
ရိုးရှင်းလွယ်ကူသော နစ်နာကြေးလျှောက်ထားခြင်း

ကျွန်ုပ်တို့ရဲ့ ကတိကဝတ်
နစ်နာကြေးတောင်းခံတဲ့ လုပ်ငန်းစဉ်အကြောင်း သင့်ကို လမ်းညွှန်ပေးပါရစေ
လုပ်ဆောင်ချက် အဆင့်ဆင့်အတွက် လမ်းညွှန်ချက်
‘Digital Claim Process’ နဲ့ အာမခံအကျိုးခံစားခွင့်တွေ ရယူနိုင်ဖို့ နည်းလမ်းအဆင့်ဆင့်
(၁) ပထမဆုံး ‘New Claim’ ကို နှိပ်ပြီး ‘Proceed’ လုပ်ပါ။
(၂) ‘Claim Info’ တွင် အချက်အလက်များဖြည့်ပြီး ‘NEXT’ ကို နှိပ်ပါ။
(၃) Step 3 - ‘Claim Documents’ တွင် လိုအပ်သော စာရွက်စာတမ်းဖိုင်များအားထည့်ပြီး ‘NEXT’ ကို ရွေးပါ။
(၄) ‘Other Documents’ တွင်လည်း အခြားလိုအပ်သော စာရွက်စာတမ်းဖိုင်များအား ဆက်လက် ထည့်သွင်းနိုင်ပြီး ‘NEXT’ ကိုနှိပ်ကာ ဆက်သွားပါ။
(၅) - သင့်ရဲ့ အာမခံအကျိုးခံစားခွင့်ကို အွန်လိုင်းမှတစ်ဆင့် ကလစ်ခ် လုပ်ရုံနဲ့ အချိန်မရွေး၊ နေရာမရွေး လွယ်ကူ မြန်ဆန်စွာ ရယူလိုက်ပါ။
နစ်နာကြေးလျှောက်ထားရာတွင် လိုအပ်သော စာရွက်စာတမ်းများ
-
(၁) အာမခံပေါ်လစီအမှတ် (အာမခံပေါ်လစီ အထောက်အထား သို့မဟုတ် E-card မိတ္တူ)
(၂) လျှောက်ထားသူ အချက်အလက်
- အမည်အပြည့်အစုံ
- ဖုန်းနံပါတ်
- နေရပ်လိပ်စာ အပြည့်အစုံ
(၃) ဖြစ်ပွားခဲ့သည့် အခြေအနေအကြောင်း အသေးစိတ်ဖော်ပြချက် - စာ သို့မဟုတ် အီးမေးလ်ဖြင့်
(၄) လျှောက်ထားသူ၏ မှတ်ပုံတင်အား ရိုက်ကူးထားသည့် ဓာတ်ပုံ - မှတ်ပုံတင်အရှေ့ဘက်အား ရိုက်ကူးထားသည့် ဓာတ်ပုံ ပေးပို့လျှင် လုံလောက်ပါသည်
(၅) ဆေးစာ သို့မဟုတ် ဆရာဝန် ထောက်ခံစာ
(၆) ဘဏ်အကောင့် အချက်အလက် အသေးစိတ်
-
အကောင့်ပိုင်ဆိုင်သူအမည်
-
အကောင့်နံပါတ်
-
ဘဏ်အမည်
-
ဘဏ်ခွဲအမည်
- (သို့မဟုတ် e-wallet ဖြင့် ပေးချေရမည်ဆိုပါက)
- E-Wallet အမျိုးအစားအမည်
- ပိုင်ဆိုင်သူအမည်
