နိဒါန်း
ရောဂါတွေကို စောစောသိပြီး စောစောကုသခြင်းက ပိုမိုပျောက်ကင်းဖို့ လွယ်ကူစေသလို အသက်ရှင်နှုန်းကိုလည်း များစေပါတယ်။ ငွေကုန်ကြေးကျလည်း သက်သာပြီး နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ခြေကိုလည်း နည်းစေပါတယ်။ ဒီလိုမျိုး စောစောသိပြီး စောစောကုဖို့ဆိုရင် ပုံမှန်ဆေးစစ်နေဖို့ လိုသလို ရောဂါရှိတဲ့အခါမှာလည်း ကုသဖို့ အဆင်သင့်ဖြစ်နေရပါမယ်။ ရောဂါကို စောစောသိတယ်ဆိုဦးတော့ ချက်ချင်းကုသမှု မလုပ်နိုင်ဘူးဆိုရင် ရောဂါတွေက ပိုပြီး ပြင်းထန်လာမှာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ငွေကြေးအဆင်မပြေလို့ ကုသမှုကို နောက်ဆုတ်ထားရတယ်ဆိုတာက အင်မတန်မှ ဝမ်းနည်းစရာကောင်းတဲ့ ကိစ္စပါ။ ဒီလိုမဖြစ်စေဖို့ဆိုရင် ကျန်းမာရေးအာမခံ နဲ့ အကာအကွယ် ယူထားသင့်ပါတယ်။
ကျန်းမာရေးအာမခံ ရှိခြင်းက ရောဂါကုသတဲ့အခါ ငွေကြေးအတွက် စိုးရိမ်ပူပန်မှုတွေ နည်းရအောင် ကူညီပေးနိုင်ပါတယ်။ ငွေကြေးမတတ်နိုင်လို့ ဆေးမကုရတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ရောဂါတွေကို စောစောသိ စောစောကုစေနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ လူနာအနေနဲ့ ငွေကြေးကို ထည့်သွင်းစဉ်းစားစရာ မလိုတဲ့အတွက် ရောဂါရှိမှန်းသိတာနဲ့ ချက်ချင်းကုသလို့ ရစေပါတယ်။
မာတိကာ
ကျန်းမာရေးအာမခံရှိခြင်းက ရောဂါကုသရာမှာ ဘယ်လိုအထောက်အကူပြုသလဲ။
ကျန်းမာရေးအာမခံရှိခြင်းက ရောဂါကုသတဲ့နေရာမှာ ဘယ်လိုအထောက်အကူပြုသလဲဆိုတော့...
● ငွေကြေးအတွက် စိုးရိမ်ပူပန်စရာမလိုဘဲ ဆေးကုသခွင့် ရစေပါတယ်။
ကျန်းမာရေးအာမခံရှိနေတာကြောင့် ဆေးကုသစရိတ်၊ ခွဲစိတ်စရိတ်နဲ့ ဆေးရုံတက်ရတဲ့စရိတ်တွေအတွက် ပူပန်စရာမလိုတော့ပါဘူး။ ငွေကြေးအတွက် စိုးရိမ်စရာမလိုဘဲ ဆေးကုသမှုကိုပဲ အာရုံထားနိုင်တဲ့အတွက် စိတ်အေးလက်ဆေး ဆေးကုသနိုင်မှာ ဖြစ်ပါတယ်။
● ကုသမှု အောင်မြင်နိုင်ခြေကို များစေပါတယ်။
ရောဂါတွေကို စောစောသိ စောစောကုတာက အောင်မြင်နိုင်ခြေကို များစေပါတယ်။ သိတာနဲ့ ချက်ချင်းကုနိုင်ဖို့ဆိုရင် ငွေကြေးအတွက် စိုးရိမ်စရာမရှိမှ ဖြစ်မှာမို့လို့ ကျန်းမာရေးအာမခံက ဒီလို စိုးရိမ်စရာတွေ မရှိအောင် ကူညီပေးနိုင်ပါတယ်။
● အသက်ရှင်နှုန်းကို များစေပါတယ်။
