုးများတယ် စသဖြင့် ဆေးကုသမှုနဲ့ ပတ်သက်ပြီး အသိအမြင်မှားတွေ ရှိနေတာက ဆေးကုသဖို့ ပိုပြီး ကြောက်ရွံ့စေနိုင်ပါတယ်။ မှားယွင်းတဲ့ကုသမှုတွေ၊ ဆေးမြီးတိုတွေဆီကို ဦးတည်စေပြီး ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။

●      ဘေးထွက်ဆိုးကျိုးနဲ့ ကုသမှုရလဒ်မကောင်းမှာကို စိုးရိမ်တာ

လူကြီးမိဘတွေက ဆေးကုသမှုတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ ကုသမှုရလဒ် မကောင်းမှာကို စိုးရိမ်တာကြောင့်လည်း ဆေးကုသမှုကို ငြင်းဆန်တတ်ကြပါတယ်။ ဒီလိုဖြစ်ရတာက သူတို့ကိုယ်တိုင် ဒါမှမဟုတ် သူတို့ပတ်ဝန်းကျင်မှာ ဆေးကုသပြီး ဘေးထွက်ဆိုးကျိုးခံစားရတာ ဒါမှမဟုတ် ရလဒ်မကောင်းတာကို ကြုံဖူးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆေးကုသမှုနဲ့ ပတ်သက်ပြီး ဘေးထွက်ဆိုးကျိုးတွေ၊ ရလဒ်တွေကို ကြိုတင်အသိမပေးထားတာက လူကြီးမိဘတွေအတွက်  စိုးရိမ်စိတ်များပြီး ကုသမှုကို ငြင်းဆန်စေနိုင်ပါတယ်။

●      မိသားစုကို ဆေးကုသစရိတ်တွေအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုတာ

တစ်ခါတလေမှာ လူကြီးမိဘတွေက ဆေးကုသချင်ပေမယ့် မိသားစုကို ဝန်ထုပ်ဝန်ပိုးဖြစ်မှာ စိုးရိမ်တာကြောင့် ဆေးကုသမှုကို ငြင်းဆန်တာမျိုးလည်း ရှိနိုင်ပါတယ်။ သူတို့ ဆေးကုသလိုက်တဲ့အတွက် မိသားစုက သူ့အတွက် အလုပ်ရှုပ်မှာ၊ အခက်အခဲဖြစ်မှာကို စိုးရိမ်ပူပန်ကြပါတယ်။ ဝန်ထုပ်ဝန်ပိုးလို့ ဆိုတဲ့နေရာမှာ ငွေကြေးအရရော၊ သူတို့ကို ပြုစုစောင့်ရှောက်ဖို့ လူအင်အားရော နှစ်ခုလုံးကို စိုးရိမ်ကြတာ ဖြစ်ပါတယ်။

လူကြီးမိဘတွေ စိတ်အေးချမ်းသာစွာ ဆေးကုသမှု ခံယူနိုင်ဖို့ ဘယ်လိုကူညီပေးကြမလဲ။

လူကြီးမိဘတွေ စိုးရိမ်မှုမရှိဘဲ စိတ်အေးချမ်းသာစွာ ဆေးကုသမှု ခံယူနိုင်ဖို့ဆိုရင် သူတို့ပူပန်နေတဲ့ပြဿနာတွေကို ကူညီရှင်းပြပေးရမှာဖြစ်ပါတယ်။ ဥပမာ

●      ရောဂါရှိတာကို ‌စောစောသိ၊ စောစောကုသမယ်ဆိုရင် ရလဒ်‌ကောင်းနိုင်မယ့်အကြောင်း ပြောပြတာ။

●      ဆေးကုသမှုနဲ့ ပတ်သက်ပြီး အသိအမြင်မှားတွေကို ရှင်းပြပေးတာ။

●      ဆေးကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးနဲ့ ကုသမှုရလဒ်ကို ကြိုတင်ရှင်းပြထားတာ။

●      ဆေးကုသမှုစရိတ်အတွက် ငွေကုန်ကြေးကျမှု သက်သာအောင် ကျန်းမာရေးအာမခံထားရှိ‌ပေးတာတို့ပဲ ဖြစ်ပါတယ်။

သင်နဲ့သင့်လျော်မယ့် အာမခံရွေးချယ်ဖို့ အဆင်သင့်ဖြစ်ပြီလား။

အထူးသဖြင့် လူကြီးမိဘတွေက ဆေးကုသဖို့ ငွေကြေးအခက်အခဲမရှိဘူး။ သူတို့ကို ဆေးကုပေးရတဲ့အတွက် မိသားစုမှာ ငွေ‌ကြေးအခက်အခဲမရှိဘူးဆိုတာ သိထားရင် ဆေးကုသဖို့ ငြင်းဆန်မှာ မဟုတ်တော့ပါဘူး။

လူကြီးမိဘတွေမှာ ဖြစ်တတ်တဲ့ ပြင်းထန်နာမကျန်းမှုအတွက် အသင့်တော်ဆုံး အာမခံကတော့ PRUFlexiprotect CIပဲ ဖြစ်ပါတယ်။ ပြင်းထန်နာမကျန်း ရောဂါအမျိုး ၂၀ အတွက် အကာအကွယ်ပေးနိုင်ပြီး ဆေးကုသမှုအတွက် ကုန်ကျစရိတ်များ ပြန်လည်ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လူကြီးမိဘများ စိုးရိမ်ပူပန်နေရတဲ့ မိသားစုအပေါ် ငွေကြေးဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်မှာ ဖြစ်တဲ့အတွက် စိတ်အေးလက်အေး ဆေးကုသနိုင်မှာ ဖြစ်ပါတယ်။

PRUFlexiprotect CI အကြောင်း ပိုမိုသိရှိလိုပါက ဒီနေရာမှာ လေ့လာပါ။ 

အသက်အာမခံ၊ ကျန်းမာရေးအာမခံနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုလျှင်

ဆက်သွယ်နိုင်မည့် အချက်အလက်များကို ဖြည့်ပါ။ ပရူဒန်ရှယ်အာမခံအကြံပေးမှ သင်နှင့် သင့်တော်မည့်အာမခံအမျိုးအစားများကို အသေးစိတ်ရှင်းပြပေးပါမည်။