Episode 1:
“အသက်အာမခံနဲ့ ကျန်းမာရေးအာမခံထားတယ်ဆိုတာက ကိုယ့်ဘဝပြောင်းလဲမှုတွေမှာ ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင် မပျက်စီးသွားအောင်နဲ့ ကိုယ်တစ်ခုခုဖြစ်သွားခဲ့လို့ရှိရင် ကိုယ့်မှာ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေအတွက် ရည်မှန်းထားတဲ့အတိုင်း မဖြစ်တော့တာမျိုးတွေ မဖြစ်ရလေအောင် ထားသင့်တယ်။"
ပရူဒန်ရှယ်အာမခံရဲ့ CEO အမှုဆောင်အရာရှိချုပ် ဦးနိုင်အေးလင်းနဲ့အတူ လူနေမှုပတ်ဝန်းကျင်တွေအကြောင်း အဓိကထားရေးသားထားတဲ့ စာအုပ်တွေကနေ အောင်မြင်မှုများစွာကို ရရှိထားတဲ့ စာရေးဆရာမ၊ ဟောပြောသူ၊ ဆရာမမွန်ဟော်စီတို့မှ ဆွေးနွေးပြောကြားပေးထားတာဖြစ်ပါတယ်။
Episode 2:
"ကျန်းမာရေးအာမခံနဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့ အယူအဆတွေ၊ တစ်ဦးချင်းစီအတွက်နဲ့ မိသားစုဝင်တွေအတွက် ကျန်းမာရေးအာမခံထားရှိတဲ့အခါမှာ ရနိုင်တဲ့ အကျိုးကျေးဇူးတွေ၊ နောက်ပြီးတော့ အဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီတွေက ဝန်ထမ်းတွေအတွက် ထားရှိပေးထားတဲ့ ကျန်းမာရေးအာမခံက ဘယ်လိုမျိုး အရေးပါသလဲ။"
ပရူဒန်ရှယ်အာမခံရဲ့ (ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာ) Chief Human Resources Officer ( CLM Hub ) မ Laura Cho နဲ့အတူ စာရေးဆရာ၊ Speaker နှင့် ကျန်းမာရေးကဏ္ဍမှာလည်း အတွေ့အကြုံများစွာရှိတဲ့ ဒေါက်တာသူရိန်လှိုင်ဝင်းတို့က ဆွေးနွေးပေးသွားမှာပဲ ဖြစ်ပါတယ်။
Episode 3:
“ကိုယ်မမျှော်လင့်ထားတဲ့ အကြောင်းအရာတွေဖြစ်လာတဲ့အခါ ကိုယ်စုထားတဲ့ငွေပမာဏနဲ့ ကိုယ်ချစ်တဲ့မိသားစုကို ကူညီနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အလုံးစုံ cover ဖြစ်ဖို့ ငွေစုတာတစ်ခုတည်းနဲ့ လုံလောက်မှု မရှိတော့ဘူး။ ဒါကြောင့် သင်နဲ့ သင့်မိသားစုအတွက် အသက်အာမခံနဲ့ အကာအကွယ်ပေးမယ့် အစီအစဉ်တွေကိုပါ စဉ်းစားသင့်တယ်။”
ပရူဒန်ရှယ်အာမခံရဲ့ Chief Distribution Officer မ Samantha Htoon နဲ့အတူ ပရူဒန်ရှယ်အာမခံရဲ့ Agency Unit Director တစ်ဦးဖြစ်သလို စီးပွားရေးလုပ်ငန်းရှင်တွေကို Corporate Trainer အနေနဲ့ ကူညီဆောင်ရွက်ပေးနေတဲ့ ကိုကောင်းဟိန်းစိုးတို့က ရှင်းပြပေးသွားမှာဖြစ်ပါတယ်။