နိဒါန်း

ဆီးချိုရောဂါ ရှိသူတွေက တစ်နှစ်ထက် တစ်နှစ်ပိုများလာပါတယ်။ WHO အဆိုအရ ၁၉၉၀မှာ ဆီးချိုရောဂါရှိသူက သန်း၂၀၀လောက်ပဲ ရှိပေမယ့် ၂၀၂၂မှာဆိုရင်တော့ သန်း၈၃၀ ထိ တက်လာတာကို တွေ့ရပါတယ်။ ဆီးချိုရောဂါက ဝင်ငွေများစွာရရှိတဲ့ နိုင်ငံတွေထက်စာရင် ဝင်ငွေနည်း (သို့)ဝင်ငွေအလတ်စားရှိတဲ့ နိုင်ငံတွေမှာ ပိုပြီး အဖြစ်များလာတာကို တွေ့ရပါတယ်။

ဆီးချိုရောဂါဆိုတာ နာတာရှည်ရောဂါဖြစ်ပါတယ်။ ဆီးချိုရောဂါဖြစ်ရတဲ့ အကြောင်းရင်းက ခန္ဓာကိုယ်မှာ အင်ဆူလင်ကို မရှိတာ ဒါမှမဟုတ် ရှိပေမယ့် အင်ဆူလင် မတိုးတာကြောင့်ပါ။ အင်ဆူလင်က သွေးတွင်းသကြားဓာတ်ကို ထိန်းပေးပါတယ်။ ဒါကြောင့် ဆီးချိုရောဂါ မထိန်းနိုင်တဲ့အခါ သွေးတွင်းသကြားဓာတ် မြင့်တက်လာပြီး ခန္ဓာကိုယ်ရှိ ကိုယ်တွင်းအင်္ဂါတွေ အထူးသဖြင့် အာရုံကြောနဲ့ သွေးကြောတွေ ပျက်စီးလာစေပါတယ်။

ဒါကြောင့် ဆီးချိုရောဂါကို မဖြစ်ခင် ကာကွယ်တာက အကောင်းဆုံးဖြစ်ပါတယ်။ ဆီးချိုရောဂါတွေထဲမှာ အမျိုးအစား (၁) ဆီးချိုရောဂါက ခန္ဓာကိုယ်က အင်ဆူလင်မထုတ်နိုင်လို့ ဖြစ်ရတာပါ။ ကလေးတွေမှာ အဖြစ်များပါတယ်။ အမျိုးအစား (၂) ဆီးချိုရောဂါကတော့ ခန္ဓာကိုယ်က အင်ဆူလင်မတိုးတာပဲ ဖြစ်ပါတယ်။ အသက် ၄၀ကျော်တွေမှာ အဖြစ်များပါတယ်။

ဆီးချိုရောဂါ အမျိူးအစားတွေအနက် အမျိုးအစား (၂) ဆီးချိုရောဂါက နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲရင် ကာကွယ်နိုင်တဲ့ ဆီးချိုရောဂါပဲ ဖြစ်ပါတယ်။  ဒီဆောင်းပါးမှာတော့ အမျိုးအစား (၂) ဆီးချိုရောဂါကို အဓိထားပြီး ရှင်းပြပေးမှာဖြစ်ပါတယ်။

ဆီးချိုရောဂါ ဖြစ်နိုင်ခြေ များစေတဲ့ အချက်များ

နေ့စဉ် နေထိုင်မှုစားသောက်မှုပုံစံတွေ၊ အသက်အရွယ်၊ မိသားစုရောဂါရာဇဝင် စတာတွေက ဆီးချိုရောဂါ ဖြစ်နိုင်ခြေအပေါ် သက်ရောက်မှု ရှိနေပါတယ်။ ဆီးချိုရောဂါဖြစ်နိုင်ခြေကို များစေတဲ့ အချက်တွေကတော့

●      ဆီးချိုရောဂါ မျိုးရိုးရှိတာ- မိဘ ဒါမှမဟုတ် မောင်နှမတွေမှာ ဆီးချိုရောဂါရှိတယ်ဆိုရင် မိမိမှာလည်း ဖြစ်နိုင်ခြေ မြင့်လာနိုင်ပါတယ်။

●      အသက်ကြီးလာတာ- အသက်ကြီးလာလေလေ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ မြင့်လာလေလေပါ။ အမျိုးအစား (၂) ဆီးချိုရောဂါက အသက် ၄၅နှစ်ကျော်အရွယ်တွေမှာ ပိုဖြစ်တာကို တွေ့ရပါတယ်။

●      ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ဖူးတာ- ကိုယ်ဝန်ဆောင်တုန်းက ဆီးချိုရောဂါ ဖြစ်ဖူးတယ်ဆိုရင် နောက်ပိုင်းမှာ ဆီးချိုရောဂါဖြစ်နိုင်ခြေ ရှိပါတယ်။