ကင်ဆာလိုမျိုး ပြင်းထန်နာမကျန်းရောဂါ (Critical illness)တွေက အချိန်ကြာလေလေ ကင်ဆာအဆင့်တက်လေလေ အသက်ရှင်နှုန်းနည်းလေလေပါ။ ကင်ဆာအစောပိုင်းအဆင့်မှာ သိတည်းက ကုသနိုင်မယ်ဆိုရင် အသက်ရှင်နှုန်းများမှာပဲ ဖြစ်ပါတယ်။
● ရောဂါပိုမဆိုးအောင် ကာကွယ်ပေးနိုင်ပါတယ်။
နှလုံးရောဂါ၊ ဆီးချိုရောဂါလိုမျိုး ရောဂါတွေက စောစောသိ စောစောကုမှ နောက်ဆက်တွဲရောဂါတွေ မဖြစ်မှာပါ။ ဒီရောဂါတွေက လက္ခဏာကြီးကြီးမားမား မပြပေမယ့် မကုဘဲ ထားမယ်ဆိုရင်လည်း နောက်ဆက်တွဲရောဂါတွေ ဖြစ်နိုင်တာကြောင့် သိသိချင်း ကုသနိုင်ဖို့ အရေးကြီးပါတယ်။
ကျန်းမာရေးအာမခံရှိခြင်းက ဘယ်လိုမျိုး ငွေကုန်ကြေးကျ သက်သာစေသလဲ။
ကျန်းမာရေးအာမခံ ရှိခြင်းက ရောဂါတွေကို စောစောကုသနိုင်စေရုံတင် မကပါဘူး။ စောစောသိ စောစောကုရတဲ့အတွက် ငွေကုန်ကြေးကျ သက်သာစေပါတယ်။
ရောဂါတွေ သိပ်မဆိုးခင်မှာ ကုသတဲ့အခါ ကုသတဲ့နည်းတွေ၊ အသုံးပြုရတဲ့ ဆေးဝါးတွေက ရိုးရှင်းတာကြောင့် ကုန်ကျစရိတ်ကလည်း တော်တော်သက်သာပါတယ်။ ဆေးရုံတက်ရတဲ့အချိန်လည်း တိုတာကြောင့် မလိုအပ်ဘဲ ငွေကုန်ကြေးကျများကို တားဆီးနိုင်ပါတယ်။ ဒါ့ပြင် မကြာခဏ ဆေးရုံဆေးခန်းသွားရတာတွေ၊ မကြာခဏ ဆေးရုံတက်ရတာတွေကိုလည်း လျော့နည်းစေမှာဖြစ်ပါတယ်။
အဓိကကတော့ မိသားစုရဲ့ စုဆောင်းငွေကို ထုတ်သုံးစရာမလိုဘဲ အပူအပင်ကင်းကင်းနဲ့ ဆေးကုသနိုင်မှာ ဖြစ်ပါတယ်။
ခြုံပြောရမယ်ဆိုရင် ရောဂါတွေကို စောစောသိပြီး စောစောကုတာက လူနာအတွက် ရလဒ်ကောင်းသလို ငွေကုန်ကြေးကျလည်း သက်သာပါတယ်။ ရောဂါရှိတာနဲ့ နှောင့်နှေးခြင်းမရှိဘဲ ကုသနိုင်ဖို့ဆိုတာက ငွေကြေးအတွက် စိတ်ပူစရာမလိုမှဘဲ ဖြစ်မှာပါ။ ဒါနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုကို လျှော့ချချင်တယ်ဆိုရင်တော့ ကျန်းမာရေးအာမခံနဲ့ ကာကွယ်ထားလိုက်တာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။
PRUFlexiprotect CI ဆိုတာက ပြင်းထန်နာမကျန်းရောဂါ (Critical illness) တွေအတွက် သင့်တော်တဲ့ ကျန်းမာရေးအာမခံ အမျိုးအစားပဲ ဖြစ်ပါတယ်။ ရောဂါရှိကြောင်း သိလိုက်ရချိန်မှာ ငွေကြေးအတွက် စိုးရိမ်မှုမရှိဘဲ စိတ်အေးအေးနဲ့ ကုသမှုခံယူနိုင်ဖို့ ကာကွယ်ပေးနိုင်တဲ့ ငွေကြေးအကာအကွယ် တစ်ခုပဲ ဖြစ်ပါတယ်။ ရောဂါတွေကို စောစောသိပြီး စောစောကုသနိုင်ဖို့ ကူညီပေးနိုင်တဲ့ အာမခံအမျိုးအစားပဲ ဖြစ်ပါတယ်။
PRUFlexiprotect CI အကြောင်း ပိုမိုသိရှိလိုပါက ဒီနေရာမှာ လေ့လာပါ။