(၇)ဆွေမျိုးတော်စပ်ပုံ သက်သေခံအထောက်အထား (သေဆုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းဆိုင်ရာ လျှောက်ထားမှုများအတွက်သာ)
- ရပ်ကွက်/ကျေးရွာလူကြီး ထောက်ခံချက် ပုံစံ (၁၀) သို့မဟုတ် သန်းခေါင်စာရင်း
(၈) ဖွား/သေ ပုံစံ (၂၀၃) (သေဆုံးမှုအတွက် လျှောက်ထားမှသာ)
(၉) ရဲစခန်း ထောက်ခံစာ (ရဲပါဝင်သည့် အခြေအနေအတွက်သာ)
(၁၀) အုပ်ထိန်းသူဖြစ်ကြောင်း သက်သေခံအထောက်အထား (အာမခံပေါ်လစီအား ဆက်ခံသူမှာ အရွယ်မရောက်သေးသူဖြစ်မှသာ သို့မဟုတ် ဆက်ခံသူတွင် တရားဝင် အုပ်ချုပ်သူတစ်ဦး ရှိမှသာ)
(၁၁) ပြေစာ သို့မဟုတ် ငွေလက်ခံရရှိကြောင်းဖြတ်ပိုင်း (ခွဲစိတ်မှုနှင့်ပတ်သက်သည့် နစ်နာကြေးလျှောက်ထားမှုများ အတွက်သာ)
မတင်သွင်းမီ သိသင့်သိထိုက်သော မှတ်သားစရာများ
(၁) တောင်းခံလွှာမှာ လိုအပ်တဲ့ အသေးစိတ်အချက်အလက်တွေကို တိတိကျကျ ဖြည့်စွက်ပါ
(၂) ကျေးဇူးပြုပြီး သက်ဆိုင်ရာ စာရွက်စာတမ်း အထောက်အထားတွေ အားလုံးကို တင်ပြပါ။ ဒါမှ လက်ခံရရှိတဲ့ စာရွက်စာတမ်းတွေနဲ့အတူ တောင်းခံလွှာကို စစ်ဆေးပြီး လိုအပ်တဲ့ ဆေးကုသမှုဆိုင်ရာ မှတ်တမ်းမှတ်ရာတွေကို အကြံပြုပေးနိုင်မှာပါ
(၃) လိုအပ်ပါက တင်သွင်းထားတဲ့ စာရွက်စာတမ်းတွေရဲ့ မူရင်းစာရွက်ကို ကြည့်ရှုဖို့ ကုမ္ပဏီဘက်က တောင်းခံနိုင်ပါတယ်
(၄) အခြားသက်ဆိုင်ရာ စာရွက်စာတမ်းတွေနဲ့ အချက်အလက်တွေကိုလည်း ကုမ္ပဏီက တောင်းဆိုပိုင်ခွင့်ရှိပါတယ်။
သင် တင်သွင်းထားတဲ့ တောင်းခံလွှာ အခြေအနေကို စစ်ဆေးကြည့်ပါ။
သင် တင်သွင်းထားတဲ့ တောင်းခံလွှာအခြေအနေကို အောက်ပါ နည်းလမ်းတွေအတိုင်း စစ်ဆေးနိုင်ပါတယ်
(၁) သင့်ကိုယ်ပိုင် ပရူဒန်ရှယ်အာမခံရဲ့ အကြံပေးကနေတစ်ဆင့်
(၂) ကျွန်ုပ်တို့ရဲ့ Customer Service ဌာန ဖုန်းကနေတစ်ဆင့်
(၃) Customer Service Centre ကို အီးမေးလ်ကနေတစ်ဆင့်
အမေးများသော အမေးအဖြေများ
အာမခံကြေး တောင်းခံလွှာကို ဘယ်လိုလျှောက်ထားလို့ရမလဲ?