●      အဝလွန်တာ- ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်များနေတာ၊ အဝလွန်နေတာက ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို များစေနိုင်ပါတယ်။

●      ကိုယ်လက်လှုပ်ရှားမှု မရှိတာ- ကိုယ်လက်လှုပ်ရှားမှု မရှိဘဲ အထိုင်များတာကလည်း ဆီးချိုရောဂါဖြစ်နိုင်ခြေကို များစေနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု မရှိတာကြောင့် အဝလွန်နိုင်သလို အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကိုလည်း ကျဆင်းစေနိုင်ပါတယ်။

●      သွေးတိုးရောဂါရှိတာ- သွေးတိုးရောဂါရှိတဲ့သူတွေက သာမန်လူတွေထက် ဆီးချိုရောဂါဖြစ်နိုင်ခြေ ပိုများတတ်ပါတယ်။ အကြောင်းကတော့ ရောဂါဖြစ်စေတဲ့အကြောင်းရင်းတွေ တူညီနေတာကြောင့်ပါ။

●      ဆေးလိပ်သောက်တာ- ဆေးလိပ်သောက်တာကလည်း ဆီးချိုရောဂါဖြစ်နိုင်ခြေကို များစေနိုင်ပါတယ်။

●      အသည်းအဆီဖုံးတာ- အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးခြင်း non-alcoholic fatty liver disease (NAFLD)ဆိုတာက ကိုယ်အလေးချိန်များခြင်း၊ သွေးတွင်းအဆီဓာတ်များခြင်း စတဲ့အချက်တွေကြောင့် ဖြစ်ရတဲ့ အသည်းရောဂါတစ်ခုပါ။ NAFLD ရှိရင်လည်း ဆီးချိုရောဂါဖြစ်နိုင်ခြေ များတတ်ပါတယ်။

ဒါတွေကတော့ အမျိုးအစား (၂) ဆီးချို‌ရောဂါဖြစ်နိုင်ခြေ များစေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေကို ပြုပြင်ပြီး ဆီးချိုရောဂါမဖြစ်အောင် ကာကွယ်ရမှာပဲ ဖြစ်ပါတယ်။

ဆီးချိုရောဂါမဖြစ်စေဖို့ ဘယ်လိုကာကွယ်ရမလဲ။

နေ့စဉ် နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲလိုက်ရုံနဲ့ ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချလို့ ရပါတယ်။ ဆီးချိုရောဂါကို ကာကွယ်ဖို့ နည်း (၃)ခုပဲ လိုပါတယ်။ ဒါကတော့ “ဝိတ်ချပါ၊ လှုပ်လှုပ်ရှားရှားနေပါ၊ ကျန်းမာရေးနဲ့ညီအောင် စားပါ” ဒီ (၃)ခုပဲ ဖြစ်ပါတယ်။

 

(၁) ဝိတ်ချပါ။

ဝိတ်ချတာက ဆီးချိုရောဂါဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချနိုင်ပါတယ်။ American Diabetes Associationရဲ့ အဆိုအရ ဆီးချိုရောဂါ အကြိုအဆင့်ရှိသူတွေက လက်ရှိကိုယ်အလေးချိန်ကနေ ၅%-၇%လောက် ချလိုက်တာနဲ့ ဆီးချိုရောဂါအဆင့်ထိ မရောက်အောင် ကာကွယ်နိုင်ပါတယ်။ များများချလေလေ အကျိုးရှိလေလေပါ။

လက်ရှိ ကိုယ်အလေးချိန်ပေါ် မူတည်ပြီး ဘယ်လောက်ထိ ချသင့်လဲဆိုတာကို ကျန်းမာရေးပညာရှင်တွေနဲ့ ဆွေးနွေးပါ။ တစ်ပတ်ကို ၁-၂ပေါင်လောက် စချကြည့်ပါ။

 

(၂) ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။

ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းက ကိုယ်အလေးချိန်ချစေသလို သွေးတွင်းသကြားဓာတ်ကိုလည်း ကျစေပါတယ်။ အင်ဆူလင်တုံ့ပြန်မှုကို ကောင်းစေပြီး ခန္ဓာကိုယ်ကို ကျန်းမာစေပါတယ်။

လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် လမ်းသွက်သွက်လျှောက်တာ၊ ရေကူးတာ၊ စက်ဘီးစီးတာလိုမျိုး အသင့်အတင့်ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို တစ်ရက်မှာ မိနစ် ၃၀နဲ့ တစ်ပတ် ၅ရက်လောက် လုပ်သင့်ပါတယ်။ ကြွက်သားတက်စေတဲ့ လေ့ကျင့်ခန်းကို တစ်ပတ် ၂ကြိမ်၊ ကိုယ်ဟန်ချက်ထိန်းတဲ့ လေ့ကျင့်ခန်းတွေကို တစ်ပတ် ၂-၃ကြိမ် လုပ်ပေးသင့်ပါတယ်။

