၁။ ခြွင်းချက်များ - သေဆုံးခြင်းအတွက် အကျိုးခံစားခွင့် (သို့) လုံးဝနှင့် ထာဝစဥ် မသန်စွမ်းခြင်း အကျိုးခံစားခွင့်ကို အပြည့်အဝမထုတ်ပေးနိုင်တဲ့ အချက်တွေရှိပါတယ်။ တကယ်လို့ အာမခံထားသူဟာ မိမိကိုယ်ကို သတ်သေခြင်း နဲ့ (သို့) ဝယ်ယူတဲ့အချိန်မှာလိုအပ်တဲ့အချက်အလက်များကို ထိမ်ချန်ဖော်ပြထားရင် အသက်သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်မရရှိနိုင်ပါ။ ကိုယ့်ကိုယ်ကို ဒဏ်ရာအနာတရဖြစ်အောင်ပြုလုပ်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းနဲ့ အခြားအကြောင်းအရာများကြောင့်ဖြစ်ပါကလည်း လုံးဝနှင့် ထာဝစဥ် မသန်စွမ်းအတွက် အကျိုးခံစားခွင့်ကို ထုတ်ယူခွင့်ပေးမှာ မဟုတ်ပါ။ ပိုမိုသိရှိနားလည်စေဖို့ အသေးစိတ်အချက်အလက်တွေကို အာမခံစာချုပ်တွင် ကြည့်ရှုနိုင်ပါတယ်။
၂။ ဝယ်ယူလိုတဲ့ အာမခံထားငွေ၊ အသက်နဲ့ အလုပ်အကိုင်ပေါ် မူတည်ပြီး အာမခံထားသူအနေနဲ့ PRUSaver ပေါ်လစီ မဝယ်ယူခင် ကျန်းမာရေးအတွက်ဆေးစစ်ခြင်းနဲ့ လက်ရှိကိုယ်ခန္ဓာကျန်းမာရေးအခြေအနေ ဖော်ပြချက်တို့ လိုအပ်နိုင်ပါတယ်။
၃။ ပရူဒန်ရှယ်အာမခံမှာ အသက်အာမခံထားသူ ပေးပို့ထားတဲ့ ဆေးစစ်ထားသောအချက်အလက်များနဲ့ (သို့) ကိုယ်ခန္ဓာကျန်းမာရေးအခြေအနေ အချက်အလက်များ မှန်ကန်မှုမရှိရင် ပေါ်လစီရဲ့ အာမခံအကာအကွယ်(အာမခံပေါ်လစီ) ကို ရပ်ဆိုင်းပစ်နိုင်ပါတယ်။
၄။ PRUSaver အာမခံဝန်ဆောင်မှုကို ဝယ်ယူပြီး ဆက်လက်မလိုချင်တော့ရင် အမ်းငွေရသင့်တန်ဖိုးအဖြစ် ပြန်လည်ထုတ်ယူနိုင်ပါတယ်။ ဒါပေမယ့် အမ်းငွေရသင့်တန်ဖိုးပမာဏဟာ ပေးသွင်းထားခဲ့တဲ့ ပရီမီယံပမာဏထက် လျော့နည်းမှာဖြစ်ပြီး တစ်နည်းအားဖြင့် နစ်နာမှုများရှိနိုင်ပါတယ်။
၅။ အာမခံရဲ့ တန်ဖိုးအပြည့်အဝကို ခံစားနိုင်ဖို့ အသက်(၅၆)နှစ်နဲ့အထက် ရှိသူများဟာ အာမခံရဲ့ ပရီမီယံကြေးများကို အခွန်ကင်းလွတ်ခွင့်အဖြစ် လျှောက်ထားနိုင်ပါတယ်။ မလျှောက်ထားဖြစ်ရင် နှစ်စေ့(သက်တမ်းပြည့်) တန်ဖိုးထက်ပိုပြီး ပေးသွင်းရနိုင်ပါတယ်။