အာမခံကြေး တောင်းခံလွှာကို လျှောက်ထားဖို့ဆိုရင် လိုအပ်တဲ့စာရွက်စာတမ်းတွေအတွက် သင့်ကိုယ်ပိုင် ပရူဒန်ရှယ်အာမခံရဲ့ အကြံပေးကနေ တစ်ဆင့်ဖြစ်စေ၊ Customer Service Centre ကိုဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်သလို လျှောက်လွှာပုံစံတွေ စုစည်းပေးထားတဲ့ နေရာမှာလည်း ဒေါင်းလုတ်ရယူနိုင်ပါတယ်။ တစ်ဖက်မှာလည်း သင့်ရဲ့ တောင်းခံလွှာကို စာရွက်စာတမ်း အထောက်အထား အပြည့်အစုံနဲ့တကွ နီးစပ်ရာ ရုံးခွဲမှာ လာရောက်တင်သွင်းလို့ပါတယ်။
To make a claim, you may contact your financial consultant or Customer Service Centre for the requirements or you can directly claim in here.
You may submit the claim form together with supporting documents via your financial consultant or an email to our Customer Service Centre together. Alternatively, you may bring your claim form and supporting documents and visit us in the closest branch.
သေဆုံးမှုအတွက် အာမခံကြေး တောင်းခံလွှာတစ်ခုကို ဆောင်ရွက်ပေးဖို့ ဘယ်လောက်အချိန်ယူလဲ
ပေါ်လစီ လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်ဆောင်ပြီးတဲ့နောက်မှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေ အားလုံး လက်ခံရရှိပြီးတဲ့နေ့ကစပြီး ရုံးဖွင့်ရက် (၁၅) ရက်အတွင်း တောင်းခံလွှာကို ဆောင်ရွက်ပေးပါတယ်။
အာမခံနစ်နာကြေး တောင်းခံသူမှာ သေစာရင်း စာရွက်မရှိ၊ အာမခံထားကြောင်း အထောက်အထားလည်း ပျောက်ဆုံးနေတယ်ဆိုရင် ဘယ်လို ဖြစ်နိုင်ပါသလဲ။
ဒါဆိုရင် အာမခံနစ်နာကြေး တောင်းခံသူက သက်ဆိုင်ရာ ဒေသခံ အာဏာပိုင်ရုံး/မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကနေ အာမခံထားသူ သေဆုံးကြောင်း ထောက်ခံစာတစ်စောင် ရယူဖို့ လိုအပ်ပါတယ်။
နစ်နာကြေးတောင်းခံသူက အာမခံထားသူနဲ့ ဘယ်လို ပတ်သက်နေလဲဆိုတာ စာရွက်စာတမ်း အထောက်အထား အပြည့်အစုံ မပေးနိုင်ဘူးဆိုရင် ဘယ်လိုဖြစ်နိုင်ပါသလဲ?
