Cha-Ching အကြောင်း

ကလေးငယ်တွေအတွက် ရည်ရွယ်ပြုလုပ်ထားတဲ့ Cha Ching Smart Kid ငွေရေးကြေးရေး အသိပညာပေး အစီအစဉ်ဟာ အသက် (၇) နှစ်ကနေ (၁၂) နှစ်အတွင်း ကလေးငယ်တွေ အသိပညာတွေ၊ အသုံးချနိုင်တဲ့ အရာတွေနဲ့ အလေ့အကျင့်တွေ ပေးနိုင်ဖို့ ရည်ရွယ်ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီကနေရလာတဲ့ အသိပညာတွေနဲ့ သူတို့ရဲ့ ကိုယ်ပိုင် ရည်မှန်းချက်ပန်းတိုင်တွေနဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တဲ့ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာတွေကို နားလည်သိရှိပြီးသား ဖြစ်နေမှာပါ။

ရှာ

စု

သုံး

လှူ

ကလေးငယ်တွေ ငွေကြေးကို စမတ်ကျကျအသုံးချနိုင်သူတွေ ဖြစ်လာစေဖို့ ရှာ၊စု၊သုံး၊လှူ ဆိုတဲ့ အတွေးအမြင်နဲ့ ကူညီပေးခြင်း

Cha-Ching ကို ကလေးငယ်တွေ ငွေကြေးနဲ့ပတ်သက်ပြီး အခြေခံနည်းလမ်းတွေ၊ အလေအကျင့်ကောင်းတွေ ရရှိစေဖို့ ရည်ရွယ်ပြီး ရှာ၊စု၊သုံး၊လှူ ဆိုတဲ့ အတွေးအမြင်အပေါ် မူတည်ပြီး အခန်းဆက် ကာတွန်းတွေအဖြစ် ပုံဖော်မိတ်ဆက်ပေးထားပါတယ်။ Partner ဖြစ်တဲ့ Cartoon Network Asia အဖွဲ့နှင့်အတူ Dr Alice Wilder ဦးဆောင်ပုံဖော်ထားတဲ့ ကာတွန်းဇာတ်ရုပ် (၆) ရုပ် ပါဝင်တဲ့ ရုပ်ပြကာတွန်းဗွီဒီယိုကို ကလေးငယ်တွေကို ပြသပေးပြီး ငွေကြေးအကြာင်း အလွယ်တကူ လေ့လာသိရှိနိုင်စေဖို့ ရည်ရွယ်ပါတယ်။ ဒီအစီအစဉ်တွင် ပါဝင်သော ရုပ်ပြသီချင်းတွေကို သံစဉ်အတိုင်း လိုက်ဆိုစေခြင်းကနေ ငွေကြေးအကြောင်းကို တဖြည်းဖြည်းနဲ့ နားလည် သဘောပေါက်လာစေပါတယ်။

ဒါ့အပြင် ၂၀၁၆ ခုနှစ်တွင် Prudence Foundation နဲ့ JA Asia Pacific တို့ ပူးပေါင်းဆောင်ရွက်ထားတဲ့ Cha Ching သင်ရိုးညွှန်းတမ်းကလည်း လူမှုအသိုင်းအဝိုင်းအတွင်းက ကျောင်းတွေမှာ Cha-Ching သင်ခန်းစာချိန် ပြုလုပ်သင်ကြားပေးနိုင်အောင် ဆရာ၊ ဆရာမတွေအတွက်ပါ ဖန်တီးထားတဲ့ သင်ရိုးညွှန်းတမ်းတစ်ခု ဖြစ်ပါတယ်။ ဒီသင်ရိုးညွှန်းတမ်းက ရှာ၊စု၊သုံး၊လှူ ဆိုတဲ့ အခြေခံ ငွေကြေးအတွေးအမြင် (၄) ချက်အပေါ် ကိုယ်တိုင် ပါဝင်ရတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်တဲ့နည်းလမ်းနဲ့ ကျောင်းသား၊ ကျောင်းသူတွေ ပိုပြီး သဘောပေါက်နားလည်အောင် ကူညီပေးဖို့ ရည်ရွယ်ထားပါတယ်။

၂၀၁၆ ခုနစ်က စတင်ပြီး Cha-Ching သင်ရိုးညွှန်းတမ်းကို အာရှနဲ့ အာဖရိကမှာရှိတဲ့ ကျောင်းသားပေါင်း (၅၀၀,၀၀၀) ကျော်နဲ့ ဆရာ၊ဆရာမပေါင်း (၁၀,၀၀၀) ကျော်ကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး လူမှုပတ်ဝန်းကျင်မှာ သိသာတဲ့ ပြောင်းလဲမှုတွေနဲ့ အကျိုးသက်ရောက်မှုတွေကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်း အသိမှတ်ပြု သင်ရိုးညွှန်းတမ်းဖြစ်လာတဲ့အခါ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်ဝမ်၊ ထိုင်း၊ ဇမ်ဘီယာစသည့် အာရှတစ်ဝန်းရှိ ပညာရေး ဝန်ကြီးဌာနတွေကတောင် လက်ခံအသုံးပြုလာကြပါတယ်။


