နိဒါန်း
သားအိမ်ခေါင်းကင်ဆာက တစ်ကမ္ဘာလုံးမှာ အဖြစ်များတဲ့ အမျိုးသမီးကင်ဆာတွေထဲမှာ နံပါတ် ၄နေရာမှာ ရှိနေပါတယ်။ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနှုန်းနဲ့ သေဆုံးနှုန်းက ဝင်ငွေနည်းနဲ့ ဝင်ငွေအသင့်အတင့်ရှိတဲ့ နိုင်ငံတွေမှာ အများဆုံးပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာက HPV ကာကွယ်ဆေးကို လုံလောက်အောင် မရတာ၊ သားအိမ်ခေါင်းကင်ဆာ ကြိုတင်စစ်ဆေးခြင်းကို မလုပ်နိုင်တာနဲ့ သားအိမ်ခေါင်းကင်ဆာကုသမှု နောက်ကျတာတွေကြောင့်ပဲ ဖြစ်ပါတယ်။
မာတိကာ
သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ အကြောင်းရင်းများ
သားအိမ်ခေါင်းကင်ဆာအများစုက human papilloma virus (HPV) ပိုးကြောင့် ဖြစ်တာပါ။ လိင်ဆက်ဆံတဲ့သူတွေက တစ်ချိန်မဟုတ် တစ်ချိန်တော့ ဒီဗိုင်းရပ်စ် ကူးခံရနိုင်ခြေရှိပါတယ်။ လက္ခဏာမပြရင်တောင်မှ ကူးပြီးသား ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် အများစုမှာ ခုခံအားက ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်ပါတယ်။ တိုက်မထုတ်နိုင်ဘဲ ပိုးက ဆက်ရှိနေရင်တော့ တစ်ချိန်ချိန်မှာ ကင်ဆာဖြစ်လာနိုင်ပါတယ်။
ဒါ့ပြင် သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေကို များစေတဲ့ တခြားအကြောင်းရင်းတွေကတော့
- ဆေးလိပ်သောက်တာ- ဆေးလိပ်သောက်တဲ့သူတွေမှာ HPV ပိုးကူးစက်ခံရတဲ့အခါ ပိုးက မပျောက်ဘဲ အချိန်ကြာကြာရှိနေတဲ့အတွက် ကင်ဆာဖြစ်နိုင်ခြေ များပါတယ်။
- လိင်ဆက်ဆံဖော်များတာ- မိမိ ဒါမှမဟုတ် မိမိရဲ့ အဖော်က လိင်ဆက်ဆံဖော်များမယ်ဆိုရင် HPVပိုး ကူးနိုင်ခြေလည်း ပိုများပါတယ်။
- ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်ဆက်ဆံတာ- လိင်ဆက်ဆံတဲ့ အသက်ငယ်လေလေ HPVပိုး ကူးနိုင်ခြေများလေလေပါ။
- တခြားလိင်ကနေတဆင့် ကူးစက်တဲ့ ရောဂါတွေ ရှိနေတာ- ရေယုန်၊ ကလိုင်မဲဒီးယား၊ ဆီးပူညောင်းကျ၊ ဆစ်ဖလစ်၊ HIV/ AIDS စတဲ့ လိင်ကနေတဆင့် ကူးစက်တဲ့ ရောဂါတွေ ရှိနေရင် HPV ပိုးကူးနိုင်ခြေလည်း ပိုများပါတယ်။
- ခုခံအားနည်းတာ- HPVပိုးရှိသူတွေက ခုခံအားနည်းနေမယ်ဆိုရင် ပိုးကိုမတိုက်ထုတ်နိုင်တာကြောင့် သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေ များပါတယ်။
သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုကာကွယ်ကြမလဲ။
WHOအဆိုအရ ၂၀၂၂မှာ သားအိမ်ခေါင်းကင်ဆာဖြစ်သူပေါင်း ၆၆၀,၀၀၀ ရှိပြီး သေဆုံးသူပေါင်း ၃၅၀,၀၀၀ ရှိပါတယ်။ ဒါကြောင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဖို့က အရေးကြီးပါတယ်။
သားအိမ်ခေါင်းကင်ဆာကာကွယ်ဖို့ လိုက်နာသင့်တဲ့ အချက်တွေကတော့
