
သင့်ကို စောင့်ရှောက်မှုအပြည့်ပေးနိုင်တဲ့ အသက်အာမခံ
သင်ဘယ်သူဘယ်ဝါဖြစ်စေ၊ သင်ကာကွယ်ပေးလိုတဲ့သူ ဘယ်သူ့ကိုမဆိုဖြစ်စေ လုံခြုံစိတ်ချတဲ့ စောင့်ရှောက်မှုရရှိအောင် စီမံပေးထားတဲ့ အသက်အာမခံအစီအစဉ်တွေ ဖြစ်ပါတယ်။
အခမဲ့ဆွေးနွေးနိုင်ဖို့ ဆက်သွယ်ရန်
အသက်အာမခံအကြောင်း ပိုပြီး သိနားလည်စေဖို့
ကျွန်ုပ်တို့အားလုံး အနာဂတ်မှာ ဘယ်တွေဖြစ်လာမလဲဆိုတာ ကြိုတင်မခန့်မှန်းနိုင်ပါဘူး။ ဒါပေမယ့် သင်ကိုယ်တိုင် အပါအဝင် သင်ချစ်ခင်မြတ်နိုးရသူတွေရဲ့ အနာဂတ်ကို တတ်နိုင်သလောက် အစွမ်းကုန် ကာကွယ်ပေးထားနိုင်မယ့် အစီအစဉ်တစ်ခုကိုတော့ ရွေးချယ်ထားနိုင်ပါတယ်။

ချစ်မြတ်နိုးရသူတွေကို ကာကွယ်ပေးနိုင်
အသက်အာမခံဆိုတာ သင်ချစ်မြတ်နိုးရသူတွေကို သူတို့အနားမှာ အတူ မရှိနေနိုင်ရင်တောင် ငွေရေးကြေးရေးအရ လုံခြုံစိတ်ချမှု ပေးစွမ်းပြီး ကာကွယ်ပေးထားနိုင်တဲ့အတွက် ကိုယ်ချစ်မြတ်နိုးရသူတွေနဲ့ အခိုက်တန့်တိုင်းကို အတူတကွဖြတ်ကျော်ပြီး စိတ်ချလက်ချ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားနိုင်ပါတယ်။

ငွေစုရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်
ဘယ်သူပဲဖြစ်ဖြစ် ပိုကောင်းတဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ ချေးငွေတွေကို ပေးဆပ်ရာကနေ အစပြုလို့ ငွေရေးကြေးရေးအပိုင်းမှာ ကိုယ်ချမှတ်ထားတဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်တဲ့ အသက်အာမခံ အကာအကွယ်တစ်ခုကို ရွေးချယ်ရယူထားနိုင်ပါတယ်။

ကလေးတွေရဲ့ ပညာရေးအတွက် ရင်းနှီးမြှုပ်နှံနိုင်
အသက်အာမခံဟာ သင့်ကလေးအတွက် ပညာရေးလက်ဆောင်အဖြစ်လည်း ပေးနိုင်တဲ့အတွက် တောက်ပတဲ့အနာဂတ်မှာ ထူးချွန်သူတစ်ဦးဖြစ်စေဖို့ ခြေလှမ်းတစ်ခု စတင်ထားပြီးသားဖြစ်နေမှာပါ။

သင့်အနာဂါတ်ကို ပရူဒန်ရှယ်အာမခံနဲ့ စိတ်ချထားလိုက်ပါ။
ပရူဒန်ရှယ်အာမခံဟာ သင့်ရဲ့လိုအပ်ချက်များနှင့် အခြေအနေများကို အတိကျဆုံး ကိုက်ညီမှုရှိစေမယ့် အသက်အာမခံ အစီအစဉ်များနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာအကူညီများကို အကောင်းဆုံးကူညီပံပိုးပေးနေသော ယုံကြည်စိတ်ချရတဲ့ အသက်အာမခံကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ သင်နဲ့သင့်မိသားစုအတွက် ငွေကြေးဆိုင်ရာ လုံခြုံစိတ်ချမှုကို ပရူဒန်ရှယ်အာမခံရဲ့ အသက်အာမခံနဲ့ ငွေကြေးဆိုင်ရာ အကာအကွယ်ပေးနိုင်သည့် အာမခံများကို အသုံးပြုပြီး ရယူလိုက်ပါ။
Get Insurance