လိုအပ်တဲ့ စာရွက်စာတမ်း မိတ္တူတွေကို တောင်းခံသူက သူ၊ သူမရဲ့ ကုန်ကျစရိတ်နဲ့ ထုတ်ယူဖို့ သက်ဆိုင်ရာ ရပ်ကွက်/မြို့နယ် အုပ်ချုပ်ရေးမှုးတွေထံမှာ တောင်းယူနိုင်ပါတယ်။
ကွယ်လွန်သူက အမည်စာရင်းတစ်ခု ပေးသွင်းပြီး သေတမ်းစာ ချန်ထားခဲ့မယ်ဆိုရင် ဘယ်သူ့ကို ပေးလို့ရနိုင်မလဲ။
ဆက်ခံသူအမည်စာရင်း တင်သွင်းထားရင် အာမခံရယူထားတဲ့ ကွယ်လွန်သူရဲ့ ပိုင်ဆိုင်မှုထဲကို ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။
ဆက်ခံသူ အမည်စာရင်းထည့်ထားတဲ့သူ ကွယ်လွန်သွားလို့ ပယ်ဖျက်တာဆိုရင် ကွယ်လွန်သူရဲ့ ဝေစုကို ကျန်ခဲ့တဲ့သူတွေက အချိုးကျ ရရှိမှာ ဖြစ်ပါတယ်။ သေတမ်းစာ ထားခဲ့တယ်ဆိုရင်တော့ အဲ့ဒီ့ထဲကအတိုင်း ဆက်ခံသူအားလုံးကို အစားထိုးသွားမှာ ဖြစ်ပါတယ်။
Panel Hospital List
(Cashless Claim)
အမှတ်စဉ် | ဆေးရုံ/ဆေးခန်းများ | အမျိုးအစား | တည်ရှိသည့်နေရာ |
၁ | အာယု | ဆေးရုံ | ရန်ကုန်တိုင်းဒေသကြီး |
၂ | အာရှတော်ဝင် ဆေးရုံ | ဆေးရုံ | ရန်ကုန်တိုင်းဒေသကြီး |
၃ | ပန်းလှိုင်ဆေးရုံ (လှိုင်သာယာ) | ဆေးရုံ | ရန်ကုန်တိုင်းဒေသကြီး |
၄ | ဝိတိုရိယဆေးရုံ | ဆေးရုံ | ရန်ကုန်တိုင်းဒေသကြီး |
၅ | ပန်းလှိုင်စီလုံဆေးရုံ (မန္တလေး) | ဆေးရုံ | မန္တလေးတိုင်းဒေသကြီး |
၆ | ကောင်းသစ် | ဆေးရုံ | နေပြည်တော် |
၇ | ရွှေတော်ဝင်ဆေးရုံ (စစ်ကိုင်း) | ဆေးရုံ | စစ်ကိုင်းတိုင်းဒေသကြီး |
၈ | ပန်းလှိုင်စီလုံဆေးရုံ (တောင်ကြီး) | ဆေးရုံ | ရှမ်းပြည်နယ် |
၉ | ဂရန်းဟန်သာ | ဆေးရုံ | ရန်ကုန်တိုင်းဒေသကြီး |
၁၀ | မန္တလာဆေးရုံ | ဆေးရုံ | မန္တလေးတိုင်းဒေသကြီး |
၁၁ | မြတ်တော်ဝင်ဆေးရုံ | ဆေးရုံ | ရှမ်းပြည်နယ် |
၁၂ | OSC ဆေးရုံ | ဆေးရုံ | ရန်ကုန်တိုင်းဒေသကြီး |
၁၃ | SSC ဆေးရုံ | ဆေးရုံ | ရန်ကုန်တိုင်းဒေသကြီး |
၁၄ | ပင်လုံဆေးရုံ | ဆေးရုံ | ရန်ကုန်တိုင်းဒေသကြီး |
၁၅ | ဥတ္တရသီရိဆေးရုံ | ဆေးရုံ | နေပြည်တော် |
၁၆ | မယ်ဒီလန်းဆေးရုံ | ဆေးရုံ | တနင်္သာရီတိုင်းဒေသကြီး |
၁၇ | ကမ်ဘန်ဂန် - ယူအိတ်(ချ်)စီ ဆေးရုံ | ဆေးရုံ | ရန်ကုန်တိုင်းဒေသကြီး |
