နိဒါန်း

ကျွန်တော်တို့နဲ့ ကျွန်တော်တို့ မိသားစုရဲ့ ကျန်းမာရေးက အရေးကြီးဆုံးနဲ့ အဖိုးတန်ဆုံးအရာတွေပဲ ဖြစ်ပါတယ်။ ကျန်းမာရေးအာမခံရှိထားခြင်းက ကျွန်တော် ဒါမှမဟုတ် ကျွန်တော်တို့ မိသားစုဝင်တွေ နေထိုင်မကောင်းဖြစ်တဲ့အခါ ငွေကြေးအတွက် စိတ်ပူစရာမလိုဘဲ ကုသစေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအာမခံဝယ်ယူထားခြင်းက မိမိကျန်းမာရေးအတွက် အကျိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုပဲဖြစ်ပါတယ်။

ကျန်းမာရေးအာမခံဆိုတာ မိမိကျန်းမာရေးအတွက် အကျိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ

အခုလို ကျန်းမာနေတဲ့အချိန်မှာ ဘယ်သူကမှ ကျန်းမာရေးက အရေးကြီးကြောင်း၊ နေထိုင်မကောင်းဖြစ်တဲ့အခါ ဆေးကုသစရိတ်အတွက် ကြိုတင်စုဆောင်းထားသင့်ကြောင်း တွေးမိကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဆေးကုသရတာတွေ၊ ဆေးရုံတက်ရတာတွေက ဘဝရဲ့ တစ်ကွေ့ကွေ့မှာ ကြုံကို ကြုံလာရတဲ့ ကိစ္စဖြစ်တာကြောင့် ကြိုတင်စီစဉ်ထားဖို့ လိုပါတယ်။ အထူးသဖြင့်တော့ ငွေကြေးပိုင်းဆိုင်ရာမှာပါ။

ကျန်းမာရေးအာမခံ မရှိတဲ့အချိန်မှာ ရုတ်တရက် နေမကောင်းဖြစ်တဲ့အခါ

  • ကုန်ကျစရိတ်တွေ အားလုံးကို အိတ်စိုက်ပြီး ရှင်းရမှာ ဖြစ်ပါတယ်။
  • စုဆောင်းထားတဲ့ ငွေကို အသုံးပြုရပြီး မလောက်မငှ ဖြစ်နိုင်ပါတယ်။
  • မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နိုင်ပါတယ်။
  • ကုန်ကျစရိတ်ကို ပူပန်နေရတာကြောင့် ဆေးကုသမှုကို နှောင့်နှေးစေနိုင်ပါတယ်။

ဒီလိုအခြေအနေတွေကနေ ကြိုတင်ကာကွယ်ဖို့အတွက် ကျန်းမာရေးအာမခံကို ဝယ်ထားသင့်ပါတယ်။ လက်ရှိမှာ ကိုယ်တိုင်က ကျန်းမာနေတယ်ဆိုရင်တောင်မှပေါ့။

ကျန်းမာရေးအာမခံရှိထားခြင်းရဲ့ အကျိုးကျေးဇူးများ

ကျန်းမာရေးအာမခံရှိထားခြင်းက တစ်ချိန်ချိန်မှာ နေထိုင်မကောင်းဖြစ်လို့ ရုတ်တရက် ဆေးရုံတက်ရတဲ့ အခြေအနေမျိုး ကြုံလာရပြီဆိုရင်

 

  • ငွေကြေးအတွက် ပူပန်စရာမလိုခြင်း

ပြင်းထန်နာမကျန်းရောဂါတွေ (Critical illness)နဲ့ ခွဲစိတ်ကုသရတာတွေက ငွေကုန်ကြေးကျများတာကြောင့် ကျန်းမာရေးအာမခံသာ မရှိဘူးဆိုရင် ကိုယ်ပိုင်ငွေထဲက ကုသရမှာဖြစ်ပါတယ်။  ကျန်းမာရေးအာမခံသာ ရှိထားမယ်ဆိုရင် ကုန်ကျစရိတ်တွေကို အထိုက်အလျောက် ကာမိစေတာကြောင့် ဆေးကုသစရိတ်အတွက် စိတ်ပူစရာလိုမှာ မဟုတ်ပါဘူး။

 

  • အရေးပေါ်ကျန်းမာရေးအခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ခြင်း

ကျန်းမာရေးအာမခံရှိထားတဲ့အခါ ရုတ်တရက် အရေးပေါ်  ကျန်းမာရေးအခြေအနေတစ်ခုခုနဲ့ ကြုံတွေ့လာမယ်ဆိုရင် ငွေရေးကြေးရေးအတွက် ပူပန်စရာမလိုဘဲ အချိန်မီကုသနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ ရုတ်တရက် နှလုံးသွေးကြောပိတ်လို့ ခွဲစိတ်ရမယ်ဆိုရင် ကျန်းမာရေးအာမခံရှိထားတဲ့အတွက် နောက်ဆံမတင်းဘဲ ကုသနိုင်မှာ ဖြစ်ပါတယ်။

 

