Office

Healthcare for your invaluable Employees

Choose the plan that meets your employees’ need, to protect them and their family from health and financial risk.

Office

Protect your Employees with affordable Cost

PRUHealth is easy to use, the claims process is simple and fast and when your employees use one of the partner hospitals, there is no need for them to pay for their medical costs upfront.

Office

Build team loyalty by rewarding them

Offer the gift of financial protection to your team of employees to ensure employees retention and loyalty as their efforts don’t go unnoticed.

သင်ကိုယ်တိုင်နဲ့ သင့်မိသားစုအတွက် လိုအပ်ချက်တွေနဲ့ ကိုက်ညီမှုရှိတဲ့ ကျန်းမာရေးအာမခံတစ်ခု

သင်ကိုယ်တိုင်နဲ့ သင့်မိသားစုအတွက် ကျန်းမာရေးနဲ့ ငွေရေးကြေးရေး ပူပန်မှုတွေကနေ ကာကွယ်ပေးနိုင်ဖို့ သင့်ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီမှုရှိတဲ့ ကျန်းမာရေးအာမခံတစ်ခုကို ရွေးချယ်လိုက်ပါ။

 

အာမခံအကာအကွယ်အကျိုးခံစားခွင့်များအနည်းဆုံးအများဆုံး

အခြေခံ အာမခံအကာအကွယ်

သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်၃ ယူနစ်/ ၃,ဝ၀ဝ,ဝ၀ဝ ကျပ်၂၅ ယူနစ်/ ၂၅,ဝ၀ဝ,ဝ၀ဝ ကျပ်
နေ့စဉ်ဆေးရုံစရိတ် အကျိုးခံစားခွင့်၃ ယူနစ်/ ၃၀,၀၀၀ ကျပ်၂၅ ယူနစ်/ ၂၅၀,၀၀၀ ကျပ်

အာမခံအကာအကွယ် ၁ ရွေးချယ်ပါက

ခွဲစိတ်ကုသစရိတ် အကျိုးခံစားခွင့်၂ ယူနစ်/ ၁,၀၀၀,၀၀၀ ကျပ်၂၅ ယူနစ်/ ၁၂,၅၀ဝ,ဝ၀ဝ ကျပ်

ကိုယ်ဝန်ပျက်ကျခြင်း

(အမျိုးသမီး အာမခံထားသူအတွက်သာ)

၃၀ဝ,ဝ၀ဝ ကျပ်၃၀ဝ,ဝ၀ဝ ကျပ်

အာမခံအကာအကွယ် ၂ ရွေးချယ်ပါက

ပြင်ပလူနာကုသစရိတ် အကျိုးခံစားခွင့်၂ ယူနစ်/ ၂၀,ဝ၀ဝ ကျပ်၂၅ ယူနစ်/ ၂၅၀,၀၀၀ ကျပ်


 

အရေးကြီးသော သတိပြုရန်အချက်များ

  • PRUHealth သည်တစ်နှစ် သက်တမ်းရှိသော ပေါ်လစီတစ်ခုဖြစ်ပြီး အလိုအလျောက် သက်တမ်းမတိုးပါ။
  • အသက်မပြည့်သေးသောသူများ (အသက် ၆ နှစ်မှ ၁၈ နှစ်အတွင်း) အတွက် အာမခံပေါ်လစီဝယ်ယူပါက မိဘအုပ်ထိန်းသူထံမှ သဘောတူညီချက် လိုအပ်ပါသည်။
  • အသက် ၆၅ နှစ် နှင့် ၇၅ နှစ်အတွင်းရှိသူများအတွက်ကုမ္ပဏီ၏အတည်ပြုချက်ရယူရန် customer ၏ ကိုယ်ပိုင်ကုန်ကျစရိတ်ဖြင့် စစ်ဆေးထားသော ဆေးစစ်ချက် ရှိရန်လိုအပ်ပါသည်။
  • ပေါ်လစီဝယ်ယူရန် ဆုံးဖြတ်ချက်မချမီ မိမိဝယ်ယူမည့် ပေါ်လစီနှင့် ပေးချေရမည့်ငွေကြေးပမာဏသည် မိမိလိုအပ်ချက်နှင့် ကိုက်ညီမှုရှိသည့် ပေါ်လစီဖြစ်ဖို့ ဆွေးနွေးတိုင်ပင်ပါရန် အကြံပြုအပ်ပါသည်။

 

အကျိုးခံစားခွင့်အကျုံးမဝင်သော အချက်များ

အောက်ဖော်ပြပါကိစ္စရပ်တစ်ခုခုနှင့်ပတ်သက်၍ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖြစ်ပေါ်ခံစားရသော ဒဏ်ရာရခြင်း၊ ရောဂါရရှိခြင်း၊ ဆေးရုံတက် ရောက်ခြင်း၊ ခွဲစိတ်ကုသခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ သေဆုံးခြင်း၊ ဆေးရုံ ဆေးခန်းပြသခြင်းတို့အတွက် အကျိုးခံစားခွင့် အကျုံးဝင်မည် မဟုတ်ပါ။

  • ဆေးကုသမှုခံယူနေခြင်း၊ ဆေးကုသရန်ဆရာဝန်၏ ထောက်ခံချက်ကို ရရှိထားခြင်း၊ ရောဂါလက္ခဏာ ရှိပြီးသား ဖြစ်နေခြင်း။