၁၈ | မင်္ဂလာဆေးရုံ | ဆေးရုံ | မန္တလေးတိုင်းဒေသကြီး |
၁၉ | ဝင်း - အထွေထွေဆေးရုံ | ဆေးရုံ | ပဲခူးတိုင်းဒေသကြီး |
၂၀ | အောင်ဆေးရုံ | ဆေးရုံ | ရှမ်းပြည်နယ် |
၂၁ | မြင့်မိုရ်ဆေးရုံ | ဆေးရုံ | တနင်္သာရီတိုင်းဒေသကြီး |
၂၂ | မြတ်မွန်ဆေးရုံ | ဆေးရုံ | ကချင်ပြည်နယ် |
၂၃ | ဒဂုံ Medicare ဆေးရုံ | ဆေးရုံ | ရန်ကုန်တိုင်းဒေသကြီး |
၂၄ | မျိုးတော်ဆေးရုံ | ဆေးရုံ | ဧရာဝတီတိုင်းဒေသကြီး |
၂၅ | ဆာကူရာဆေးရုံ | ဆေးရုံ | ရန်ကုန်တိုင်းဒေသကြီး |
၂၆ | သုခကမ္ဘာဆေးရုံ | ဆေးရုံ | ရန်ကုန်တိုင်းဒေသကြီး |
၂၇ | ဆာကူရာဆေးရုံ (ဟင်္သာတ) | ဆေးရုံ | ဧရာဝတီတိုင်းဒေသကြီး |
၂၈ | ချယ်ရီမြေဆေးရုံ | ဆေးရုံ | မန္တလေးတိုင်းဒေသကြီး |
၂၉ | ခိုင်မေတ္တာဆေးရုံ (တောင်ကြီး) | ဆေးရုံ | ရှမ်းပြည်နယ် |
၃၀ | ခိုင်မေတ္တာဆေးရုံ (ညောင်ရွှေ) | ဆေးရုံ | ရှမ်းပြည်နယ် |
၃၁ | ခိုင်မေတ္တာဆေးရုံ (နမ့်ဆမ်း) | ဆေးရုံ | ရှမ်းပြည်နယ် |
၃၂ | ခိုင်မေတ္တာဆေးရုံ (ရွှေညောင်) | ဆေးရုံ | ရှမ်းပြည်နယ် |
၃၃ | ခိုင်မေတ္တာဆေးရုံ (အောင်ပန်း) | ဆေးရုံ | ရှမ်းပြည်နယ် |
၃၄ | ဗျာဒိတ်ပန်းဆေးရုံ | ဆေးရုံ | ကရင်ပြည်နယ် |
Panel Hospital List
(Checkup Only)
အမှတ်စဉ် | ဆေးရုံ/ဆေးခန်းများ | အမျိုးအစား | တည်ရှိသည့်နေရာ |
၁ | အာယု | ဆေးရုံ | ရန်ကုန်တိုင်းဒေသကြီး |
၂ | အာရှတော်ဝင် ဆေးရုံ | ဆေးရုံ | ရန်ကုန်တိုင်းဒေသကြီး |
၃ | ပန်းလှိုင်ဆေးရုံ (လှိုင်သာယာ) | ဆေးရုံ | ရန်ကုန်တိုင်းဒေသကြီး |
၄ | ပန်းလှိုင်ဆေးခန်း (တော်ဝင်လမ်း) | ဆေးခန်း | ရန်ကုန်တိုင်းဒေသကြီး |
၅ | ပန်းလှိုင်ဆေးခန်း (Star City) | ဆေးခန်း | ရန်ကုန်တိုင်းဒေသကြီး |
၆ | ပန်းလှိုင်ဆေးခန်း (မြောက်ဒဂုံ) | ဆေးခန်း | ရန်ကုန်တိုင်းဒေသကြီး |
၇ | ပန်းလှိုင်ဆေးခန်း (သင်္ကန်းကျွန်း) | ဆေးခန်း | ရန်ကုန်တိုင်းဒေသကြီး |
၈ | ဝိတိုရိယဆေးရုံ | ဆေးရုံ | ရန်ကုန်တိုင်းဒေသကြီး |
၉ | ပန်းလှိုင်စီလုံဆေးရုံ (မန္တလေး) | ဆေးရုံ | မန္တလေးတိုင်းဒေသကြီး |
၁၀ | ကောင်းသစ် | ဆေးရုံ | နေပြည်တော် |