  • စုဆောင်းငွေကို ထိန်းသိမ်းထားနိုင်ခြင်း

ကျန်းမာရေးအာမခံ မရှိဘူးဆိုရင် ကုန်ကျသမျှ ဆေးကုသစရိတ်တွေကို ကိုယ်ပိုင်ငွေထဲကနေ ထုတ်ပြီး ကုသရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စုဆောင်းငွေတွေ ကုန်ပြီး ပိုင်ဆိုင်မှုတွေကိုပါ ထိခိုက်လာမှာ ဖြစ်ပါတယ်။ ကျန်းမာရေးအာမခံရှိထားမယ်ဆိုရင် ဆေးကုသစရိတ်တွေကို အတော်အသင့် ကာကွယ်ပေးနိုင်တာကြောင့် စုဆောင်းငွေကို ထုတ်သုံးရတာ နည်းသွားနိုင်ပါတယ်။ ကျန်းမာရေးအာမခံက ဆေးကုသစရိတ်တွေ အားလုံးကို မပေးနိုင်ဘူးဆိုရင်တောင် စုဆောင်းငွေထဲက ထုတ်ယူသုံးစွဲရတာကို နည်းသွားစေတာကြောင့် သင့်ကို ငွေကြေးအခက်အခဲတွေကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

 

  • မိသားစုအပေါ် ဝန်ထုပ်ဝန်ပိုး နည်းစေခြင်း

ပြင်းထန်နာမကျန်းရောဂါတွေ ဖြစ်တဲ့အခါ မိသားစုက စိတ်ရောကိုယ်ပါ ပင်ပန်းတဲ့အပြင် ငွေရေးကြေးရေးအရလည်း ဝန်ထုပ်ဝန်ပိုး ခံစားရပါတယ်။  ကျန်းမာရေးအာမခံ ရှိထားတဲ့အခါ ငွေကြေးကုန်ကျမှုအတွက် ပူပန်ရတာမျိုး မရှိတာကြောင့် မိသားစုက သင့်ကို ပိုပြီး ဂရုစိုက်နိုင်မှာ ဖြစ်ပါတယ်။

 

  • ကျန်းမာရေးကောင်းမွန်လာဖို့အတွက် အပြည့်အဝ အာရုံစိုက်နိုင်ခြင်း

ကျန်းမာရေးအာမခံသာ ရှိထားမယ်ဆိုရင် နေထိုင်မကောင်းဖြစ်တဲ့အခါ ငွေရေးကြေးရေးအရ ပူပန်စရာ မရှိတာကြောင့် ဆေးကုသမှုကို အပြည့်အဝ အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။ ဘယ်လောက်ကုန်ကျမလဲဆိုတာ ထည့်တွက်စရာမလိုဘဲ ဆေးကုသနိုင်တာကြောင့် ရောဂါကနေ အမြန်ဆုံးသက်သာနိုင်မှာပဲ ဖြစ်ပါတယ်။

 

သင်နဲ့သင့်လျော်မယ့် အာမခံရွေးချယ်ဖို့ အဆင်သင့်ဖြစ်ပြီလား။

ကျန်းမာရေးပြဿနာတွေ၊ ဆေးရုံတက်ရတဲ့ကိစ္စတွေဆိုတာ ဘဝတစ်ကွေ့ကွေ့မှာ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ့်မိသားစုမှာဖြစ်စေ ကြုံလာရနိုင်တဲ့ ပြဿနာတွေပါ။ ဒီလို အခြေအနေတွေ ကြုံမလာခင်မှာ ကျန်းမာရေးအာမခံကို ကြိုတင်ပြင်ဆင်ထားတာက မိမိကျန်းမာရေးအတွက်  အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုပဲ ဖြစ်ပါတယ်။

PRUFlexiprotect CI က ကျန်းမာရေးအာမခံ ဝယ်ယူလိုသူများအတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုပဲ ဖြစ်ပါတယ်။ ငွေကုန်ကြေးကျများတဲ့ အပြင်းအထန်ရောဂါအမျိုးအစား (၂၀) အထိ အကာအကွယ်ပေးနိုင်ပြီး ရုတ်တရက် ကြုံတွေ့လာရတဲ့ အရေးပေါ်ကုသမှုများ (ဥပမာ နှလုံးသွေးကြောပိတ်ခြင်းအတွက် coronary angioplasty)အတွက်ပါ အကာအကွယ်ပေးနိုင်ပါတယ်။

ဒါကြောင့် မိမိကျန်းမာရေးအတွက်  အကျိုးရှိ ရင်းနှီးမြှုပ်နှံမှုကို ပိုင်ဆိုင်ချင်တယ်ဆိုရင် PRUFlexiprotect CIမှာ ရင်းနှီးမြှုပ်နှံလိုက်ပါ။

PRUFlexiprotect CI အကြောင်း ပိုမိုသိရှိလိုပါက ဒီနေရာမှာ လေ့လာပါ။

အသက်အာမခံ၊ ကျန်းမာရေးအာမခံနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုလျှင်

ဆက်သွယ်နိုင်မည့် အချက်အလက်များကို ဖြည့်ပါ။ ပရူဒန်ရှယ်အာမခံအကြံပေးမှ သင်နှင့် သင့်တော်မည့်အာမခံအမျိုးအစားများကို အသေးစိတ်ရှင်းပြပေးပါမည်။