ဒါ့ပြင် အကြာကြီး မထိုင်ဘဲ နာရီဝက်လောက် ထိုင်ပြီးတိုင်း လမ်းလျှောက်တာ၊ အပေါ့စား လှုပ်ရှားမှုတွေ ပြုလုပ်တာ လုပ်ပေးသင့်ပါတယ်။

 

(၃) ကျန်းမာရေးနဲ့ အညီ စားသောက်ပါ။

နေ့စဉ် ကယ်လိုရီအနည်းငယ်လျှော့စားပါ။ ဒါမှ ဝိတ်ကျဖို့ လွယ်ကူမှာ ဖြစ်ပါတယ်။ အဆီအစိမ့်လျှော့တာကလည်း ကယ်လိုရီမတက်စေမယ့် နည်းလမ်းတစ်ခုပါ။ အဆီအစိမ့်နဲ့ ကယ်လိုရီများတဲ့ အစားအစာတွေအစား အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ပိုစားပေးပါ။ အချိုရည်တွေအစား ရေများများ‌သောက်ပေးပါ။

အရိုးရှင်းဆုံး နည်းလမ်းအနေနဲ့ ထမင်းစားတဲ့အခါ ထမင်းပန်းကန်ရဲ့ တစ်ဝက်ကို ကစီဓာတ်မပါတဲ့ အသီးအရွက်နဲ့ အသီးအနှံ၊ ၄ပုံ၁ပုံကို ကောက်နှံ၊ ကျန် ၄ပုံ၁ပုံကို ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ အဆီမပါတဲ့ အသား၊ ငါး၊ ပဲ စတဲ့ အချိုးအစားအတိုင်း စားပေးပါ။

သင်နဲ့သင့်လျော်မယ့် အာမခံရွေးချယ်ဖို့ အဆင်သင့်ဖြစ်ပြီလား။

ဆီးချိုရောဂါကို ကာကွယ်ဖို့ ဘာကြောင့်အရေးကြီးတာလဲဆိုတော့ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲရောဂါတွေက ကြောက်စရာကောင်းလို့ပါပဲ။ ဆီးချိုရောဂါကြောင့် နောက်ဆက်တွဲအနေနဲ့ အမြင်ကွယ်တာ၊ ကျောက်ကပ်ပျက်စီးတာ၊ နှလုံးသွေးကြောပိတ်တာ၊ လေဖြတ်တာ၊ ခြေထောက်ဖြတ်ရတာတွေ ဖြစ်နိုင်ပါတယ်။ ဒီနောက်ဆက်တွဲပြဿနာတွေက အသက်အန္တရာယ်ထိခိုက်တာ၊ မသန်စွမ်းတာတွေကို ဖြစ်စေနိုင်ပါတယ်။

နှလုံးသွေးကြောပိတ်တာ၊ လေဖြတ်တာနဲ့ ကျောက်ကပ်ပျက်စီးတာတွေက ပြင်းထန်နာမကျန်းရောဂါ (Critical illness)ထဲမှာ ပါဝင်ပြီး ငွေကုန်ကြေးကျများတဲ့ နောက်ဆက်တွဲရောဂါတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါမဖြစ်ဖို့ ကြိုတင်ကာကွယ်သင့်သလို ဆီးချိုရှိနေရင်လည်း ဒီလို နောက်ဆက်တွဲရောဂါကို ကုသဖို့ ငွေကြေးအစီအမံ ပြုလုပ်ထားသင့်ပါတယ်။

PRUFlexiprotect CIက နှလုံးသွေးကြောပိတ်တာနဲ့ လေဖြတ်တာလိုမျိုး ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲ ပြင်းထန်နာမကျန်းရောဂါတွေအတွက် ဆေးကုသရတဲ့အခါ ငွေကြေးအကာအကွယ်ရစေဖို့ ကြိုတင်ဝယ်ယူထားသင့်တဲ့ အာမခံ အမျိုးအစားပဲ ဖြစ်ပါတယ်။ PRUFlexiprotect CIနဲ့ဆိုရင် ငွေကြေးကုန်ကျမှုကို စိတ်ပူစရာမလိုဘဲ စိတ်အေးလက်အေးနဲ့ ဆေးကုသနိုင်မှာ ဖြစ်ပါတယ်။

PRUFlexiprotect CI အကြောင်း ပိုမိုသိရှိလိုပါက ဒီနေရာမှာ လေ့လာပါ။

Want to discuss your options?

Leave your details and an agent will be in touch to take you through your options.