 ပလက်ဖောင်း အမျိုးမျိုးကနေ ကလေးငယ်တွေကို လေ့ကျင့်သင်ကြားပေးခြင်း

Cha-Ching ဟာ ကလေးငယ်တွေ လေ့လာသင်ယူဖို့ လိုအပ်တဲ့ နေရာတွေကို ဖြည့်ဆည်းပေးနိုင်အောင် ပလက်ဖောင်း အမျိုးမျိုး ထားရှိပေးပါတယ်

  • ကာတွန်းရုပ်သံလိုင်းတွေနဲ့ အခမဲ့ရုပ်သံလိုင်းတွေမှာ လေ့လာနိုင်ဖို့ သုံးမိနစ်စာ အခန်းဆက် ဗီဒီယိုတွေ ရိုက်ကူးတင်ဆက်ပေးထားခြင်း

  • ဂီတဗီဒီယိုတွေကနေ လေ့လာထားတာကို လက်တွေ့လူနေမှုဘဝမှာ ပြန်လည်အသုံးချနိုင်အောင်နဲ့ ငွေကြေးစီမံခန့်ခွဲမှုတွေကို ကလေးငယ်များ အကျိုးရှိရှိ ပြန်လည်အသုံးပြုနိုင်စေဖို့ ဂိမ်းတွေနဲ့ အက်ပလီကေးရှင်းတွေပါဝင်တဲ့ ဝက်ဆိုက်ဘ်တစ်ခု ပြုလုပ်ပေးထားခြင်း

  • အွန်လိုင်းဆက်သွယ်ရေး အရင်းအမြစ်တွေကို အသုံးပြုပြီး ဆရာများ၊ မိဘများနဲ့ပူးပေါင်းကာ ကလေးငယ်တွေနဲ့ အတူတကွ အိမ်တွင်းလှုပ်ရှားမှုတွေ လုပ်ဆောင်စေခြင်း

  • အချိန်တိုင်း နေရာတိုင်းမှာ လေ့လာနိုင်စေရန်ရည်ရွယ်ပြီး ဂီတဗီဒီယိုတွေရိုက်ကူးကာ YouTube ပေါ်မှာ Playlist တစ်ခုအနေနဲ့ တင်ပေးထားခြင်း

  • Social Media ပေါ်မှာ အပြန်အလှန်ချိတ်ဆက်ပြီး ဆက်သွယ်ဆွေးနွေးလို့ရအောင် Facebook စာမျက်နှာ ပြုလုပ်ပေးထားခြင်း    

 

ကျွန်ုပ်တို့ရဲ့ လူမှုအသိုင်းအဝန်းထဲက ကျောင်းတွေမှာ ငွေရေးကြေးရေး အသိပညာတွေကို ဖြန့်ဝေပေးခြင်း

Cha Ching ကို အာရှနဲ့ အာဖရိကနိုင်ငံအတွင်းက စာသင်ကျောင်းတွေ၊ NGO အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပူးပေါင်းပြီး ကလေးငယ်တွေကို ငွေရေကြေးရေး ပညာပေးအစီအစဉ်တွေကို ပိုပြီး သိရှိစေဖို့ မိတ်ဆက်ပေးနေပါတယ်။ ကျောင်းတွင်း မိတ်ဆက်လုပ်ကိုင်တဲ့ အစီအစဉ်တွေ ပိုမိုကျယ်ပြန့် အောင်မြင်လာပြီးတဲ့နောက်မှာ ကလေးငယ်တွေအတွက် Cha-Ching Money Smart အတွေးအမြင်တွေကို ဖျော်ဖြေရေးဂိမ်း အစီအစဉ်အနေနဲ့ ပြုလုပ်ပြီး ကလေးငယ်တွေနဲ့ ရင်းနှီးကျွမ်းဝင်လာအောင် ဆက်လက်လုပ်ဆောင်ပေးပါတယ်။ အခုလို စာသင်ကျောင်းတွေနဲ့ ချိတ်ဆက်ပြီး ပြုလုပ်ပေးတဲ့ အစီအစဉ်တွေကနေ ကလေးငယ်တွေရဲ့ အနာဂတ်ကို ကူညီပုံဖော်ပေးတဲ့အပြင် ကျွန်ူပ်တို့ရဲ့ဝန်ထမ်းတွေဟာလည်း သူတို့နဲ့ နီးစပ်ရာ လူမှုအသိုင်းအဝိုင်းအတွက် ပြန်လည် အကျိုးပြုတဲ့အနေနဲ့ School Contact Programme ရဲ့ အမျိုးမျိုးသောအစီအစဉ်တွေမှာ စေတနာဝန်ထမ်းအဖြစ် လုပ်ဆောင်လျက် ရှိပါတယ်။ ဒီလှုပ်ရှားမှု အစီအစဉ်ကနေ ကလေးငယ်တွေကို ငွေကြေးစီမံခန့်ခွဲမှုနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေတိုးအောင် ကူညီလမ်းညွန် ပေးနေပါတယ်။

အဲ့လိုလုပ်ဆောင်မှုတွေရဲ့ ရလဒ်တွေအနေနဲ့ အာရှနဲ့ အာဖရိကတစ်ဝန်းရှိ ကလေးငယ် (၄၀၀,၀၀၀) ကျော်ဟာ Cha Ching ရဲ့ School Contact Programme ကြောင့် တိုက်ရိုက် အကျိုးကျေးဇူးတွေ အများကြီး ရရှိလာတာကို တွေ့မြင်ရပါတယ်။

Connect with us for tailored options

Share your details, and we’ll connect you with a financial consultant to see how we can help.

alt