  • သားဖွားခြင်း၊ ဗိုက်ခွဲမွေးခြင်း၊ မီးဖွားခြင်းနှင့်သက်ဆိုင်သော ခွဲစိတ်ကုသမှု၊ သို့သော် အာမခံထားပြီးနောက် ကိုယ်ဝန်နှင့်အာမခံထားချိန်တွင် ပုံမှန်ဖြစ်နေသောကိုယ်ဝန်ကြောင့်ဖြစ်လာသည့် တွဲဖက်ရောဂါများ (ကိုယ်ဝန်ဆိပ်သင့်ခြင်း၊ ကိုယ်ဝန်ဆောင်သွေးတိုးရောဂါ၊ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ စသည်တို့) ကြောင့် ဆေးရုံတက်ခြင်းနှင့် ခွဲစိတ်ကုသခြင်းသည် အကျိုးခံစားခွင့် ပေးချေရန် အကျုံးဝင်သည်။ ထို့အပြင် ကိုယ်ဝန်ပျက်ကျခြင်းသည် ရွေးချယ်နိုင်သည့် အာမခံအကာအကွယ်(၁) ကိုဝယ်ယူထားပါက အကျိုးခံစားခွင့်ပေးချေရန် အကျုံးဝင်သည်။

  • စိတ်ပေါ့သွပ်ခြင်း (Psychosis)၊ စိတ်ရောဂါဝေဒနာများကြောင့်ဖြစ်ခြင်း (Mental Disorders)

  • ကျန်းမာရေးဆေးစစ်ရန်နှင့် အနားယူအားမွေးရန် ဆေးရုံတက်ခြင်း။

  • သားသမီးရလိုမှုဖြင့် ဆေးရုံတက်ခြင်းနှင့် ခွဲစိတ်ကုသခြင်း။

  • မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှအပဖြစ်သောသွားနှင့် ပတ်သက်သည့်ကုသမှုအတွက်ဖြစ်ခြင်း။

  • မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းမှ အပဖြစ်သော မျက်မှန်အပါအဝင် မျက်စိစမ်းသပ်ခြင်း၊ အမြင်သွေဖယ်ခြင်း၊ မျက်စိကုသခြင်း၊ အမြင်အာရုံ ကောင်းမွန်လာအောင် ပြုပြင်ရန် ဖြစ်ခြင်း။

  • အလှအပအတွက်ဖြစ်ခြင်း။

  • နားကြားကိရိယာ တပ်ဆင်ရန်အတွက်ဖြစ်ခြင်း။

  • ကိုယ်ခန္ဓာချို့ယွင်းခြင်း (Physical Defect) သို့မဟုတ် မသန်စွမ်းခြင်း (Infirmity)

  • မူးယစ်ဆေးဝါးသုံးစွဲခြင်း။

  • ကိုယ်တိုင်ရာဇ၀တ်မှုကျူးလွန်ခြင်း။

  • AIDS/HIV ဖြစ်ခြင်း။

  • အကြမ်းဖက်ဖျက်ဆီးခြင်း၊ အဓိကရုဏ်း၊ စစ်နှင့်စစ်အသွင်ဖြစ်ပွားခြင်း

    (စစ်ပြုခြင်းများ၊ စစ်ပွဲကဲ့သို့တိုက်ခိုက်ခြင်း၊ စစ်တပ် (သို့မဟုတ်) အာဏာသိမ်းခြင်းနှင့် ဖော်ပြပါအဖြစ်အပျက်တစ်ခုခု၏ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်သော အကျိုးသက်ရောက်မှုတစ်ရပ်ရပ်ကြောင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ နီးကပ်စွာသော်လည်းကောင်း၊ ဝေးလံစွာသော်လည်းကောင်း ဖြစ်ပေါ်စေသော အားပေးသော၊ အခြေခံသော၊ ပေါ်ပေါက် သော မည်သည့်မတော်တဆဖြစ်ပွားခြင်း၊ ဆုံးရှုံးခြင်း၊ ပျက်စီးခြင်း)။

  • ရောဂါကြောင့်ဆေးရုံတက်ရက်ပေါင်းသည် ၃ ရက်နှင့် အောက်ဖြစ်သော ဆေးကုသမှုများ။

  • လိမ်လည်တောင်းခံသည့်ဖြစ်ရပ်များ။

  • မိမိကိုယ်ကို သတ်သေခြင်း (သို့မဟုတ်) မိမိကိုယ်ကိုဒဏ်ရာအနာတရဖြစ်အောင်ပြုလုပ်ခြင်း။

     

ယခုစာစောင်တွင် ဖော်ပြပါရှိသော စည်းကမ်းနှင့်သတ်မှတ်ချက်များသည် အပြည့်အစုံမဟုတ်ပါ။ သင်၏ ပရူဒန်ရှယ်အာမခံအကြံပေးထံမှ ရရှိသော ပေါ်လစီစာချုပ်ပါစည်းကမ်းနှင့်သတ်မှတ်ချက်၊ အသေးစိတ်အချက်အလက်များနှင့် အာမခံအကာအကွယ် တစ်ခုချင်းစီအတွက် ခြွင်းချက်အခြေအနေများကို လေ့လာနိုင်ပါသည်။

အသက်အာမခံ၊ ကျန်းမာရေးအာမခံနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုလျှင်

ဆက်သွယ်နိုင်မည့် အချက်အလက်များကို ဖြည့်ပါ။ ပရူဒန်ရှယ်အာမခံအကြံပေးမှ သင်နှင့် သင့်တော်မည့်အာမခံအမျိုးအစားများကို အသေးစိတ်ရှင်းပြပေးပါမည်။

alt