နိဒါန်း
ကျန်းမာရေး ချို့ယွင်းတာတွေ၊ ဆေးရုံတက်ရတဲ့ ကိစ္စတွေဆိုတာ မကြုံရလေ ကောင်းလေပါ။ ဒီလိုအဖြစ်အပျက်တွေကို မကြုံချင်ဘူးဆိုပေမယ့် တစ်ခါတလေ မမျှော်လင့်ထားတဲ့ အခြေအနေတွေမှာ ဆေးကုသမှုခံယူဖို့ လိုအပ်တာမျိုးတွေ ကြုံရနိုင်ပါတယ်။
လူအများစုက အိမ်အသစ်ဝယ်ဖို့ စီးပွားရေးလုပ်ဖို့ ခရီးသွားဖို့ လိုချင်တဲ့ပစ္စည်းတွေ အတွက် ငွေစုတတ်ကြပေမယ့် ဆေးကုဖို့အတွက်ကိုတော့ သီးသန့်ငွေစုထားလေ့ မရှိပါဘူး။ ဒါကြောင့် မမျှော်လင့်ဘဲ နေထိုင်မကောင်းဖြစ်တဲ့အခါ၊ ဆေးရုံတက်ရတဲ့အခါ စုဆောင်းငွေတွေကို အသုံးပြုလိုက်ရတဲ့အတွက် ငွေကြေးအခက်အခဲ ကြုံရတာမျိုးတွေ ရှိနိုင်ပါတယ်။ ခုလိုမျိုး မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေအတွက် “တကယ်လို့များ . . .” ဆိုပြီး တွေးထားမယ်၊ ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် တကယ်ကြုံလာရတဲ့အခါ အခက်အခဲတွေ နည်းသွားမှာပဲ ဖြစ်ပါတယ်။
မာတိကာ
မမျှော်လင့်ထားတဲ့ "တကယ်လို့များ . . ." အတွက် ဘယ်လိုပြင်ဆင်ထားကြမလဲ
- တကယ်လို့များ ဆေးကုသရမယ်ဆိုရင် . . .
- တကယ်လို့များ ဆေးရုံတက်ရမယ်ဆိုရင် . . .
- တကယ်လို့များ ဆေးကုနေရလို့ အလုပ်မလုပ်ရဘူးဆိုရင် . . .
ဒီလို အခြေအနေတွေမှာ တစ်ဖက်က ကျန်းမာရေးအတွက်လည်း စိတ်ပူရသလို တစ်ဖက်ကလည်း ဆေးကုသစရိတ်တွေ၊ ဆေးရုံတက်နေချိန်မှာ မိသားစုဝင်ငွေအတွက် စိုးရိမ်နေရမှာပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး မျှော်လင့်မထားတဲ့ အခြေအနေမှာ ငွေကြေးဆိုင်ရာ လုံခြုံမှုရချင်တယ်ဆိုရင် အကောင်းဆုံးက ကျန်းမာရေးအာမခံနဲ့ ကာကွယ်ထားတာပဲ ဖြစ်ပါတယ်။
ကျန်းမာရေး အာမခံရှိနေမယ်ဆိုရင် ခုလိုမျိုး မမျှော်လင့်ထားဘဲ ဆေးရုံတက်ရတဲ့ အခြေအနေ၊ ဆေးကုရတဲ့ အခြေအနေမှာ ငွေကြေးဆိုင်ရာ ဆုံးရှုံးမှုတွေကို အလုံးစုံ ( သို့ )အတိုင်းအတာတစ်ခုထိ ပြန်လည်ရရှိနိုင်အောင် ကာကွယ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။
ကျန်းမာရေးအာမခံရှိထားရင် ရမယ့်ကောင်းကျိုးတွေက ဘာတွေလဲ…
မမျှော်လင့်ထားတဲ့အခြေအနေမှာ ရုတ်တရက်ကြီး ဆေးကုသရမယ်၊ ဆေးရုံတက်ရမယ်ဆိုရင် ကျန်းမာရေးအာမခံ ပိုင်ဆိုင်ထားသူတွေက အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိမှာ ဖြစ်ပါတယ်။
- ငွေကြေးဆိုင်ရာ လုံခြုံမှုရှိစေမယ်
မမျှော်လင့်ဘဲ ဆေးကုသရတဲ့အခါ၊ ဆေးရုံတက်ရတဲ့အခါ ကျန်းမာရေး အာမခံရှိနေခြင်းက ကုန်ကျစရိတ်တွေကိုအ လုံးစုံ (သို့) အထိုက်အလျောက် ပြန်လည်ရရှိစေမှာ ဖြစ်ပါတယ်။
- စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစေမယ်
ကျန်းမာရေးအာမခံ ရှိထားရင် ဆေးကုသစရိတ်တွေအတွက် အာမခံက အကာအကွယ်ပေးနေတဲ့အတွက် ငွေကြေးအတွက် နောက်ဆံမတင်းစေဘဲ ဆေးကုသမှုကို အာရုံစိုက်စေနိုင်မှာ ဖြစ်ပါတယ်။
- ဆေးကုသစရိတ် မြင့်မားလာတာကို ခံနိုင်ရည်ရှိလာမယ်
ကျန်းမာရေးအာမခံ ရှိနေတာကြောင့်မမျှော်လင့်ဘဲ မြင့်မားလာတဲ့ ဆေးကုသမှုစရိတ်တွေကို ခံနိုင်ရည် ရှိစေပါတယ်။
- မိသားစု စုဆောင်းငွေကို ကာကွယ်နိုင်မယ်
ကျန်းမာရေး အာမခံက ဆေးကုသစရိတ်ကို အကာအကွယ်ပေးနေတာ ဖြစ်တဲ့အတွက် မိသားစု စုဆောင်းငွေကို အသုံးပြုစရာ မလိုတာကြောင့် မိသားစုအပေါ် ငွေကြေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုး လျော့နည်းစေပါတယ်။
သင်နဲ့သင့်လျော်မယ့် အာမခံရွေးချယ်ဖို့ အဆင်သင့်ဖြစ်ပြီလား။
ကျန်းမာရေးပြဿနာတွေက မမျှော်လင့်တဲ့အချိန်မှာ ပေါ်လာတတ်ပါတယ်။ ကျန်းမာရေးအာမခံရှိနေတာကြောင့် ငွေကြေးအတွက် စိုးရိမ်စရာမလိုဘဲ စိတ်အေးအေးနဲ့ ဆေးကုသမှုခံယူနိုင်မှာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှု စရိတ်စက ကြီးမြင့်လာတဲ့အတွက်သင်နဲ့ သင့်မိသားစုရဲ့ ကျန်းမာရေးနဲ့ စုဆောင်းငွေကို ကာကွယ်ဖို့ ကျန်းမာရေးအာမခံထားရှိသင့်ပါတယ်။ PRUHealth က သင်နေထိုင်မကောင်းဖြစ်တဲ့အခါ၊ ဆေးရုံတက်ရတဲ့အခါ သင့်ရဲ့ ဆေးကုသစ ကို အလုံးစုံ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ကုန်ကျစရိတ်ကို စိတ်ပူစရာမလိုဘဲ စိတ်အေးသက်သာစွာ ဆေးကုသနိုင်မှာဖြစ်ပါတယ်။
PRUHealth အကြောင်း ပိုမိုသိရှိလိုပါက ဒီမှာလေ့လာပါ။