၁၁ | ရွှေတော်ဝင်ဆေးရုံ (စစ်ကိုင်း) | ဆေးရုံ | စစ်ကိုင်းတိုင်းဒေသကြီး |
၁၂ | ပန်းလှိုင်စီလုံဆေးရုံ (တောင်ကြီး) | ဆေးရုံ | ရှမ်းပြည်နယ် |
၁၃ | ဂရန်းဟန်သာ | ဆေးရုံ | ရန်ကုန်တိုင်းဒေသကြီး |
၁၄ | မန္တလာဆေးရုံ | ဆေးရုံ | မန္တလေးတိုင်းဒေသကြီး |
၁၅ | မြတ်တော်ဝင်ဆေးရုံ | ဆေးရုံ | ရှမ်းပြည်နယ် |
၁၆ | Right Lab(လမ်းမတော်) | ဆေးစစ်ခန်း | ရန်ကုန်တိုင်းဒေသကြီး |
၁၇ | Right Lab (အင်းစိန်) | ဆေးစစ်ခန်း | ရန်ကုန်တိုင်းဒေသကြီး |
၁၈ | Right Lab (မြောက်ဥက္ကလာပ) | ဆေးစစ်ခန်း | ရန်ကုန်တိုင်းဒေသကြီး |
၁၉ | Right Lab (ကမာရွတ်) | ဆေးစစ်ခန်း | ရန်ကုန်တိုင်းဒေသကြီး |
၂၀ | Right Lab (မန္တလေး) | ဆေးစစ်ခန်း | မန္တလေးတိုင်းဒေသကြီး |
၂၁ | Right Lab (နေပြည်တော်) | ဆေးစစ်ခန်း | နေပြည်တော် |
၂၂ | Right Lab (ပြင်ဦးလွင်) | ဆေးစစ်ခန်း | မန္တလေးတိုင်းဒေသကြီး |
၂၃ | OSC ဆေးရုံ | ဆေးရုံ | ရန်ကုန်တိုင်းဒေသကြီး |
၂၄ | လင်းရောင်ခြည်ဆေးခန်း | ဆေးခန်း | ရန်ကုန်တိုင်းဒေသကြီး |
၂၅ | SSC ဆေးရုံ | ဆေးရုံ | ရန်ကုန်တိုင်းဒေသကြီး |
၂၆ | ပင်လုံဆေးရုံ | ဆေးရုံ | ရန်ကုန်တိုင်းဒေသကြီး |
၂၇ | ဥတ္တရသီရိဆေးရုံ | ဆေးရုံ | နေပြည်တော် |
၂၈ | မယ်ဒီလန်းဆေးရုံ | ဆေးရုံ | တနင်္သာရီတိုင်းဒေသကြီး |
၂၉ | ကမ်ဘန်ဂန် - ယူအိတ်(ချ်)စီ ဆေးရုံ | ဆေးရုံ | ရန်ကုန်တိုင်းဒေသကြီး |
၃၀ | ကမ်ဘန်ဂန် - ဆေးခန်း (မြစ်ကြီးနား) | ဆေးခန်း | ကချင်ပြည်နယ် |
၃၁ | မင်္ဂလာဆေးရုံ | ဆေးရုံ | မန္တလေးတိုင်းဒေသကြီး |
၃၂ | ဝင်း - အထွေထွေဆေးရုံ | ဆေးရုံ | ပဲခူးတိုင်းဒေသကြီး |
၃၃ | ဝင်း - အထွေထွေဆေးခန်း | ဆေးခန်း | ရန်ကုန်တိုင်းဒေသကြီး |
၃၄ | ဝင်း - အထူးကုဆေးခန်း | ဆေးခန်း | ရန်ကုန်တိုင်းဒေသကြီး |
၃၅ | တော်ဝင်မလိခဆေးခန်း | ဆေးခန်း | ရန်ကုန်တိုင်းဒေသကြီး |
၃၆ | အောင်ဆေးရုံ | ဆေးရုံ | ရှမ်းပြည်နယ် |
၃၇ | မြင့်မိုရ်ဆေးရုံ | ဆေးရုံ | တနင်္သာရီတိုင်းဒေသကြီး |
၃၈ | SML ရန်ကုန် | ဆေးရုံ | ရန်ကုန်တိုင်းဒေသကြီး |