- HPV ကာကွယ်ဆေးထိုးပါ။
HPV ကာကွယ်ဆေးက အသက် ၉နှစ်ကနေ စပြီး ထိုးနိုင်ပါတယ်။ ၉နှစ်ကနေ ၂၆နှစ်အထိ ထိုးနိုင်ပြီး ၁၅နှစ်မတိုင်ခင်ဆိုရင် ၂ကြိမ်၊ ၁၅နှစ်ကျော်သွားရင် ၃ကြိမ် ထိုးရမှာပဲ ဖြစ်ပါတယ်။ ၂၆နှစ်ကျော်သွားရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ ကာကွယ်ဆေးထိုးသင့်ပါတယ်။
- သားအိမ်ခေါင်းကင်ဆာ ပုံမှန်စစ်ဆေးပါ။
သားအိမ်ခေါင်းကင်ဆာ ကြိုတင်စစ်ဆေးခြင်းကို အသက် ၂၁ကနေစပြီး ပြုလုပ်သင့်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ ကြိုတင်စစ်ဆေးခြင်းအတွက် ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို စစ်ဆေးတဲ့ Pap testနဲ့ HPVပိုးကို စစ်ဆေးတဲ့ HPV test ဆိုပြီး ၂မျိုးရှိပါတယ်။
အသက်အလိုက် စစ်ဆေးသင့်တဲ့ နည်းတွေကတော့
- အသက် ၂၁-၂၉
-၃နှစ်တစ်ကြိမ် Pap test စစ်ဆေးသင့်ပါတယ်။
- အသက် ၃၀-၆၅
-၅နှစ်တစ်ကြိမ် HPV test (သို့မဟုတ်)
-၅နှစ်တစ်ကြိမ် HPV/Pap cotest (သို့မဟုတ်)
-၃နှစ်တစ်ကြိမ် Pap test စစ်ဆေးသင့်ပါတယ်။
- အသက် ၆၅နှစ်အထက်
ဆေးစစ်ဖို့ လိုမလို ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
- ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်က သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေကို များစေတာကြောင့် ဆေးလိပ်သောက်တတ်ရင် ဖြတ်ရပါမယ်။ မသောက်တတ်သေးရင် စမသောက်ဖို့ လိုပါတယ်။
- ကွန်ဒုံးသုံးပါ။
လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေနဲ့ HPVပိုးမကူးစက်စေဖို့ ကွန်ဒုံးသုံးသင့်ပါတယ်။
သင်နဲ့သင့်လျော်မယ့် အာမခံရွေးချယ်ဖို့ အဆင်သင့်ဖြစ်ပြီလား။
သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ဖို့ ဘာကြောင့်အရေးကြီးတာလဲဆိုတော့ သားအိမ်ခေါင်းကင်ဆာကုသမှုတွေက စျေးကြီးလို့ပါ။ Critical illness လို့ခေါ်တဲ့ ပြင်းထန်နာမကျန်းရောဂါထဲမှာ ပါတဲ့အတွက် သေဆုံးနိုင်ခြေလည်း မြင့်မားပါတယ်။ ဒါကြောင့် သားအိမ်ခေါင်းကင်ဆာကို ကြိုတင်ကာကွယ်သင့်သလို တစ်ဖက်မှာလည်း ဖြစ်လာရင် ကုသဖို့ ငွေကြေးအစီအမံပြုလုပ်ထားသင့်ပါတယ်။
PRUFlexiprotect CI ဆိုတာ သားအိမ်ခေါင်းကင်ဆာလိုမျိုး ပြင်းထန်နာမကျန်းရောဂါတွေ (Critical illness)နဲ့ ကြုံလာရတဲ့အခါ ငွေကြေးအတွက် စိုးရိမ်မှုမရှိဘဲ စိတ်အေးအေးနဲ့ ကုသမှုခံယူနိုင်ဖို့ ကာကွယ်ပေးနိုင်တဲ့ ငွေကြေးအကာအကွယ် တစ်ခုပဲ ဖြစ်ပါတယ်။ မမျှော်လင့်ထားတဲ့အခြေအနေမှာ ကင်ဆာဖြစ်တဲ့အခါ ကုန်ကျစရိတ်အတွက် စိုးရိမ်စရာမလိုအောင် ကာကွယ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။
PRUFlexiprotect CI အကြောင်း ပိုမိုသိရှိလိုပါက ဒီနေရာမှာ လေ့လာပါ။