၃၉ | SML မန္တလေး | ဆေးရုံ | မန္တလေးတိုင်းဒေသကြီး |
၄၀ | SML တောင်ကြီး | ဆေးရုံ | ရှမ်းပြည်နယ် |
၄၁ | SML ပြည် | ဆေးရုံ | ပဲခူးတိုင်းဒေသကြီး |
၄၂ | SML မော်လမြိုင် | ဆေးရုံ | မွန်ပြည်နယ် |
၄၃ | Prime Medical Center | ဆေးခန်း | ရန်ကုန်တိုင်းဒေသကြီး |
၄၄ | မြတ်မွန်ဆေးရုံ | ဆေးရုံ | ကချင်ပြည်နယ် |
၄၅ | မျိုးတော်ဆေးရုံ | ဆေးရုံ | ဧရာဝတီတိုင်းဒေသကြီး |
၄၆ | ဆာကူရာဆေးရုံ | ဆေးရုံ | ရန်ကုန်တိုင်းဒေသကြီး |
၄၇ | Myanmar Premium J Clinic | ဆေးခန်း | ရန်ကုန်တိုင်းဒေသကြီး |
၄၈ | သုခကမ္ဘာဆေးရုံ | ဆေးရုံ | ရန်ကုန်တိုင်းဒေသကြီး |
၄၉ | ဆာကူရာဆေးရုံ (ဟင်္သာတ) | ဆေးရုံ | ဧရာဝတီတိုင်းဒေသကြီး |
၅၀ | လမ်းသစ် အထူးကု ဆေးခန်း | ဆေးခန်း | ရန်ကုန်တိုင်းဒေသကြီး |
၅၁ | Duwun Healthcare | ဆေးခန်း | မန္တလေးတိုင်းဒေသကြီး |
၅၂ | ပန်းလှိုင်ဆေးခန်း (ကြည့်မြင်တိုင်) | ဆေးခန်း | ရန်ကုန်တိုင်းဒေသကြီး |
၅၃ | ဝိတိုရိယမိသားစုဆေးခန်း | ဆေးခန်း | ရန်ကုန်တိုင်းဒေသကြီး |
၅၄ | ပန်းလှိုင်ဆေးရုံ (ဖျာပုံ) | ဆေးရုံ | ဧရာဝတီတိုင်းဒေသကြီး |
၅၅ | ကန်ရိပ်သာ Wellness Center | ဆေးရုံ | ရန်ကုန်တိုင်းဒေသကြီး |
၅၆ | SML (ပဲခူး) | ဆေးရုံ | ပဲခူးတိုင်းဒေသကြီး |
၅၇ | SML (ပုသိမ်) | ဆေးရုံ | ပုသိမ် |
၅၈ | MMDoc | ဆေးခန်း | ရန်ကုန်တိုင်းဒေသကြီး |
၅၉ | ချယ်ရီမြေဆေးရုံ | ဆေးရုံ | မန္တလေးတိုင်းဒေသကြီး |
၆၀ | ခိုင်မေတ္တာဆေးရုံ (တောင်ကြီး) | ဆေးရုံ | ရှမ်းပြည်နယ် |
၆၁ | ခိုင်မေတ္တာဆေးရုံ (ညောင်ရွှေ) | ဆေးရုံ | ရှမ်းပြည်နယ် |
၆၂ | ခိုင်မေတ္တာဆေးရုံ (နမ့်ဆမ်း) | ဆေးရုံ | ရှမ်းပြည်နယ် |
၆၃ | ခိုင်မေတ္တာဆေးရုံ (ရွှေညောင်) | ဆေးရုံ | ရှမ်းပြည်နယ် |
၆၄ | ခိုင်မေတ္တာဆေးရုံ (အောင်ပန်း) | ဆေးရုံ | ရှမ်းပြည်နယ် |
၆၅ | ဗျာဒိတ်ပန်းဆေးရုံ | ဆေးရုံ | ကရင်ပြည်နယ် |
၆၆ | သုခငြိမ်းအေး အထူးကုဆေးခန်း | ဆေးခန်း | ကရင်ပြည်နယ် |
၆၇ | ဇော် အထူးကုဆေးခန်း | ဆေးခန်း | ပဲခူးတိုင်းဒေသကြီး |